Fine Poem

Fine Poem School

09/07/2019

Hello

မြန်မာ့အမွေအနှစ်ကို
မြတ်နိုးသူတိုင်းအတွက်
ကျွန်ုပ်တို့ မကြာခင်ပြန်လာမှာပါ

18/07/2018

တစ်ထောင်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်..
မျက်ရည်သွန်လို့ ဘ၀င်ညှိး
ဂျုလှိုင် တစ်ဆယ့်ကိုး..
×××××××××
ဗိုလ်ချုပ်နဲ့တကွ ကျဆုံးခဲ့သော
အာဇာနည် ၉ဦးတို့အား
ဂုဏ်ပြုသောအားဖြင့်..
မြန်မာ့လွတ်လပ်ရေးအတွက်
ကြိုးပမ်းအားထုတ်ခဲ့ကြသော
ပုဂ္ဂိုလ်အားလုံးတို့အား
အသိအမှတ်ပြုသောအားဖြင့်..
ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိခဲ့စဉ်အချိန်က
လန်ဒန်နိုင်ငံရောက်၊ အိန္ဒိယနိုင်ငံရောက် ၊
ရှားပါးရုပ်သံ တချို့ကို တင်ဆက်ပေးလိုက်ပါတယ်။
Movie Credit - Pathe

#အာဇာနည်နေ့

06/04/2018

1946 ခုနှစ်က အတာသင်္ကြန်မြင်ကွင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
နောက်ခံတေးဂီတကတော့ 1961ခုနှစ်မှာ မြန်မာအဆိုတော် ကိုမြကြီးနှင့် အမေရိကန်ဂီတပညာရှင်နှစ်တို့မှ ပူးပေါင်းတီးခတ်သီဆိုထားတာဖြစ်ပါတယ်။

မြန်မာ့ရက်မြတ်နှစ်ကူးသင်္ကြန်အခါသမယမှာ ကမ္ဘာသူကမ္ဘာသား အားလုံး ငြိမ်းချမ်းသာယာ ဘေးဘယာတွေ ဝေးကွာကြပါစေ။
Movie Credit - PATHE

09/02/2018

သူငယ်တန်းမြန်မာစာအုပ်မှ ကဗျာလေးကို
(ဘ၀သံသရာ- ဦးသုခ)ရဲ့ မြေး Taipyon မှ
ရှင်းပြထားတာလေးကို မျှဝေလိုက်ပါတယ်။

27/01/2018

လွန်ခဲ့သော နှစ်ပေါင်း(၁၀၀)ခန့်မှ ရန်ကုန်မြို့နှင့် မြန်မာ့ကျေးလက်သဘာဝ
မြင်ကွင်းတချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
နောက်ခံစောင်းတေးလက်သံ - ဦးဘသန်း
Movie Credit - MichaelRogge&Penn Museum

24/01/2018

ဘဝကုသိုလ်​ကံ​ပေးတဲ့အတိုင်း
ကျမအသားက ညိုပါတယ်​..အကို၊
ဘယ်​​လောက်​ညိုသလဲ သိချင်​လို့
မြင်​ဖူးချင်​ပါတယ်​ လို့ မ​ပြောပါနဲ့လား​နော်​..
ကျမအသားညိုတာကို မှန်းဆကြည့်​ချင်​ရင်​​တော့
ရှင်​တို့အိမ်​မီးဖိုး​ဆောင်​က ထမင်းအိုးဖင်​ကိုသာ
မြင်​​ယောင်​လိုက်​ပါ​တော့..အကိုရယ်​..။

ကိုယ်​တိုင်​က ညို​​နေခဲ့​ပေမယ့်​..
ကျမရည်းစားဖြစ်​လာမဲ့ သူကို​တော့
မတန်​ဘူးပဲ ​ပြော​ချင်​​ပြေကြပါ​စေ..
အသားလတ်​လတ်​​လေးနဲ့ ရှိ​စေချင်​ပါတယ်​။

ချွဲရမယ်​ဆိုလဲ သူမျးထက်​ ကဲကဲ
ကျမချွဲတတ်​ပါတယ်​..အကို..
ဒါ​ပေမယ့်​ ကျမအားငယ်​မိတယ်​၊
ကျမလို ရုပ်​ဆိုးဆိုး အသားသားညိုညို
မိန်းက​လေးတစ်​​ယောက်​ကို ဖူးစာဖက်​ချင်​သူ..
လူတစ်​​ထောင်​မှာ တစ်​​ယောက်​​လောက်​​တော့
ရှိတန်​​ကောင်းပါရဲ့​နော်​....၊

(အစရှိ​သော ရည်းစားသနာထားဖို့အ​ရေးအတွက်
အားငယ်​​နေမိတဲ့ အသားညိုညိုလုံမပျို​လေးရဲ့
ရင်​တွင်းစကားသံအချို့ကို )
ခပ်​ရွှန်းရွှန်း ခပ်​ပိုပိုဖွဲ့သီထားတဲ့
~နန်း​တော်​​ရှေ့ဆရာတင်​~ရဲ့ 
တေးလက်​ရာမွန်​ တစ်​ပုဒ်​ဖြစ်​တဲ့
"ကျွဲမ" သီချင်း​လေးကို မျှ​ဝေလိုက်​ပါတယ်​။

မြန်မာပြည်ရဲ့ ရှိတ်စပီးယားလို့ပြောရအောင် စာပေအရာမှာပြိုင်စံရှားတဲ့ စလေဦးပုညရဲ့အလိမ်ဖွဲ့တစ်ပုဒ်ကို မျှဝေလိုက်ပါတယ်။
22/01/2018

မြန်မာပြည်ရဲ့ ရှိတ်စပီးယားလို့
ပြောရအောင် စာပေအရာမှာ
ပြိုင်စံရှားတဲ့ စလေဦးပုညရဲ့
အလိမ်ဖွဲ့တစ်ပုဒ်ကို မျှဝေလိုက်ပါတယ်။

20/01/2018

အိုးစည်​သံဟာ နားဆင်​ရသူအ​ပေါင်းကို
တက်​ကြွ​ကြည်​နူးပျော်​ရွှင်​​စေပြီး ညီညွတ်​ခြင်းရဲ့
အသ​ရေကိုလဲ ​ဖော်​​ဆောင်​​ပေးပါတယ်​။
မြန်​မာ့ယဉ်​​ကျေးမှု ပြယုဒ်​တခုလို့ဆိုရင်​လဲ
မလွဲပါဘူး။

အိုးစည်​တူရိယာဟာ ထင်​ရှားလှတဲ့
မြန်​မာ့တူရိယာ​​တွေထဲမှာ
တစ်​ခုအပါအဝင်​ဖြစ်​ခဲ့ပါတယ်​။
ရှေးမြန်​မာဘုရင်​မင်းများရဲ့ ထီးသုံးနန်းသုံး
ဖျော်​​ဖြေ​ရေးတူရိယာဖြစ်​ခဲ့သလို
ရှေးမြန်​မာဘိုးဘွားများလက်​ထက်​က
ဘုရားပွဲ ​ကျောင်းပွဲ အလှူပွဲနဲ့​ပျော်​ပွဲရွှင်​ပွဲ​တွေမှာ
အိုးစည်​မပါရင်​ ပွဲမစည်​ဘူးရယ်​လို့
ပြောရ​မလောက်​စင်​​ပေါ်​ရောက်​ခဲ့တဲ့ အိုးစည်​ပါ။
အိုးစည်​ဝိုင်းဆိုတာနဲ့ က​လေးလူကြီးပါမကျန်
တစ်​အိမ်​လုံးတစ်​ရွာလုံး အုန်းအုန်းကျွက်​ကျွက်
အရွယ်​မ​ရွေး ကြိတ်​ကြိတ်​တိုးအား​ပေး​လေ့ရှိကြပါတယ်​။

အိုးစည်​မျက်​နှာပြင်​တစ်​ခုထဲက​နေပဲ
အသံအနိမ့်​အမြင့်​ အတက်​အကျ
လှလှပပ နာ​ပျော်​ဖွယ်​အသံဖြစ်​လာ​အောင်
တီးခတ်​နိုင်​ကြတဲ့ ပညာရှင်​များရဲ့အစွမ်းဟာလဲ
အံ့မခန်းပါပဲ။

မြန်​မာ့အိုးစည်​သံစစ်​စစ်​ကို
ခံစားနားဆင်​နိုင်​​ကြစေဖို့
နိုင်​ငံ​တော်​အဆင့်​ ဆို က​ ရေး တီးပြိုင်​ပွဲမှာ
ဆုရခဲ့တဲ့ "ချင်​တွင်းစ​နေနှင့်​ချင်းတွင်းဒိုး"အဖွဲ့ရဲ့
အိုးစည်​သီးချင်းတစ်​ပုဒ်​ကို Fine Poemမှ
စာတန်းထိုးမျှ​ဝေ​ပေးလိုက်​​ပါတယ်​။
( အိုးစည်သံရဲ့ Bass Tone ကို အပြည့်အ၀ရရှိချင်ရင်တော့
နားကျပ်အသုံးဖို့လိုပါလိမ့်မည်)

အချစ်​ဆိုတာ လူသားတိုင်းနဲ့ မကင်းပါဘူး။ဒါ​ပေမယ့်​ အချစ်​ရဲ့အစွန်းတဖက်​ကိုအလွန်​အကျွံ​ရောက်​သွားခဲ့ရင်​​တော့အန္တရယ်​ကြီး...
18/01/2018

အချစ်​ဆိုတာ လူသားတိုင်းနဲ့ မကင်းပါဘူး။
ဒါ​ပေမယ့်​ အချစ်​ရဲ့အစွန်းတဖက်​ကို
အလွန်​အကျွံ​ရောက်​သွားခဲ့ရင်​​တော့
အန္တရယ်​ကြီးလှပါတယ်​။
အချစ်​က​နေ ရုတ်​ချည်းအမုန်းကိုလဲ
ပြောင်းလဲသွားတတ်​ပါတယ်​။
အချစ်​​ရဲ့​စေ့စားမှု​ကြောင့်​ အရာရာမဆင်​မခြင်
မိုးမမြင်​ ​လေမမြင်​ဖြစ်​သွား​စေတတ်​ပါတယ်​။
အချစ်​​ကြောင့်​ ဘဝမနစ်​မွန်း​စေဖို့
" မန်​လည်​ဆရာ​တော်​ "ရဲ့ အချစ်​နဲ့ပတ်​တဲ့
အဆုံးအမတစ်​ခုကို မျှ​ဝေ​ပေးလိုက်​ပါတယ်​။

ကိုယ်​တိုင်​ခူးလာ​ပေးတဲ့​အရိုးခံ​​တောပန်း ပန်းခ​ရေဖူးကိုမပန်​ပဲ ဂုဏ်​မြင့်​တဲ့ ပန်းနှင်းဆီ မြို့ပန်းကိုပန်​ဆင်​လှပ...
17/01/2018

ကိုယ်​တိုင်​ခူးလာ​ပေးတဲ့
အရိုးခံ​​တောပန်း ပန်းခ​ရေဖူးကိုမပန်​ပဲ
ဂုဏ်​မြင့်​တဲ့ ပန်းနှင်းဆီ မြို့ပန်းကို
ပန်​ဆင်​လှပ​နေတဲ့ သူ့ချစ်​သူအ​ပေါ်မှာ
ဒေါသမဖြစ်​ပဲ နှင်းဆီကိုပန်​ပြီး
ပိုမိုလှပသွားတဲ့ ချစ်သူကိုကြည့်ရင်း
မုဒိတာပွားမိပါတယ်​...။
တကယ့်​​မေတ္တာတရားဆိုတာ
ပူ​လောင်​မှုမရှိပဲ ချစ်​တဲ့သူ​ကောင်းစားတာကို
မြင်​ရ​လေ​လေ ​ကျေနပ်​ကြည်​နူး​လေ​လေဖြစ်​ပါလိမ့်​မယ်​။
ဆရာမင်းသုဝဏ်​ရဲ့ "နှင်းဆီပန်း"ဆိုတဲ့ကဗျာ​လေးကို မျှ​ဝေလိုက်​ပါတယ်​။

အကောင်း အဆိုး အတက် အကျအနိမ့် အမြင့်အလှည့် အပြောင်းတွေဘယ်လိုပဲ ရှိပါစေ..၊ကြုံတွေ့လာတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေစွာ အံတုရ...
16/01/2018

အကောင်း အဆိုး
အတက် အကျ
အနိမ့် အမြင့်
အလှည့် အပြောင်းတွေ
ဘယ်လိုပဲ ရှိပါစေ..၊
ကြုံတွေ့လာတဲ့ အခြေအနေနဲ့
လိုက်လျောညီထွေစွာ အံတုရင်ဆိုင်ရင်း
ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်စေဖို့
ဆရာဇော်ဂျီရဲ့ (ဗေဒါလမ်း) ကဗျာလေးကို
မျှဝေပေးလိုက်ပါတယ်။

Address

Yangon
11011

Website

Alerts

Be the first to know and let us send you an email when Fine Poem posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share