14/01/2023
“ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်မှ
ကျောင်းသား၊သူများ၏ ကြားကာလပညာရေးအစီအစဥ်များအပေါ် သဘောထားစစ်တမ်း ကောက်ယူခြင်း “
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာကို အာဏာရူးတစ်စုနှင့် ၎င်းတို့၏ လက်ပါးစေများမှ မတရားသဖြင့် သိမ်းယူသည့် အခြေအနေပေါ်တွင် ပညာရေးသပိတ်မှောက်မှုများမှ ပေါ်ထွက်လာပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြသည့်
အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်မှ ကျောင်းသား၊သူများအနေဖြင့် ကြာကားလ
ပညာရေးအစီအစဉ်များ အကောင်ထည်ဖော်ဆောက်ရွက်နိုင်ရန် မိိမိတို့၏ သဘောထားအမြင်များကို အချိန်(၅)မိနစ်ပေး၍ ဖြေဆိုပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
တော်လှန်ရေးကာလအတွင်း ပညာရေးကဏ္ဍ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ကြပြီး အကျပ်အတည်းများကြားမှာ ကြံ့ကြံ့ခံ ရင်ဆိုင်တိုက်ပွဲဝင်ပေးနေတဲ့ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများကို မိမိတို့ကျောင်းကောင်စီမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။
အောက်ပါစစ်တမ်းအား (၁၄၊ ၁၊ ၂၀၂၃)နေ့မှ (၂၀၊ ၁၊ ၂၀၂၃)နေ့အထိ ကောက်ခံသွားမည်ဖြစ်ပါသည်။
Link >>> https://forms.gle/HWZEkhjjz3WrMThv7
02/09/2021
Associate degree ဆိုတဲ့ အခေါ်အဝေါ်တစ်လုံးရှိတယ်၊ သူက ဘာကိုပြောတာလည်းဆိုတော့ undergraduate မှာ ၂ နှစ် သို့မဟုတ် ၃ နှစ် သင်ပြီးသား ကျောင်းသားကျောင်းသူတွေကို ပေးတဲ့ ဘွဲ့ အမျိုးအစားတစ်ခုဖြစ်တယ်။ အစရှိတဲ့ idea နဲ့ပတ်သက်ပြီး My Day အတော်များများမှာတွေ့ရပြီး နောက်တစ်ဆင့်ဖြစ်အောင် ဒီ သဘောထားsurvery ကို ကောက်ယူချင်ပါတယ်။
Associates Degree နဲ့ပတ်သက်ပြီး သဘောထားကောက်ယူချင်လို့ ဒီ Survey လေးကို NMDC ရဲ့ major လေးခုလုံးဖြေနိုင်အောင်လုပ်ပေးထားပါတယ်။ ကျောင်းပြီးသွားတဲ့ senior တွေပါ ဖြေလို့ရပါတယ်ခင်ဗျာ။
Survey Response က လက်ရှိကျောင်းသားအရေအတွက်အတိုင်းဆိုရင်တော့ ကျောင်းInterim Council ကို တောင်းဆိုရတာ ပိုအားရှိတာမလို့ ကိုယ့်နဲ့သက်ဆိုင်တဲ့ batch တွေမှာ EC/ SR/ တာဝန်သိ ကျောင်းသားကျောင်းသူတွေက ဦးဆောင်ပြီးဆက်လက် ဖြေဖို့တိုက်တွန်းပေးကြပါခင်ဗျာ။
Associate's degree Introductory Survey for NMDC
07/05/2021
BBM မေဂျာမှ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်ကျောင်းသားကျောင်းသူများ၏သဘောထားထုတ်ပြန်ကြေညာချက်
04/05/2021
BBM မေဂျာမှ စတုတ္ထနှစ်ကျောင်းသားကျောင်းသူများ၏ထုတ်ပြန်ကြေညာချက်
02/04/2021
31.3.2021 တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်စစ်အုပ်စုမှ Shinhan bank Ferry ကို ပစ်ခတ်၍ ဦးခေါင်းကျည်ထိမှန်ခဲ့တဲ့ NMDC, BBM 2nd batch မှ အစ်မ မစု** သည် ယနေ့နံနက် (၂.၄.၂၀၂၁) ၉နာရီဝန်းကျင်တွင် ကွယ်လွန်သွားကြောင်းသိရှိရသဖြင့် BMSAမှ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။
ရန်ကုန်တွင် ယနေ့ချက်ချင်းသဂြိုဟ်မှာ ဖြစ်ကြောင်းသိရှိရပါသည်။
အစ်မအတွက် နာရေးအလှူငွေ လှူဒါန်းလိုပါက BMSA chatbox မှာ စုံစမ်းမေးမြန်းနိုင်ပါသည်။
အေးချမ်းစွာအနားယူပါတော့ အစ်မရေ 😞
16/03/2021
BBM ကျောင်းသားကျောင်းသူများမှ CDM ပြန်ဖြုတ်သော ဒေါ်လဲ့လဲ့ဝေနှင့်ပတ်သက်၍ သဘောထားကြေညာချက်
05/02/2021
အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် ဆရာ ဆရာမ (၇၅ % ) တို့က သီးခြားလွတ်လပ်သော ဆန္ဒဖြင့် စုပေါင်းသဘောထား ထုတ်ပြန်ကြေညာချက်
Civil Disobdience Movement မှာပါဝင်လာတဲ့ NMDC မှ 75% သောဆရာ၊ဆရာမများကို BBM ကျောင်းသူ ကျေင်းသားများ အားလုံးအနေဖြင့် လေးစားဂုဏ်ယူသလို ကျောင်းသူကျောင်းသားများအားလုံးကလည်း တီချယ်တို့နဲ့အတူ ရပ်တည်သွားမယ်လို့ ကတိပြုပါတယ် 🙏❤️
04/02/2021
Business Management students from National Management Degree College are portraying the three-finger salute to reject the unlawful coup and to express their need for a true democracy in Myanmar !
တရားမျှတသော လွတ်လပ်ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေစီကို လိုလားသည့် ကျွန်တော်/ကျွန်မတို့ Business Management (စီးပွါးရေးဆိုင်ရာ စီမံခန့်ခွဲမှုအတတ်ပညာ) ကျောင်းသူကျောင်းသားဟောင်းများသည် မတရားသော စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း သင်္ကေတဖြစ်သည့် လက်သုံးချောင်းထောင်ကာ ဆူပူအုံကြွမှုမရှိပဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပါသည်။
လက်နက်အားကိုးအာဏာသိမ်းခြင်းသည် ပညာရပ်ဆိုင်ရာလွတ်လပ်ခွင့်ကို လွှမ်းမိုးအမှောင်ဖုံးမည်ဖြစ်ကြောင်း၊ မတရားမှုလွှမ်းမိုးချိန်တွင်နှုတ်ဆိတ်နေခြင်းက ဖိနှိပ်သူကို အားပေးခြင်းဖြစ်ကြောင်း ဆရာ/ဆရာမများက ပိုမိုနားလည်မည်ဟု ယုံကြည်ပါသည်။
ထို့ကြောင့် ဆရာ/ဆရာမများအပါအဝင် ပြည်သူ့ဝန်ထမ်းများအနေဖြင့် စစ်အာဏာရှင်တို့၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုတွင် ပါဝင်ခြင်းမပြုပဲ Civil Disobedience Movement တွင်ပါဝင်ကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုပြုပေးကြရန် တိုက်တွန်းအပ်ပါသည်။
03/02/2021
စီးပွားရေးနှင့် စီမံခန့်ခွဲမှုကျောင်းသား ကျောင်းသူများ၏ သဘောထားထုတ်ပြန်ချက်နှင့် ဆရာ ဆရာမများအား တောင်းဆိုချက်
03/02/2021
အာဏာရှင်ဆန်သော လုပ်ရပ်များကို ရှုတ်ချခြင်းနှင့်
Civil Disobdience Movement အား ထောက်ခံကြောင်း BBM ကျောင်းသားဟောင်းများမှ သဘောထားဆန္ဒထုတ်ဖော်ခြင်း