Swe English

Swe English Slow English Podcast

ကျွန်မ၏အကြာင်း

ကျွန်မသည် အယ်ဒီတာတစ်ယောက်ဖြစ်ပြီး အင်္ဂလိပ်စာသင်ကြာပေးနေသော ဆရာမလည်း ဖြစ်ပါသည်။

၂၀၀၃ ခုနှစ်တွင် ရန်ကုန်သမဝါယမတက္ကသိုလ်မှ B.A (Business Science) ဘွဲ့ကို ရရှိခဲ့ပြီး ဆရာကြီးဦးမြကြိုင် အင်္ဂလိပ်စာသင်တန်းကျောင်းတွင် အင်္ဂလိပ်စာကို အသက်မွေး၀မ်းကျောင်းပညာရပ်အဖြစ် ကျွမ်းကျင်တတ်မြောင်အောင် သင်ယူခဲ့ပါသည်။

၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အင်္ဂလိပ်စာဆရာမအဖြစ်ဖြင့် IELTS အတွက် သင်တန်းများကိုအဓ

ိကသင်ကြားပေးခဲ့ပြီး Scholarship ပညာရေးမဂ္ဂဇင်းတွင် ပင်တိုင်ဘာသာပြန်သူအဖြစ်လည်းကောင်း၊ အယ်ဒီတာအဖြစ်လည်းကောင်း အလုပ်လုပ်ကိုင်ခဲ့ပါသည်။

၂၀၁၂ ခုနှစ် ဇွန်လတွင် နိုင်ငံရပ်ခြားတွင် ပညာသွားရောက်သင်ကြားမည့် ကျောင်းသူကျောင်းသားများအတွက် ရည်ရွယ်၍ Study Guide စာအုပ်ကို ကိုယ်တိုင်ရေးသားထုတ်ဝေခဲ့ပါသည်။ နောက်ပိုင်းနှစ်များတွင် Look Magazine၊ Autoculture Magazine နှင့် Mr. Magazine တို့တွင် အယ်ဒီတာတာ၀န်များကို ထမ်းဆောင်ခဲ့ပါသည်။

၂၀၁၃-၂၀၁၄ တွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော Myanmar Exclusive Club မဂ္ဂဇင်းတွင် တာ၀န်ခံအယ်ဒီတာအဖြစ်လည်းကောင်း၊ ၂၀၁၅- ၂၀၁၆ တွင် အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့်ထုတ်ဝေသော GMBiZ Myanmar စီးပွားရေးဂျာနယ်တွင် တာ၀န်ခံအယ်ဒီတာအဖြစ်လည်းကောင်း တာ၀န်ထမ်းဆောင်ခဲ့ပါသည်။

ယခုလက်ရှိတွင် အင်္ဂလိပ်စာသင်ကြားပေးနေပြီး ဘာသာပြန်သင်ခန်းစာများနှင့် ပညာရေးနှင့် သက်ဆိုင်သော အကြောင်းအရာများကို အများအကျိုးအတွက် မျှဝေပါသည်။

ဒေါ်မိုးမြတ်ဆွေ

18/07/2025


07/07/2025


02/07/2025


28/06/2025

27/06/2025
27/06/2025

Check out Swe English’s video.

ဘာသာပြန်အတွေး ဘာသာပြန်အရေး -အပိုင်း(၁)ဘာသာပြန်အတွေး ဘာသာပြန်အရေးဆိုတဲ့ အကြောင်းအရာကို ရေးရမယ်ဆိုရင် ဖော်ပြရမယ့်  အချက်တေ...
04/09/2018

ဘာသာပြန်အတွေး ဘာသာပြန်အရေး -အပိုင်း(၁)

ဘာသာပြန်အတွေး ဘာသာပြန်အရေးဆိုတဲ့ အကြောင်းအရာကို ရေးရမယ်ဆိုရင် ဖော်ပြရမယ့် အချက်တွေများတဲ့အတွက် အပိုင်းလိုက်ခွဲပြီးဖော်ပြသွားပါမယ်။ ကျမရဲ့ အတွေ့အကြုံအရေ ပြောရရင် အတွေးနဲ့ အရေး ညီမျှအောင် ပုံဖော်နိုင်မှုသည် ဘာသာပြန်တစ်ယောက် အတွက် အဓိက အတားအဆီးတစ်ခုလို့တောင် ဆိုချင်ပါတယ်။
ကျမတို့အနေနဲ့ စာတစ်ကြောင်း (သို့မဟုတ်) အကြောင်းအရာ တစ်ခု ကို ဘာသာပြန်တော့ မယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ အတွေးကနေစကြရပါတယ်။ စာကိုဖတ်လိုက်တယ်။ နားလည်မှုကိုတွေးတယ်။ ပြီးမှ ချရေးတယ်။ ဒါကြောင့် ကျမတို့ အနေနဲ့ အတွေးမှန်ဖို့ အရေးကြီးပါတယ်။ အတွေးမှန်မှ အရေးမှန်မယ်။ ဆိုလိုတာက စိတ်ထဲကဘာသာပြန်တဲ့အချက်ကို ချရေးတဲ့ အခါ မှန်မယ်ပေါ့။ အဲတော့ကျမတို့ ဘယ်လိုစတွေးကြသလဲ။ ဘယ်လိုစတွေးကြမလဲ။ သိဖို့လိုပါပြီ။
မိမိတို့ ပတ်ဝန်းကျင် လူ့လောကကြီးမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေနဲ့ ယှဉ်ပြီးတွေးနိုင်ဖို့လိုပါတယ်။ ဆိုလိုတာက လက်တွေ့သဘောကို စာဖတ်သူနားလည်စေဖို့ လူ့ပတ်ဝန်းကျင်က အကြောင်းအရာတွေကို သဘာဝကျကျကူးယူဖော်ပြရမှာ ဖြစ်တဲ့အတွက် လူတွေလုပ်လေ့ လုပ်ထရှိသော အကြောင်းအရာ သဘာဝကျတဲ့ အကြောင်းအရာ တွေကို အခြေခံတွေးရပါမယ်။ အတွေးကို စာနဲ့ချရေးရမှာဖြစ်တဲ့ အတွက် စကားလုံးအားဖြင့် ဒီအတွေးကို ဘယ်လိုဖလှယ်ပြီး စာဖတ်သူရဲ့ စိတ်ထဲထိ အထိရောက်ဆုံး ဘယ်လို ပုံဖော် ပြသမလဲ ဆိုတာကိုတွေးပြီး ရေး သားဖော်ပြရမှာဖြစ်ပါတယ်။

ဒါဆိုရင် ဖော်ပြပါ အတွေးနဲ့ အရေးနှစ်ခုလုံးကို ဟန်ချက်ညီညီလုပ်ဆောင်နိုင်ဖို့ နဲ့ အချက်ကျကျ ဖော်ပြနိုင်ဖို့အတွက် တစ်ဖက်မှာ လူ့ဘ၀အတွေ့အကြုံ ကို လက်တွေ့ (သို့မဟုတ်) စာတွေ့သိထားမှ သာ အတွေးပိုင်းမှာ ပိုမိုတွေးနိုင်သလို စာများများဖတ်ထားမှသာ အရေးပိုင်းမှာ ပိုမို ရုပ်ကြွတဲ့ စကားလုံးများကို ထည့်သွင်း၍ဘာသာပြန်ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုတွေးတဲ့အခါမှာလည်း မိမိဘာသာပြန်ရမယ့် စာမူအမျိုးအစား ၊ စာမူကို အသုံးပြုမယ့် စီးပွားရေးနယ်ပယ်အလိုက် ပြောင်းလဲတွေးတောနိုင်ဖို့ ယှဉ်ထိုးတွေးခေါ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် နည်းပညာပိုင်း၊ ဆောက်လုပ်ရေးပိုင်း၊ မီဒီယာပိုင်း စသည်စသည်ဖြင့် လိုအပ်သလို တိကျခိုင်မာမှုများကိုလည်း ထည့်သွင်း ဘာသာပြန်နိုင်ပါမှ လူသားအကျိုးပြု လုပ်ငန်းတစ်ရပ်အဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။ ဘာသာရပ်နယ်ပယ် အသီးသီးမှာရှိတဲ့ ပညာရှင်များကလည်း ဘာသာပြန်ပညာကို လေ့လာပြီး နောင်လာနောင်သားတွေကို ပညာတွေမျှဝေစေချင်ပါတယ်။ ကျန်းမာရေးနဲ့ ဆေးပညာတွေကို ဆရာဝန်က ဘာသာပြန်မှ ပိုမိုမှန်ကန်မှာဖြစ်သလို၊ ဆောက်လုပ်ရေးပညာကို ဆောက်လုပ်ရေးနည်းပညာရှင်များက ဘာသာပြန်နိုင်မှသာ ပိုမိုထိရောက်ပါလိမ့်မယ်။

ကျမအ​နေနဲ့လည်း အခု ဘာသာပြန်​သူ၊ စာရေးသူတစ်ယောက်အနေနဲ့ ပိုမို အသက်ဝင်တဲ့ ဘာသာပြန် စာကောင်းပေမွန်တွေကို ထုတ်လုပ်နိုင်ဖို့ အတွေးပိုင်းရော အရေးပိုင်းအတွက်ပါ လေ့လာနေရဆဲပါ။
ဆက်လက်ဖော်ပြပါမည်။






Address

Yangon

Telephone

+959421074421

Website

Alerts

Be the first to know and let us send you an email when Swe English posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category