Golden Rectangle Art Class

Golden Rectangle Art Class

Share

Golden Rectangle Art Class

22/06/2024

Golden rectangle Art class ရဲ့ ရေဆေးအတန်းမှာ ကျောင်းသားတွေ နားလည်သဘောပေါက်အောင်ရေးပြတဲ့ လေ့ကျင့်ခန်းအချို့ပဲဖြစ်ပါတယ်ခင်မျ….

Photos from Golden Rectangle Art Class's post 07/05/2024

ရေဆေးကားသေးသေးလေးများ၊ အားလုံးသောမိတ်ဆွေများအေးချမ်းကြပါစေ

04/05/2024

ရာသီဥတုကပူပါ၏။ အေးချမ်းသောပန်းချီကားတစ်ချပ်ကိုကြည့်ပေးပါ။

27/04/2024
23/04/2024

မင်္ဂလာပါခင်ဗျာ .. မကြာမီဖွင့်လှစ်တော့မယ့် ကျွန်တော်တို့ရဲ့Golden Rectangle Art Class ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာ 🙆🏻‍♂️🙆🏻‍♂️

ယခုကျွန်တော်တို့ ကနေမိတ်ဆက်ပေးမယ့်အကြောင်းအရာကတော့ ကျွန်တော်တို့သင်တန်းနဲ့သက်ဆိုင်တဲ့

🟥ပန်းချီသင်ကြားမှု ဘာသာရပ်နှင့်သက်ဆိုင်သောသင်ရိုးညွှန်းတမ်းများ

🟥ပန်းချီပညာအားအသုံးချရေးဆွဲမည့်Medium နှင့်ပတ်သက်သော ချဉ်းကပ်နည်းဆိုင်ရာအကြောင်းအရာများ

🟥သင်တန်းအချိန်စာရင်းများနဲ့ သင်တန်းနှင့်ပတ်သက်သော Information များစသည်တို့ဖြစ်ပါတယ်။

🔘 ပန်းချီပညာရပ်သင်ကြားခြင်းက ရုပ်ပုံများရေးဆွဲတတ်ရုံတင်မဟုတ်ပဲ မိမိရဲ့တွေးခေါ်နိုင်စွမ်းကိုပါ တိုးတက်မြင့်မားစေတဲ့အပြင် သဘာဝပတ်ဝန်းကျင်မှာရှိတဲ့အရာတွေနဲ့ချိတ်ဆက်ရာမှာလည်းများစွာအထောက်အကူပြုတဲ့အတွက် ပန်းချီသင်ကြားခြင်းက မိမိအတွက်ကောင်းမွန်တဲ့အချက်တွေ ရရှိစေတယ်ဆိုတာအမှန်ပါပဲ။

🔘 ဒါကြောင့်မို့လို နိုင်ငံတကာမှာ ပန်းချီအနုပညာရပ်ကိုကျောင်းတွင်းသင်ရိုးတစ်ခုအနေနဲ့ထုတ်ပြန်ပြီးသင်ကြားပို့ချပေးနေတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့အသိပဲဖြစ်ပါတယ်။

🔘 တိုးတက်လာတဲ့ခေတ်ကြီးထဲမှာမိမိအနေနဲ့ ကောင်းမွန်တဲ့ရှုထောင့်အချို့ကနေ ကမ္ဘာကြီးကို ကြည့်ရှုနိုင်ဖို့နဲ့ ကလေးသူငယ်များမိမိရဲ့တွေးခေါ်နိုင်စွမ်းကိုမြှင့်တင်ပေးဖို့အတွက်အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ပန်းချီပညာရပ်ကိုလေ့လာထားရှိဖို့ပဲဖြစ်ပါတယ်။

🔘ပန်းချီပညာရပ်က မိမိရဲ့အတွေးအခေါ်တွေကိုပြောင်းလဲပေးယုံတင်မကပဲ မိမိရဲ့တွေးခေါ်နိုင်စွမ်းနဲ့အတူသဘာဝတရားကြီးကိုကောင်းမွန်တဲ့ရှုထောင့်ကနေဖော်ပြနိုင်ဖို့အတွက်အကောင်းဆုံးသော ပညာရပ်တစ်ခုပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ ကနေ ယခုလိုမျိုးရည်ရွယ်ချက်တွေနဲ့အတူပန်းချီအနုပညာကိုသင်ကြားပေးဖို့အတွက် ဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။

🟩ကျွန်တော်တို့ရဲ့ မှာဦးစီးဦးဆောင်ပြုပြီးသင်ကြားပေးမည့်ဆရာကတော့ National University Of Arts and culture က Tutor ဟောင်းတစ်ဦးလည်းဖြစ်ပြီး တရုတ်နိုင်ငံ China Academy of Art မှာ Oil painting ဘာသာရပ်နဲ့ပတ်သတ်ပြီး Master ဘွဲ့ရရှိထားတဲ့ ဆရာဦးအောင်မျိုးမြတ်ပဲ ဖြစ်ပါတယ်ခင်ဗျာ။

☑️ကျွန်တော်တို့ရဲ့သင်တန်းမှာတော့ ကလေးများအတွက် Child Art class နဲ့ လူကြီးများအတွက် Adult art class ဆိုပြီးနှစ်မျိုးနှစ်စားခွဲပြီးဖွင့်လှစ်ထားပါတယ်။

☑️ကလေးများအတွက်သင်ကြားပေးမည့်သင်ရိုးများကတော့

🔴အခြေခံပုံရေးဆွဲနည်းများ (Basic Drawing For Kid)
🔴အရောင်များနှင့်ပတ်သက်သည့် သိထားသင့်သည့်သင်ရိုးများ (Color Theory for kid)
🔴Basic Painting for Kids
🔴ဒါ့အပြင်မိမိတို့ရဲ့ကလေးများ ဦးနှောက်ဖွံဖြိုးမှုအတွက်အထောက်အကူဖြစ်စေမည့် Painting နှင့်သက်ဆိုင်သည့် Activities များကို သင်ကြားပို့ချပေးမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

☑️Adult Art class မှာ သင်ကြားပေးမည့်သင်ရိုးများကတော့

🔴Basic Drawing
🔴Basic Watercolor theory
🔴Oil painting ပန်းချီပညာရပ်စသည်တို့ပဲဖြစ်ပါတယ်။

🟢Basic Drawing မှာဆိုရင်တော့ ပန်းချီကိုချဉ်းကပ်ရာမှာ အလွယ်တကူဖြေရှင်းနိုင်အောင်သိထားသင့်တဲ့အခြေခံသဘောတရားများဖြစ်ကြတဲ့

☑️Perspective
☑️Light and Shade (Nine Tone Scale)
☑️Construction method
☑️Value scale
☑️Composition
☑️Elements And Principles စသည်တို့ပဲဖြစ်ပါတယ်။

🟢Basic Watercolor theory မှာဆိုရင်တော့ရေဆေးနဲ့ပတ်သက်တဲ့

☑️Monochromatic watercolor
☑️Basic color theory
☑️Treatment and Techniques of watercolor စတာတွေအပြင်
☑️How to make Landscapes painting
ရှုခင်းပန်းချီကားတစ်ချပ်ကိုဘယ်လိုပြုလုပ်ရေးဆွဲရမယ်စသဖြင့် Landscape ပန်းချီရေးဆွဲခြင်းနှင့်ပက်သက်ပီးသိထားသင့်သည့်အချက်များ
☑️Still life painting နှင့်ပက်သက်ပြီးသိထားသင့်သော အချက်များ
စသည်တို့ကိုသင်ကြားပေးမှာပဲဖြစ်မှာတယ်။

🟢Oil Painting ပန်းချီပညာရပ်မှာဆိုရင်တော့ ဆီဆေးနဲ့ပတ်သက်ပြီး သိထားသင့်သော သဘောတရားများကို သင်ကြားပေးမှာပဲဖြစ်ပါတယ်။

ဒါကြောင့်မို့ မိဘများအနေနဲ့ မိမိတို့ရဲ့အားထားချစ်ခင်ရတဲ့ ရင်သွေးငယ်များနှင့်အတူ ပန်းချီပညာရပ်ကို ထဲထဲဝင်ဝင် စိတ်ပါဝင်စားစွာသိရှိသင်ကြားလိုတဲ့ မိတ်ဆွေများအနေနဲ့

🙆🏻‍♂️
မှ မေလ ၁ရက်နေ့မှစတင်ပြီးဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်ခင်ဗျာ။🔈🔈

▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃

🔈 သင်တန်းစဖွင့်မည့်ရက် - 1st May 2024

🔴🔴 Child art class အတွက် သင်တန်းကာလအနေနဲ့ကတော့ တစ်ပါတ်ကိုနှစ်ရက် ဖြစ်ပြီး တစ်လလျှင်ရှစ်ရက်သင်ကြားပေးသွားမှာဖြစ်ပါတယ် ။

⏱️ အချိန် ကတော့ Child Art Class ကို

◾️ Saturday - 9:00 AM to 10:30 AM
◾️ Sunday - 9:00 AM to 10:30 AM
◾️ Monday - 9:00 AM to 10:30 AM
◾️ Tuesday - 9:00 AM to 10:30 AM
◾️ Wednesday - 9:00AM to 10:30 AM

🔴🔴Adult Art class အတွက်သင်တန်းကာလကတော့ တစ်ပါတ်လျှင်နှစ်ရက်နှုန်းဖြစ်ပြီး သောကြာနေ့တိုင်း ဆရာနဲ့အတူ Discussပြုလုပ်မဲ့ အစီအစဉ်လည်းပါဝင်ပါတယ်ခင်မျာ….

⏰⏰Adault art class အတွက်အချိန်များကတော့

◾️ Saturday - 10:30 AM to 12:00 PM &
1:00 PM to 2:30 PM

◾️ Sunday - 10:30 AM to 12:00 PM &
1:00 PM to 2:30 PM

◾️ Monday - 10:30 AM to 12:00 PM &
1:00 PM to 2:30 PM

◾️ Tuesday - 10:30 AM to 12:00 PM &
1:00 PM to 2:30 PM

◾️ Wednesday - 10:30 AM to 12:00 PM &
1:00 PM to 2:30 PM

⏰ Thursday ကတော့ ပိတ်ရက်ပဲဖြစ်ပြီး

🔴🔴 Fridayမှာတော့ ဆရာနဲ့အတူ မိမိတို့သင်ကြားထားတဲ့တစ်ပါတ်စာလေ့ကျင့်ခန်းတွေကို ပြန်လည်ပြီး Group Discussion နဲ့ နိုင်ငံတကာပန်းချီအကြောင်းအရာဆိုင်ရာ စာအုပ်တွေဖတ်ရှုရမယ့် Reading and sharing ဆိုတဲ့အစီအစဉ်ပြုလုပ်မှာပဲဖြစ်ပါတယ်။

▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃▃

▫️သင်တန်းလေးကိုစာရင်းသွင်းပြီး အပ်ထားချင်ပါက Page ရဲ့Message box ကနေသော်လည်းကောင်း ဖုန်းဖြင့်လည်းကောင်း ဆက်သွယ်ပြီးအပ်နှံနိုင်ပါတယ်ခင်ဗျာ

🔴🔴သီးသန့် သင်ချင်သော သင်တန်းသားများအနေနဲ့လည်းဆက်သွယ်ပြီးစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ🙆🏻‍♂️

သင်တန်းအကြောင်းအသေးစိတ်သိရှိလိုပါက
Golden Rectangle Art Classသို့ဆက်သွယ်ရမည့်ဖုန်းနံပါတ် -

📞 09 987256177
📞 09 793244872

Address -အမှတ် ၄၉၊ပထမထပ်၊၁၆၅လမ်း တာမွေမြို့နယ်

06/04/2024

ပန်းချီသင်တန်းအားမကြာမီ ဖွင့်လှစ်မည်ဖြစ်ပါသည်။သင်တန်းနှင့်ပတ်သက်သည်များကို တင်ပေးပါမည်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Tramwe
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00