Unbroken Dreams Campaign
တက္ကသိုလ်ဝင်တန်းပြီးဆုံးသွားပေမယ့် တက္ကသိုလ်ဆီရောက်ဖို့ ရှေ့ဆက်ရမယ့်လမ်း ဝေဝါးနေဆဲ ကျောင်းသား၊ ကျောင်းသူများအတွက် တထောင့်တနေရာက အထောက်အပံ့ဖြစ်စေမယ့် အစီအစဉ်တခုအနေနဲ့ Unbroken Dream Campaignကိုကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်ကနေ ပြုလုပ်ချင်ပါတယ်။
စစ်ကြောင်းထိုးတဲ့ကြားက၊ အိမ်တွေမီးရှို့ခံနေရတဲ့ကြားက၊ လေကြောင်းရန်တွေကြားကနေ အထက်တန်းပြီးမြောက်သည်အထိ ကြိုးကြိုးစားစား သင်ယူခဲ့ကြတဲ့ ကျောင်းသားတွေအတွက် တကယ့် တက္ကသိုလ်ပရဝုဏ်ထဲမှာ တက်ရောက်နိုင်မယ့် အခွင့်အရေးပေးချင်ပါတယ်။
အညာဒေသမှာရှိတဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ကျောင်းသား၊ ကျောင်းသူ ဆယ်ဦးကို ကချင်ပညာရပ်စုံတက္ကသိုလ် မှာ သွားရောက်သင်ကြားဖို့ ပညာတော်သင်စေလွှတ်မှာပါ။
ဒီလို ကျောင်းသား၊ ကျောင်းသူတွေကို Scholarship ပေးနိုင်ဖို့အတွက် ဒီ Unbroken Dream Campaign ကို ပြုလုပ်တာ ဖြစ်ပါတယ်။ Campaign ကိုတော့ သိန်း သုံးရာ ရည်မှန်းထားပါတယ်။ Campaignကိုတော့ တလတိတိ ပြုလုပ်သွားမှာပါ။
စနစ်ဆိုး၊ အခြေအနေဆိုးအောက်ကနေ လွတ်ဖို့ကိုယ်တိုင်ပါဝင်နေကြတဲ့ ကျောင်းသား၊ကျောင်းသူတွေကို ပိုပြီး အထောက်အပံ့၊ တွန်းအားတွေပေးနိုင်ဖို့အတွက် အားလုံးရဲ့အကူအညီလိုအပ်ပါတယ်။ မိဘပြည်သူများအနေနဲ့ ဒီcampaignမှာ ပါဝင်ပေးကြဖို့ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ ဖိတ်ခေါ်အပ်ပါတယ်။
Yangon University of Education Students' Union
To stand for the rights and responsibility of students in YUOE. Our attributes are our students, our University and our Education.
12/04/2025
ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသား၊သူများ စစ်ကိုင်းဒေသသို့ ငလျင်ဒဏ်ခံခဲ့ရသည့် ပြည်သူများထံ လှူဒါန်းငွေ (၁၀)သိန်းကျပ် လှူဒါန်းနိုင်ခဲ့ပါတယ်။
02/04/2025
🔸ဒီနေ့မှာပဲ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသူ/သားများ၏ လှူဒါန်းငွေ ၁၀ သိန်းကျပ်ကို ငလျင်ဒဏ်ခံစားရသည့် ပျော်ဘွယ်မြို့နယ်ကို နွေးနွေးမှ တဆင့် လှူဒါန်းနိုင်ခဲ့ပါတယ်။
အလှူမှတ်တမ်းကိုလည်း အစီအရင်ခံစာတင်ပြပါတယ်။
🔸ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ဆက်လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်ပါသည်။
Crd photo- https://www.facebook.com/share/1HPq7pf7wF/?mibextid=wwXIfr
#ပျော်ဘွယ်
31/03/2025
🔸မတ်လ ၃၁ ရက်နေ့ ည ၁၀ နာရီအထိ အလှူခံရရှိငွေစာရင်း
▪️ယနေ့ ၃၁ မတ်လ ၂၀၂၅ ခုနစ်အထိ ရန်ကုန်ပညာရေးတက္ကသိုလ် နိုင်ငံအနှံ့၊ ကမ္ဘာအနှံ့ ရောက်ရှိနေသောကျောင်းသူ/သားများ၏ စစ်ကိုင်း၊မန္တလေး မြေငလျင်ဘေးအတွက် စုစုပေါင်းအလှူကောက်ခံရရှိငွေမှာ မြန်မာကျပ် ၁၉၅၀၀၀၀ ကျပ်တိတိ ရရှိပြီး ထိုင်းဘတ် ၅၄၅၀ တိတ်ိရရှိထားပါပြီ။
�▪️ဆက်လက်ပြီးလည်း ငလျင်ဒဏ်ခံစားနေရသည့် ပြည်သူများကို ဖေးမကူညီဖို့ ဆက်လက်ပြီးလည်း KBZ pay, Wave Pay,Yangon University of Education Students' Unioncation Students' Union နှင့် UO Hit Taing page chat boxတွင် မေးမြန်းကာ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
30/03/2025
🟨ငလျင်ဘေးအလှူ ဖေးမကူ
၂၀၂၅ ခုနစ်မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၇ အဆင့်ရှိ စစ်ကိုင်းပြတ်ရွေ့ ငလျင်ဒဏ်ကြောင့် ပြည်သူပေါင်းများစွာ၏ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုများအတွက် လူသားချင်း စာနာထောက်ထားစွာ ကူညီကယ်ဆယ်နိုင်ရေးအတွက် မိမိနိုင်ငံအနှံ့၊ ကမ္ဘာအနှံ့ ရောက်ရှိနေကြသော ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသူ/သားများ အနေနဲ့ ငလျင်ဘေးသင့်နေရာများအတွက် မိမိတို့တတ်နိုင်တဲ့နည်းလမ်းများဖြင့် ပါဝင်ကူညီ လှူဒါန်းကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
📍ပါဝင်လှူဒါန်း ကူညီလိုပါက ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ University of Education Students' Union fb page နှင့် UO Hit Taing fb page Chat boxတို့တွင် ဆက်သွယ်ကာ KBZ pay, Thai Bankတို့မှတဆင့်
နည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
📍ရရှိလာသောအလှူငွေများကို ငလျင်ဒဏ်ပြင်းထန်စွာခံစားနေရသည့် စစ်ကိုင်းမြို့နှင့် မန္တလေးတိုင်းအား စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့်ချိတ်ဆက်ကာ အလှူငွေများကို ပို့ဆောင်လှူဒါန်းသွားမည်ဖြစ်ပါသည်။
All for All
06/04/2024
14/02/2024
တိုင်းပြည်အနာဂတ်ကို ပုံဖော်လိုသည့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများကို ဖိတ်ခေါ်ခြင်း
တော်လှန်ရေးအရှိန်မြင့်တက်နေသော ဒေသများရှိ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအတွက် တာဝန်ထမ်းဆောင်လိုသည့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများကို ဗကသများအဖွဲ့ချုပ်မှ ဖိတ်ခေါ်လျက်ရှိပါသည်။ ရန်သူ့၏ ပညာရေးယန္တရားကို ဆန့်ကျင်သပိတ်မှောက်ပြီးနောက် လူထုအခြေပြု ပညာရေးယန္တရားကို စနစ်တကျတည်ဆောက်ရန် လိုအပ်သည်မှာ တော်လှန်ရေး၏ အခြေခံ သဘောတရားဖြစ်ပါသည်။ အနာဂတ်နိုင်ငံတော်ကို ပုံဖော်ချင်သူများအတွက် ပညာရေးကဏ္ဍသည် အခရာဖြစ်သည့်အလျောက် အနာဂတ်ကို ထုဆစ်လိုသည့် ဆရာ၊ ဆရာမများကို အောက်ဖော်ပြပါ အရည်အချင်းများအပေါ် အခြေခံကာ လေးစားစွာ ဖတ်ခေါ်လိုက်ပါသည်။
(၁) တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ပြီးသူဖြစ်ရမည်။
(၂) အနည်းဆုံး ပညာသင်နှစ် (၂) ခုအတွက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
(၃) ဆရာအတတ်ပညာကို မသင်ယူရသေးပါက သင်ယူလိုစိတ်ရှိရမည်။
(၄) တာဝန်လက်ခံရရှိသည့် လူမှုဝန်းကျင်နှင့် ကိုက်ညီစွာ နေထိုင်နိုင်သူဖြစ်ရမည်။
🔴 စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ၏ စားရေးသောက်ရေးနှင့် လုံခြုံရေးကို တာဝန်ယူမည်ဖြစ်ပါသည်။
ဆက်သွယ်ရန်
ရဲဘော်ယုမေ
09984712870
09449818207
[email protected]
11/08/2023
မြင်းခြံအကျဥ်းထောင်မှာ ထောင်ဒဏ်(၅)နှစ် ကျခံနေရတဲ့ ကိုနောင်ထက်အောင်ကို အိုးဘိုထောင်တွင်းတရားရုံးက ထောင်ဒဏ်(၃)နှစ် ထပ်မံချမှတ်၊တောင်ငူထောင်က ကိုသက်တင်အောင်လည်း အင်းစိန်ထောင်သို့ပြောင်းရွေ့ခံရ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဩဂုတ်လ ၉ ရက်၂၀၂၃ခုနှစ်
မြင်းခြံအကျဥ်းထောင်နှင့်မန္တလေးအိုးဘိုအကျဉ်းထောင်တို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌဟောင်း ကိုနောင်ထက်အောင်ကို ယနေ့ ဩဂုတ်လ (၉) ရက်နေ့မှာ အိုးဘိုထောင်တွင်းတရားရုံးက ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်ခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့သည့်၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၈) ရက်နေ့မှာ အိုးဘိုထောင်တွင်းတရားရုံးမှ ပုဒ်မ၅၂ကအတွက် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့ပြီးမကြာခင်မှာပင် မြင်းခြံမြို့အကျဉ်းထောင်သို့ ပြောင်းရွှေ့ခြင်းခံခဲ့ရပါတယ်။ထောင်တွင်းသပိတ်တိုက်ပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့မှုများကြောင့် တိုက်ပိတ်ခြင်း၊ရိုက်နှက်နှိပ်စက်ခြင်း ခံခဲ့ရတဲ့ ကိုနောင်ထက်အောင် ကို ပြီးခဲ့သည့် ဇူလိုင်လ ထပ်မံတရားစွဲဆိုခံရသည်ဟုဆိုကာ မြင်းခြံထောင်မှ အိုးဘိုထောင်သို့ ပြန်လည်ပြောင်းရွှေ့ခေါ်ဆောင်ခဲ့ပြီး တိုက်ပိတ်ခြင်း၊ခြေချင်းဒေါက်ခတ်ခြင်းများအပြင် ဆေးကုသခွင့်ကိုပါ ပိတ်ပင်ခံခဲ့ရပါတယ်။ အိုးဘိုထောင်တွင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးသည့်အခါတွင်လည်း ခြေချင်းဒေါက်ခတ်ကာ ရုံးထုတ်စစ်ဆေးလျက်ရှိခဲ့သည်ကိုလည်း စုံစမ်းသိရှိရပါတယ်။ ယခုတွင်မူ ထောင်ဒဏ်သုံးနှစ်ထပ်မံချမှတ်ခံရသည်ကိုသာ သိရှိရပြီး မည်သည့်ထောင်သို့ ပို့ဆောင်ထိန်းသိမ်းသွားမည်ကိုတော့ အတိအကျ မသိရသေးပေ။ ဒါ့ပြင် ၂၀၂၁ မေလ၂၄ရက်နေ့ကဖမ်းဆီးခံလိုက်ရပြီး ထောင်ဒဏ်၆နှစ်ကျခံနေရတဲ့ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ကိုသက်တင်အောင်ကိုလည်း ပြီးခဲ့သည့်လပိုင်းကပင် တောင်ငူထောင်မှ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ထိန်းသိမ်းခြင်း ခံလိုက်ရပါသေးတယ်။
#သတင်းနှင့်ပြန်ကြားရေး
#ဗကသများအဖွဲ့ချုပ်
08/05/2023
ဗကသများအဖွဲ့ချုပ် (၈၇)နှစ်ပြည့် အထိမ်းအမှတ် ပိုစတာ
#ဗကသများအဖွဲ့ချုပ်
Click here to claim your Sponsored Listing.
Location
Category
Contact the school
Website
Address
Tha Hton Street
Yangon
28/03/2024