ဂျပန်စာ ခန်းဂျိနှင့် စကားပြောသင်ယူနေသူများ

ဂျပန်စာ ခန်းဂျိနှင့် စကားပြောသင်ယူနေသူများ

Share

皆、協力して頑張りましょう!

22/12/2017

かまえ သို့မဟုတ် がまえ

ခန်းဂျိလေ့လာနေကြသောကျောင်းသားများမင်္ဂလာပါ။

ဒီတစ်ခါမှာတော့ Bushu တွေရဲ့နောက်ဆုံးဖြစ်တဲ့
かまえဆိုတာလေးကို ရှင်းပြခွင့်ပြုပါ။

ဒီ Bushu လေးကတော့ နောက်ဆုံးဖြစ်သလို
အလွယ်ဆုံးလဲဖြစ်ပါတယ်။
ခန်းဂျိရဲ့ ဘေးပတ်ပတ်လည် ထောင့်လေးထောင့်
သို့မဟုတ် ထောင့်သုံးထောင့်မှာနေရာယူထားတဲ့
Bushu လေးပါ။

ဥပမာပြုပြီးရှင်းလင်းခွင့်ပြုပါ။

国(くに)=တိုင်းပြည်
ဒီခန်းဂျိရဲ့ Bushu လေးကတော့ရှင်းပါတယ်။
ခန်းဂျိတစ်ခုလုံးကို ဘောင်ခတ်ထားသလိုမျိုး
လေးထောင့်ဘောင်လေး ခတ်ထားပါတယ်။
ဒီ Bushu လေးကိုတော့ くにがまえ လို့ခေါ်ပါတယ်။

聞く(きく)=နားထောင်သည်
ဒီခန်းဂျိရဲ့ ဘေးကတံခါးပေါက် ၂ဘက်ကိုကြည့်လိုက်ရင်
ထောင့်၃ထောင့်ကို ပိတ်ထားသလိုဖြစ်နေပါတယ်။
ဘယ် ပေါ် ညာ ဆိုတဲ့ ၃ဘက်ကိုနေရာယူထားပါတယ်။
အဲဒီ Bushu လေးကိုတော့ もんがまえလို့ခေါ်ပါတယ်။

凶(きょう)=ကံမကောင်းခြင်း
ဒီတစ်ခါတော့ ခန်းဂျိရဲ့ ဘယ် အောက် ညာဘက်တွေကို
နေရာယူထားပါတယ်။ တစ်နည်းပြောရရင် အပေါ်ဘက်တစ်ဘက်ကို
ဖွင့်ထားတဲ့ かまえပေါ့။ အဲဒီ Bushu လေးကိုတော့
かんがまえလို့ခေါ်ပါတယ်။

医学(いがく)=ဆေးပညာ
နောက်ဆုံးအနေနဲ့ ဆေးပညာဆိုတဲ့ခန်းဂျိအတွဲလေးရဲ့
ရှေ့ဘက်ကခန်းဂျိလေးကိုကြည့်ပါ။
အပေါ် ဘယ် အောက် သုံးဘက်ကို နေရာယူထားပါတယ်။
မြန်မာအက္ခရာ (င)နဲ့တူပါတယ်။
အဲဒီ Bushu လေးကိုတော့ はこがまえလို့ခေါ်ပါတယ်။

အနှစ်ချုပ်လေးပြောရရင်တော့...

လေးထောင့်ဘောင်ဆိုရင် = くにがまえ
(ဂ) ဂငယ်ပုံဆိုရင်= もんがまえ
(ပ) ပစောက်ပုံဆိုရင်= かんがまえ
(င) ငပုံဆိုရင်=  はこがまえ

ဒီလောက်ဆိုရင် かまえ သို့မဟုတ် がまえအကြောင်းကို
နားလည်သဘောပေါက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

(部首)ぶしゅအပိုင်းပြီးဆုံးပါပြီ။

ကျေးဇူးတင်ပါတယ်။

**နောက်ထပ် နောက်ထပ် ခန်းဂျိတွေကိုလည်း
လွယ်ကူတဲ့နည်းလမ်းလေး တွေနဲ့ ရှင်းပြပေးပါမယ်။

ပျော်ပျော်ရွှင်ရွှင် ခန်းဂျိသင်ကြတာပေါ့။

22/12/2017

だれ နှင့် にょう

ဒီတစ်ခါရှင်းပြပေးမယ့် 部首(ぶしゅ)လေးကတော့
だれ နှင့် にょうအကြောင်းဘဲဖြစ်ပါတယ်။

だれ အကြောင်းကိုအရင်ရှင်းပြပေးပါမယ်။
だれ ဆိုတာက ခန်းဂျိရဲ့ အပေါ်ဘက်နဲ့ ဘယ်ဘက်ဆိုတဲ့
နေရာ၂ခုနဲ့ပတ်သတ်ပါတယ်။
ခန်းဂျိရဲ့ အမိုးနဲ့အကာဆိုလည်း မမှားပါဘူး။
သင်္ချာလိုပြောရရင်တော့ Square Root သင်္ကေတပေါ့။

ဥပမာ(၃)ခုနဲ့ ဆက်ရှင်းပြပေးပါမယ်။

広い(ひろい)= ကျယ်သော
ဒီခန်းဂျိလေးရဲ့ အပေါ်ဘယ်ဘက်ကိုကြည့်လိုက်ရင်
အမိုးရယ် အကာရယ် အမိုးပေါ်မှာ အင်တာနာချောင်းလေးရယ်
ပါတဲ့ Bushu ကိုတော့ まだれလို့ခေါ်ပါတယ်။

病 (びょう)= အနာရောဂါ (病気)びょうき
ဒုတိယခန်းဂျိလေးကတော့ အနာရောဂါဆိုတဲ့
(病気)びょうきရဲ့ 病(びょう)ဆိုတဲ့အပိုင်းလေးပါ။
ဒီခန်းဂျိလေးရဲ့ အပေါ်ဘယ်ဘက်ကို ဆက်ကြည့်ကြပါစို့။
အမိုးရယ်အကာရယ်၊ အင်တာနာရယ်၊ ဘေးပြူတင်းပေါက်လေးရယ်
ပါတဲ့ だれ လေးကိုတော့ やまいだれ လို့ခေါ်ပါတယ်။

屋 (や)= အခန်း (部屋)へや
ကဲ..ဒီခန်းဂျိလေးကတော့ အခန်းဆိုတဲ့
(部屋)へや ဖြစ်ပါတယ်။ ဒီခန်းဂျိအတွဲလေးထဲက
နောက်ဘက်က 屋(や)ဆိုတဲ့အပိုင်းလေးကိုကြည့်ပါ။
အမိုးကပါးစပ်ပေါက်လိုမျိုးဖြစ်နေပြီး၊ အကာလေးထည့်လိုက်တော့
しかばね လို့ခေါ်ပါတယ်။ しかだれ လို့မခေါ်ဘူးဆိုတာ
သတိပြုစေချင်ပါတယ်။

အနှစ်ချုပ်ပြန်ပြောပြရရင်....
広い -->(広)まだれ
病気 -->(病)やまいだれ
部屋 -->(屋)しかばね

ဒီလောက်ဆိုရင် だれ အကြောင်းကို
သဘောပေါက်လောက်ပြီလို့ထင်ပါတယ်။
..................................................................

ဒုတိယအပိုင်းကိုဆက်ကြပါစို့။

ဒုတိယအပိုင်းကတော့ にょうဆိုတဲ့အပိုင်းဖြစ်ပါတယ်။
ဒီ 部首(ぶしゅ) လေးကခန်းဂျိတော်တော်များများမှာ
ပါတာကိုတွေ့ရပါမယ်။

ဘယ်နေရာကအပိုင်းလေးလဲလို့ပြောရရင်တော့
ခန်းဂျိရဲ့ ဘယ်ဘယ်နဲ့ အောက်ခြေပိုင်းနားက
ရှည်မျောမျော အပိုင်းလေးပါ။
ခန်းဂျိမကျွမ်းသေးရင်တော့ ရေးရတာခက်တယ်ဆိုပေမယ့်
ရေးတတ်လာတဲ့သူအတွက်ဆိုရင်တော့
အရသာတွေ့တဲ့အပိုင်းလေးပါ။

ဥပမာနဲ့ရှင်းပြပါရစေ။
道(みち)= လမ်း
လမ်းဆိုတဲ့ခန်းဂျိရဲ့ ဘယ်ဘက်နဲ့ အောက်ဘက်
ခြေထောက်အပိုင်းလေးကိုကြည့်ပါ။
မြန်မာလို့စာလုံးပေါင်းရင် (ဒုံ)ရေးသလိုမျိုးနဲ့
ခပ်ဆင်ဆင်တူပါတယ်။
အဲဒီ Bushu လေးကိုတော့ しんにょうလို့ခေါ်ပါတယ်။

建てる(たてる)= တည်ဆောက်သည်
ဒီခန်းဂျိလေးရဲ့ ဘယ်ဘက်အောက်ပိုင်းကိုကြည့်လိုက်ရင်
တွေ့ရမယ့် Bushu လေးကိုတော့ えんにょうလို့
ခေါ်ပါတယ်။ ပုံစံလေးက မြန်မာအက္ခရာ (ဒ)ကိုရေးပြီး
အောက်ပိုင်းနားကနေ ကန့်လန့်ဖြတ်ခြေထောက်လေး
ဆွဲလိုက်တဲ့ပုံစံပါ။

起きる(おきる)= အိပ်ယာထသည်။
ဒီနောက်ဆုံးခန်းဂျိလေးကိုဆက်ရှင်းပြပေးပါမယ်။
ဒီ Bushu လေးကိုတော့ そうにょう လို့ခေါ်ပါတယ်။
အင်္ဂလိပ်စာလုံး (T)ကို ခပ်စောင်းစောင်းလေး
ရေးထားတဲ့ပုံနဲ့တူပါတယ်။

ကဲ...နောက်ဆုံးအနှစ်ချုပ်ပြောရရင်တော့
道 (みち)--> しんにょう
建てる(たてる)-->えんにょう
起きる(おきる)-->そうにょう

ဒီနေ့တော့ だれနဲ့にょうဆိုတဲ့ Bushu လေးနှစ်ခုကို
ရှင်းပြပေးပြီးပါပြီ။ အားလုံးသဘောကျမယ်လို့ထင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

နောက်ပိုစ့်တွေကိုလည်း ဆက်လက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်။
ခန်းဂျိကိုစိတ်ဝင်စားတဲ့ သူငယ်ချင်းတွေကိုလည်း
လမ်းညွှန်ပေးလိုက်နော်။

**かまえဆိုတဲ့ Bushu လေးကိုတော့ နောက်ပိုစ့်မှာ
ဆက်လက်ရှင်းပြပေးပါမယ်။

21/12/2017

かんむり နှင့် あし

ဒီပိုစ့်လေးမှာတော့ Bushu တွေအထဲက
နောက်ထပ်နှစ်ခုကိုဆက်လက်ရှင်းလင်းပေးပါမယ်။

ခန်းဂျိရဲ့ ခေါင်းပိုင်းသို့မဟုတ် ဦးထုပ်ပိုင်းကို
かんむりလို့ခေါ်ပါတယ်။ တစ်နည်းပြောရရင်
ခန်းဂျိစာလုံးရဲ့ အပေါ်ဆုံးပိုင်းလို့ပြောနိုင်ပါတယ်။

かんむりလေးတွေအများကြီးရှိပါတယ်။
ဒါပေမယ့်လွယ်လွယ်ကူကူနားလည်နိုင်အောင်
ဥပမာ ၃ခုနဲ့ရှင်းပြပေးပါမယ်။

၁။うかんむり(ウ ခေါင်မိုး)
字(じ)=စာလုံး
ဒီခန်းဂျိစာလုံးလေးရဲ့ အပေါ်ဘက်က Bushu လေးကို
ကြည့်လိုက်ရင် ခတခနစာလုံး ウ နဲ့ဆင်တူပါတယ်။
အဲဒါကြောင့် うかんむり လို့ခေါ်ရခြင်းဖြစ်ပါတယ်။

၂။たけかんむり(竹 ခေါင်မိုး)
答え(こたえ)= အဖြေ
ဒီခန်းဂျိစာလုံးရဲ့ အပေါ်ဘက်က Bushu ကတော့
ဝါးပင်ဆိုတဲ့ 竹 (たけ) ကနေပြီးတော့ယူထားတာ
ဖြစ်တာကြောင့် たけかんむり လို့ခေါ်ရခြင်းပါ။

၃။ ひとやね (人 ခေါင်မိုး)
今(いま)= ယခု
ဒီခန်းဂျိစာလုံးရဲ့ အပေါ်ဘက်က Bushu ဟာ
လူဆိုတဲ့ 人(ひと) ကိုယူထားတာပါ။
သို့သော်လည်း ひとかんむりလို့မခေါ်ဘဲ
ひとやね လို့ခေါ်တာကို သတိပြုစေလိုပါတယ်။

ဒီလောက်ဆို ခန်းဂျိခေါင်မိုး (သို့) ခန်းဂျိဦးထုပ်
かんむり အကြောင်းကိုသဘောပေါက်မယ်လို့ထင်ပါတယ်။
.............................................................................

ဒုတိယအပိုင်းကို ဆက်ကြပါစို့။
ဒီတစ်ခေါက်က ခန်းဂျိ အောက်ပိုင်း (သို့) ခန်းဂျိခြေထောက်
အပိုင်းပါ။ ဒီအပိုင်းကိုတော့ あしလို့ခေါ်ပါတယ်။

あしတွေမှာတော့ နာမည်တွေက အမျိုးမျိုးဖြစ်နေပါတယ်။

ဥပမာလေးတွေနဲ့လေ့လာကြပါစို့။

၁။ ひとあし (လူခြေထောက်)
見る(みる)=ကြည့်သည်။
ဒီခန်းဂျိရဲ့အောက်ဘက်ခြေထောက်သည်
ရှည်လျားတဲ့ ခြေထောက်နှစ်ချောင်းပုံစံပါ။
အဲဒါကိုတော့ လူခြေထောက် ひとあし လို့ခေါ်ခြင်းဖြစ်ပါတယ်။

၂။れんが (မီးပုံလေးပုံ)
魚(さかな)= ငါး
ဒီခန်းဂျိရဲ့ အောက်ခြေပိုင်းမှာ မီးပုံလေး လေးပုံကို
တွေ့ရပါလိမ့်မယ်။ အဲဒီ Bushu လေးကိုတော့
魚部首(さかなぶしゅ)လို့မခေါ်ဘဲ れんが လို့ခေါ်တယ်လို့
မှတ်သားထားပါ။

၃။ かい (ခရုခြေထောက်)
貝(かい)= ခရု
ဒီခန်းဂျိလေးကတော့ မျက်လုံးကြီးကြီး ခြေထောက်တိုတိုလေးနဲ့
ချစ်စရာ ခရုကောင်လေးပါ။ ဒီခရုခန်းဂျိလေးဟာ အပေါ်က
ကြည့်သည်ဆိုတဲ့ ခန်းဂျိလေးတဲ့တော်တော်လေး ဆင်ပါတယ်။
ခြေထောက်အပိုင်းလေးဘဲ ကွာပါတယ်။ တိုတာနဲ့ ရှည်တာနဲ့သာ
ကွာပါတယ်။ ဒါပေမယ့် Bushu ကတော့ ကွဲသွားပါတယ်။
貝 = ခရုလေးကနေဖြစ်လာတဲ့ ဒီBushu လေးကိုတော့
ချစ်စနိုးလေးနဲ့ かいလို့သာ ခေါ်ပါကြောင်း ပြောကြားရင်း
အဆုံးသတ်ပါရစေ။

ဒီလောက်ဆိုရင် かんむり နဲ့ あし ဆိုတဲ့ Bushu အကြောင်းကို
သဘောပေါက်လောက်ပြီလို့ ယုံကြည်ပါတယ်။

ကျေးဇူးတင်ပါတယ်။

နောက်ပိုစ့်မှာတော့ たれ နဲ့ にょう အကြောင်းကို
ဆက်လက်ရှင်းပြပေးမှာမို့လို့ ဆက်လက်ပြီး အားပေးပါဦးလို့
ပြောကြားလိုက်ပါရစေ။

Admin

21/12/2017

へん နှင့် つくり

へんဆိုသည်မှာ....
ခန်းဂျိစာလုံးရဲ့ ဘယ်ဘက်ပိုင်းမှာရှိတဲ့
Bushu ဖြစ်ပါတယ်။

ဥပမာလေးနဲ့ရှင်းပြပါ့မယ်။

体 (からだ)= လူခန္ဒာကိုယ်
ခန္ဒာကိုယ်ခန်းဂျိလေးရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့
Bushu လေးဟာ လူကနေဖြစ်လာတာမို့လို့
ひとへん(Hito Hen)လို့ခေါ်ပါတယ်။

学校(がっこう)=စာသင်ကျောင်း
စာသင်ကျောင်းခန်းဂျိရဲ့နောက်ပိုင်းကခန်းဂျိလေးဟာ
校 ဖြစ်ပါတယ်။ အဲဒီခန်းဂျိလေးရဲ့ ဘယ်ဘက်က
သစ်ပင်အပိုင်းလေးဟာ へんဖြစ်ပါတယ်။
きへん(Ki Hen)လို့ခေါ်ပါတယ်။

話す(はなす)= စကားပြောသည်
စကားပြောသည်ခန်းဂျိလေးရဲ့ဘယ်ဘက်က
Bushu လေးကတော့ ပြောသည်ဆိုတဲ့
いうへんလေးကိုတော့ごんべんလို့ခေါ်ပါတယ်။
......................................................

つくりဆိုတာကိုဆက်ရှင်းပြပေးပါမယ်။

ခန်းဂျိစာလုံးရဲ့ ညာဘက်အပိုင်းမှာရှိတဲ့
Bushu ကို つくりလို့ခေါ်ပါတယ်။

ကဲ...ဥပမာလေးတွေနဲ့ရှင်းပြပါမယ်။

別(べつ)=သီးခြား
သီးခြားဆိုတဲ့ခန်းဂျိလေးရဲ့ ညာဘက်က
Bushu လေးကိုတော့ りっとう လို့ခေါ်ပါတယ်။
သူရဲ့ကိုယ်ပိုင်နာမည်လေးပေါ့။

頭(あたま)=ဦးခေါင်း
ဦးခေါင်းခန်းဂျိရဲ့ညာဘက်က Bushu လေးကိုတော့
おおがい လို့ခေါ်ပါတယ်။

都(みやこ)=မြို့တော်
မြို့တော်ခန်းဂျိရဲ့ ညာဘက်က Bushu လေးကိုတော့
おおざとလို့ခေါ်ပါတယ်။

ဒီလောက်ဆိုရင် へんနဲ့つくりဆိုတဲ့ Bushu အမျိုးအစား
တွေကိုသဘောပေါက်မယ်ထင်ပါတယ်။
..........................................................

ထပ်ပြီတော့မှတ်မိအောင်ပြောပါမယ်

体 ーー>ひとへん
校 -->きへん
話 -->いうへん=ごんべん

別 -->りっとう
頭 -->おおがい
都 -->おおざと
......................................................
ကျေးဇူးတင်ပါတယ်။

かんむり နဲ့あし တို့ကို နောက်ပိုစ့်မှာဆက်လက်ပြီး
ရှင်းပြခွင့်ပြုပါ။

Photos from ဂျပန်စာ ခန်းဂျိနှင့် စကားပြောသင်ယူနေသူများ's post 21/12/2017

部首の名前(ぶしゅのなまえ)

Bushu ဆိုတဲ့ခန်းဂျိရဲ့အစိတ်အပိုင်းလေးတွေကို
ဆက်လက်ရှင်းပြပေးပါမယ်။

ဒီပိုစ့်မှာတော့ Bushu တွေရဲ့အမည်ကို
ဖော်ပြပေးဖို့ရည်ရွယ်ပါတယ်။

ကဲ...စလိုက်ကြရအောင်။
၁။ かんむり(Kanmuri)
ခန်းဂျိရဲ့အပေါ်ပိုင်းက Bushu ကို Kanmuri လို့ခေါ်ပါတယ်။

၂။ あし (Ashi)
ခန်းဂျိရဲ့အောက်ပိုင်းက Bushu ကို Ashi လို့ခေါ်ပါတယ်။

၃။へん (Hen)
ခန်းဂျိရဲ့ဘယ်ဘက်ပိုင်းက Bushu ကို Hen လို့ခေါ်ပါတယ်။

၎။つくり (Tsukuri)
ခန်းဂျိရဲ့ညာဘက်ပိုင်းက Bushu ကို Tsukuri လို့ခေါ်ပါတယ်။

၅။にょう (Nyou)
ခန်းဂျိရဲ့ဘယ်အောက်ပိုင်းက Bushu ကို Nyou လို့ခေါ်ပါတယ်။

၆။たれ (Tare)
ခန်းဂျိရဲ့အပေါ်ဘယ်ပိုင်းက Bushu ကို Tare လို့ခေါ်ပါတယ်။

၇။かまえ (Kamae)
ခန်းဂျိရဲ့ပတ်ပတ်လည်က Bushu ကို Kamae လို့ခေါ်ပါတယ်။

ဒီလောက်ဆိုရင် Bushu ရဲ့နေရာနဲ့ အမည်လေးတွေကို
သိသွားလောက်ပြီလို့ ယုံကြည်ပါတယ်။

ကျေးဇူးတင်ပါတယ်။

(Bushu ရဲ့ နမူနာလေးတွေကိုနောက်ပိုစ့်မှာဆက်လက်ဖော်ပြပေးပါမယ်။)

17/12/2017

七種類の部首 (ななしゅるいのぶしゅ)

部首 ဘယ်နှစ်မျိုးရှိပါသလဲ။
စုစုပေါင်း (၇) မျိုးရှိပါတယ်။
တည်နေရာပေါ်မူတည်ပြီး နာမည်လေးတွေပေးထားပါတယ်။

တည်နေရာလေးတွေကတော့
(၁) ခန်းဂျိရဲ့ အပေါ်ဘက်မှာ
(၂) ခန်းဂျိရဲ့ အောက်ဘက်မှာ
(၃) ခန်းဂျိရဲ့ ဘယ်ဘက်မှာ
(၄) ခန်းဂျိရဲ့ ညာဘက်မှာ
(၅) ခန်းဂျိရဲ့ဘယ်ဘက်နဲ့အပေါ်ဘက်မှာ
(၆) ခန်းဂျိရဲ့ ညာဘက်နဲ့ အောက်ဘက်မှာ
(၇) ခန်းဂျိရဲ့ ပတ်ပတ်လည်မှာ
စသဖြင့် ခွဲခြားထားပါတယ်။

Bushu လေးတွေရဲ့ အမည်ကိုတော့
ထပ်မံပြီးရှင်းပြပေးပါမယ်။

ကျောင်းသားတွေကို ခန်းဂျိလေးတွေအပေါ်
လွယ်တယ်လို့မြင်စေချင်လို့ ပိုစ့်အရှည်ကြီး
မရေးပေးတာ နားလည်စေချင်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။
17-12-2017

17/12/2017

部首 (ぶしゅ)

ခန်းဂျိအမျိုးအစားတွေနဲ့ပတ်သက်ပြီးတော့
သေသေချာချာရှင်းပြပြီးပါပြီ။
အားလုံးသဘောပေါက်နားလည်လိမ့်မယ်လို့
ယုံကြည်ပါတယ်။

ဒီတစ်ခါဆက်ပြီးရှင်းပြပေးချင်တာကတော့
ခန်းဂျိရေးတဲ့အခါမှာ အရေးပါတဲ့ အပိုင်းငယ်လေးတွေရဲ့အကြောင်းပါ။
အဲဒါကို ဂျပန်လို Bushu (ぶしゅ) လို့ခေါ်ပါတယ်။
အင်္ဂလိပ်လိုပြောရရင်တော့ Radical လို့ခေါ်ပါမယ်။

ဒါဆိုရင် Bushu ဘယ်နှစ်မျိုးရှိလဲ။
ဘယ်နေရာတွေမှာ တွေ့ရလေ့ရှိလဲ။
ဘယ်လိုအမည်တွေရှိလဲဆိုတာကိုတော့
နောက်ထပ် ဆက်လက်တင်ပေးပါမယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။
17-12-2017

16/12/2017

仮借文字 (かしゃもじ)

ဒီတစ်ခါမှာတော့ ခန်းဂျိအမျိုးအစား (၆)မျိုးရဲ့
နောက်ဆုံးအမျိုးအစားကို ရှင်းပြခွင့်ပြုပါ။

Kasha Moji ဆိုတာကတော့
အသံထွက်ကိုသာ အဓိကရယူထားတဲ့ခန်းဂျိဖြစ်ပါတယ်။

ကဲ...ဥပမာလေးပေးလိုက်ပါတယ်။

亜=あ
米=め
利=り
加=か
ခန်းဂျိတစ်လုံးခြင်းစီမှာ ကိုယ်ပိုင်အသံထွက်လေးတွေရှိပါတယ်။
အဲဒီအသံထွက်လေးတွေကို ယူပြီး
မိမိလိုချင်တဲ့စာလုံးဖြစ်အောင် ပေါင်းစပ်လိုက်တာပါ။
အပေါ်မှာ ရှင်းပြထားတဲ့ ခန်းဂျိအသံထွက်လေးလုံးကို
ပေါင်းစပ်ပြီးရေးလိုက်တဲ့အခါမှာတော့ အမေရိကန်ဆိုတဲ့
ခန်းဂျိဖြစ်သွားပါတယ်။
亜米利加 = アメリカ

ထပ်ပြီးနားလည်သွားစေဖို့
နောက်ထပ်ဥပမာလေးတွေကိုပြောပြပေးပါမယ်။

亜=あ
細=じ
အပေါ်ကခန်းဂျိ ၂လုံးကိုပေါင်းစပ်ပြီး
ရေးသားလိုက်တဲ့အခါမှာတော့
亜細亜 =アジア
အာရှဆိုတဲ့ခန်းဂျိဖြစ်သွားပါမယ်။

英=いぎ
吉=り
利=す
အင်္ဂလန်နိုင်ငံကိုလည်းဒီလိုရေးပါတယ်။
英吉利=イギリス

ခန်းဂျိရဲ့အဓိပါယ်ကိုအဓိကမထားဘဲ
အသံကိုသာအဓိက ရယူပေါင်းစပ်တဲ့နည်းနဲ့
ဖြစ်ပေါ်လာတဲ့ခန်းဂျိစာလုံးတွေကို
Kasha Moji လို့ခေါ်ပါတယ်လို့ ပြောဆိုရင်း
ခန်းဂျိအမျိုးအစား (၆)မျိုးရှင်းလင်းမှုကို
နိဂုံးချုပ်လိုက်ပါရစေ။

အားလုံးကိုကျေးဇူးတင်ပါတယ်။
Admin (16-12-2017)

16/12/2017

転注文字 (てんちゅうもじ)

Tenchuu Moji ဆိုတာကတော့
ဆက်စပ်တွေးခေါ်မှုအရ ရေးသားသော
ခန်းဂျိစာလုံးများဖြစ်ပါတယ်။

ဥပမာပြောရရင်တော့.....

楽 = 音楽の曲の意味です。
အပေါ်ကခန်းဂျိလေးဟာ
မူလက တေးသီချင်းတွေကိုရေတွက်တဲ့အဓိပါယ်ဖြစ်ပါတယ်။
တေးသီချင်းလေးတွေကိုနားထောင်ရင်း
စိတ်ထဲမှာ သက်တောင့်သက်သာဖြစ်လာတယ်။
ပျော်ရွှင်မှုတွေဖြစ်ပေါ်လာစေတဲ့အတွက်ကြောင့်
နောက်ပိုင်းမှာ အဲဒီခန်းဂျိစာလုံးကိုဘဲ
သက်တောင့်သက်သာဖြစ်သောလို့ဆိုတဲ့
အဓိပါယ်ကို ဆက်စပ်တွေးခေါ်ခဲ့ပါတော့တယ်။

楽 = ~~ပုဒ်
(မူလ=သီချင်းပုဒ်ရေကိုရေတွက်ရာတွင်သုံး)

楽 = သက်တောင့်သက်သာ
(သီချင်းနားထောင်ရင်းဖြစ်လာသောခံစားချက်)

နောက်တစ်လုံးထပ်ပြီး ရှင်းပြပေးပါမယ်။

悪 = もともと悪いの意味です。
မူလကတော့ ဆိုးရွားတယ်၊ မကောင်းဘူးဆိုတဲ့ခန်းဂျိပါ။

မကောင်းတဲ့အရာတွေ၊ ဆိုးရွားမှုတွေကို
လူတွေဟာ တဖြည်းဖြည်းနဲ့ နှစ်သက်မှုမရှိဘဲ
မုန်းတီးစရာတစ်ခုအဖြစ် ထင်မြင်လာတဲ့အခါမှာတော့
အဲဒီခန်းဂျိလေးဟာ အဓိပါယ်နောက်တစ်မျိုး
ထပ်လို့တိုးလာပါတော့တယ်။

အဲဒီအဓိပါယ်ကတော့ မုန်းတီးခြင်း၊ အမုန်းဆိုတဲ့
悪む = にくむ ဆိုပြီး ဆက်စပ်အဓိပါယ်သို့
ပြောင်းလဲသွားခဲ့တာပါ။

ဒီလောက်ဆိုရင် Tenchuu Moji ဆိုတာကို
သဘောပေါက်နားလည်ပြီလို့ ယူဆပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။
Admin (16-12-2017)

15/12/2017

形声文字(けいせいもじ)

Keisei Moji ဆိုတာကတော့
ခန်းဂျိတွေရဲ့အစိတ်အပိုင်းလေးတွေပေါင်းစပ်ခြင်းမှ
ဖြစ်ပေါ်လာတဲ့ ခန်းဂျိတွေဖြစ်ပါတယ်။

ဥပမာပြောရရင်....

နေလုံး = 日
လက် = 手
ပြောသည် = 言
ဘုန်းကြီးကျောင်း= 寺

နေလုံး ကို ဘုန်းကြီးကျောင်းနဲ့ပေါင်းစပ်ရင် အချိန်၊ နာရီဖြစ်ပါတယ်။
日 + 寺  = 時

လက်ကို ဘုန်းကြီးကျောင်းနဲ့ ပေါင်းရင်တော့
ကိုင်ဆောင်သည်လို့ပြောင်းသွားပါတယ်။
手 + 寺  = 持

ပြောသည်ကို ဘုန်းကြီးကျောင်းနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့
ကဗျာဆိုတဲ့ခန်းဂျိဖြစ်သွားပါတော့တယ်။
言 + 寺  =  詩

ဆိုလိုတာက ဘုန်းကြီးကျောင်းဆိုတဲ့ခန်းဂျိလေးတစ်လုံးကနေ
အခြား ခန်းဂျိစာလုံးလေးတွေရဲ့ အစိတ်အပိုင်းလေးတွေနဲ့
ပေါင်းစပ်ခြင်းအားဖြင့် ခန်းဂျိစာလုံးအသစ်လေးတွေဖြစ်လာတဲ့
ခန်းဂျိမျိုးကို Keisei Moji လို့ခေါ်ပါတယ်။

(ကျေးဇူးတင်ပါတယ်။)

15/12/2017

会意文字 (かいい もじ)

Kaii moji ဆိုတာကတော့
အတွေးအခေါ်ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာသောခန်းဂျိများ
ဖြစ်ပါတယ်။

ဥပမာပြောရရင်တော့....
သစ်ပင်တစ်ပင်နဲ့ နောက်ထပ်
သစ်ပင်တစ်ပင်ပေါင်းစပ်လိုက်ရင်
သစ်တောဖြစ်သွားပါမယ်။

木 + 木 = 林
သစ်ပင် + သစ်ပင် = သစ်တော

နေ့ဘက်လင်းတဲ့ နေ ရယ်
ညဘက်မှာအလင်းဆောင်တဲ့ လ ရယ်
အဲဒီနှစ်ခုကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့
လင်းလက်သော ဆိုတဲ့ ခန်းဂျိဖြစ်လာပါတယ်။

日 + 月 = 明
နေ + လ = လင်းလက်သော

အဲဒီလိုအယူအဆ အတွေးအခေါ်မျိုးတွေပေါင်းစပ်ပြီး
ဖြစ်ပေါ်လာတဲ့ ခန်းဂျိတွေကိုတော့
Kaii moji (会意文字) လို့ခေါ်ပါတယ်။

(အားလုံးကို ကျေးဇူးတင်ပါတယ်။)

13/12/2017

指事文字 (しじもじ)

Shiji moji ဆိုတာကတော့
သဘောတရားကို အခြေခံပြီး ရေးထားတဲ့
ခန်းဂျိတွေဖြစ်ပါတယ်။

ဥပမာ။ ။ လက်တစ်ချောင်းထောင်ပြရင် တစ် ဆိုတာမျိုးပေါ့။
လက်နှစ်ချောင်းဆိုရင်တော့ နှစ်ပေါ့လေ။
လက်သုံးချောင်းဆိုရင် သုံးပေါ့။

အဲဒီလိုမျိုး လူတွေလက်ခံကျင့်သုံးတဲ့
သဘောတရားတွေကို အခြေခံပြီးရေးသားထားတာဖြစ်ပါတယ်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address


No. 6(B-1), Hledan, Zayar Thiri Street, Quarter (1), Kamayut Township
Yangon
111111