ရလဒ်ကိုပဲမက Process ကိုပါချစ်လာကြည့်ပါ
သန့်ရှင်းတဲ့ပတ်ဝန်းကျင်ကို လူတိုင်းကြိုက်ကြတယ်
ဒါပေမယ့်သန့်ရှင်းရေးလုပ်ရတာကို ဘယ်သူမှ မကြိုက်ကြဘူး
ငွေကြေးတောင့်တင်းမှုကို အားလုံးလိုချင်ကြတယ်
ဒါပေမယ့်ငွေရှာဖို့ ချွေးကျအားထုတ်ရမယ့်အပိုင်းကို ရှောင်ကြဉ်ကြတယ်
လူမှုရေးကောင်းမွန်သူဆိုတဲ့ ဂုဏ်သတင်းကို လူတိုင်းတည်ဆောက်ချင်ကြတယ်
ဒါပေမယ့်လူအများနဲ့ ဆက်ဆံရတာကို ငြီးငွေ့တတ်ကြတယ်
အခုခေတ်လူငယ်တွေရဲ့ အကြီးမားဆုံးအခက်အခဲက...
ရလဒ် (Result) ကိုပဲချစ်ပြီး ဖြစ်ထွန်းလာမယ့် Process ကိုမုန်းတီးနေကြတာပါပဲ
တကယ်တော့...
ဘယ်အောင်မြင်မှုမဆိုဖြတ်သန်းရမယ့် အဆင့်ဆင့်ရှိပါတယ်
ပန်းတိုင်ကိုပဲစိတ်ကူးယဉ်ပြီး ခရီးကြောင်းကို မကြိုက်ဘူးဆိုရင်
ပန်းတိုင်ဆီဘယ်တော့မှ မရောက်နိုင်ပါဘူး
ဒီတော့ ဘာလုပ်ကြမလဲ?
Process ကိုချစ်လာပါ
အင်္ဂလိပ်စာ ကျွမ်းကျင်စွာ ပြောနိုင်တဲ့ ကိုယ်ကို စိတ်ကူးယဉ်နေတာထက်...
ဒီနေ့စကားလုံးသစ်တစ်လုံး သင်ယူမိတာ
ဝါကျတစ်ကြောင်းမှန်အောင် ပြောမိတာကို ဂုဏ်ယူပါ
အခုလက်ရှိ အတုံးအချော် ပြောရတဲ့အဆင့်ကို ရှက်မနေ၊ စိတ်မပျက်ပါနဲ့
ဒီအဆင့်ကိုဖြတ်မှသာ သင့်ရဲ့ စကားပြောထဲမှာ စီးဆင်းမှုရှိလာမှာပါ
ဘယ်အဆင့်မှာပဲရောက်ရောက်...
ဒီခရီးကြောင်းကိုပျော်ပျော်ကြီး ဖြတ်သန်းလိုက်ပါ
ခရီးဆိုတာ လျှောက်မှ ရောက်တာပါ
ဖြစ်ထွန်းမှုဆိုတာ ကြိုးစားမှ ရတာပါ
#ဖြစ်ထွန်းမှု #အောင်မြင်မှု #စိတ်ဓာတ် #ဘဝသင်ခန်းစာ #ကြိုးစားအားထုတ်မှု #ခရီးကြောင်း
Learn English with Fun
I am great English speaker
03/07/2025
11/06/2025
The Big Red Dog
08/06/2025
Learn Movie
07/06/2025
English Listening
04/06/2025
English Movies
Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.
Click here to claim your Sponsored Listing.
Location
Category
Contact the school
Website
Address
Yangon