MOTI & NOTI

MOTI & NOTI

Share

TWO SIDE EDGES

19/09/2024

" ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့
နည်းလမ်းနဲ့ စည်းကမ်းလိုတယ် "

ကိုယ့်ဘဝနဲ့ကိုယ်နဲ့
တစ်သားတည်းဖြစ်နေတာအောင်မြင်တဲ့ဘဝပဲ။
ငွေတွေကျိကျိတက်ချမ်းသာပြီး ပူလောင်နေတာမျိုး တွေ့ဖူးလိမ့်မယ်။

ပညာတွေတက်ပြီး လောကကြီး
ကိုယ်ဖြစ်စေချင်သလို လူ့အဖွဲအစည်းက
မလည်ပတ်တဲ့အတွက် ဒေါသတွေများပြီး
သောကတွေများ အပြစ်တွေပြောပြီး
ပူလောင်နေတာတွေ့ဖူးလိမ့်မယ်။

လုပ်ငန်းခွင်မှာအောင်မြင်ပြီး ကိုယ့်နေရာ
သူများလုမှာ စိုးတဲ့အတွက် ပူလောင်မှုတွေနဲ့
ဖြတ်သန်းနေရာတာ တွေ့ဖူးလိမ့်မယ်။

ဘဝမှာ ကျောချစရာကောင်းကောင်းတစ်ခု
ဘဝအတွက် အိုစာမင်းစာမပူရတဲ့
ကိုယ့်ဘဝနေထိုင်မှုအတွက် ဖူလုံစေမယ့်အရာတစ်ခု
ကိုယ်ချစ်တဲ့ အလုပ်ကို နေ့စဉ်လုပ်နေပြီး ကိုယ့်ဘဝနဲ့
ကိုယ်တစ်သားတည်းကျနေတာ အောင်မြင်မှုလို့ပဲ
ပုဂ္ဂလိကခံယူထားကြည့်တယ်။

ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့ နည်းလမ်းနဲ့ စည်းကမ်းလိုတယ်။
ဖြစ်နေတာကို စိတ်ကျေနပ်ဖို ကိုယ့်ကိုယ်ကိုယ်နားလည်ဖို့ လိုတယ်။

18/09/2024

" ကိုယ့်နှလုံးသားအသံ ပြန်နားထောင်ဖို့လိုတက်တယ် "

လူမှုကွန်ရက်ကိုပဲကြည့်ပြီး
တခြားသူတွေက အလုပ်ဖြစ်နေပြီး
ငါလုပ်နေတာ မှားနေပြီလားလို့ မစဉ်းစားလိုက်နဲ့။

အပြင်ကိုပဲကြည့်တာက
ပုံရိတ်ယောင်တွေကို
အစစ်ထင်နေတက်တယ်။
ကိုယ့်နှလုံးသားအသံ ပြန်နားထောင်ဖို့လိုတက်တယ်။

ကိုယ့်ရဲ့ မပြီးသေးတဲ့ပန်းချီကားနဲ့
တခြားသူရဲ့ ပြီးတော့မယ့် ပန်းချီကား
သွားနှိုင်းယှဉ်ပြီး စိတ်မညစ်နဲ့။

17/09/2024

" ဘဝကို အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းချင်ရင် "

လူတိုင်းကို ပြင်ပေးချင်တဲ့စိတ်ကို ဖျောက်ပါ။
လူတိုင်းကို စိတ်ကျေနပ်စေချင်တဲ့ စိတ်ကိုဖျောက်ပါ။
စတိဗ်ဂျော့စ်ပြောသလို လူတိုင်းကိုပျော်စေချင်ရင် Ice-cream ရောင်းတဲ့။

လူတိုင်း ကိုယ့်ကိုသဘောကျမှာမဟုတ်ဘူး။
ကိုယ်ဘယ်လောက်လုပ်ပေးလုပ်ပေး လူတိုင်း ကိုယ့်ကို
Appreciate လုပ်မှာမဟုတ်ဘူး။
ကျေးဇူးတင်တက်မှာ မဟုတ်ဘူး။
ဒါကြောင့် ဘဝမှာလမ်းချင်းတူရင် လူချင်းတွေ့လိမ့်မယ်လို့ပဲ အမြဲခံယူထားတယ်။

လူတွေကို ပြင်လည်မပေးချင်ဘူး။
ကိုယ့်ကိုယ်ကိုယ်တောင် တော်တော်ပြင်ယူနေရတာ။
လူတိုင်းကိုလည်း စိတ်ကျေနပ်အောင်တအားကြိုးစားမနေတော့ဘူး။
ဘဝမှာ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးတစ်ခုထားတဲ့အခါ
ကိုယ့်ကို ကိုယ့်လိုတန်ဖိုးထားတဲ့သူတွေနဲ့ပဲ တွေ့ချင်တော့တယ်။
အမြဲခံယူထားတာ ကိုယ်နဲ့သိလို့ မနစ်နာသွားစေရဘူး။

13/08/2024
Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon