Let's Tech Academy

Let's Tech Academy

Share

💻 "Let's Tech", from Learning to Career in Tech

14/02/2026

"Are you a 404 error? Because I can't find anyone like you. You’re my favorite error." ❤️💻

ဒီနေ့လို Valentine’s Day မှာ...
Laptop ရှေ့မှာ Code တွေနဲ့ အချိန်ကုန်နေတဲ့ Developer လေးတွေပဲဖြစ်ဖြစ်၊
Logic တွေကြားမှာ လမ်းပျောက်နေတဲ့ Programmer လေးတွေပဲဖြစ်ဖြစ်၊
အားလုံးကို Let’s Tech ကနေ Happy Valentine’s Day လို့ ဆုတောင်းပေးလိုက်ပါတယ်။ 🌹✨

Coding လောကမှာတော့ Error ဆိုတာ
လူတိုင်းကြောက်ရတဲ့အရာ ဖြစ်ပေမယ့်…

ကိုယ့်ဘေးမှာ ရှိနေတဲ့သူ (ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူ) ကတော့ ရှာဖွေရခက်ခဲပြီး အစားထိုးလို့မရတဲ့ "Unique" ဖြစ်တဲ့ Error လေးတစ်ခုလိုပါပဲ။
Project တွေမှာ Bugs တွေဘယ်လောက်တက်တက်၊ အဖြေရှာမရတဲ့ Error တွေဘယ်လောက်ရှိရှိ... ကိုယ့်ရဲ့ နေ့ရက်တွေကို Support ပေးနေတဲ့သူတွေ ရှိနေရင် အရာအားလုံးက ပြေလည်သွားရစမြဲပါပဲ။

ဒီနေ့မှာတော့:
သင့်နှလုံးသားထဲမှာ Infinite Loop လို အဆုံးမရှိတဲ့ အချစ်တွေ ရှိပါစေ။ 🔄❤️

စိတ်ညစ်စရာမှန်သမျှကို git commit --amend လုပ်ပြီး အကောင်းဆုံး ပြင်ဆင်နိုင်ပါစေ။ ✅

မကောင်းတဲ့ Memory တွေကိုတော့ rm -rf လုပ်ပြီး ဖျက်ပစ်လိုက်ရအောင်။ 🗑️

"Coding က ကွန်ပျူတာတွေအတွက် ဖြစ်ပေမယ့်၊ ချစ်ခြင်းမေတ္တာကတော့ ကျွန်တော်တို့ လူသားတွေအတွက်ပါပဲ။"

Happy Valentine’s Day from Let’s Tech Family! ❤️🚀

10/02/2026

“Zero to Hero UX/UI Designer ဖြစ်လာဖို့ ဒါတွေရှိထားမှ ဖြစ်မယ်နော် " 😱

အခုလို Digital ခေတ်ကြီးမှာ App တွေ၊ Website တွေဟာ ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။ ဒါကြောင့်မို့လို့ နည်းပညာလောကမှာ UX/UI Designer တွေရဲ့ အခန်းကဏ္ဍဟာလည်း အရင်ကထက် ပိုမိုအရေးပါလာသလို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အများကြီး ရှိလာပါတယ်။ ဒါပေမဲ့ လူအများစု ထင်ထားသလို Tools တွေကို အသုံးပြုပြီး ပုံလှလှလေးတွေ ဆွဲတတ်ရုံနဲ့ UX/UI Designer တစ်ယောက် မဖြစ်နိုင်ပါဘူး။

တကယ့် UX/UI Designer ကောင်းတစ်ယောက် ဖြစ်ဖို့ဆိုရင် အနုပညာအမြင် (Art)၊ နည်းပညာ (Tech) နဲ့ လူသားတို့ရဲ့ စိတ်ပညာ (Psychology) ကို စနစ်တကျ ပေါင်းစပ်နိုင်ဖို့ လိုအပ်ပါတယ်။ သင်ဟာ ဒီနယ်ပယ်ထဲကို အခုမှ စတင်ဝင်ရောက်မယ့်သူပဲဖြစ်ဖြစ်၊ လက်ရှိထက် ပိုတိုးတက်ချင်တဲ့သူပဲဖြစ်ဖြစ် အောင်မြင်တဲ့ Career တစ်ခု တည်ဆောက်နိုင်ဖို့ မရှိမဖြစ် လိုအပ်မယ့် Skill (၄) ခုကို အောက်မှာ အသေးစိတ် မျှဝေပေးလိုက်ပါတယ်။

1️⃣Empathy 🥰

ဒီဇိုင်းမဆွဲခင်မှာ အသုံးပြုသူတွေရဲ့ ပြဿနာ၊ ခံစားချက်နဲ့ လိုအပ်ချက်တွေကို အရင်ဆုံး နားလည်အောင် ကြိုးစားရပါမယ်။ "ငါသာ User ဆိုရင် ဘယ်လိုသုံးမလဲ?" ဆိုတဲ့ စိတ်ကူးနဲ့ အသုံးပြုသူ ဗဟိုပြု စဉ်းစားတွေးခေါ်မှု (User-Centered Thinking) က သင့်ဒီဇိုင်းကို ပိုမိုတန်ဖိုးရှိစေမှာပါ။

2️⃣Wireframing & Prototyping 🧑‍💻

ဒီလို Empathy နဲ့ စဥ်းစားတွေးခေါ်ပြီးရလာတဲ့ Idea တွေကို စာရွက်ပေါ်မှာပဲဖြစ်ဖြစ်၊ Digital Tools တွေကိုအသုံးပြီးတော့ဖြစ်ဖြစ် အကြမ်းထည် ဒီဇိုင်း (Wireframe) တွေကို ပုံဖော်တတ်ဖို့လည်းလိုပါတယ်၊ အဲ့ဒီနောက်မှာမှ အပြင်မှာသုံးနေတဲ့ App တွေအတိုင်း မြင်လို့၊ ခံစားလို့ရတဲ့ (ဥပမာ - Click ကြည့်တာမျိုး) Prototype တွေအထိ ဆက်လက်ဖန်တီးရပါတယ်။

3️⃣Visual Design Principles 🧑‍🎨

ဒါတွေတင်မကဘဲ Layout ချပုံ၊ အရောင်အသုံးပြုပုံ (Color Theory) နဲ့ စာလုံးအလှ (Typography) တွေကို ကျွမ်းကျင်ရကျွမ်းကျင်ဖို့လိုပါတယ်။ ဒါမှသာ ကြည့်လို့လှရုံတစ်ခုပဲမဟုတ်ဘဲ အသုံးပြုသူတွေရဲ့ အမြင်မှာ ရှုပ်နေတာမျိုးမရှိဘဲ အဆင်ပြေချောမွေ့စွာနဲ့ လိုရာပန်းတိုင်ကို ပို့ဆောင်ပေးနိုင်တဲ့ Visual Design တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

4️⃣Mastering Digital Tools 💻

ဒီလိုမျိုး ကိုယ့်ရဲ့ Idea တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် Figma, Adobe XD ဒါမှမဟုတ် Sketch လိုမျိုး Industry-standard Tools တွေကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ထားရပါမယ်။ Component တွေ၊ Auto Layout တွေနဲ့ စနစ်တကျ အလုပ်လုပ်တတ်ဖို့က အရေးကြီးပါတယ်။

ဒီ Skill တွေဟာ တစ်ရက်တည်းနဲ့ တတ်မြောက်ဖို့ ခက်ခဲပေမဲ့ ပုံမှန်လေ့လာသင်ယူပြီး လက်တွေ့ Project တွေ များများလုပ်ကြည့်မယ်ဆိုရင် သင်ဟာ အလုပ်ရှင်တိုင်း လိုချင်နေတဲ့ UX/UI Designer တစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ။ အခုပဲ သင့်ရဲ့ ပထမဆုံးခြေလှမ်းကို ဒီ Skill တွေနဲ့ စတင်လိုက်ပါ 🥳

14/12/2025

🎊 နည်းပညာခေတ်မှာ အလုပ်အကိုင်အခွင့်အလမ်း အများဆုံး Career ထဲက တစ်ခုဖြစ်တဲ့ UX/UI ကိုလေ့လာကြမယ်။

👩‍💻UX/UI ဆိုတာဟာ Website တွေနဲ့ Application တွေရဲ့ Interface အသွင်အပြင် ကို အလှပဆုံးဖြစ်အောင် တန်ဆာဆင်ပေးပြီး
သုံးစွဲသူ (User) တွေအတွက်လည်း လွယ်ကူအဆင်ပြေဆုံးဖြစ်အောင် ဖန်တီးပေးရတဲ့ ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။

❗️Let’s Tech ကနေ အခုမိတ်ဆက်ပေးမယ့် UX/UI Zero to Hero Video အတန်း‌လေးဟာဆိုရင် Video Class ဖြစ်တာမို့ သင်က ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်ဖြစ်နေလည်း စိတ်ပူစရာမလိုတော့ပါဘူး။

ကိုယ်အားတဲ့အချိန်မှာ ပြန်ကြည့်ပြီး နားမလည်ရင် ပြန်လေ့လာလို့ရစေမှာပါ။
Assignment တွေလဲ လေ့ကျင့်ရမှာဖြစ်ပြီး ဆရာနဲ့လဲ keep in touch ရှိနေမှာပါ။

တစ်ချိန်ထဲမှာပဲ UX နဲ့ UI ကိုကွဲပြားအောင် သင်ပေးမှာဖြစ်ပြီး real-world project တွေရေးဆွဲတဲ့ အတွေ့အကြုံအတိုင်း တွေးခေါ် ရေးဆွဲတတ်အောင် သင်ပေးမှာဖြစ်ပါတယ်။

✅ ဒါ့အပြင်ဆရာနဲ့ အမြဲ Catch-up Meeting တွေ၊ Community Meetup တွေရှိဦးမှာမို့ Networking လုပ်ချင်တဲ့သူတွေအတွက် အထူးသင့်တော်တဲ့ Class လည်းဖြစ်ပါတယ်။

Career ကိုအခုမှစတင်ချင်တဲ့သူတွေဖြစ်ဖြစ်၊ Graphic Designer Career ကနေ ပြောင်းချင်တဲ့သူတွေဖြစ်ဖြစ် ဒီ UX/UI Classလေး ကို လာ join လို့ရပါပြီနော်✨

👨‍💻 Let’s Tech ရဲ့ UX/UI ကို သင်ကြားပေးမယ့်ဆရာကတော့ Singapore, Hong Kong က လုပ်ငန်းတွေအတွက် အလုပ်လုပ်ကိုင်ဖူးတဲ့သူတစ်ယောက်ဖြစ်သလို

Local မှာဆိုရင်လည်း Industry ထဲက Hysan, Ninja Van စတဲ့ Company တွေ အတွက် UX/UI Design များကို ရေးဆွဲခဲ့ပေးဖူးတဲ့ အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ ဆရာ Barry ပဲဖြစ်ပါတယ်။

🪙 UXUI Video Class လေးအတွက် သင်တန်းကြေးလေးကတော့ 150,000 ကျပ်ပဲဖြစ်ပါတယ်။

ဒါကြောင့် UX/UI ကို စိတ်ဝင်စားသူအားလုံးအတွက်
Let’s Tech ရဲ့ Class ကို လာ Join ကြဖို့ ဖိတ်ခေါ်ပါတယ်နော်။

သင့်ရဲ့ နည်းပညာ career ကို Let’s Tech နဲ့အတူ စတင်လိုက်ပါ။



Photos from Let's Tech Academy's post 26/11/2025

❕ Programming ဆိုတာကြီးက အရမ်းခက်တာပဲ?

ဒီလိုပြောတာတွေ ခဏခဏကြားနေရပြီလား?

တကယ်တော့ programming ဆိုတာအရမ်းခက်တဲ့ topic တစ်ခုမဟုတ်နေပါဘူး။

ပြဿနာက programming သဘောတရားတွေ logic တွေက မခက်ပေမယ့် beginner တွေအတွက်တော့ စစချင်း ခေါင်းမူးစရာဖြစ်နေတတ်ပါတယ်။

ဆိုတော့ ခုပဲ Let's Tech က အားလုံးလွယ်ကူရှင်းလင်းသွားအောင်လုပ်ပေးမှာပါ။

ဘယ်လိုမျိုးလဲဆိုတော့ ခုမှ programming စသင်မယ့်သူတွေအတွက် programming ကို career အနေနဲ့ ရွေးချယ်ချင်တဲ့သူတွေအတွက်ပါ သင်ယူရတာပျော်စရာကောင်းမယ့် အစီအစဉ်လေးတစ်ခုပါ။

Code တွေရေးတတ်ချင်တယ်။ Programming လဲစသင်ချင်တယ်။

ပျင်းစရာကောင်းတဲ့ project တွေမဟုတ်ဘဲ
ငယ်ငယ်တုန်းက ကိုယ့်ဆော့ခဲ့တဲ့ Game တစ်ခုကို ကိုယ်တိုင်ပြန်ရေးတတ်ချင်လား?

ဒီလို ပျော်စရာကောင်းတဲ့ Game လေးတွေရေးရမယ်ဆိုရင် programming က ပျင်းဖို့ကောင်းတဲ့ ခက်ခက်ခဲခဲအရာတစ်ခုမဟုတ်တော့ဘူးနော်။

✨ ဒီလိုဆိုရင်တော့ ဒီ Class လေးဟာ သင့်အတွက်ပဲဖြစ်ပါတယ်။

Programming မှာ အလွယ်ကူဆုံး စမှတ်လို့ပြောလို့ရတဲ့ Python Programming Language ကိုသုံးပြီး ပျော်စရာ 2D Game တွေဖန်တီးကြမယ်။

💻 Programming ရဲ့အခြေခံသဘောတရားတွေကအစ Python Language ကိုပါ သင်ကြားပေးသွားမှာမို့
အစ မသိမှာစိတ်ပူစရာမလိုတော့ပါဘူး။

💻 နေရာစုံသုံးလို့ရတဲ့ Python Programming Language ကိုသိကျွမ်းသွားမှာဖြစ်တဲ့အတွက် Data Science, Web Development (Backend), Odoo စတဲ့ topic တွေကိုပါ ဆက်သွားနိုင်မှာပါ။

အတန်းတောက်လျှောက်မှာလဲ Instructor နဲ့အတူ ဖန်တီးရမယ့် Platformer Game လိုမျိုး Mini Game လေးနှစ်ခုအပါအဝင် ကိုယ်တိုင်လဲ Game Project တစ်ခုကို Course နောက်ဆုံးမှာ ဖန်တီးရေးဆွဲရမှာပဲဖြစ်ပါတယ်။

🐍 Python ရဲ့ Pygame Library ကိုအသုံးပြုရေးဆွဲသွားမယ့် ဒီ course လေးမှာဆိုရင်

ငယ်ငယ်တည်းက Python နဲ့ဝါသနာကြီးစွာ Game Project တွေဖန်တီးခဲ့တဲ့ လက်ရှိမှာလဲ Fullstack Developer တစ်ယောက်ဖြစ်သူ Let's Tech ရဲ့ Founder ဖြစ်တဲ့ ကိုကျော်ကိုကိုထွန်းကနေ

အောက်ပါအတိုင်း Module 4ခုခွဲပြီး သင်ကြားပေးသွားမှာပါ။

1. Module One: Python Basics
- Programming အခြေခံသဘောတရားတွေကို Python နဲ့သင်ကြားရမှာပါ။

2. Module Two: Python Practical and OOP
- သင်ယူခဲ့ရတဲ့ Programming Logic တွေပါ၀င်တဲ့ mini python projects လေးတွေနဲ့ Object-oriented Programming (OOP) ကိုရင်းနှီးကျွမ်း၀င်သွားမှာပါ။

3. Module Three: Pygame Essentials
- Python ရဲ့ Game ရေးသားရာမှာနာမည်ကြီးတဲ့ Pygame Library ကိုသုံးပြီး Game Development အခြေခံတွေကိုလေ့လာကြမယ်

4. Module Four: Final Game Development
- ကိုယ်တိုင် Final Game Project တစ်ခုရေးနိုင်ဖို့အတွက် မသိမဖြစ်လိုအပ်တာတွေ ပိုပြီး Advance ဆန်တာတွေကို Instructor ကနေ လွယ်ကူလေးနက်စွာ သင်ပြပေးမှာပါ။

📷 Zoom Class ဖြစ်ပြီး

🗓️ အတန်းချိန်လေးတွေကတော့

အပါတ်တိုင်း
Thursday and Friday
ညပိုင်းနားချိန် 8-9:30pm ဖြစ်ပါတယ်။

📌 စမယ့် Start date လေးကတော့
Dec 11 ဖြစ်ပါတယ်။

📌 သင်တန်းကာလလေးကတော့ 2လစွန်းစွန်းကြာမှာဖြစ်ပါတယ်။

🪙 သင်တန်းကြေးလေးကတော့ 140,000ကျပ်ဖြစ်ပြီး ပထမဆုံးလာအပ်တဲ့ Early Bird သုံးယောက်အတွက်ကတော့ 120,000ကျပ်ဖြစ်ပါတယ်နော်။

ဆိုတော့ ကိုယ်က Programming ကိုလဲထိထိရောက်ရောက်
သင်ချင်တယ်။ သင်ရင်းနဲ့ အမိုက်စား Game Project တွေဖန်တီးချင်တယ်ဆိုရင်တော့ ဒီ Course ဟာသင့်အတွက်ပါပဲ။

Student အရေအတွက် ကန့်သတ်ထားတာမို့လို့ Let's Tech ရဲ့ Messenger မှာ ခုပဲ "Pygame" လို့ပို့ပြီးအမြန်လာအပ်လိုက်တော့နော် ❕❕




15/11/2025

🚀 Dev တွေသိထားသင့်တဲ့ Technical debt ဆိုတာဘာကို‌ပြောတာလဲ? (Less than 1 min read)

Technic debt ဆိုတာ ရှင်းရှင်းပြောရရင်product တစ်ခုကို ပိုပြီးမြန်မြန်ဆန်ဆန် ship လုပ်ဖို့ quality ကို risk လုပ်ရတာမျိုးပါ။ ဒါမယ့် နောင်တစ်ချိန်မှာ ပြန်ပြီး additional work လုပ်ရတဲ့အတွက် business ဘက်ကလဲ cost ထပ်ရှိလာတာမျိုးပါ။

ဥပမာ အလုပ်ဖြစ်အောင် အမြန်လေးထည့်လိုက်မယ်ဆိုတဲ့ temporary solutions တွေပါ။ နောက်တစ်ချိန်ပြန်ပြင်ရမှာမျိုးပါ။ code ရဲ့ maintainability, performance, scalability စတဲ့အပိုင်းတွေကို risk ပြီး အကြွေးထား တင်ပေးလိုက်တာမျိုးပါ။

Technical debt ထားသင့်လား?

အကောင်းဆုံးအချိန်မှာတော့ technical debt ဆိုတာမရှိတာအကောင်းဆုံးပါ။
ဒါပေမယ့် code ရေးနေသရွေ့ project ကြီးလာသရွေ့ နောက်ပိုင်းပြင်ရမယ့် technical debt တွေ accumulate ဖြစ်လာတာသဘာ၀ပါပဲ။

Ship or die situation တွေမှာဆိုရင်လဲ temp solutions တွေ shortcut တွေနဲ့ technical debt ကျန်တတ်ကြပါတယ်။

ဒီလို accumulate ဖြစ်လာတဲ့ technical debt တွေကို မြန်မြန်ပြန်မဆပ်ရင် နောက်ပိုင်း အတိုးနဲ့ပြန်ဆပ်ရတတ်ပါတယ်။ ဥပမာ bug fixes တွေပိုများများလုပ်ရလာတာ၊ နောက်ပိုင်း development ပိုကြာလာတာ။

Technical debt မှာမှ intentional ဖြစ်တာနဲ့ မဖြစ်တာရယ်ဆိုပြီးရှိပါတယ်။

Intentional ဖြစ်တာကတော့ အပေါ်ကလိုမျိုး temp solution တစ်ခုလုပ်လိုက်မယ်။ issue ကြီးကြီးမားမား မရှိဘူး။ business ဘက် user ဘက်ကကြည့်ရင် satisfied ဖြစ်တယ်။ ဒါပေမယ့် code level မှာ နောက်ပိုင်းတော့ပြန်ပြင်ရမယ် ဆိုတာမျိုးပါ။ ပြန်ပြင်မယ်ဆိုတဲ့ plan လဲရှိပါတယ်။

ဒါပေမယ့် ရှောင်သင့်တာက အပေါ်ကလို plan မရှိတဲ့ reckless ဖြစ်တဲ့ technical debt တွေပါ။
ဥပမာ API url တွေလို config တွေကို env variable ထဲကမယူဘဲ code ထဲ နေရာများများ variable အသေထည့်ထားတာ‌တွေပါ။

UI တွေreusable component မခွဲခဲ့တာ။
Clean မဖြစ်အောင်ရေးခဲ့တာ၊ security loophole တွေသိရက်နဲ့ မဖြစ်လောက်ပါဘူးဆိုပြီးချန်ခဲ့တာတွေပါ။

အချုပ်ပြောရရင် Technical debt ဆိုတာမရှိတာအကောင်းဆုံးပါပဲ။

03/09/2025

Wake me up when September ends but in Tech Guys version.

Photos from Let's Tech Academy's post 01/09/2025

Let’s Tech မှာ ဖွင့်လှစ်ထားတဲ့ အတန်းတွေသာ စားနေကျ Menu တစ်ခုလို ဖြစ်ခဲ့မယ်ဆိုရင် သင့်အနေနဲ့ ဘယ်လို Course ကိုရွေးချယ်မှာလဲ 🤩✨

ပုံတစ်ပုံချင်းစီအောက်က စာလေးတွေ လိုက်ဖတ်ကြည့်ပြီး သင်သာဆိုရင် ဘယ်အတန်းကိုတက်မလဲဆိုတာကို Comment မှာ စားစရာနာမည်လေးတွေနဲ့ ရွေးပေးခဲ့ပါဦးနော်။

🧑🏼‍💻Zero to Hero Courses တွေမို့ ဘာမှမသိရင်လည်း စိတ်ပူစရာမလိုပါဘူး။ မသိခြင်းတွေကနေ တတ်မြောက်ခြင်းတွေကို ပြောင်းလဲနိုင်မှာဖြစ်ပါတယ်🏅

Photos from Let's Tech Academy's post 25/08/2025

Internship Opportunities Included ❕❕

သင့်အနာဂတ်ကို Mobile Developer တစ်ဦးအဖြစ် ပုံဖော်ကြည့်လိုက်ပါ❗

📱Mobile App တွေကို ကိုယ်တိုင် စတင်ဖန်တီးချင်သူတွေအတွက် Mobile Development With Flutter Class လေးကို ဖွင့်လှစ်ပေးလိုက်ပါပြီ။

ဒီ course လေးမှာဆိုရင် Flutter ကို အသုံးပြုပြီး Real World Application တွေကို ကိုယ်တိုင် တည်ဆောက်နိုင်သည်အထိ စာတွေ့လက်တွေ့ နှစ်ခုပေါင်းစပ် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ဘယ်လိုလူတွေ တက်သင့်လဲ❓
👉🏻 Mobile App တွေကို ကိုယ်တိုင်ဖန်တီးချင်ပြီး Mobile Developer တစ်ယောက်အဖြစ်ရပ်တည်လိုသူတွေ
👉🏻 Programming Basic တက်ရောက်ထားပြီးလို့ ရှေ့ဆက်လေ့လာချင်သူတွေ
👉🏻 Project တွေနဲ့ Portfolio တစ်ခု သေချာဖန်တီးချင်သူတွေ
👉🏻၀ါသနာအရလေ့လာချင်တဲ့သူတွေ တတ်ရောက်သင့်တဲ့ Course လေးတစ်ခုပဲဖြစ်ပါတယ်။

"Mobile Development With Flutter" course လေးမှာ ဘာတွေ သင်ပေးသွားမှာလဲ❓

🚦 ဒီ course လေးမှာဆိုရင် Modules (8) ခုကို အဓိကထားသင်ကြားပေးသွားမှာဖြစ်ပြီး course ပြီးဆုံးတာနဲ့ ကိုယ်ပိုင် Mobile App တွေ ဖန်တီးနိုင်သွားမှာ ဖြစ်ပါတယ်။

📌 ဒါ့အပြင် Course ပြီးဆုံးသွားတဲ့ ကျောင်းသား‌‌ေတွနဲ့ Let's Tech Academy ရဲ့ ကျောင်းသားတွေအတွက် Internship Opportunities တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးသွားမယ့် အစီအစဉ်တွေလည်း ရှိပါတယ်။

📌 Course Overview
🔹Module (1) : Introduction to Flutter
🔹Module (2) : Getting Started with Dart
🔹Module (3) : View Layer in Flutter (Presentation)
🔹Module (4) : Animation in Flutter
🔹Module (5) : Data/Network Layer (API Call)
🔹Module (6) : Persistence Layer (Offline Data)
🔹Module (7) : State Management Techniques
🔹Module (8) : Working with Firebase

🎯 Module တစ်ခုချင်းစီတိုင်းကို experience အပြည့်ရှိတဲ့ Instructor ကိုယ်တိုင် assignments တွေ၊ real world project တွေနဲ့တွဲဖက်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

📌 သင်ကြားပေးမယ့် Instructor ကတော့

✔️ လက်ရှိမှာ Mobile Application Developer အဖြစ် Strategy First Education Group မှာ တာဝန်ယူလုပ်ကိုင်‌ေနပြီး

✔️ Freelance Developer တစ်ဦးအဖြစ် project ပေါင်းများစွာကို လုပ်ကိုင်လျက်ရှိတဲ့ Ko Nyan Win Naing ပဲ ဖြစ်ပါတယ်။

📌 Course Details
📅 Start Date : 10 Sep (Wednesday)
⏰ Time : 6 pm to 8 pm (every Wednesday & Thursday)
⌛ Course Duration : 3 months

Mobile Developer အဖြစ် စတင်နိုင်ဖို့ Page Chatbox ကတစ်ဆင့် အတန်းအပ်နှံလိုက်‌တော့နော် 👋🏻

"Let's Tech က သင့် Career ကို တစ်ဆစ်ချိုး ပြောင်းလဲပေးနိုင်ပါတယ်"

Photos from Let's Tech Academy's post 24/06/2025

Programming ကို စလေ့လာချင်ပေမယ့် ဘယ်ကစလို့ စရမှန်းမသိ မသိဖြစ်နေပြီလား ❓

💁🏼‍♀️ ဒါဆိုရင်တော့ စိတ်မပူပါနဲ့။

Let's Tech Academy ကနေ
“Mastering Programming Basics With Python (BP-001)” Batch-3 ကို
ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

စွယ်စုံသုံးပြီး Beginner Friendly ဖြစ်တဲ့ Python Language မှာဆိုရင် Programming နယ်ပယ်ကို အခုမှ စပြီးခြေချဖို့ ပြင်ဆင်နေတဲ့သူတွေအတွက် အကောင်းမွန်ဆုံး လမ်းစတစ်ခုဖြစ်မှာ အသေအချာပါပဲ။

❗️“Mastering Programming Basics with Python (Batch-3)” မှာ ဘာတွေသင်ရမှာလဲ 🤔

🚀 ဒီ course လေးမှာဆိုရင် အောက်ပါသင်ခန်းစာတွေ
ကို အဓိကထား သင်ကြားပေးသွားမှာဖြစ်ပြီး Course ပြီးဆုံးတာနဲ့ Programming ဆိုင်ရာ အခြေခံတွေကို ကြေညက်နားလည်သွားမှာပဲ ဖြစ်ပါတယ်။

📌 Course Overview

🔸 Introduction to Programming & Computer Science Basics

🔸 Python Very Basics & Writing Your First Program in

🔸 Control Structures

🔸 Loops & Iterations

🔸 Functions

🔸 Data Structures

🔸 Error Handling

🔸 File Handling

🔸 Importing & Libraries

🔸 Using Third-party Packages

🔸 Object Oriented Programming (OOP)

🔸 More Advanced Concepts

🔸 Creating Fun Desktop Applications in Tkinter

🚀 အထက်ပါ သင်ခန်းစာ တွေကို စနစ်တကျ သင်ကြားပေးသွားမယ့်အပြင် အတန်းတွင်းမှာ သင်ယူလေ့လာခဲ့သမျှကို ပြန်လည် အသုံးချနိုင်ဖို့အတွက် Python ကိုသုံးပြီး Tkinter နဲ့ Desktop Application တွေကို အတူတူ တည်ဆောက်ကြမှာပဲ ဖြစ်ပါတယ်။

ဒါတွေအပြင် Python (Flask) ကိုအသုံးပြုပြီး 💻 Web Application တစ်ခုကို တည်ဆောက်ပုံကိုပါ Bonus အနေနဲ့ စိတ်၀င်စားဖွယ်ရာ မိတ်ဆက်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

အချိန်တိုအတွင်းမှာ Programming နဲ့ Python ရဲ့ Fundamental တွေကို ကျွမ်းကျင်သွားမယ့်အပြင်၊ Career အတွက်ဘာတွေဆက်လေ့လာရမလဲဆိုတဲ့ roadmap တစ်ခုကိုပါ ရသွားမှာမို့လက်လွတ်မခံသင့်တဲ့အခွင့်အရေးဖြစ်ပါတယ်။

📌 ဒီ Course ကို သင်ကြားပေးသွားမယ့် Instructor ကတော့ Let's Tech Academy ရဲ့ founder ဖြစ်တဲ့ ကို Kyaw Ko Ko Tun ပဲ ဖြစ်ပါတယ်။
လက်ရှိလုပ်ငန်းခွင်ထဲမှာလဲ Tech Lead တစ်ဦးအနေနဲ့ လုပ်ကိုင်နေသူဖြစ်ပြီး Bangkok-based startup တစ်ခုဖြစ်တဲ့ Sabai Job ရဲ့ Co-founder and CTO တစ်ဦးဖြစ်ပါတယ်။

📌 Class Details

Date & Time : Sat, Sun, 10:00AM to 11:30AM

Class Start Date: July 12th, 2025

Class Duration : 2 months

Class Fees : 120,000 MMK

📢 ပထမဆုံး အတန်းလာအပ်တဲ့ Early Bird 2ယောက်ကို 100,000 MMK နဲ့ လက်ခံပေးသွားဦးမှာဖြစ်ပါတယ်။

‼️ Quality control အတွက် လက်ခံမယ့် ကျောင်းသားအရေအတွက်လည်း ကန့်သတ်ထားတာဖြစ်ပါတယ်။ ‼️


Photos from Let's Tech Academy's post 06/06/2025

💻 𝐔𝐗𝐔𝐈 𝐃𝐞𝐬𝐢𝐠𝐧 ကို Zero ကနေစပြီး အတွေ့အကြုံ ပြည့်၀တဲ့ Instructor နဲ့ လေ့လာချင်သူတွေအတွက်
𝐋𝐞𝐭'𝐬 𝐓𝐞𝐜𝐡 𝐀𝐜𝐚𝐝𝐞𝐦𝐲 ရဲ့ 𝐙𝐞𝐫𝐨 𝐭𝐨 𝐇𝐞𝐫𝐨 𝐔𝐗𝐔𝐈 𝐂𝐥𝐚𝐬𝐬 လာပါပြီ 🎉

UXUI design ကို အခြေခံကနေစပြီး စနစ်တကျ သင်ယူချင်တယ်။

သင်ခန်းစာတစ်ခုပြီးတိုင်း ကိုယ်တိုင် လိုက်လုပ်ရင်း practical ကျကျသင်ယူချင်တယ်။ ဆရာပြောပြတဲ့ UXUI best practices တွေကိုသိချင်တယ်။

Industry ထဲမှာကောင်းကောင်း experience ရှိတဲ့ senior တစ်ယောက်ဖြစ်တဲ့ Instructor Ko Barry နဲ့အနီးကပ်သင်ယူပြီး UXUI career နဲ့ပတ်သတ်ပြီး အကြံဉာဏ်တွေရချင်တယ်။
real-world project တွေအကြောင်းသိကျွမ်းချင်တယ်။

ဒီလိုဆိုရင်တော့ Let's Texh Academy ကနေ ဖွင့်လှစ်လိုက်တဲ့ 𝐙𝐞𝐫𝐨 𝐭𝐨 𝐇𝐞𝐫𝐨 𝐔𝐗𝐔𝐈 𝐂𝐥𝐚𝐬𝐬 က ရွေးချယ်စရာဖြစ်နေမှာပါ။

ဘယ်လိုလူတွေ တက်ရောက်သင့်လဲ ⁉️

◾UXUI ကို အခုမှစပြီးလေ့လာမဲ့သူတွေ၊
UXUI design အခြေခံပိုင်နိုင်ချင်တဲ့သူတွေ၊

◾UXUI ကို စိတ်၀င်စားပေမဲ့ ဘယ်ကနေစပြီး
လေ့လာရမလဲ မသိသေးတဲ့သူတွေ၊

◾တကယ့် Industry မှာလုပ်နေတဲ့ Best Practices တွေကိုသိချင်တဲ့သူတွေ။

◾UXUI career နဲ့ပတ်သတ်ပြီး insight တွေလိုချင်သူတွေ၊ ဝါသနာတူတွေနဲ့ network လိုချင်သူတွေ၊

◾သင်တန်းပြီးတာနဲ့ Design တွေဆွဲပြီး Portfolio ပြင်ဖို့ Ready ဖြစ်ချင်တဲ့သူတွေအနေနဲ့ တက်ရောက်သင့်တဲ့ အတန်းဖြစ်ပါတယ်။

🧑🏻‍🏫 သင်ကြား‌ပေးသွားမဲ့ Instructor ကတော့

အခုလက်ရှိ Singapore, Hong Kong design agency တွေအပြင် Freelance လုပ်ကိုင်ဖူးတဲ့အတွေ့အကြုံရှိသူ senior UXUI designer တစ်ယောက်ဖြစ်တဲ့ Ko Barry ပဲဖြစ်ပါတယ်။

📌 𝐂𝐨𝐮𝐫𝐬𝐞 𝐎𝐮𝐭𝐥𝐢𝐧𝐞

𝐖𝐞𝐞𝐤 (𝟏)
𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐨𝐟 𝐔𝐗𝐔𝐈 𝐖𝐨𝐫𝐥𝐝
🔸 Introduction UXUI in Product Design
🔸 POV of UX Design

𝐖𝐞𝐞𝐤 (𝟐)
𝐆𝐞𝐭 𝐒𝐭𝐚𝐫𝐭𝐞𝐝
🔸 User Analysis & Competitor Analysis
🔸 UXUI Terms & Principles

𝐖𝐞𝐞𝐤 (𝟑)
𝐃𝐞𝐬𝐢𝐠𝐧 𝐁𝐚𝐬𝐢𝐜𝐬
🔸 Typo & Color in Visual Design
🔸 Figma Basics

𝐖𝐞𝐞𝐤 (𝟒)
𝐆𝐞𝐭 𝐑𝐞𝐚𝐝𝐲 𝐖𝐢𝐭𝐡 𝐌𝐞
🔸 Design Process & Preparation
🔸 Lo-fi Designs

𝐖𝐞𝐞𝐤 (𝟓)
𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐏𝐫𝐨𝐜𝐞𝐬𝐬
🔸 Hi-fi Designs (Mobile/Desktop)
🔸 Animate Like A Pro

𝐖𝐞𝐞𝐤 (𝟔)
𝐇𝐚𝐧𝐝𝐨𝐯𝐞𝐫 & 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧
🔸 Developer Handover
🔸 Case Study & Portfolio Building

𝐖𝐞𝐞𝐤 (𝟕)
𝐒𝐩𝐞𝐞𝐜𝐡 𝐭𝐨 𝐘𝐨𝐮𝐫 𝐉𝐨𝐮𝐫𝐧𝐞𝐲
🔸 Project Discussion
🔸 Recap & Sharing Session

ဒီအတန်းဟာဆိုရင် Course တစ်ခုထဲမှာပဲ UI/UX design အခြေခံပိုင်နိုင်အောင် သင်ယူနိုင်မှာဖြစ်တဲ့အပြင်

သင်ကြားပေးမဲ့ Instructor ကလဲ အတွေ့‌အကြုံကောင်းများစွာရှိတာမို့ မထိရောက်မှာ၊ အခြေခံမပိုင်နိုင်မှာကိုစိုးရိမ်စရာမလိုပါဘူး။

အတန်းပြီးတာနဲ့ UI Design တွေ ဆွဲဖို့ကောင်းကောင်းနားလည်သွားပြီးfoundation တစ်ခုရသွားမှာဖြစ်ပါတယ်။

𝐂𝐥𝐚𝐬𝐬 𝐃𝐞𝐭𝐚𝐢𝐥𝐬 ‼️

» 𝐂𝐥𝐚𝐬𝐬 𝐈𝐃 : DS-003
» 𝐒𝐭𝐚𝐫𝐭 𝐃𝐚𝐭𝐞 : 19.6.2025
» 𝐃𝐚𝐭𝐞 : Thurs & Fri
» 𝐓𝐢𝐦𝐞 : 7:00 To 8:30 PM
» 𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧 : 1.5 months
» 𝐂𝐥𝐚𝐬𝐬 𝐅𝐞𝐞𝐬 : 200,000 MMK
(𝟏𝟖𝟎,𝟎𝟎𝟎 𝐌𝐌𝐊 𝐟𝐨𝐫 𝟐 𝐞𝐚𝐫𝐥𝐲 𝐛𝐢𝐫𝐝𝐬)

Let's Tech Academy ရဲ့ အတန်းတွေဟာဆိုရင် Quality Control အတွက် သင်တန်းသားဦး‌ရေအကန့်အသတ်နဲ့လက်ခံသင်ကြားပေးတာဖြစ်လို့ သတ်မှတ်ထားတဲ့ လူဦးရေထဲမှာ ကိုယ်ကျန်မနေရအောင် အမြန်ဆုံးအပ်နှံထားဖို့အသိပေးပါရစေဗျ။

ဒီအတန်းလေးကို စိတ်၀င်စားလို့ အပ်နှံချင်တယ်ဆိုရင်တော့ Let’s Tech Academy page မှာ လာရောက်အပ်နှံနိုင်ပါတယ်။




Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address


Yangon