25/07/2026
1.8.2026 မှ 31.8.2026 အထိ တောက်လျှောက် Page Reply / သင်တန်းအပ်လက်ခံခြင်း နားထားမှာ ဖြစ်တဲ့အတွက်
2026 July Video Class တန်းခွဲတက်ရောက်ချင်သူများက 👉🏻 31.7.2026 ရက်နေ့ (ည 10:00 PM) 👈🏻 နောက်ဆုံးထားပြီး အတန်းအပ်နိုင်ပါသည်။
July တန်းခွဲကို အပ်ရန် မမီလိုက်ပါက နောက်တန်းခွဲအသစ်များကိုသာ စောင့်ရပါမည်။ 👇🏻👇🏻
🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑
👩🏻🏫 ဆက်လက်ဖွင့်လှစ်မည့် တန်းခွဲသစ်များ 👩🏻🏫
1️⃣ Video Online Class (2026 September တန်းခွဲ)
👉🏻 N5, N4, N3, N2, N1 (Video Class)
👉🏻 Start Date - 1.9.2026
👉🏻 သင်တန်းအပ်လက်ခံမည့်ကာလ - 1.9.2026 မှ 30.9.2026 အတွင်း
👉🏻 ကြိုတင်စာရင်းပေးခြင်း/အပ်ခြင်း ပြုလုပ်ရန်မလိုပါ။
(Video Class သည် လူဦးရေ မကန့်သတ်ဘဲ သင်တန်းအပ်လက်ခံသည့် ကာလသာ သတ်မှတ်ထားသောကြောင့် သက်ဆိုင်ရာအတန်း၏ သင်တန်းလက်ခံကာလ တလအတွင်း မိမိအဆင်ပြေသည့်အချိန်တွင် စတင်အပ်နှံပြီး တက်ရောက်လို့ရပါသည်။)
2️⃣ Video Online Class (2026 December တန်းခွဲ)
👉🏻 N5, N4, N3, N2, N1 (Video Class)
👉🏻 Start Date - 1.12.2026
👉🏻 သင်တန်းအပ်လက်ခံမည့်ကာလ - 1.12.2026 မှ 31.12.2026 အတွင်း
👉🏻 ကြိုတင်စာရင်းပေးခြင်း/အပ်ခြင်း ပြုလုပ်ရန်မလိုပါ။
(Video Class သည် လူဦးရေ မကန့်သတ်ဘဲ သင်တန်းအပ်လက်ခံသည့် ကာလသာ သတ်မှတ်ထားသောကြောင့် သက်ဆိုင်ရာအတန်း၏ သင်တန်းလက်ခံကာလ တလအအတွင်း မိမိအဆင်ပြေသည့်အချိန်တွင် စတင်အပ်နှံပြီး တက်ရောက်လို့ရပါသည်။)
3️⃣ အပြင်သင်တန်း
👉🏻 2026 December Offline Class / အပြင်သင်တန်း
(N5,N4,N3 level)
👉🏻 ကြိုတင်စာရင်းပေးခြင်း/အပ်ခြင်း ပြုလုပ်ရန်မလိုပါ။
(1.12.2026 ရက်နေ့မှ အတန်းအပ်လက်ခံရန် ကြေငြာမည်ဖြစ်ပြီး ထိုနေ့မှစတင်၍ ဦးရာသူစနစ်ဖြင့် အတန်းအပ်လက်ခံသွားပါမည်။)
🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑
I.G.M တွင် သင်တန်းတက်ရောက်လိုပါက သင်တန်းနှင့်ပက်သက်သော အကြောင်းအရာများကို မဖြစ်မနေ နားလည်သိရှိထားရန်လိုအပ်ပါသည်။
1️⃣သင်ကြားမည့်ဖတ်စာအုပ်များ
https://www.facebook.com/100064643714005/posts/1319214606909984/?app=fbl
2️⃣Video Class သင်ကြားပုံ
https://www.facebook.com/100064643714005/posts/1319216683576443/?app=fbl
3️⃣သင်တန်းစည်းကမ်းချက်များ
https://www.facebook.com/100064643714005/posts/1319219856909459/?app=fbl
အခု ဒီပို့စ်နဲ့အတူ ဘာလို့ Page reply နားထားရလဲဆိုတဲ့ အကြောင်းအရင်းကို ပြောပြပေးချင်ပါတယ်။ လက်ရှိ Page reply ပြန်နေသူတွေအကုန် IGM က ဆရာ၊ဆရာမတွေ ဖြစ်ပါတယ်။ ကျောင်းရဲ့ လက်ရှိ Video Online Class နဲ့ ပတ်သက်တဲ့ အားသာချက်၊ အားနည်းချက်နဲ့ လုပ်ရမယ့်လုပ်ငန်းစဉ်အကုန်လုံးကို သေချာ နှံ့နှံ့စပ်စပ် သိထားကြသူတွေမို့ ကျွန်မတို့ကိုယ်တိုင်ပဲ reply ပြန်ပါတယ်။
ကျွန်မတို့ကိုယ်တိုင် reply ပြန်တဲ့အခါ အတန်းတွေရဲ့ အားနည်းချက်တွေကို အမြန်ဆုံး ပိုကောင်းအောင်၊ ကျောင်းသားတွေအတွက် အမြန်ထိရောက်အောင် လုပ်ပေးနိုင်မယ်လို့လည်း ယုံကြည်လို့ပါ။
Page reply နားထားတဲ့ကာလမှာတော့ အဲ့ဒီ့ အားနည်းချက်တွေကို ပြင်ဆင်တာတွေ၊ အတန်းတွေအတွက် လိုအပ်မယ်ထင်တဲ့ Course အသစ်၊ Lessons အသစ်တွေ ဖန်တီးတာတွေအတွက် စသဖြင့် ပြင်ဆင်ဖို့ အချိန်ယူကြပါတယ်။
မကြာခင်မှာ JLPT results တွေ ထွက်ပြီး ကျောင်းသားတွေကို ဆုချမယ့်အချိန်လည်း ရောက်လာတော့မှာပါ။ ပြီးခဲ့တဲ့ Results တွေမှာ အောင်မြင်သူ အနည်းဆုံး လူ 200 ကျော်ကနေ 300 ကျော်အထိ ရှိတာမို့ စာရင်းယူရတာ အရမ်းများပါတယ်။
ကျောင်းသားတယောက်ချင်းစီရဲ့ ကြိုးစားမှုကို ဂုဏ်ပြုဖို့ စာရင်းယူတာ၊ ဆရာတွေကိုယ်တိုင် တာဝန်ခွဲပြီး ဆုငွေလွှဲပြောင်းတာတွေ လုပ်ရပါတယ်။ မမှားအောင် သေချာဂရုတစိုက်လုပ်ကြရပါတယ်။
အဲ့ဒီ့အတွက် IGM ကျောင်းအနေနဲ့ Page reply ကို သတ်မှတ်ထားတဲ့ကာလအတွင်းမှာပဲ reply ပြန်တာကို နားလည်ပေးဖို့ တောင်းဆိုပါတယ်ရှင်။ 🙇♀️🤍
ကိုယ်က ဘယ် JLPT/Nat-Test Exam ကို Target ထားပြီး လေ့လာသွားမှာလဲ....ပုံမှန်အေးဆေးလေး လေ့လာသွားချင်တာလား။ ၄လအတွင်း အမြန်လေ့လာနိုင်သူလား စသဖြင့် ကိုယ်နဲ့ ကိုက်ညီမယ့်တန်းခွဲကို ကိုယ့်လေ့လာသွားမယ့် ပုံစံနဲ့ ချိန်ညှိပြီး ကြေညာထားတဲ့တန်းခွဲတွေကို အမြန်ဆုံး ရွေးချယ်အပ်နှံသွားဖို့ Request လုပ်ပါတယ်ရှင်။
IGM ကို ယုံယုံကြည်ကြည် ရွေးချယ်တက်ရောက်ပေးသူ ကျောင်းသား၊ကျောင်းသူ တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။
ပိုမိုကောင်းမွန်တဲ့ ကျောင်းတခုဖြစ်အောင် ဆက်လက်ကြိုးစားသွားပါ့မယ်ရှင်။
皆様、どうもありがとうございました。🙇♀️🤍