22/08/2026
📷မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့သော Dek NCU Sport Day 2026 ပွဲအခမ်းအနားမှ ကြည်နူးဖွယ် အမှတ်တရပုံရိပ်များကို ပြန်လည်မျှဝေပေးလိုက်ပါသည်။

🏫မြောက်ပိုင်းချင်းမိုင်တက္ကသိုလ် (North-Chiang Mai University - NCU) ၌ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးကို မြှင့်တင်ပေးရန်၊ အချင်းချင်း ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်နှင့် အသင်းအဖွဲ့ဖြင့် ပူးပေါင်းလုပ်ဆောင်နိုင်မှုစွမ်းရည်များ တိုးတက်စေရန် ရည်ရွယ်၍ “Dek NCU Sport Day 2026” အားကစားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။🏅
မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်
မြန်မာပြည်ဌာနေကိုယ်စားလှယ်ရုံး