Engr. Daw Khine Lae Phyu - စာသင်ဝိုင်း

Engr. Daw Khine Lae Phyu - စာသင်ဝိုင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Engr. Daw Khine Lae Phyu - စာသင်ဝိုင်း, Tutor/Teacher, 127 Street, Yangon.

Grade4 မှာထဲက ဒါလေးတွေသိထားမယ်စိုရင် သားသားမီးမီးတို့ measurement နဲ့ပတ်သက်ရင် အဆင်ပြေသွားလိမ့်မယ်Engr. Daw Khine Lae Ph...
03/02/2023

Grade4 မှာထဲက ဒါလေးတွေသိထားမယ်စိုရင်
သားသားမီးမီးတို့ measurement နဲ့ပတ်သက်ရင် အဆင်ပြေသွားလိမ့်မယ်

Engr. Daw Khine Lae Phyu - စာသင်ဝိုင်း
AlinTan - အလင်းတန်း Education Center

အတန်းသစ်များစတင်လက်ခံသင်ကြားနေပြီနော်
တန်းခွဲသစ်များစုံစမ်းနိုင်ပါပြီရှင့်

☎️ 09.796219921

22/01/2023
AlinTan - အလင်းတန်း Education Center
22/01/2023

AlinTan - အလင်းတန်း Education Center

AlinTan - အလင်းတန်း Education Center Page အသစ်လေးကို Like and share လေးလုပ်ပေးပါရှင့်
17/01/2023

AlinTan - အလင်းတန်း Education Center

Page အသစ်လေးကို Like and share လေးလုပ်ပေးပါရှင့်

 #တီထွင်မှု၈၂မျိုး🏆 တီထွင်သူ🕵️နဲ့ ခုနှစ်🗓️တီထွင်မှု               တီထွင်သူ                    ခုနှစ်၁။လေဘရိတ်      ဝက်စတ...
17/01/2023

#တီထွင်မှု၈၂မျိုး🏆 တီထွင်သူ🕵️နဲ့ ခုနှစ်🗓️
တီထွင်မှု တီထွင်သူ ခုနှစ်
၁။လေဘရိတ် ဝက်စတင်းဟောက်စ် ၁၈၆၈
၂။လေအေးပေးစက် ကယ်လဗင် ၁၈၅၂
၃။လေယာဉ်ပျံ ရိုက်ညီနောင် ၁၉၀၃
၄။အပ်ခ်လိုက် ဒေဗီ ၁၈၀၈
၅။အော်တိုဖုန်း စထရိုဂါ ၁၈၈၉
၆။မီးပုံးပျံ မွန်ဂိုလဖိုင်ယာညီနောင် ၁၇၈၃
၇။ဗက်ဆီမာသံမဏိ ဗက်ဆီမာ ၁၈၅၅
၈။စက်ဘီး လေးလ်မင့် ၁၈၅၅
၉။ဗန်ဆင်မီးခွက် ဗန်ဆင် ၁၈၅၅
၁၀။ဂဏန်းတွက်စက် ဖဲ့လ်တ် ၁၈၈၉
၁၁။မြေတွန်းစက် ဟို့လ်တ် ၁၉၀၃
၁၂။ဆဲလူလွိုက် ဟိုင်းယက် ၁၈၇၀
၁၃။ဆေးရောင်စုံဓာတ်ပုံ လစ်ပမင်းအိုက်ဗ် ၁၈၉၂
၁၄။ကွန်ပေါင်းမှန်ဘီလူး ဂျန်ဆင် ၁၅၉၀
၁၅။ဝါဖက်စက် ဝှစ်တနီ ၁၇၉၂
၁၆။ဒဂါရိုဓာတ်ပုံ ဒဂါး ၁၈၃၉
၁၇။ဒီဇယ်အင်ဂျင် ဒီဇယ် ၁၈၉၆
၁၈။ဓာတ်ပြား ကာလင်းနား ၁၈၈၇
၁၉။ဒိုင်းနမိုက် နိုဗယ် ၁၈၆၇
၂၀။ဒိုင်နမို ဖာရာဒေး ၁၈၃၁
၂၁။လျှပ်စစ်အပ်ခ်မီးအိမ် ဘရပ်ရှ် ၁၈၇၈
၂၂။ဓာတ်လှေကား အိုးတစ်ကုမ္ပဏီ ၁၈၈၇
၂၃။လျှပ်စစ်ပန်ကာ ဝှီးလား ၁၈၈၆
၂၄။လျှပ်စစ်မီးဖို ဆီးမင်း ၁၈၇၇
၂၅။လျှပ်စစ်မီးလုံး အက်ဒီဆင် ၁၈၇၉
၂၆။လျှပ်စစ်မော်တာ ပါချီနိုတီဂရမ်း ၁၈၇၃
၂၇။လျှပ်စစ်ဘက်ထရီ ပလန်တေး ၁၈၆၀
၂၈။လျှပ်စစ်သံလိုက် ဟင်နရီ ၁၈၂၈
၂၉။အီသာဓာတ်ငွေ့. ဝါရင်းမော်တင် ၁၈၄၆
၃၀။ဓာတ်ဆီမော်တော်ကား ဒိမ်မလာဘင့်ဇ် ၁၈၈၄
၃၁။ဓာတ်ဆီချက်နည်း ရစ်တမန်းဘာတန် ၁၉၁၅
၃၂။စက်မဲ့လေယာဉ် လီလီယင်သယ် ၁၉၇၇-၇၈
၃၃။ဂျိုင်ရိုကွန်ပါ အန်းရှုတ်ဇ် ၁၉၀၆
၃၄။ဂျိုင်ရိုစကုပ် ဘိုနင်ဘာဂါ ၁၈၁၇
၃၅။ကြက်ပေါင်စေးအမာ ဟင်းဘော့ ၁၈၄၄
၃၆။ရေယာဉ်ပျံ ကားတစ် ၁၉၁၁
၃၇။ရေခဲလုပ်နည်း ကယ်ရီ ၁၈၆၀
၃၈။ဒုန်းကလားစက် လေးနား ၁၈၉၇
၃၉။သိုးမွေးစက် လေးဗ် ၁၈၆၃
၄၀။ဇာထိုးစက် ဟိကုပ် ၁၈၀၉
၄၁။လိုင်နိတိုက်စာစီစက် မာဂျင်သေလာ ၁၈၈၃
၄၂။မီးခြစ် ဝေါ့ကားဟိုလ်ဒင် ၁၈၂၇-၂၉
ဂျနော့အီရင်ယီ ၁၈၂၉
၄၃။မာဆရိုက်ချည်ရက်နည်း မာဆာ ၁၈၅၀
၄၄။ရုပ်ရှင် အက်ဒီဆင် ၁၈၉၃
၄၅။ရုပ်ရှင်ပြစက် ဂျင်းကင်း ၁၈၉၄
၄၆။ရေနံတူးစက် ဒရိတ် ၁၈၅၉
၄၇။ဓာတ်စက် အက်ဒီဆင် ၁၈၇၇
၄၈။ဓာတ်ပုံနဂ္ဂတစ် တယ်လဗော့ ၁၈၃၉
၄၉။ဓာတ်ပုံပညာ နိစ်ပ် ၁၈၂၇
၅၀။လေထိုးကြက်ပေါင်စေးတာယာ ဒန်းလော့ ၁၈၈၈
၅၁။စန္ဒယား ဝှုက်ထရီမန်း ၁၈၉၅
၅၂။ရေဒီယိုဓာတ်ပုံ အာရ်စီအေကုမ္ပဏီ ၁၉၂၄
၅၃။လေထိုးတာယာ သော်မဆင် ၁၈၄၅
၅၄။ဘိလပ်မြေ. အက်စ်ပဒင် ၁၈၂၄
၅၅။ကျောက်တောင်ဖောက်လွန်ပူ ကောက်ခ်ျ ၁၈၄၉
၅၆။ရေဒီယို မာကိုနီ ၁၈၉၆
၅၇။ရေဒီယိုမီးလုံး ဒီဖောရက်စ် ၁၉၀၇
၅၈။သံလမ်းပြေးမီးရထား ထရီဗီသစ် ၁၈၀၄
၅၉။ရေယွန်ပိုးတု အော်ဒီမား ၁၈၅၅
၆၀။ကောက်ရိတ်စက် မက်ကောမစ် ၁၈၃၁
၆၁။ခြောက်လုံးပြူး ကော့လ်ထ် ၁၈၃၅
၆၂။ပတ်လည်ပုံနှိပ်စက် ဝိုး ၁၈၄၇
၆၃။ဝက်အူရစ်ငမန်းယက် အဲရစ်ဆင် ၁၈၃၉
၆၄။အပ်ချုပ်စက် ဟိုး ၁၈၄၅
၆၅။ဗိုင်းငင်စက် အပ်ခရိုက် ၁၇၆၉
၆၆။ဗုင်းငင်စက် ဟားဂရိ ၁၇၆၄
၆၇။မီးသင်္ဘော ဖူလတန် ၁၈၀၇
၆၈။ရေနွေးငွေ့အင်ဂျင် ဝပ် ၁၈၆၉
၆၉။တာဘိုင်ရဟတ်စက် ဒီလာဘဲလ် ၁၈၈၂
၇၀။ခေတ်မီရေငုပ်သင်္ဘော ဟော်လန်နိုင်ငံ ၁၈၈၇
၇၁။ရှေးဦးရေငုပ်သင်္ဘော ဘွတ်ရှနယ် ၁၇၇၃
၇၂။ရေအောက်ကြေးနန်း မော့စ် ၁၈၄၂
၇၃။အသံထွက်ရုပ်ရှင် ကိတ်စ် ၁၉၂၆
၇၄။သံကြိုး(ကြေးနန်း) မော့စ် ၁၈၃၇
၇၅။တယ်လီဖုန်း ဘဲလ်(ဂရေဟမ်ဘဲလ်) ၁၈၇၆
၇၆။ရုပ်မြင်သံကြား ဘတ် ၁၉၂၇
၇၇။စပါးလှေ့စက် မိတ်ကယ် ၁၇၈၆
၇၈။လျှပ်စစ်ထရော်လီကား ဗင်ဒီပိုး ၁၈၈၄
၇၉။တန်စတင် မီးစာ ကူးလစ် ၁၉၀၆
၈၀။တွင်ခုံ ရော်ဗင်လောရင့်စ် ၁၈၅၄
၈၁။လက်နှိပ်စက် ရှို းလ် ၁၈၆၇
၈၂။ဆလင်ဒါ၂လုံးအင်ဂျင် ဘလပ် ၁၈၇၉

AlinTan - အလင်းတန်း Education Center

ေးပါသည်

16/01/2023

မြန်မာတွေ အသံလှယ် မွေးစားထားပြီး မြန်မာစကား ဖြစ်နေပြီ်လို့ ကျနော် ယူဆမိခဲ့တဲ့ အစားအသောက် (အစားအသောက်) စာရင်းဖြစ်ပါတယ်။ ကျနော် သိသမ ျှအပေါ်မှာ မိတ်ဆွေများက ဖြည့်စွက်ထားတာ ဖြစ်ပါတယ်။ ထပ်မံဖြည့်စွက်ပေးစေလိုပါတယ်။

၁။ နံပြား (Naan) from Persia
၂။ ပလာတာ (Paratha)from Hindi
၃။ စမူဆာ (Samosa) from Persia
၄။ ဒန်ပေါက် (Dum pukht) fron Persia
၅။ ပေါက်စီ (Baozi) from Cantonese
၆။ အီကြာကွေး (iû-chiā-kóe) from Southern Fujian
၇။ မြီးရှည် (Mǐ xiàn) from Pinyin
၈။ ကော်ဖီ (Coffee)
၉။ အရက် (Araq) from Arabic
၁၀။ တိုရှည် (Dosa) from Tamil
၁၁။ ချာပါတီ (Chapati)from Hindi
၁၂။ ပူရီ(Puri)from Hindi
၁၃။ ခေါက်ဆွဲ (Khao Soy) from Tai
၁၄။ မာလာရှန်းကော (Mala xiang guo) from Sichuan
၁၅။ ဖာလူဒါ (Faloodeh) from Persia
၁၆။ ဟာလဝါ (Halva) from Middle East
၁၇။ သာကူ (Sago)from Penang
၁၈။ မုန့်ကုလားမဲ (Caramel) from Portuguese
၁၉။ ဒိန်ချဉ် (Dahi)from Indian Continent
၂၀။ ခါးပတ် (Kebab)from Middle East
၂၁။ စွပ်ပြုတ် (Soup)
၂၂။ ကီးမား (Kemma)from Indian Continent
၂၃။ စပျစ် (Zabib) from Arabic
၂၃။ ဘာလချောင် (Belacan) from Penang
၂၄။ ဘိလပ်ရည် (Vilayat) from Urdu
၂၅။ တို့ဟူး (Dòufu)from Pinyin
၂၆။ ဘီးစတိတ် (Beef steak)
၂၇။ ကုန်းဘောင်ကြီးကျော် (Gong Bao) from Sichuan
၂၈။ မဆလာ (Masala)from Hindi
၂၉ ။ ဂေါ်ဖီထုပ် (Gobhee) from Hindi
၃၀။ ဆာတေး (Satay) from Penang
၃၁။ လေချူသီး (lìzhī) from Guangdong
၃၂။ စတော်ဘယ်ရီ (Strawberry)
၃၃။ အာပုံ (Appam) from Northern India
၃၄။ ဘယာကြော် (Vada) from Hindi
၃၅။ ကိတ်မုံ့ (Cake)
၃၆။ ဘီစကစ် (Biscuit)
၃၇။ စီးကရက် (Cigarette)
၃၉ ။ ခါဂျက်ဥ (Gaajar) From Hindi
၄၀။ မင်းဂွတ်သီး (Manggis) from Malay
၄၁။ နာနတ်သီး (Nanas) from Malay
၄၂။ ဒူးရင်းသီး (Duren) from Javanese
၄၃။ ခနုံထုပ် (Khanom) from Thai
၄၄။ ကူလ်ဖီး (Kulfi) from Tamil
၄၅။ အာလူး (Aloo) from Hindi
၄၆။ နံကထိုင် (Nankatai) from Urdu
၄၇။ ဂျလေဘီ (Jalebi) from Hindi
၄၈။ စတူး (Stew)
၄၉ ။ ကတ်တလိပ်(Cutlet) from Hindi
၅၀။. ပါ့ဖ် (Puff)
၅၁။ မြူစွမ် (Misua) from Fujian
၅၂။ မလိုင် (Malai) from Bengali
၅၃။ ကြာညို့ (Jiang you) from Cantonese
၅၄။ ဆနွင်းမကင်း (Khanom mo kaeng) from Thai
၅၅။ ပူတင်း (Pudding)
၅၆။ စွန်ပလွန်သီး (Zaghloul) from Arabic
၅၇။ ငံပြာရည် (N̂ảplā) from Thai
၅၈။ ဂျယ်လီ (Jelly)
၅၉။ မုန့်လက်ဆောင်း (Lot Chong)from Thai
၆၀။ သကြား (Sugar)
၆၁။ ပေါင်မုံံ့(Bun)
၆၂။ ဆိုဒါ (Soda)
၆၃။ ကော်ပြန့် (Popiah) from Fujian
၆၄။ ကြည်တင် (Ji ding) from Sichuan

How I select to put in the list
၁။ အသံလှယ် မွေးစားတယ်လို့ ကျနော် ပြောထားပါတယ်။ Tea က လဖက်ရည်ဖြစ်လို့ အသံမလှယ်ပါ။ Coffee က ကော်ဖီ ဖြစ်လုိ့ အသံလှယ်ပါတယ်။
၂။ အစားအသောက်များကိုသာ ကန့်သတ် ရွေးချယ်ပါတယ်။
၃။ ထည့်မယ်ဆိုရင် စကားလုံး ဇစ်မြစ်ကို ဆွေးနွေးထားတဲ့ reference တစ်ခုခု အရင်ရှာပါတယ်။ reference မတွေ့ရင် မထည့်ပါ။ ကျနော် အစားအသောက် ဒါမှမဟုတ် ဘာသာစကား ကျွမ်းကျင်သူ မဟုတ်လို့ ဖြစ်ပါတယ်။
၄။ ဒီဘက်ခေတ်မှ ခေတ်စားလာတဲ့ Kimche ဆိုတဲ့စကားလုံးမျိူးကို မထည့်ထားပါ။ ကိုးရီးယား ဇစ်မြစ် ဆိုတာ အများစု သိပါတယ်။ ဟာလဝါကို ငယ်ငယ်ထဲက ပုသိမ် ဟာလဝါနဲ့ တွဲပြီး မြန်မာအစားအစာလို့ ကျနော် ထင်ထားတာ တကယ်က မဟုတ်ပါ။ မုံ့ကုလားမဲလဲ ကျနော် မြန်မာစကား ထင်မိခဲ့ပါတယ်။ အဲဒီလိုမျိူး ဇစ်မြစ် မြန်မာစကားလို ဖြစ်နေတယ် ထင်တာမျိူးတွေကို ထည့်ပါတယ်။
၅။ ကျနော့် ရွေးချယ်မှူသာ ဖြစ်ပါတယ်။ မှန်တယ်လို့ ကျနော် မပြောပါ။

Crd to the original writer,Tin Latt

AlinTan - အလင်းတန်း Education Center

Graph of functionsCrd; Math LoveAlinTan - အလင်းတန်း Education Center
16/01/2023

Graph of functions

Crd; Math Love

AlinTan - အလင်းတန်း Education Center

ရူပဗေဒ🕵️🔑🌌🎯📏ဟူသည်(ဆရာ၊ကျောင်းသားတိုင်းဖတ်ရှုလေ့လာသင့်)(ရူပ = ရုပ်၊ ဗေဒ=ပညာ)ရုပ်ဝတ္ထုတွေအကြောင်း လေ့လာသော ပညာဟု အဓိပ္ပာယ်...
13/01/2023

ရူပဗေဒ🕵️🔑🌌🎯📏ဟူသည်
(ဆရာ၊ကျောင်းသားတိုင်းဖတ်ရှုလေ့လာသင့်)
(ရူပ = ရုပ်၊ ဗေဒ=ပညာ)ရုပ်ဝတ္ထုတွေအကြောင်း လေ့လာသော ပညာဟု အဓိပ္ပာယ်ဆောင်သည်။ ရူပဗေဒ၏ အဓိပ္ပာယ်ကို မြန်မာလို တိုက်ရိုက်ဖွင့်ဆိုပါက (ရူပ = ရုပ်ဝတ္တု၊ ဗေဒ = ခွဲခြမ်း စိတ်ဖြာသော ပညာ) ရုပ်ဝတ္တုများကို ခွဲခြမ်းစိတ်ဖြာ၍ လေ့လာသော ပညာရပ်ဟု ဆိုလိုသည်။ တနည်းအားဖြင့် သဘာဝသိပ္ပံပညာ ဖြစ်သည်။

အရာဝတ္တုများမှ အကြီးမားဆုံး ဂလက်ဆီ များတွင် ဖြစ်ပေါ်သော များစွာလှသောဖြစ်ရပ်များကို ရှင်းလင်းနိုင်သည်။

ယခုအခါတွင် လူတို့သည် ညဉ့်ကို နေ့ကဲ့သို့ လင်းစေရန်၊ ခရီးဝေးကို ခရီးနီးဖြစ်စေရန်၊ အဝေးမှ လွှင့်လိုက်သော အသံကို အနီးမှ လွင့်သကဲ့သို့ ကြားရစေရန်၊ လူ၏ခန္ဓာကိုယ်အတွင်းပိုင်း ကဲ့သို့သော သာမန်မျက်စိဖြင့် မမြင်စွမ်းနိုင်သည့်နေရာများကို ကြည့်မြင်နိုင်စေရန် အစရှိသည်ဖြင့် ဆန်းသစ်သော အသိသစ် နည်းများကို အမျိုးမျိုး ကြံစည်ဖန်တီးလျက် ရှိကြပေသည်။ ရှေးအခါက ထိုကဲ့သို့သော တိုးတက်ပြောင်းလဲမှုများကို မြင်ဖူးကြားဖူးဖို့ ဝေးစွ၊ အိပ်မက်ပင် မက်ဖူးကြမည် မဟုတ် ပေ။ ရူပဗေဒဟု ဆိုအပ်သော သိပ္ပံပညာရပ်ကို အပတ်တကုတ် ကြိုးပမ်းလေ့လာ လိုက်စားသည့် ပုဂ္ဂိုလ်ကြီးများသာ မရှိခဲ့လျှင် ကျွန်ုပ်တို့ခေတ်သို့ ရောက်သည့်တိုင်အောင် ဤသို့ ဆန်းသစ် သော ကြံစည်တွေ့ရှိချက်များ ပေါ်ပေါက်လာနိုင်ဦးမည် မဟုတ် သေးပေ။

မြင့်ရာမှ နိမ့်ရာသို့ ရေစီးပုံ၊ လေထဲ၌ အသံဖြတ်သန်းပုံ၊ မီးမှ အပူရှိန် ထွက်လာပုံ အကြောင်းများကို ရှေးအခါက သဘာဝသိပ္ပံအဖြစ်ဖြင့်သာ ဖြေရှင်းခဲ့ကြသည်။ တစ်ဖန် ထိုထက်တိုးတက်၍ သိလိုသူများ ပေါ်ပေါက်လာသဖြင့် ရှာကြံကြသောအခါတွင် ထိုသဘာဝ သိပ္ပံမှ နက္ခတ္တဗေဒ၊ ဘူမိဗေဒ၊ ရုက္ခဗေဒ၊ ပါဏဗေဒ စသော ပညာရပ်များ သီးခြားထွက်ပေါ်လာကြသည်။ ဓာတုဗေဒဆိုသည် မှာ ဒြပ်နှင့်သက်ဆိုင်သော ပညာရပ်ဖြစ်၍ ဒြပ်တွင် အက်တမ် များ ဖွဲ့စည်းပုံနှင့် မော်လီကျူးများ ဆက်သွယ်ပုံ၊ ပြောင်းလဲပုံ တို့ကို ဖြေရှင်းထားသော ပညာရပ်ဖြစ်သည်။ ရူပဗေဒသည် သဘာဝသိပ္ပံမှ ပေါက်ဖွားလာခဲ့၍ ရူပဗေဒပညာကို အမှီပြုနေ သော အခြားပညာရပ်များ ရှိသေးသည်။ ထိုပညာရပ်များမှာ အသံပညာ၊ အပူပညာ၊ အလင်းပညာ၊ လျှပ်စစ်ပညာ၊ သံလိုက် ဓာတ်ပညာတို့ ဖြစ်ကြသည်။ ထိုမျှမကသေး ဓာတုဗေဒအရ ပြောင်းလဲမှုများကို ရူပဗေဒ အခြေခံသဘောတရားများဖြင့် ရှင်းလင်းနိုင်ရန် ဖစ်ဆစ်ကယ် ကင်မစ္စထရီ (Physical Chemistry)ခေါ် ရုပ်ပိုင်း ဓာတုဗေဒပညာရပ်များလည်း ရှိသေးသည်၊ ထို့ပြင် သက်ရှိများ၊ သက်ရှိများနှင့် သက်ဆိုင်သော ပြဿနာများကို ရှာဖွေစုံစမ်း သော ဗိုင်အိုဖစ်ဆစ်(Bio-Physics)ခေါ် ဇီဝရူပဗေဒပညာရပ်လည်း ရှိပြန်သေး သည်။ အထက်ဖော်ပြပါ ပညာရပ်များသည် တစ်ခုနှင့်တစ်ခု အလွန်နီးကပ်စွာ ဆက်သွယ်မှုရှိနေကြသည်။ ယခုကဲ့သို့ ပညာရပ်များကို နာမည်သီးခြားပေးထားခြင်းမှာ လွယ်ကူမှု အတွက်သာ ဖြစ်သည်ကို သတိပြုအပ်ပေသည်။

ယခုအခါတွင် သာမန်အရပ်သူအရပ်သားများ သုံးစွဲကြ သော စကားများနှင့် ရူပဗေဒပညာကို လိုက်စားသူများ၏ စကားများသည် ကွဲပြားကြလေသည်။ ပုံပမာ မော်တော်ကား တစ်စီး၏အသွားကို သာမန်လူများက အသွားနှုန်းဟူ၍ အသုံး ပြုလျက်ရှိကြ၏။ ရူပဗေဒပညာ လိုက်စားသူများအဖို့ဆိုလျှင် တစ်ဖက်သို့ တစ်သမတ် တည်းသွားသော အသွားကိုသာလျှင် အသွားနှုန်းဟု ခေါ်လေသည်။ ပုံပမာ မော်တော်ကားတစ်စီး သည် မြောက်အရပ်တည့်တည့်သို့ တစ်နာရီလျှင် မိုင် ၃ဝ နှုန်း ဖြင့် သွားနေသည်ဟု ဆိုလျှင် ထိုမော်တော်ကား၏ မြောက် အရပ်သွား အသွားနှုန်းမှာ တစ်နာရီလျှင် မိုင် ၃ဝ ဖြစ်၏။ သို့ရာတွင် ထိုမော်တော်ကား၏ အရှေ့နှင့် အနောက်ဘက်သို့ သွားသောနှုန်းမှာ သုညဖြစ်ရမည်။ ကမ္ဘာမြေကြီးသည် နေကို လှည့်ပတ်ရာတွင် အသွားမှန်မှန်လောက်ဖြင့် သွားနေသော်လည်း ကမ္ဘာမြေကြီး၏ အသွားနှုန်းမှာ အစဉ်သဖြင့် ပြောင်းလဲလျက် ရှိ၏။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးသည် နေကို လှည့် ပတ်၍ သွားရာတွင် ဖြောင့်မတ်သော လမ်းကြောင်းအတိုင်း မသွားမူ၍ စက်ဝန်းပုံသဏ္ဌာန်လမ်းကြောင်းဖြင့် သွားနေသော ကြောင့် ဖြစ်လေသည်။ ဤအသွားနှုန်း၏ တိုးတက်ပြောင်း လဲခြင်းနှုန်းကို အရှိန်ဟု ခေါ်သည်။ အာကာသ(Space)တွင် ကမ္ဘာမြေကြီး၏ အသွားနှုန်းမှာကား တိုးလျက်ရှိသည်။ အထက် ဖော်ပြပါ မော်တော်ကား၏ အသွားနှုန်းကို တစ်နာရီ လျှင် မိုင် ၃ဝ မှ တစ်နာရီ လျှင် မိုင် ၄ဝ သို့ တိုးစေသောအခါတွင် ထိုမော်တော်ကား၏ မြောက်ဘက်သို့သွားခြင်းအရှိန်သည် အဘယ်ကြောင့် ဖြစ်ပေါ်သည်ဟု ဖြေပေလိမ့်မည်။ ထိုအား ဆိုသည်မှာလည်း အထက်ဖော်ပြပါ မော်တော်ကားကို ရပ်နေ ရာမှ သွားအောင် အပြင်မှ ပြုလုပ်ပေးမှု၊ သို့မဟုတ် သွားနေ သော မော်တော်ကား၏ အသွားနှုန်းကို ပြောင်းလဲသွားအောင် အပြင်မှ ပြုလုပ်ပေးမှုပင် ဖြစ်သည်။ ဘောလုံးကို ကန်ထုတ် လိုက်သောအားကို တိုင်းလိုသောအခါ ရုတ်တရက် ထွက်သွား သော ဘောလုံး၏အရှိန်နှင့် ထိုဘောလုံး၏ အလေးထုတို့ဖြင့် တွက်ယူရလေသည်။

သာမန်လူများအဖို့ ဒြပ်ထုနှင့် အလေးချိန်သည် မထူးခြား သော်လည်း ရူပဗေဒပညာ လိုက်စားသူများ အဖို့မှာ ခြားနား လေသည်။ ရူပဗေဒပညာအရ အလေးချိန်သည် ဒြပ်ထု၏ သဘောတစ်ခုမျှသာ ဖြစ်၏။ ဒြပ်တစ်ခု၏ အလေးချိန်သည် ထိုဒြပ်အပေါ်တွင် သက်ရောက်သော မြေကြီး၏အားကို အကြောင်းပြု၍ ဖြစ်သည်။ အလေးချိန်သည် အမျိုးမျိုးသော အရာဝတ္ထုတို့၏ ဒြပ်ထုများကို နှိုင်းယှဉ်ခြင်းမျှသာ ဖြစ်၍ အလေးချိန်ပင် ပြောင်းလဲသော်လည်း ဒြပ်ထုမှာ ပြောင်းလဲခြင်း မရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဒြပ်ထုမှာ ပြောင်းလဲခြင်း မရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဒြပ်ထုသည် ဒြပ်တွင် ပါဝင် သောပစ္စည်း၏ အတိုင်းအဆ ပမာဏဖြစ်ခြင်းကြောင့်တည်း။ ပုံပမာ ဆယ်မိုင်မျှမြင့်သော နေရာတွင်ရှိသော အရာဝတ္ထု၏ အလေးချိန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ရှိသော ထိုအရာဝတ္ထု၏ အလေးချိန်သည် တူမည်မဟုတ်ချေ။ သို့ရာတွင် ထိုနေရာနှစ်ခု၌ ရှိသော ထိုအရာဝတ္ထု၏ ဒြပ်ထုသည်ကား အတူတူပင်ဖြစ်သည်။ မြင့်သောနေရာများ၌ အလေးချိန် နည်းရခြင်းမှာ အရာဝတ္ထုကို ဆွဲသော ကမ္ဘာမြေကြီး၏ ဆွဲအားသည် နည်းသွားသောကြောင့် ဖြစ်၏။ မြင့်သောနေရာ၌ အရာဝတ္ထုတစ်ခုခုပေါ်သို့ ပစ်လိုက် သောအခါ ထိမှန်သောအားသည် ပစ်သောအခါ ထိမှန်သော အားနှင့် အတူတူပင် ဖြစ်ကြောင်းကို တွေ့ကြရသည်။ ထိုသို့ ဖြစ်ရသည့်အကြောင်းမှာ ထိုအရာဝတ္ထု၏ အတွင်းရှိ ဒြပ်၏ အတိုင်းအဆ မပြောင်းလဲခြင်းကြောင့် ဖြစ်လေသည်။ အလေး ချိန်၏ ပြောင်းလဲမှုသည် ကမ္ဘာမြေကြီး၏ မျက်နှာပြင်နှင့် အနီး အဝေး

AlinTan - အလင်းတန်း Education Center

Grade 2-3-4-5-6-7-8-9 👨‍🎓👩‍🎓💥💥💥အတန်းတွေကြီးလာပြီ စာအောက်တက်မကြေလို့ စိုးရိပ်နေတဲ့မိဘတွေအတွက် အခြေခံမပိုင်သော ကျောင်းသား/...
12/01/2023

Grade 2-3-4-5-6-7-8-9 👨‍🎓👩‍🎓
💥💥💥
အတန်းတွေကြီးလာပြီ စာအောက်တက်မကြေလို့ စိုးရိပ်နေတဲ့မိဘတွေအတွက်
အခြေခံမပိုင်သော ကျောင်းသား/သူများအတွက် တွက်စာများနှင့်အခြေခံများ
👶👧🧒👦
အင်္ဂလိပ် အခြေခံအားနည်းတဲ့ ကျောင်းသား/ကျောင်းသူများတွက် အတန်းတွေလည်းကြီးပြီ english စာကို မဖတ်တက်သူ အသံထွက်မရဘူး မဆိုတဲ့ဘူး ဆိုတဲ့ သူတွေအတွက်
🥁🥁🥁🥁
ရည်ရွယိပြှီ ကျောင်း၃လပိတ်ရက်များတွက်
အခြေခံခိုင်စေရန်
အပိုင်နိုင်ဆုံးနားလည်အောင်သင်ကြား
ပေးမည့်အတန်းလေး ဖွင့်လှစ်လိုက်ပါပြီ
🎉🎉🎉

ကျောင်းသားများတက်ခဲ့ဖြေခဲ့တဲ့ အတန်းပေါ်မူတည်၍ လိုအပ်တဲ့ အခြေခံများကို စနစ်တကျ သင်ကြားပို့ချမည် ဖြစ်ပါတယ်
🤝🤝🤝

ယခုကြေညာတဲ့ အတန်းကို အခြေခံ အားနည်းသူများသာ တက်ရောက်ပါရန်
🗣🗣🗣

Tr ကို အိမ်လိုက်ခေါ်သင်ခြင်း သည်းခံပါ
🥰🥰🥰
page 2ခုလုံးမှကြေညာတင်ထားပါတယ်နော်
📌📌📌
AlinTan - အလင်းတန်း Education Center
Engr. Daw Khine Lae Phyu - စာသင်ဝိုင်း

09796219921 သို့မေးမြန်းနိုင်ပါသည်

Tr.Khine Lae Phyu (BE.EC)
Tr.Mon Mon San (BE.Civil)

အချိန်ညိှနိုင်းနိုင်ပါတယ်နော်
#မင်္ဂလာတောင်ညွန့်မြို့နယ်

#ဆရာမဒေါ်ခိုင်လဲ့ဖြူ

Tr သင်ကြားမှုနဲ့အတူတပည့်လေးရဲ့ ကြိုးစားမှုသင်ရိုးများရဲ့ အခန်းတိုင်း လေ့ကျင့်ခန်းတိုင်းကို စနစ်တကျကျောင်းသားကျောင်းသူရဲ့...
11/01/2023

Tr သင်ကြားမှုနဲ့အတူ
တပည့်လေးရဲ့ ကြိုးစားမှု

သင်ရိုးများရဲ့ အခန်းတိုင်း လေ့ကျင့်ခန်းတိုင်းကို စနစ်တကျ
ကျောင်းသားကျောင်းသူရဲ့ စိတ်၀င်စားခြင်းအပြည့်ရရှိအောင် Teaching skill များဖြစ် သင်ကြားပေးလျက်ပါ

အစိုးရကျောင်း , private school
မှ စာများကိုလည်း ဘာသာစုံ လေ့ကျင့်သင်ကြားပေးပါတယိရှင့်

နွေရာသိ ၃လပြတ် အတန်းများ ကိုလည်း မကြာမီ page တွင်ကြေညာပေးသွားပါမယ်ရှင့်
AlinTan - အလင်းတန်း Education Center
Engr. Daw Khine Lae Phyu - စာသင်ဝိုင်း

Tr. Daw Khaine Lae Phyu(BE.EC)
📲09796219921
No27
127street


💥💥💥Tr အိမ်လိုက်မသင်ပါ 🥰
Tr tution သို့တက်ရောက်နိုင်ပါတယ်🤩

08/01/2023

Exam Date ကြေညာခြင်း

၂၀၂၂-၂၀၂၃ ပညာသင်နှစ်
အခြေခံပညာမူလတန်းဆင့်
Grade (5)သင်ရိုးသစ်Final အတန်းတင်နှစ်ဆုံးစာမေးပွဲကို
(၂၂.၂.၂၀၂၃)မှ(၂၈.၂.၂၀၂၃)ရက်အထိကျင်းပသွားပါမည်ဖြစ်ပါကြောင်း။ကျန်ရှိသောကျောင်းတွင်းစစ်စာမေးပွဲများကို (၁၄.၂.၂၀၂၃ )မှ (၂၁.၂.၂၀၂၃)ထိဖြေဆိုရမည်ဖြစ်ပါကြောင်း၊Grade (9)စာမေးပွဲကို(၂၂.၂.၂၀၂၃)မှ (၁.၃.၂၀၂၃)ထိ ဖြစ်ပါကြောင်း၊Grade(11) သင်ရိုးဟောင်း စာမေးပွဲကို (၁၄.၂.၂၀၂၃)မှ (၂၀.၂.၂၀၂၃) ထိ ဖြေဆိုရမည်ဖြစ်ပါကြောင်း သိရပါသည်။



AlinTan - အလင်းတန်း Education Center -
Tr Khine Lae Phyu (BE.EC)
📲
09796219921
🏠
NO (27)
127Street 5floor
Mingalar Taung Nyunt Township
နွေရာသီတွက် ကျောင်းအပ်လက်ခံနေပါပြီနော်🥁🥁🥁

Future for your children

ယခု Pageဖြစ်တဲ့  Engr. Daw Khine Lae Phyu - စာသင်ဝိုင်း  ကို  အမည်ပြောင်းလဲ သတ်မှတ်လိုက်တဲ့အတွက် အခုname အသစ်လေးဖြစ်တဲ့ ...
08/01/2023

ယခု Pageဖြစ်တဲ့ Engr. Daw Khine Lae Phyu - စာသင်ဝိုင်း ကို

အမည်ပြောင်းလဲ သတ်မှတ်လိုက်တဲ့အတွက် အခုname အသစ်လေးဖြစ်တဲ့ 👨‍🎓အလင်းတန်း Education Center👨‍🎓 ကို
သားသားမီးမီးလေးတွေရော မိဘတွေပါ page ကို like လေးတွေ ပေးခဲ့ကြအုန်းနော်

like ပေးပြီးရင် share တွေလုပ်ပေးဖို့လဲ မမေ့ကြနဲ့နော် 🥰🥰🥰
အစိုးရသင်ရိုးတွေရော အခြား Nodes တွေက်ုပါ
ယခု အမည်ဖြစ်တဲ့

AlinTan - အလင်းတန်း Education Center မှာ
အမြဲ တင်ပေးသွားမာဖြစ်ပါတယ်နော်
🎉🎉🎉

ယခု
🎉🎉
https://www.facebook.com/profile.php?id=100088992192291&mibextid=ZbWKwL

Alin Tan Education Center
Tr Khine Lae Phyu (BE.EC)
📲
09796219921
🏠
NO (27)
127Street 5floor
Mingalar Taung Nyunt Township
နွေရာသီတွက် ကျောင်းအပ်လက်ခံနေပါပြီနော်🥁🥁🥁

Address

127 Street
Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959796219921

Website

Alerts

Be the first to know and let us send you an email when Engr. Daw Khine Lae Phyu - စာသင်ဝိုင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category