16/06/2026
🍛🍲 အရုဏ်ဆွမ်း အလှူရှင် 🍜🍲
🍀 ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင်
ကိုရင်လေး ရှင်စာဂါနန္ဒ
ဖွားကြီး ဒေါ်စန္ဒောဘာသီ
ဖွားသေး ဒေါ်ဧသိင်္ဂီ တို့မှ
🍲သကျဓီတာဗုဒ္ဓကောလိပ်သို့လည်းအရုဏ်ဆွမ်းနှင့် ခဲဖွယ် ဘောဇဉ်တို့ကို
ထက်သန်လှသော စေတနာတ်ို့ဖြင့် လှူဒါန်းကြပါသည်။
🍀ဤသို့လှူဒါန်းကုသိုလ်စွမ်းကြောင့်
ကိုရင်လေးနှင့် ဖွားကြီး၊ ဖွားသေးတို့သည်
ကျန်းမာ ရွှင်လန်းမပင်ပန်းဘဲ မိမိတို့ရည်မှန်း
သည့်အတ်ိုင်း ပရိယတ္တိ၊ ပဋိပတ္တိ သာသနာ့တာဝန်များကို ထမ်းဆောင်နိုင်ကြပါစေ။
🍀ကိုရင်လေးလည်း သာသနာတွင် အနေပျော်၍ ထူးချွန် ထက်မြက်ပါစေ။
🍀 ဖွားကြီး၊ ဖွားသေးတို့အားလုံးဆည်းပူးခဲ့ကြသည့် သိက္ခာ (၃) ပါးအကျင့်တရားသည်
နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်း ဖြစ်ပါစေ။
16/06/2026
🌸 ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင်ကျရောက်သည့် မချိုချိုမိုး (Grand Hanthar ဆေးရုံ) ၏ မွေးနေ့အထိမ်းအမှတ်ကုသိုလ်အဖြစ်
🌸 ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင် သကျဓီတာဗုဒ္ဓကောလိပ်၌ မြတ်စွာ ဘုရားရှင်အမှူးပြုသော စာချ၊ စာသင် သာသနာ့တာဝန်များကိုထမ်းရွက်ကြပါသော ဆရာကြီး၊ ဆရာလေးများ မပင်မပန်းချမ်းသာစွာဖြင့် သာသနာ့လုပ်ငန်းများ ထမ်းရွက်နိုင်ရန်စိတ်ရည်သန်၍ မွန်မြတ်လှစွာသော အရုဏ်ဆွမ်း+နေ့ဆွမ်းအလှူအဖြစ် အလှူငွေ (၄) သိန်းကျပ်နှင့်
🌸 ကလောမြို့၊ ဇိနဓီတာသီလရှင်ကျောင်း
ဆေးပဒေသာပင်အတွက် အလှူငွေ (၁) သိန်း (၅) သောင်းကျပ်ကို သုံးတန်စေတနာပြည့်စုံစွာဖြင့် သဒ္ဓါပြဌာန်း ရိုသေစွာ လှူဒါန်းပါသည်။
🌸 ယနေ့ဆည်းပူးရသည့် မွေးနေ့ကုသိုလ်များနှင့် မိသားစု၏ မွေးနေ့တ်ိုင်း နှစ်စဉ်ဆွမ်းလှူဒါန်းရ
သည့် ကုသိုလ်စေတနာ၊
🌸 ဗုဒ္ဓသာသနာတော်ကြီးအား ပစ္စည်းလေးပါးတို့ဖြင့် အစဉ်လှူဒါန်းပူဇော်ကြရသည့် မြတ်ကောင်းမှုအစုစုသည်
🌸 မွေးနေ့ရှင် မချိုချိုမိုးအား မွေးနေ့မှစ၍ ယခုထက်ပိုမို ကျန်းမာ ဘေးကင်း ချမ်းသာခြင်းနှင့် ဘုန်းကံ ပညာပြည့်စုံစွာဖြင့် ကုသိုလ်အနှစ်ပြည့်သော မွေးနေ့များစွာကို ဖြတ်သန်းနိုင်ပါစေ။
🌸 ကျေးဇူးရှင်မိဘနှစ်ပါးနှင့် မွေးနေ့ရှင်မိသားစု အားလုံး သက်ရှည် ကျန်းမာ ဘေးရန်ကွာ မြတ်သောလိုရာပြည့်ကြပါစေ။
🌸 ဓမ္မအသိဖြင့် တန်ဖိုးရှိစွာနေထိုင်န်ိုင်ကြပါစေ။
15/06/2026
🏝️ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ဘဝတစ်ပါးသို့ကူးပြောင်းသွားသော
🏛️ ပုညဝဍ္ဎန ကျောင်းဆောင်အလှူရှင်
ကျောင်းဒကာကြီးဦးကြိုင် (ခ) တန်ကုတ်ကြိုင် (အသက် ၉၃ နှစ်) ကွယ်လွန်ခြင်း (၈) လပြည့်အားရည်စူး၍
🏝️ ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင်
🏝️ ကျောင်းအမကြီးဒေါ်လေးလေး၊
သမီး မစန်းစန်းမော်၊ မဝင်းမော်ထွေး၊
သား ကိုဇော်ထူးအောင်+မသန္တာမိုး၊
မြေး မောင်ဇော်မိုးအောင်၊ မနန်းရတနာအောင်
နန်းသဇင် ကုန်မျိုးစုံ ရောင်းဝယ်ရေး မိသားစုက မြတ်စွာဘုရားရှင်အမှူးပြုသော စာချ၊ စာသင်
သာသနာ့တာဝန်များကိုထမ်းရွက်ကြပါကုန်သော ဆရာကြီး ဆရာလေးများ မပင်မပန်းချမ်းသာစွာဖြင့် သာသနာ့တာဝန်များထမ်းရွက်နိုင်ရန်
စိတ်ရည်သန်၍ စေတနာသုံးတန်ပြဌာန်း ထက်သန်လှသောသဒ္ဓါတို့ဖြင့်
🥗တစ်နေ့တာဆွမ်းအလှူနှင့်
🏝️ ဆီ (၁) ပုံး
🏝️ ဆပ်ပြာမှုန့် အထုပ် (၁၀၀) ပါ အိတ်ကြီး (၁) အိတ်ကို လှူဒါန်းကြပါသည်။
🏝️ ယခုကဲ့သ်ို့ ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးအား ပစ္စည်းလေးပါးတို့ဖြင့် အစဉ်လှူဒါန်းအားပေးကြရသည့် သာသနာ့အထောက်အပံ့ကုသိုလ်စွမ်းကြောင့် မိသားစု၏ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဖခင်ကြီးဦးကြိုင်သည်
🏝️ နတ်၌ဖြစ်သော ဥယျာဉ်၊ ဗိမာန်၊ ပဒေသာပင်၊ အဝတ်တန်ဆာတို့ကို သုံးဆောင်ခံစားနိုင်ပါစေ။
🏝️ ရောက်ရာဘဝသုဂတ်ိဘုံဌာနတွင် သူတော်ကောင်း များနှင့်သာဆုံတွေ့ရပြီး ဓမ္မအသိဉာဏ်ရင့်သန်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါစေ။
🏝️ ကျောင်းအမကြီးဒေါ်လေးလေးနှင့် သား၊ သမီး၊ မြေးများလည်း ကျန်းမာရေးများအထူး ကောင်းမွန်ကြပြီး မိမိတို့လုပ်ငန်း များကို ရည်မှန်းသည့်အတိုင်း လွယ်ကူ ချောမွေ့ အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေ။
🏝️ မိသားစုအားလုံး သူတော်ကောင်းများ
နှင့်သာ ဆုံတွေ့ကြရပြီး သက်ရှည် ကျန်းမာ ဘေးရန်ကွာ မြတ်သောလိုရာပြည့်ကြပါစေ။
14/06/2026
🍀ဘဝတစ်ပါးသို့ပြောင်းသွားသော ကျေးဇူးရှင်
ဖခင်ကြီးဦးလှစောနှင့် မိခင်ကြီးဒေါ်စန်းကြည်
တ်ို့အားရည်စူး၍
🍀 သား၊ သမီး၊ မြေးတစ်စု၏ ကုသ်ိုလ်အဖြစ်
🙏🏻 ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့တွင် သကျဓီတာဗုဒ္ဓကောလိပ်၌ မြတ်စွာ ဘုရားရှင်အမှူးပြုသော စာချ၊ စာသင် သာသနာ့တာဝန်များကိုထမ်းရွက်ကြပါသော ဆရာကြီး၊ ဆရာလေးများ မပင်မပန်းချမ်းသာစွာဖြင့် သာသနာ့လုပ်ငန်းများ ထမ်းရွက်နိုင်ရန်စိတ်ရည်သန်၍ မွန်မြတ်
လှစွာသော နေ့ဆွမ်းအလှူနှင့်
🍀သကျဓိီတာဗုဒ္ဓကောလိပ်နှင့်
ကလောမြ်ို့၊ ဇိနဓီတာသီလရှင်
ကျောင်းတိုက်တ်ို့အတွက် ပစ္စည်းလေးပါးလိုအပ်ရာအသုံးပြုနိုင်ရန် အလှူငွေများလှူဒါန်း
ကြရာ
🍀ကိုသန့်ဇော်ဦး+မမြတ်မာလာ မိသားစုက (၁) သိန်းကျပ်
🍀 ကိုဇော်ထွန်းအောင်+မစိုးစိုးမိသားစုက (၁) သိန်းကျပ်
🍀 သမီးမခိုင်ဇင်ဦးက (၁) သိန်းကျပ်
🍀 နှစ်ဖက်သောမိဘမျာအားရည်စူး၍
ကိုသီဟအောင်+မသန်းသန်းဦးမိသားစု
နှင့် ကိုသန့်ဇော်ဦး+မမြတ်မာလာ မိသားစုက ဆရာကြီး၊ ဆရာလေးများအား (၁) သောင်းကျပ်စီတို့ကို သုံးတန်စေတနာပြည့်စုံစွာဖြင့်
သဒ္ဓါပြဌာန်း ရိုသေစွာ လှူဒါန်းကြပါသည်။
🍀 ယနေ့ယခု လှူဒါန်းကြရသည့် ရည်စူးကုသိုလ်
နှင့် မိသားစု၏ ရည်မှန်းလှူဒါန်းရသည့် ကုသိုလ်
အစုစုတို့၏ အဖို့ဘာဂကို ကျေးဇူးရှင်
ဖခင်ကြီးဦးလှစောနှင့် မိခင်ကြီးဒေါ်စန်းကြည်တို့သည် ရောက်ရာဘဝ ဘုံဌာနမှ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ပြီး တစ်ဆင့်ထက်တစ်ဆင့်မြင့်သောဘုံဘဝများတွင် အနာရောဂါကင်း ကျန်းမာ ချမ်းသာခြင်းများပြည့်စုံစွာဖြင့် အသက် ရှည်ပါစေ။
🍀 သူတော်ကောင်းတရားတ်ို့က်ို နာယူမှတ်သား ကျင့်ကြံပွါးများနိုင်ပြီး တရားထူးအသိတို့ကို ရရှိနိုင်ကြပါစေ။
🍀 ဆွမ်းအလှူရှင် သား၊ သမီး၊ မြေး မိသားစုအားလုံး သက်ရှည် ဆင်းလှ ချမ်းသာရ ဗလ ဉာဏ်ပညာဟူသည့် ဆွမ်းအကျိုးတရားများကိုရရှိနိုင်ကြပါစေ။
07/06/2026
🍱 သကျဓီတာဗုဒ္ဓကောလိပ်လစဉ်ဆွမ်းအလှူရှင်ဖြစ်သည့်
ဦးသတ်ိုးကျော်+ဒေါ်မိမိနိုင်၊
ညီမ ဒေါ်သန်းရီ၊ သားကြီး မောင်နေမင်းကျော်၊ သမီး မသစ်ဖူးဝေ၊ သားငယ် မောင်အာကာကျော် မိသားစုတို့က
🍱 လစဉ်လတိုင်း (၇) ရက်နေ့တွင် လစဉ်အာစိဏ္ဏကံကုသိုလ်အဖြစ် ဆွမ်းဟင်းများလှူဒါန်းလျက်ရှိရာ
🍱 ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့တွင် လည်း ဆွမ်းဟင်းများနှင့် မုန့်များကို စေတနာသုံးတန်ပြဌာန်း ထက်သန်သောသဒ္ဓါတို့ဖြင့် မွန်မြတ်စွာပို့လှူကြပါသည်။
🥐🥯 ယခုကဲ့သို့ လစဉ်ဆွမ်းအလှူ၊ သဒ္ဓါဆွမ်းအလှူနှင့် စာမေးပွဲကာလများတွင်လည်း အာဟာရပြည့်ဝစွာ စာပေများလေ့လာကျက်မှတ်နိုင်ရန် အားဖြည့်လှူဒါန်းကြရသည့် သာသနာ့အထောက် အပံ့ကုသိုလ်များကြောင့်
🪭 ပစ္စည်းလေးပါး ကုသိုလ်ရှင်မိသားစုများနှင့် ဤအလှူများနှင့် ဆက်စပ်သမျှ (၇) ရက်သား သမီးအပေါင်းတို့သည်
🪭 ကပ်ရောဂါဘေးအမျိုးမျိုးတို့မှကင်းဝေး
ကြပြီး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝပါစေ။
🪭 သာသနာအထောက်အပံ့ကုသိုလ်များသည် ကုသ်ိုလ်ရှင်များအား သူတော်ကောင်းတရားများက်ို ကျင့်ကြံပွါးများနိုင်ကြပြီး ငြိမ်းချမ်းရာမှန် မြတ်နိဗ္ဗာန် ကို ရရာရကြောင်း အထောက်အပံ့ကောင်းဖြစ်ပါစေ။
🪭 မပင်မပန်း ကျန်းမာ ချမ်းသာစွာဖြင့် ရည်မှန်းသည့် လုပ်ငန်းကိစ္စအဝဝတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေ။
05/06/2026
🌸 ၂၀၂၆ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့တွင်
ကျရောက်မည့်မွေးနေ့အထိမ်းအမှတ်ကုသိုလ်
အဖြစ်
🌸 အောင်ပြည်တန် ဖခင်ကြီးဦးခင်ဦးအောင်
ကိုရည်စူး၍ မိခင်ကြီးဒေါ်မြင့်မြင့်အုန်းအား
အမှူးထားကာ သမီးကြီးဒေါ်ယဉ်မူအောင် (အောင်ပြည်တန် Co. Ltd.)
၏ မွေးန်ေ့အထိမ်းအမှတ်ကုသိုလ်အဖြစ်
🌸 ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင်
သကျဓီတာဗုဒ္ဓကောလိပ်၌ မြတ်စွာ ဘုရားရှင်အမှူးပြုသော စာချ၊ စာသင် သာသနာ့တာဝန်များကိုထမ်းရွက်ကြပါသော ဆရာကြီး၊ ဆရာလေးများ မပင်မပန်းချမ်းသာစွာဖြင့် သာသနာ့လုပ်ငန်းများ ထမ်းရွက်နိုင်ရန်စိတ်ရည်သန်၍ မွန်မြတ်
လှစွာသော နေ့ဆွမ်းအလှူ၊
🌸 ခြင်ထောင်၊ စောင်၊ ခေါင်းအုံးစွပ်၊ သွားတိုက်ဆေးနှင့် စာရေးကိရိယာအစုံ၊
🌸 ဆရာကြီးအတွက် နဝကမ္မအလှူငွေ (၅) သိန်းကျပ်
🌸 စာချဆရာများအတွက် နဝကမ္မအလှူငွေ (၅) သောင်းကျပ်စီ၊
🌸 စာသင်သားဆရာလေးများအတွက် နဝကမ္မအလှူငွေ (၃) သောင်းကျပ်စီကိုလည်းကောင်း၊
🏛️ သကျဓီတာဗုဒ္ဓကောလိပ်၏ ပထမအကြိမ်
ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပရန်အတွက် Summit Parkview Hotel Ballroom ခန်းမဌားရမ်းအသုံးပြုရန်အတွက် အလှူငွေ (၂၅) သိန်းကျပ်၊
🌸 သီလရှင်ဝတ်စုံ (၃၁) စုံ၊ ဖိနပ် (၃၁) ရံအတွက် အလှူငွေ (၂၈) သိန်းကျပ်၊
🍀 ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပရန်အတွက် Summit Parkview Hotel ပင်းယ ခန်းမဌားရမ်းအသုံးပြုရန်အတွက် ဦးကျော်သူအောင်က အလှူငွေ (၁၂) သိန်းကျပ်တို့ကို ကာလဒါနကုသိုလ်
အဖြစ် ဖေဖော်ဝါရီလ (၄) ရက်နှင့် မတ်လ (၇)
ရက်တ်ို့တွင်လည်းကောင်း၊
🌼 ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့တွင်ကျရောက်မည့် ဒေါ်ယဉ်မော်အောင်၏ (၆၃) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ကုသိုလ်အဖြစ်
ဦးဝင်းငွေ+ဒေါ်ယဉ်မော်အောင်၊
သားကြီး မောင်ရဲလင်းငွေ+မနန်းစံဟွမ်၊
သားလတ် မောင်ဥက္ကာငွေ+မခိုင်သစ်လွင်၊
သားငယ် မောင်ဇွဲလင်းငွေ+မဟေသီ၊
မြေး မခေတ်သစ်ငွေလွင်၊ မကံသစ်ငွေလွင်၊
မနန်းမုဒအောင် မိသားစုက
🌼 ဆရာကြီး (၂) ပါးအတွက် နဝကမ္မအလှူငွေ (၅) သိန်းကျပ်စီ၊
🌸 စာချဆရာများအတွက် နဝကမ္မအလှူငွေ (၅) သောင်းကျပ်စီ၊
🌸 သကျဓီတာဗုဒ္ဓကောလိပ်နှင့် ကလောမြို့၊
ဇိနဓီတာသီလရှင်စာသင်တိုက်တို့မှ စာသင်သားဆရာလေးများအတွက် နဝကမ္မအလှူငွေ (၃) သောင်းကျပ်စီကိုလည်းကောင်း၊
🍀မိဘများအားရည်စူးအမှူးထား၍
ဦးထင်လင်းအောင်+ဒေါ်ယဉ်မွန်အောင်မိသားစုက ကျောင်းအတွက် ပစ္စည်းလေးပါးလိုအပ်ရာအသုံးပြုနိုင်ရန် အလှူငွေ (၃) သိန်း ကျပ်တို့ကို သုံးတန်စေတနာပြည့်စုံစွာဖြင့် သဒ္ဓါပြဌာန်း ရိုသေစွာ
လှူဒါန်းကြပါသည်။
🌻 ဤသို့ပေါင်းစုမြတ်ကောင်းမှုတို့ကြောင့် မွေးနေ့ရှင်များဖြစ်ကြသည့် ဒေါ်ယဉ်မူအောင်နှင့် ဒေါ်ယဉ်မော်အောင်ညီအစ်မတို့ သည် မွေးနေ့မှစ၍ ကျန်းမာ ဘေးကင်း ချမ်းသာခြင်းနှင့်
ဘုန်းကံ ပညာပြည့်စုံစွာဖြင့် ကုသိုလ်အနှစ်ပြည့်သော မွေးနေ့များစွာကို ဖြတ်သန်းနိုင်ပါစေ။
🌻အောင်ပြည်တန်မိခင်ကြီးဒေါ်မြင့်မြင့်အုန်းနှင့် သား သမီး မြေးမြစ်များ၊ အောင်ပြည်တန်ကုမ္ပဏီနှင့်ဆက်စပ်သမျှ အားလုံး သက်ရှည် ကျန်းမာ ဘေးရန်ကွာ မြတ်သောလိုရာပြည့်ကြပါစေ။
🌻မိသားစု၏ပြုပြုသမျှ ကုသိုလ်တ်ို့၏
အဖို့ဘာဂကို ဖခင်ကြီးဦးခင်ဦးအောင်နှင့်
သမီးဖြစ်သူ ဒေါ်ယဉ်မွန်အောင်တ်ို့သည်
ရောက်ရာဘဝ ဘုံဌာနမှ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ပြီး တစ်ဆင့်ထက်တစ်ဆင့်မြင့်သောဘုံဘဝများတွင် အနာရောဂါကင်း ကျန်းမာ ချမ်းသာခြင်းများ ဓမ္မအသိဉာဏ်များ
ပြည့်စုံစွာဖြင့် အသက်ရှည်ကြပါစေ။
04/06/2026
🔔 သကျဓီတာဗုဒ္ဓကောလိပ်စတင်တည်ထောင်စဉ်ကာလမှစ၍ ယနေ့အထိပစ္စည်းလေးပါးတ်ို့ဖြင့် အစဉ်အားပေးလှူဒါန်းလျက်ရှိကြသည့်
🔔 ရန်ကုန်မြို့နေ
ဦးဇင်ယော် +ဒေါက်တာဒေါ်ခင်သီရိ
သမီး ကိုထွန်းထွန်းလင်း+မဇင်မွန်အေး၊
သား ဒေါက်တာထက်အောင်+ဒေါက်တာထက်
ထက်ဝေ၊ မြေး မောင်မင်းသန့်ဇင်လင်း၊
မအိမ့်ထက်ချစ်၊ မောင်ဟိန်းသန့်ဇင်လင်း
မိသားစုက
🏛️ကလောမြို့၊ ဇိနဓီတာသီလရှင်ကျောင်းတ်ိုက် ဆွမ်းအလှူအတွက် (၁) သိန်းကျပ်နှင့်
🏛️ ရန်ကုန်မြို့၊ သကျဓီတာဗုဒ္ဓကောလိပ် သောက်ရေသန့်အလှူအတွက် (၁) သိန်းကျပ်တို့ကို လစဉ်အလှူအဖြစ် သုံးတန်သောစေတနာဖြူစင်စွာဖြင့် သဒ္ဓါပြဌာန်း လှူဒါန်း ကြပါသည်။
🔔 သာသနာ့အထောက်အပံ့ကုသိုလ်များကြောင့် သူတော်ကောင်းများနှင့်သာဆုံတွေ့ကြရပြီး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ မြတ်သောလိုရာပြည့်ကြပါစေ။
🔔 ယခုဘဝဆည်းပူးအားထုတ်ကြရသည့် ဒါန၊ သီလ၊ ဘာဝနာကုသ်ိုလ်တို့၏ စွမ်းအားကြောင့် ဘဝတိုင်းတွင် ဉာဏ်ပညာထက်မြက်ခြင်း၊ သတိတရားများခိုင်မာခြင်းနှင့် စိတ်သွားတိုင်းကိုယ်ပါ ကုသိုလ်တရားများကို ဆည်းပူးနိုင်ကြပါစေ။
🔔 မိမိတို့၏ အသိပညာ အတတ်ပညာတို့ဖြင့် လောကအကျိုး၊ သာသနာ့အကျိုးတိုး၍ ဆောင်ရွက်နိုင်ကြပါစေ။
04/06/2026
🏛️ သကျဓီတာဗုဒ္ဓကောလိပ်၏ လစဉ်အလှူရှင် မိသားစုဖြစ်သည့် ရန်ကုန်မြို့နေ ထက်မာန်လင်းဆောက်လုပ်ရေး ကုမ္ပဏီမှ ဦးသောင်းကျော်ရှိန်း+ ဒေါ်ကေသီ Kay Thi
သား ကိုဇေယျာရှိန်း၊ ကိုမင်းမောင်ရှိန်းမိသားစုက
💦 ကောလိပ်အတွက် (၁) သိန်းကျပ်နှင့်
ညီမဆရာလေးဒေါက်တာယုဇနဥာဏီအတွက် (၁) သိန်းကျပ်တို့ကိုလစဉ်မပြတ်အာစိဏ္ဏကံကုသိုလ်အဖြစ်လှူဒါန်းလျက်ရှိကြရာ
💦 ၂၀၂၆ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင်လည်း စေတနာသုံးတန်ပြဌာန်း၍ ထက်သန်သောသဒ္ဓါတရားဖြင့် လှူဒါန်းကြပါသည်။
💦 ယခုကဲ့သို့ လစဉ်ဖြည့်ဆည်းလှူဒါန်းကြရသည့်သာသနာ့အထောက်အပံ့ကုသိုလ်အစုစုသည်
💦 ဦးသောင်းကျော်ရှိန်း+ဒေါ်ကေသီ၊
သား ကိုဇေယျာရှိန်း၊ ကိုမင်းမောင်ရှိန်းမိသားစုတို့နှင့် ထက်မာန်လင်းမိသားစုများနှင့် ဤကုသိုလ်နှင့် ဆက်စပ်သမျှ (၇) ရက် သား သမီးအပေါင်းတ်ို့အား
💦 ဘဝသံသရာခရီးတွင် ပညာရှိ သူတော်ကောင်းများနှင့်သာ တွေ့ဆုံကြရပြီး ဘဝတိုင်းတွင် ပညာပါရမီရင့်သန်အားကောင်းစေကြောင်း အထောက်အပံံ့ကောင်းဖြစ်ပါစေ။
💦 သက်ရှည် ကျန်းမာ ဘေးရန်ကွာ မြတ်သောလိုရာပြည့်ကြပါစေ။
💦 သာသနာ့အထောက်အပံ့ကုသိုလ်
စေတနာအဖြာဖြာတို့သည် ဒုက္ခခပ်သိမ်းကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်စေကြောင်း အထောက်အပံ့ကောင်းဖြစ်ပါစေ။
02/06/2026
🏥 (ဒေါက်တာဇော်ထွန်း )+ဒေါက်တာဌေးဌေးကြည် (ရွှေဂုံတိုင်အထူးကုဆေးရုံ - Shwegonedine Specialist Clinic (SSC) နှင့် ပင်လုံဆေးရုံ) မိသားစုတို့က
🌻 သကျဓီတာဗုဒ္ဓကောလိပ် Teachers’ Fund အတွက် အလှူ၊ အာဟာရအလှူနှင့် လိုအပ်ရာအသုံးပြုနိုင်ရန်အတွက် လစဉ်လှူဒါန်းလျက်ရှိရာ
🌻 ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့တွင်လည်း
လစဉ်အလှူ (၅) သ်ိန်းကျပ်ကို သုံးတန်စေတနာထက်သန်စွာဖြင့် သဒ္ဓါပြဌာန်းလှူဒါန်းကြပါသည်။
🌻 ယခုကဲ့သို့ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး အဓွန့်ရှည်ကြာ တည်တံ့စေရန် အထောက်အပံ့
အလို့ဌါ ပစ္စည်းလေးဖြာတို့ဖြင့် အားပေး လှူဒါန်းကြရသည့် ကုသိုလ်စေတနာအဖြာဖြာတ်ို့နှင့် နှစ်စဉ်ပူဇော်ကြရသည့် ဓမ္မပူဇာကုသိုလ်များသည်
🌻 (ဒေါက်တာဇော်ထွန်း )+ဒေါက်တာဌေးဌေးကြည် (ရွှေဂုံတိုင်အထူးကုဆေးရုံ - Shwegonedine Specialist Clinic (SSC) နှင့် ပင်လုံဆေးရုံ) မိသားစုနှင့် ဆက်စပ်သမျှ ခုနစ်ရက်သား သမီးအပေါင်းတို့အား
🌻 ဘဝတိုင်းတွင် ပညာရှိ သူတော်ကောင်းများထံမှ မြတ်ဓမ္မတို့ကို လေ့လာသင်ယူနိုင်ကြပြီး
ခန္ဓာဉာဏ်ရောက် ကျင့်ကြံ လိုက်သုံးနိုင်ကြ၍
ဒုက္ခခပ်သိမ်းကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း၏ အားကြီးသော အထောက်အပံ့ဖြစ်ပါစေ။
🌻 မိမိတို့ အသိပညာ အတတ်ပညာတ်ို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အသက်ကယ်မှုပြုကြရသည့် ဇီဝိတဒါနကုသိုလ်များကြောင့် ကျန်းမာ ရန်ကင်း ရောဂါရှင်းစွာ အသက် ရှည်ကြပါစေ။
🌻 နှလုံးစိတ်ဝမ်းအေးချမ်းကြ၍ ဆန္ဒနှင့်ထပ်တူ ကောင်းကျိုးလ်ိုရာဆန္ဒများပြည့်ဝကြပါစေ။
01/06/2026
🪔 လစဉ် အာစိဏ္ဏကံကုသိုလ်အဖြစ် လဆန်း (၁)ရက်နေ့တိုင်း သကျဓီတာဗုဒ္ဓကောလိပ်သို့ အရုဏ်ဆွမ်းနှင့် ပစ္စည်းလေးပါးအတွက် လိုအပ်ရာအသုံးပြုရန် လှူဒါန်းလျက်ရှိသည့်
သမီးလေး မရွှေရည်ဝတ်မှုန် ဉာဏ် (ခ)ရွှေရုပ်၏ မွေးနေ့အထ်ိမ်းအမှတ် ကုသိုလ်အဖြစ်
🪔 ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင်
ဦးဉာဏ်မြင့်ဆွေ+ပါမောက္ခ Dr. မိုးသီတာထွေး၊ သား မောင်အောင်သုတဉာဏ်၊
သမီး မရွှေရည်ဝတ်မှုန်ဉာဏ် (ခ) ရွှေရုပ်
မိသားစုက
🪔 အလင်းဓာတ်အလှူအတွက် အလှူငွေ
(၁) သိန်းကျပ်ကို သဒ္ဓါဖွေးဖြူ ပေးလှူကြပါသည်။
🪔 ယနေ့ပြုရ မြတ်ပုညနှင့် လစဉ်ဆည်းပူး ကုသိုလ်ထူးတို့ကြောင့် မွေးနေ့ရှင်သမီးလေး ရွှေရည်ဝတ်မှုန်ဉာဏ် (ခ) ရွှေရုပ်သည်
လည်း ထက်မြက်သော ဉာဏ်ပညာတို့နှင့်အတူ ကြံ့ခိုင်သော ကိုယ် နှုတ် နှလုံးတို့ဖြင့် ဘဝခရီးကို ပျော်ရွှင် အောင်မြင်စွာ လှောက်လှမ်းနိုင်ပါစေ။
🪔 ဘဝတိုင်းတွင် သူတော်ကောင်းများနှင့်သာဆုံတွေ့ရပြီး ကုသိုလ်ဖြင့်ပျော်မွေ့သည့် သမီးပညာရှိ သမီးသူတော်ကောင်းဖြစ်ပါစေ။
🪔 ကုသိုလ်ရှင် ဦးဉာဏ်မြင့်ဆွေ+ပါမောက္ခ
Dr. မိုးသီတာထွေးမိသားစုလည်း သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ဝကြပါစေ။