สมน้ำหน้ากวนตีนหรอ อดไม่ได้ที่จะหัวเราะ 5555
คลิปนี้ไม่มีสาระใดๆทั้งสิ้นมีแต่ความบันเทิง
KMS ပညာဒါန သင်တန်းကျောင်း-Khatiya Management School
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KMS ပညာဒါန သင်တန်းကျောင်း-Khatiya Management School, Room(43), Building(1), Hlaing Yadanar Housing, Insein Road, Yangon.
01/11/2020
သင်အိမ်မှာ အချိန်တွေဖြုန်းနေတုန်း သူများတွေ
ကအောင်မြင်ဖို့အတွက်ကြိုးစားနေကြပြီ...
အခုခေတ်ကြီးထဲမှာ အလုပ်ရှိတဲ့သူကလဲ အောင်လက်မှတ်ကလေးတခုရှိမှ ရာထူးတိုး လစာတိုးမယ်
အလုပ်မရှိသေးတဲ့သူကလဲ အောင်လက်မှတ်ကလေးတခုရှိမှအလုပ်ရှာလို့လွယ်မယ်
အခုလို ခက်ခဲကြပ်တည်းနေတဲ့အချိန် အိမ်ကနေ သင်ယူနိုင်အောင်စီစဥ်ပေးထားတာပါ
အခုလို ကာလမှာ Business Management သင်တန်းတွေ တွေကို တက်ကိုတက်သင့်ပါတယ်။
သင်ကြားမယ့် သင်တန်းတွေကတော့
Certificate In Marketing Management
Monday Tuesday ညကိုးနာရီမှ ဆယ်နာရီ
9.Nov. 2020 စမည်။
++++++++++++++++++++++++++++++++++++
Certificate in Human Resources Management
Wednesday Thursday ညကိုးနာရီမှ ဆယ်နာရီ
12.Nov. 2020 စမည်။
++++++++++++++++++++++++++++++++++++
Certificate in Business Management
Friday Saturday ညကိုးနာရီမှ ဆယ်နာရီ
14.Nov. 2020စမည်။
++++++++++++++++++++++++++++++++++++
သင်တန်းသုံးခုဖြစ်ပါတယ်။
online သင်တန်းမတက်ဘူးလို့လဲ
အခက်ခဲရှိမှာမပူပါနဲ့ ။
ဘယ်လိုလုပ်ရတယ်ဆိုတာ အစအဆုံးသင်ပေးမှာပါ။သင့်အိမ်ကနေ ဖုန်းတစ်လုံး ဗလာစာအုပ်တစ်ခုနဲ့သက်တောင့်သက်သာ သင်ကြားနိုင်ပါတယ်။
FB Group ဖွဲ့သင်ကြားမှာဖြစ်ပါတယ်။
တပတ်တခါ zoom နဲ့စာမေးစာစစ်ပါမယ်။
အပတ်စဥ် assignment လုပ်ရပါမယ်
မြန်မာလိုပဲရေးရမှာပါ။
အောင်မြင်ပါက သင်တန်းကျောင်းမှာပဲအောင်လက်မှတ်ထုတ်ထုတ်
နယ်ကကျောင်းသားတွေအနေနဲ့ soft copy ပဲယူယူ
Hard Copy ကို delivery နဲ့ပဲပို့ပို့ရပါတယ်။
သင်ကြားမယ့် ဆရာ/မများအနေဖြင့် နိုင်ငံတကာ MBA ဘွဲ့ရများဖြစ်သလို စီးပွားရေးလောကမှာ ဆယ်နှစ်အထက်ရာထူးကြီးများကို တာဝန်ထန်းဆောင်နေသူများဖြစ်ပါတယ်။
အထူးပြောချင်တာကတော့ ရာထူတိုးလစာတိုး နှေးတာပဲဖြစ်ဖြစ်
အလုပ်မှာအခက်ခဲရှိတာပဲဖြစ်ဖြစ်
အလုပ်မရှိလို့ခုမှစလုပ်မှာပဲဖြစ် ဖြစ်
ကျောင်းကိုလာပြီး ဆရာနဲ့ ဆွေးနွေးတိုင်ပင်လို့လဲရသလို ဖုန်း ကနေဆင့်လဲမေးမြန်းတိုင်ပင်လို့ရပါတယ်။
အပြင်မှာစျေးကြီးပေးပြီးဝယ်ရတဲ့ Business ဆိုင်ရာ E Book ငါးရာကျော်ကိုလဲ ရရှိမှာဖြစ်ပါတယ်။
ပါဝင်သော course outline များသိရှိလိုပါက. မိမိတက်ရောက်လိုသော အတန်းအား comment တွင်ရေးပါ။အသေးစိတ် reply ပြန်ပေးပါမည်။ ..........
စာမေးပွဲကြေး+သင်ခန်းစာ soft Copy+
business E Book များစုစုပေါင်းအတွက် သင်တန်းတစ်ခုလျင် ဝန်ဆောင်ခ ငါးထောင်ကျပ်အား ယခုဖော်ပြပါ အကောင့်များအားပေးသွင်းရန်လိုအပ်ပါသည်။
🍎Wave Money 09970515050
🍎Kpay. 09970515050
🍎CB Account.0021-6005-0008-2748
လူအများကြီးလက်ခံမှာမဟုတ်လို့ အခုပဲ 09-899641626 ကိုဆက်သွယ်လိုက်ပါ။
24/10/2020
Management ပညာဒါနသင်တန်းတွေ
ဖွင့်ပေးနေပြီဆိုတာသိရဲ့လား........?😮
အခုခေတ်ကြီးထဲမှာ အလုပ်ရှိတဲ့သူကလဲ အောင်လက်မှတ်ကလေးတခုရှိမှ ရာထူးတိုး လစာတိုးမယ်🍎
အလုပ်မရှိသေးတဲ့သူကလဲ အောင်လက်မှတ်ကလေးတခုရှိမှအလုပ်ရှာလို့လွယ်မယ်
အခုလို ခက်ခဲကြပ်တည်းနေတဲ့အချိန် အိမ်ကနေ သင်ယူနိုင်အောင်စီစဥ်ပေးထားတာပါ
သင်ကြားမယ့် သင်တန်းတွေကတော့
Certificate In Marketing Management
(𝗖𝗠𝗠)
နင့်
Certificate in Human Resources Management
(𝗖𝗛𝗥𝗠)
သင်တန်းနှစ်ခုဖြစ်ပါတယ်။
online သင်တန်းမတက်ဘူးလို့လဲ အခက်ခဲရှိမှာမပူပါနဲ့ ဘယ်လိုလုပ်ရတယ်ဆိုတာ အစအဆုံးသင်ပေးမှာပါ။သင့်အိမ်ကနေ ဖုန်းတစ်လုံး ဗလာစာအုပ်တစ်ခုနဲ့သက်တောင့်သက်သာ သင်ကြားနိုင်ပါတယ်။
FB Group ဖွဲ့သင်ကြားမှာဖြစ်ပါတယ်
တပတ်တခါ zoom နဲ့စာမေးစာစစ်ပါမယ်
အပတ်စဥ် assignment လုပ်ရပါမယ်
မြန်မာလိုပဲရေးရမှာပါ
ညဘက် ကိုးနာရီကနေ ဆယ်နာရီအထိ
နှစ်လတိတိတက်ရပါမယ် (တန်လာအဂ်ါဗုဒ္ဓဟူးတပတ်သုံးရက်)
အောင်မြင်ပါက သင်တန်းကျောင်းမှာပဲအောင်လက်မှတ်ထုတ်ထုတ်
နယ်ကကျောင်းသားတွေအနေနဲ့ soft copy ပဲယူယူ
Hard Copy ကို delivery နဲ့ပဲပို့ပို့ရပါတယ်
အထူးပြောချင်တာကတော့
ရာထူတိုးလစာတိုး နှေးတာပဲဖြစ်ဖြစ် အလုပ်မှာအခက်ခဲရှိတာပဲဖြစ်ဖြစ် အလုပ်မရှိလို့ခုမှစလုပ်မှာပဲဖြစ် ဖြစ်
ကျောင်းကိုလာပြီး ဆရာနဲ့ ဆွေးနွေးတိုင်ပင်လို့လဲရသလို ဖုန်း ကနေဆင့်လဲမေးမြန်းတိုင်ပင်လို့ရပါတယ်။
အပြင်မှာစျေးကြီးပေးပြီးဝယ်ရတဲ့ Business ဆိုင်ရာ E Book ငါးရာကျော်ကိုလဲ ရရှိမှာဖြစ်ပါတယ်။
တက်ရောက်ချင်တယ်ဆိုရင် ..........
1.မိမိတက်ရောက်လိုသောအတန်းနှင့်မိမိအမည်ကို
ရေးပါ။
2. 09-899641626 ကိုဆက်သွယ်ပြီး မိမိနာမည် တက်ရောက်လိုသည့်အတန်းကို အကြောင်းကြားပါ
(အထက်ပါအချက်များအား လုပ်ဆောင်မထားပါက တက်ရောက်ခွင့်မရှိပါ)
3.အောင်လက်မှတ်ရယူလိုပါက
စာမေးပွဲကြေး+သင်ခန်းစာ soft Copy+
business E Book များစုစုပေါင်းအတွက် သင်တန်းတစ်ခုလျင် ဝန်ဆောင်ခ ငါးထောင်ကျပ်အား ယခုဖော်ပြပါ အကောင့်များအားပေးသွင်းပါ။
🍎Wave Money 09970515050
🍎Kpay. 09970515050
🍎CB Account.0021-6005-0008-2748
22/10/2020
အလုပ်အကိုင်အခွင့်အလမ်းနဲ့ရာထူးတိုးလစာတိုးဖို့အတွက် စီပွားရေး စီမံခန့်ခွဲမှုသင်တန်းတွေ
အလကားဖွင့်ပေးနေပြီဆိုတာသိရဲ့လား........?😮
အခုခေတ်ကြီးထဲမှာ အလုပ်ရှိတဲ့သူကလဲ အောင်လက်မှတ်ကလေးတခုရှိမှ ရာထူးတိုး လစာတိုးမယ်🍎
အလုပ်မရှိသေးတဲ့သူကလဲ အောင်လက်မှတ်ကလေးတခုရှိမှအလုပ်ရှာလို့လွယ်မယ်
အခုလို ခက်ခဲကြပ်တည်းနေတဲ့အချိန် အိမ်ကနေ သင်ယူနိုင်အောင်စီစဥ်ပေးထားတာပါ
သင်ကြားမယ့် သင်တန်းတွေကတော့
Certificate in Marketing Management
(CMM)
နင့်
Certificate in Human Resources Management
(CHRM)
သင်တန်းနှစ်ခုဖြစ်ပါတယ်။
online သင်တန်းမတက်ဘူးလို့လဲ အခက်ခဲရှိမှာမပူပါနဲ့ ဘယ်လိုလုပ်ရတယ်ဆိုတာ အစအဆုံးသင်ပေးမှာပါ။သင့်အိမ်ကနေ ဖုန်းတစ်လုံး ဗလာစာအုပ်တစ်ခုနဲ့သက်တောင့်သက်သာ သင်ကြားနိုင်ပါတယ်။
FB Group ဖွဲ့သင်ကြားမှာဖြစ်ပါတယ်
တပတ်တခါ နဲ့စာမေးစာစစ်ပါမယ်
အပတ်စဥ် assignment လုပ်ရပါမယ်
မြန်မာလိုပဲရေးရမှာပါ
ညဘက် ကိုးနာရီကနေ ဆယ်နာရီအထိ
နှစ်လတိတိတက်ရပါမယ် (တန်လာအဂ်ါဗုဒ္ဓဟူးတပတ်သုံးရက်)
အောင်မြင်ပါက သင်တန်းကျောင်းမှာပဲအောင်လက်မှတ်ထုတ်ထုတ်
နယ်ကကျောင်းသားတွေအနေနဲ့ soft copy ပဲယူယူ
Hard Copy ကို delivery နဲ့ပဲပို့ပို့ရပါတယ်
ရာထူတိုးလစာတိုး နှေးတာပဲဖြစ်ဖြစ် အလုပ်မှာအခက်ခဲရှိတာပဲဖြစ်ဖြစ် ကျောင်းကိုလာပြီး ဆရာနဲ့ ဆွေးနွေးတိုင်ပင်လို့လဲရပါတယ်
အပြင်မှာစျေးကြီးပေးပြီးဝယ်ရတဲ့ Business ဆိုင်ရာ E Book ငါးရာကျော်ကိုလဲ ရရှိမှာဖြစ်ပါတယ်။
တက်ရောက်ချင်တယ်ဆိုရင် ..........
1.မိမိတက်ရောက်လိုသောအတန်းနှင့်မိမိအမည်ကို
ရေးပါ။
2. 09-899641626 ကိုဆက်သွယ်ပြီး မိမိနာမည် တက်ရောက်လိုသည့်အတန်းကို အကြောင်းကြားပါ
(အထက်ပါအချက်များအား လုပ်ဆောင်မထားပါက တက်ရောက်ခွင့်မရှိပါ)
3.အောင်လက်မှတ်ရယူလိုပါက
စာမေးပွဲကြေး+သင်ခန်းစာ soft Copy+
business E Book များစုစုပေါင်းအတွက် သင်တန်းတစ်ခုလျင် ဝန်ဆောင်ခ ငါးထောင်ကျပ်အား ယခုဖော်ပြပါ အကောင့်များအားပေးသွင်းပါ။
🍎Wave Money 09970515050
🍎Kpay. 09970515050
🍎CB Account.0021-6005-0008-2748
(အောင်လက်မှတ် သင်ခန်းစာ Ebook များ မလိုအပ်ပါက အခမဲ့တက်ရောက်ပါ။)
လူအများကြီး လက်မခံနိုင်ပါ သင်ကြားမှုမထိရောက်မှာစိုးလို့ပါ။
5 November 2020 စမည်။
ကျောင်းလိပ်စာ ၂-အမှတ် ၄၅ တတိယထပ်
သုခမှတ်တိုင်ရှေ့တည့်တည့်
super win ဆေးဆိုင်နှင့် ရွှေအိုးဆေးဆိုင်အလယ်လှေကား လှိုင်မြို့နယ်
03/10/2020
၆၄/၄ နိယာမနဲ့သင့်စီးပွားရေးအောင်မြင်မှု
..........................................................................
၈၀/၂၀ ဆိုတဲ့ ဂဏန်းအပေါ်မှာ ကျွန်တော်တို့ ၈၀/၂၀ နိယာမ ထပ်ဆင့်သုံးကြည့်မယ်ဗျာ ။
၈၀ ဆိုတဲ့ ဂဏန်းရဲ့ ၈၀% က ဘယ်လောက်လဲ တွက်ကြည့်ရင် ၆၄ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။
၂၀ ဆိုတဲ့ ဂဏန်းရဲ့ ၂၀% ဟာ ၄ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ် အဲ့ဒီလို တွက်လိုက်တဲ့အခါမှာ ၆၄/၄ နိယာမ ဆိုပြီး ဖြစ်လာပါတယ်
ဒီတော့ အကျိုး ၆၄%ဟာ အကြောင်း ၄ %ကလာတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ် ။ နောက်တစ်နည်း ရှင်းရှင်း ပြောရရင် သင့်ရဲ့ အောင်မြင်မှုအများစုဟာ သင့်ရဲ့ ၄%သော လုပ်ရပ်တွေ ကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ် ။
ထူးခြားတဲ့ အချက်က ဒီ ၈၀/၂၀နိယာမ နဲ့ ၆၄/၄နိယာမဟာ ယနေ့ ခေတ်အထိ တော်တော်လေး မှန်ကန်နေတာပဲ ဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ ရာစုနှစ် တစ်ခုရဲ့ ချမ်းသာကြွယ်ဝမှုနှုန်း ကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင် ထိပ်ဆုံး ၄ သောသူတွေဟာ ချမ်းသာကြွယ်ဝမှု အားလုံးရဲ့ ၆၄%လောက်အထိ အပိုင်စီးထားတာကို တွေ့ရ ပါလိမ့်မယ် ။
ထိပ်ဆုံးက ၂၀%သောသူတွေဟာ ချမ်းသာကြွယ်ဝမှုအားလုံးရဲ့ ၈၀%လောက်ကို ပိုင်ဆိုင်ထားတာ တွေ့ရ ပါ လိမ့်မယ်။ ဒီလို သတင်းအချက်အလက် အလွယ်တကူရနေတဲ့ ခေတ်ကြီး၊ အသိပညာရှာဖွေရလွယ်တဲ့ခေတ်ကြီးထဲမှာတောင် ဒီနိယာမတွေဟာ မှန်ကန် ပါသေးတယ် ။
ဒီတော့ သင့်ရဲ့ ၆၄ ရာခိုင်နှုန်းသော စီးပွားရေးဆိုင်ရာအောင်မြင်မှု ငွေကြေးတွေဟာ သင့်ရဲ့ ဖောက်သည် ၄ ရာခိုင်နှုန်း သင့်ကြိုးစားမှု
၄ ရာခိုင်နှုန်းကနေ စီးဆင်းလာတာဖြစ်တဲ့အတွက်
သင်ရဲ့စီးပွားရေးထပ်မံအောင်မြင်ဖို့ ဝင်ငွေတွေပိုရလာဖို့အတွက်
သင့်စီးပွားရေး ဖောက်သည် တွေနဲ့ သူတို့ဝယ်လိုအားတွေကို စာရင်းပြုစုပါ
ပြီးတာနဲ့အဓိကဖောက်သည် ၄ရာခိုင်နှုန်း ကို သင် ဘယ်လိုတိုးမြှင့်ရောင်းချမလဲ ဘယ်လိုအကောင်းဆုံးဝန်ဆောင်မှုတွေပေးမလဲဆိုတာ အဓိက စဥ်းစားရပါလိမ့်မယ်။
မိတ်ဆွေတို့ရဲ့အမြင်ကို comment မှာဆွေးနွေးပေးခဲ့ဖို့လေးလေးစားစားတောင်းဆိုပါတယ်။comment တစ်ခုခြင်းစီတိုင်းကိုလေးလေးစာစား ပြန်လည်ဆွေးနွေးပေးပါမယ်။
မိတ်ဆွေတို့ရဲ့ စီးပွားရေးဆိုင်ရာအခက်အခဲတချို့ကိုလည်း comment သို့ message box မှာ တိုင်ပင်လို့ရပါတယ်။
သင့်စီးပွားရေးအတွက်
သကြား နို့ ကော်ဖီ ရေနွေး အသင့်ပြင်ပေးထားပါတယ်
မွှေပြီးမော့ချလိုက်ဖို့ပဲကျန်ပါတယ်။
Ref. The 1 page Marketing Plan
Allan Dib
30/08/2020
Advanced Certificate online သင်တန်းတွေ အလကားဖွင့်ပေးနေပြီဆိုတာသိရဲ့လား........?😮
အခုခေတ်ကြီးထဲမှာ အလုပ်ရှိတဲ့သူကလဲ အောင်လက်မှတ်ကလေးတခုရှိမှ ရာထူးတိုး လစာတိုးမယ်🍎
အလုပ်မရှိသေးတဲ့သူကလဲ အောင်လက်မှတ်ကလေးတခုရှိမှ
အလုပ်ရှာလို့လွယ်မယ်
အခုလို ခက်ခဲကြပ်တည်းနေတဲ့အချိန် အိမ်ကနေ သင်ယူနိုင်အောင်
စီစဥ်ပေးထားတာပါ
သင်ကြားမယ့် သင်တန်းတွေကတော့
Advanced Certificate in Marketing Management
(ACMM)
Advanced Certificate in Human Resources Management
(ACHRM)
သင်တန်းသုံးခုဖြစ်ပါတယ်။
FB Group ဖွဲသင်ကြားမှာဖြစ်ပါတယ်
တပတ်တခါ zoom နဲ့စာမေးစာစစ်ပါမယ်
အပတ်စဥ် assignment လုပ်ရပါမယ် မြန်မာလိုပဲရေးရမှာပါ
ညတိုင်း ကိုးနာရီကနေ ကိုးနာရီခွဲအထိ နှစ်လတိတိတက်ရပါမယ်
အောင်မြင်ပါက သင်တန်းကျောင်းမှာ အောင်လက်မှတ်လာထုတ်လို့ရပါတယ်
ရာထူတိုးလစာတိုး နှေးတာပဲဖြစ်ဖြစ် အလုပ်မှာအခက်ခဲရှိတာပဲဖြစ်ဖြစ် ကျောင်းကိုလာပြီး ဆရာနဲ့ ဆွေးနွေးတိုင်ပင်လို့လဲရပါတယ်
တက်ရောက်ချင်တယ်ဆိုရင်
ပထမဆုံး မိမိတက်ချင်တဲ့ အတန်းကို comment မှာရေးပါ
Post ကို share ပါ
ဒုတိယအနေနဲ့ 09899641626 ကိုဆက်သွယ်ပြီး မိမိနာမည် တက်ရောက်လိုသည့်အတန်းကို အကြောင်းကြားပါ
၄င်းအထဲကမှ လူသုံးဆယ် ကိုသာရွေးချယ်တက်ရောက်ခွင့်ပြုမည်
လူအများကြီး လက်မခံနိုင်ပါ သင်ကြားမှုမထိရောက်မှာစိုးလို့ပါ။
တက်ရောက်ခွင့်ရရှိပါက ကျောင်းမှတ်ပုံတင်ကြေး ငါးထောင်ကျပ်
ပေးသွင်းရမည်ဖြစ်ပါသည်။
20 September 2020 စမည်။
ကျောင်းလိပ်စာ ၂-အမှတ် ၄၅ တတိယထပ်
သုခမှတ်တိုင်ရှေ့တည့်တည့်
super win ဆေးဆိုင်နှင့် ရွှေအိုးဆေးဆိုင်အလယ်လှေကား
လှိုင်မြို့နယ်
30/08/2020
ပျော်ဖူးကြလား😁
22/07/2020
ဝန်ထမ်းလောက၌ ကြုံတွေ့နေရမည့် အချက်များ
==========================
၁။ အလုပ်လုပ်သောသူများအား အလုပ်မလုပ်သောသူများက အမြင်မကြည်ကြပါ။
၂။ အမှန်ပြောသူများအား မှားနေသူများကမုန်းကြသည်။
၃။ စည်းကမ်းလိုက်နာသူများအား စည်းမဲ့ကမ်းမဲ့နေသူများက အပြစ်ရှာပြောတတ်သည်။
၄။ အလုပ်မလုပ်လေ စကားများများပြောလေဖြစ်ပြီး အလုပ်လုပ်နေသူများက စကားနည်းတတ်သည်။
၅။ အလုပ်လုပ်သူများသည် အမှားများစွာကြုံရ၍ ဘာမှမလုပ်သူများက အပြစ်ကင်းတတ်ကြသည်။
၆။ စည်းကမ်းတင်းကျပ်သော လူကြီးများသည်
လူမုန်းများ၍ နေချင်သလိုနေ၍ ရလျှင် လူချစ်လူခင်များတတ်သည်။
၇။ စာရင်းဇယား မှတ်တမ်း ပြည့်စုံပြီး ဘာမှမလုပ်သူများကို လူကြီးသဘောကျ၍ အလုပ်လုပ်နေ သော်လည်း စာရင်းဇယားမှတ်တမ်းမပြည့်စုံပါက အဆူခံရတတ်သည်။
၈။ အလုပ်မလုပ်ချင်သူများသည် ဆင်ခြေများစွာ ပေးတတ်ပြီး မငြင်းတတ်သူများသည် အလုပ်အများဆုံး ပေးခြင်းခံရတတ်သည်။
၉။ ခံစားခွင့်ရချင်သူများသည် အပေးအကမ်း ရက်ရောတတ်ပြီး
ခံယူချက်မှန်သူများသည် အပေးအကမ်းနည်းတတ်သည်။
၁၀။ မြင်မြင်သမျှ ပြောဆိုဆုံးမတတ်သူများကို ဝန်ထမ်းများရှောင်တတ်ပြီး မသိချင်ယောင်ဆောင်ပြီး အမုန်းမခံသူများသည် ဝန်ထမ်းများ ဝိုင်းဝိုင်းလည်နေတတ်သည်။
၁၁။ မိမိအကျိုးမျှော်သူများသည် တပည့်မွေးတတ်ပြီး တပည့်များအကျိုး ကြည့်တတ်သူများသည် ကျောသားရင်သားမခွဲခြား ပြောဆိုတတ်သည်။
၁၂။ မဟုတ်တာလုပ်သူများသည် လူကြီးများကို ကြောက်နေတတ်ပြီး အမှန်အလုပ်လုပ်နေသူများက လူကြီးများကို တင်ပြဆွေးနွေးတတ်ကြသည်။
၁၃။ တပည့်များကို ဆုံးမလေ့ရှိသူများသည် ကိုယ်တိုင်လည်း စည်းကမ်းလိုက်နာတတ်ကြပြီး စည်းကမ်းမလိုက်နာသူများက တပည့်များအား သိပ်မဆုံးမတတ်ပေ။
၁၄။ အကျင့်ပျက်နေသူများသည် လူကြီးပြောသမျှငြိမ်ခံနေတတ်ပြီး အလုပ်ကြိုးစားနေသူများက လူကြီးနှင့် အချေအတင် ဖြစ်တတ်သည်။
Credit-ဘဝကိုမြင့်မားစေမည့် အတွေးအခေါ်များ
04/07/2020
Interview မှာ Tell me about yourself လို့မေးရင်ဘယ်လိုဖြေမလဲ?
အင်တာဗျူးသွားတဲ့အခါ အမေးများတဲ့မေးခွန်းကတော့ Tell me about yourself မင်းအကြောင်းမိတ်ဆက်ပေးပါဦးပေါ့
ဒီအခါ တချို့က ဖြေကြတယ် "ကျွန်တော်၊ကျွန်မ နာမည်ကဘယ်သူပါ ဘယ်မှာနေတယ် အဖေကဘယ်သူ ၊မိသားစုဘယ်နှစ်ယောက်ရှိပါတယ်၊ဘာတွေလုပ်ဖူးပါတယ်"အစရှိသဖြင့်ဖြေကြတယ်
ဒါတွေဟာ အင်တာဗျူးသူရဲ့ ကြားချင်တဲ့ သတင်းအချက်တွေမဟုတ်ပါဘူး
Interviewဗျူးသူစိတ်ဝင်စားတာက သင်ကဘယ် လိုအရာတွေ ယူဆောင်ပေးနိုင်မလဲ?
ဘယ်လိုပြသနာတွေကိုဖြေရှင်းပေးနိုင်မလဲဆိုတာပဲစိတ်ဝင်စားတာပါ
အဲဒိတော့ ဘယ်လိုဖြေရင် ကောင်းမလဲဆိုတာပြောပြပါမယ် ဒီအကြောင်းအရာလေးကဝောာ့ Mr Dam Tok ပြောထားတာလေးသဘောကြလို့ပြန်မျှဝေတာပါ
အဲဒိလိုမေးလာရင် S (3)လုံးပါအောင်ဖြေပေးပါ
(၁)Success
မိမိအရင်ကဒီအလုပ်နဲ့ပတ်သက်ပြီး ဘာတွေအောင်မြင်အောင်လုပ်ခဲ့သလဲ?ဘယ်လိုအရာတွေကို Improvementဖြစ်အောင်လုပ်ခဲ့သလဲ?ဆိုတဲ့ အကြောင်းအရာတွေကိုဖြေသင့်ပါတယ် အင်တာဗျူးသူဟာ ဒီအချက်တွေကိုဖြေစေချင်တာပါ
(၂) Strength (အားသာချက်)
ဒုတိယအချက်တွေအနေနဲ့က မိမိကဘယ်နေရာတွေဆိုရင်အားသာသလဲ?လက်ရှိ ရာထူးကို မိမိအားသာချက်တွေနဲ့ဆိုရင်ဘယ်လိုအကျိုးပြုနိုင်မလဲ?မိမိဘယ်နေရာတွေမှာ တော်သလဲဆိုတဲ့ အားသာချက်တွေကိုပြောပြရပါမယ်
(၃) Situation
မိမိဘာကြောင့်ဒီအလုပ်ကိုလာလျှောက်ရသလဲ?ဆိုတာကိုပြောပြရပါမယ် "ကျွန်တော်ဘာကြောင့် လာလျှောက်ရသလဲဆိုရင် ကျွန်တော်အတွေ့အကြုံတွေနဲ့ Companyအပေါ် value addလုပ်နိုင်မယ်ထင်လို့ "လာလျှောက်တာပါ လို့ဖြေရင်ရပါတယ်
ဒါကြောင့် Interviewဖြေတဲ့အခါ မင်းကိုမင်းမိတ်ဆက်ပေးပါဦးလို့မေးလာခဲ့ရင်
ခုပြောတဲ့ S (၃)လုံးကိုပါအောင်ဖြေရင် မန်နေဂျာက ကျိန်းသေသဘောကျမှာပါ
ကျေးဇူးတင်ပါတယ်
Aung Sithu
SYG TEAM
HRဘဝ
29/06/2020
တချို့၀န်ထမ်းတွေက ကိုယ်တိုင်ကြုံဖူးကြတယ် ... ကောင်းလွန်းလို့ အချိန်ပေးပြီးဖတ်ပေးစေချင်ပါတယ်နော်။
အလုပ်ကြိုးစားတဲ့မြည်းလေး သတ်ခံလိုက်ရပြီ !!!
ကိုမြည်းဟာ အမြဲအလုပ်ကြိုးစားပေမယ့် သခင်ဟာ သူ့ကိုတော်ရုံနဲ့ချီးကျုးလေ့မရှိပါဘူး။
ဒီနေ့တော့ ကိုမြည်းဟာ ပစ္စည်းတွေလည်း မနက်တပိုင်းလုံးသယ်ထားတယ်။ နေ့ခင်းရောက်တော့လည်း ကိုနွားနေမကောင်းလို့ဆိုပြီး ကိုနွားနေရာမှာ သူက လယ်ကူထွန်ပေးခဲ့သေးတယ်။ လယ်ထွန်တာ တစ်ခါမှလည်းမထွန်ဖူး၊ နေကလည်းအတော်ပြင်းတော့ ညနေစောင်းအိမ်အပြန်မှာ ကိုမြည်းဟာ အတော်လည်း ပင်ပန်းနွမ်းလျနေခဲ့တယ်။
သခင်ကိုခြံ၀မှာ အသင့်လာကြိုနေတဲ့ ကိုခွေးကတွေ့တော့ " ဟာ ကိုမြည်း အဆင်ကောပြေရဲ့လား? အတော်လေးပင်ပန်းနေပုံပဲ! " " ဟုတ်တယ် ကိုခွေးရေ! ဒီနေ့တော့ တော်တော်လေးပင်ပန်းသွားတယ်လေ နေကလည်းအတော်လေးပူတာကိုးဗျ မနက်ဖြန်တော့ တစ်ရက်လောက်နားချင်မိတယ်ဗျာ ဖျားသွားလို့ ရက်ဆက်နားရင် အလုပ်တွေမပြီးမှာလည်းဆိုးတာဗျ !!! "
ကိုခွေးဟာ ပင်ပန်းနေတဲ့ကိုမြည်းကို နှုတ်ဆက်ပြီးထွက်လာချိန်မှာ ခြံထောင့်မှာ ကိုကြောင်ကိုတွေ့တော့ ကိုမြည်းအကြောင်းပြောပြဖြစ်တယ်။ " ကိုမြည်းသနားပါတယ်ဗျာ သူဒီနေ့တော်တော်လေးပင်ပန်းခဲ့တယ်ပြောတယ်။ မနက်ဖြန်တစ်ရက်လောက်နားချင်မိတယ်ဆိုပြီး ညည်းနေရှာတယ်။ ဟုတ်ပါတယ်လေ။ သခင်ကလည်း ကိုနွားနေမကောင်းတော့ ကိုမြည်းနဲ့ပိုရုန်းတာကိုးဗျ! "
ကိုကြောင်က ကိုခွေးထွက်သွားတော့ သူ့နားမြက်လာစားတဲ့ ကိုဆိတ်ကိုပြောပြတယ်။ " ကိုမြည်းက သခင်က သူ့ကိုအလုပ်အများကြီးလုပ်ခိုင်းလို့ဆိုပြီး ညည်းနေတာ။ ခုလည်းမနက်ဖြန်တစ်ရက် အလုပ်မလုပ်ဘဲနားချင်တယ်ဆိုပြီး ညည်းနေတာလေ။ "လို့ပြောပြီးထွက်သွားတယ်။
ကိုဆိတ်က သူ့အနား အစာလာစားတဲ့ ကိုကြက်ကိုတွေ့တာနဲ့ " ကိုမြည်းက သခင်အသစ်ပြောင်းရင်ကောင်းမလား စဉ်းစားနေတယ်ဆိုလား? အင်းလေ။ သူ့အနေနဲ့ကျတော့လည်း တခြားသခင်တွေသာဆို ဒီလောက်ခိုင်းမှာမဟုတ်ဘူးဆိုပြီး တွေးမိမှာပဲ။ သနားပါတယ်။ "
ကိုဆိတ်ထွက်သွားတာနဲ့ ကိုကြက်က ကို၀က်ကိုလှည့်ပြောတာက " ကိုမြည်းက တို့သခင်အတွက်အလုပ်မလုပ်ပေးချင်တော့ဘဲ သခင်အသစ်ရှာချင်နေတယ်ဆိုလား? သခင်က သူ့အပေါ်ဆို အလုပ်တွေအရမ်းခိုင်းပြီး နှိပ်စက်တယ်ဆိုပြီးပြောနေတာလေ! "
ညစာကျွေးချိန်ရောက်တော့ သခင်မလာချိန်မှာ ကို၀က်က သခင်မနားကိုကပ်ပြီးပြောလိုက်တယ်။ " သခင်မကို သတိပေးစရာတစ်ခုရှိတယ်။ ကိုမြည်းကိုကြည့်ရတာ ခုတလောတစ်ခုခုကို ကြံစည်နေသလိုပဲဗျ။ ကျွန်တော်ကြားတာကတော့ သခင်ကသူ့အပေါ်မညှာမတာခိုင်းလို့ မလုပ်ပေးချင်တော့ဘူး သခင်အသစ်ရှာမယ်ဆိုလား? "
သခင်မဟာ စိတ်တိုဒေါသထွက်ပြီး ညစာစားနေတဲ့ သခင်ကိုသွားပြောတယ်။ " မြည်းက ရှင့်ဆီမှာ မလုပ်တော့ဘဲ တခြားသခင်ရှာနေတာတဲ့ ဒီလိုသစ္စာမရှိတဲ့ဟာကို ရှင်ဘယ်လိုလုပ်မှာလဲပြော? "
ကိုမြည်းရဲ့ သခင်ဟာလည်း စိတ်တိုဒေါသထွက်ပြီး " သစ္စာဖောက်တွေကို အရှင်မထားဘူး " ဆိုပြီး ပင်ပန်းပြီး အိပ်မောကျနေတဲ့ ကိုမြည်းကိုသတ်ပစ်လိုက်တယ်။
ဒီလိုနဲ့ပဲ အလုပ်ကို မညည်းမငြူကြိုးစားတဲ့ မြည်းလေးဟာ သတ်ခံလိုက်ရတယ်။
သင်ခန်းစာ
ဘယ်တော့မှ အလုပ်ခွင်ထဲမှာ မညည်းပါနဲ့။ သင့်ဘေးမှာ သင့်ကိုတွန်းချပြီး နေရာလုချင်နေသူက အများအပြားရှိနေတယ်ဆိုတာ မမေ့ပါနဲ့။ မဟုတ်ရင်ကိုယ်ဘာကြောင့် အလုပ်ပြုတ်မှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူး။
သင်ကိုယ်တိုင်က လုပ်ငန်းရှင် (သို့) အကြီးအကဲတစ်ယောက်ဖြစ်ခဲ့ရင် ဘေးစကားတွေကို ကိုယ်တိုင်မမြင်ရ၊ မကြားရဘဲ လွယ်လွယ်ကူကူမယုံလွယ်ပါနဲ့။ မဟုတ်ရင်မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေချမိပြီး ၀န်ထမ်းကောင်းတွေ ဆုံးရှုံးတတ်ပါတယ်။
Credit-Htoo Zaw Wai
Crd.
#ဗဟုသုတ
23/06/2020
#အထက်လူကြီး ခပ်ဆိုးဆိုး ( ) တွေမှာ
တွေ့ရတဲ့အချက် ၁၃ ချက်
1. Controlling ( အရာရာကို ထိန်းချုပ်တယ် )
2. Indecisive ( ဆုံးဖြတ်ချက် မပြတ်သားဘူး )
3 .Stubborn ( သူထင်တာ အမှန်ပဲ။ သိပ်ခေါင်းမာတယ် )
4. Resist Change ( အပြောင်းအလဲကို လက်မခံဘူး )
5. Micromanage ( အသေးစိတ်က အစ လိုက်ပါချင်တယ် )
6. Lead By Fear ( ကြောက်အောင်လုပ်ပြီး အုပ်ချုပ်တယ် )
7. Visionless (ရေရှည်အတွက် ဘာမှအမြှော်အမြင် မရှိဘူး)
8. Favoritism ( မျက်နှာလိုက်တယ် )
9. Arrogance ( မိမိသာ အရေးကြီးဆုံး၊အတတ်ဆုံးလို့
ထင်တယ်။ ဘ၀င်မြင့်တယ် )
10. Angry (ဒေါသကြီးတယ်)
11. Blame-Shifter ( မှားတာရှိရင် သူများကိုပဲ အပြစ်လွှဲချတတ်တယ်။ ချီးကျူးခံရင်တော့ သူပဲ ယူတယ်)
12. Driven by emotion ( အဆုံးအဖြတ်ပေးစရာတွေကို
အချက်အလက်ပေါ် မူတည်ပြီး မစဉ်းစားပဲ စိတ်လှုပ်ရှားမှုနဲ့ပဲ
ဆုံးဖြတ်တယ် )
13. Neglect team building ( အဆိုးဆုံး boss တွေက
တော့ team အဖွဲ့တည်ဆောက်ပြီး လုပ်ရမှန်းကို မသိဘူး )
#ကျွန်တော်တို့သိသွားပြီ ရှောင်ကြရအောင်ဗျား
သင့်အထက်လူကြီးတွေမှာရော အထက်က အချက်ဘယ်လောက်ရှိပါသလဲ။
Han Htun
22/06/2020
#ဝန်ထမ်းတိုင်းကို #တန်ဖိုးထားဆက်ဆံပါ
📍📍📍📍📍📍📍📍📍📍📍📍📍📍📍📍
Admin Department ကဝန်ထမ်းများ
👨💻👩💼👨💼🙍♂️🙎🙋♂️🙋👩🚒👩💻
တကယ့်ကို မရှိမဖြစ်တန်ဖိုးထားဆက်ဆံသင့်တဲ့ ဝန်ထမ်းတွေဖြစ်တာကို လုပ်ငန်းရှင်တိုင်းသိသင့်ပါတယ်....
1️⃣ Admin ဌာနကဝန်ထမ်းတွေ ဘာတွေလုပ်ရလဲဆိုလဲ သေချာစဉ်းစားကြည့်ပါ အိမ်တစ်အိမ်အတွက် အဆင်ပြေပြေ ရပ်တည်နိုင်ဖို့ အကောင်းဆုံးကူညီထောက်ပံ့ပေးနေကြသူတွေပါ
2️⃣ အဲ့ဒီ့လို အဘက်ဘက်က supporting ပေးနေတာဟာ လွယ်ကူတဲ့ကိစ္စရပ်တစ်ခုတော့ မဟုတ်ပါဘူး
3️⃣ လိုအပ်တာမှန်သမျှ ဖြည့်ပေးနေရလို့ ကိုယ့်အတွက်ကိုယ်တောင် တကယ့် Admin Professional တွေက မေ့နေတတ်ကြတာပါ
4️⃣ ရေ မီး သန့်ရှင်းရေး လုံခြုံရေး စည်းကမ်းထိန်းသိမ်းရေး စတာတွေအပြင် မော်တော်ယာဉ်ကိစ္စ လိုင်စင်ကိစ္စတွေ စာချုပ်စာတမ်းကိစ္စတွေ အဆောက်အဦး စီမံခန့်ခွဲမှု စတာတွေနဲ့ ရှုပ်ယှက်ခတ်နေတတ်ကြတာပါ
5️⃣ အချိန်ပြည့် လိုအပ်နေတာတွေကိုဖြည့်ပေးနေတဲ့ Admin ဌာနလေးရဲ့ တန်ဖိုးကို သိဖို့လိုအပ်ပါတယ်
6️⃣ ပွဲတွေ အခမ်းအနားတွေ ရှိတဲ့အခါမျိုးမှာလည်း host အနေနဲ့ရပ်တည်ပြီး အလှူ့့ရှင်တွေက အလှူမှာ ကောင်းကောက်းမစားနိုင်သလိုပါပဲ ပွဲမပြီးမချင်း stand by ရှိနေကြရတဲ့ အပြင် ပွဲပြီးသွားရင်တောင် အိမ်ကိုမပြန်နိုင်ကြသေးဘဲ သိမ်းဆည်းပြီးကျန်ခဲ့ရသူတွေပါ
ပြောပြရရင် Admin ဌာနရဲ့ တန်ဖိုးတွေဟာ အများကြီးဖြစ်ပြီး ပြောလို့ကုန်မှာမဟုတ်ပါဘူး....
Admin ဝန်ထမ်းတစ်ဦးအဖြစ် မိမိတို့ဘဝတွေမှာ life career အဖြစ်ရွေးတော့မယ်လို့ စဉ်းစားလိုက်ရင် ဝါသနာ အနစ်နာနဲ့ ပေးဆပ်မှုတွေ ရှိသူတွေမှသာ Professional ဖြစ်လာမှာပါ
ကျမတို့တွေ သင်ယူတတ်မြောက်ဖို့ရာ ခက်ခဲတဲ့ ပညာရပ်တွေကို တတ်ကျွမ်းနေကြတဲ့ ပညာရှင်တွေမို့ လေးစားသင့်ပါတယ်
Trend အရ HR နောက်လိုက်လာကြပေမယ့် Admin ဆိုတဲ့ ဌာနရဲ့ value တွေပိုမိုပေါ်လွင်စေဖို Admin Management Diploma တွေကိုသာ ကျောင်းတွေမှာဖွင့်ပေးနိုင်ရင် အရမ်းကောင်းမှာပဲလို့ တွေးမိပါတယ် (Business Administrative ကိုပြောတာမျိုးထက် Admin ဝန်ထမ်းတွေအတွက် Office Administrative Management. လိုမျိုးပေါ့)
ဒီလို လေးစားစရာကောင်းပြီး အရာရာဖြည့်ဆည်းဆောင်ရွက်ပေးနေကြတဲ့ Admin Department ကြီးကို လုပ်ငန်းရှင်တိုင်း နဲ့ အခြားသော ဌာနများမှ တန်းဖိုးထားလေးစားနိုင်ကြပါစေလို့ ဆန္ဒပြုရင်း....
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
Credit Chit thet Khaing HR မှ ကူးယူဖော်ပြပါသည်။
Click here to claim your Sponsored Listing.
Location
Telephone
Website
Address
Room(43), Building(1), Hlaing Yadanar Housing, Insein Road
Yangon
11051
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |