23/10/2025
"靠 (kào)" ဆိုတဲ့ စကားလုံးက အဓိပ္ပါယ်အများကြီးရှိပြီး ဝါကျတွေမှာလည်း အမျိုးမျိုးအသုံးပြုနိုင်ပါတယ်။
၁။ မှီခိုခြင်း/အားကိုးခြင်း
တစ်စုံတစ်ခု (သို့) တစ်စုံတစ်ယောက်ကို အားကိုးခြင်း၊ မှီခိုခြင်း။
ဥပမာ:
你可以靠我。
Nǐ kěyǐ kào wǒ.
မင်း ငါ့ကို အားကိုးလို့ရတယ်။
-他靠自己的努力成功了。
Tā kào zìjǐ de nǔlì chénggōng le.
သူက သူ့ရဲ့ ကြိုးစားမှုနဲ့ အောင်မြင်ခဲ့တာပါ။
၂။ ကပ်ခြင်း/မှီခြင်း
တစ်စုံတစ်ခုပေါ်မှာ ကပ်ခြင်း၊ မှီခြင်းဆိုတဲ့အဓိပ္ပါယ်ပါ။
ဥပမာ:
他靠在墙上休息。
Tā kào zài qiáng shàng xiūxi.)"
သူက နံရံကို မှီပြီး အနားယူနေတယ်။
请不要靠着门。
Qǐng bùyào kào zhe mén.
တံခါးကို မမှီပါနဲ့။
၃။ နီးကပ်ခြင်း/ကပ်လျက်ရှိခြင်း
တစ်စုံတစ်ခုနဲ့ နီးကပ်ခြင်း၊ ကပ်လျက်ရှိခြင်းဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။
ဥပမာ:
我们家靠着公园。
Wǒmen jiā kào zhe gōngyuán. ငါတို့အိမ်က ပန်းခြံနဲ့ ကပ်လျက်ရှိတယ်။
这个城市靠海。
Zhège chéngshì kào hǎi.
ဒီမြို့က ပင်လယ်နဲ့ နီးတယ်။
၄။ ဆဲဆိုခြင်း/စိတ်ပျက်ခြင်း
စိတ်ဆိုးတဲ့အခါ (သို့) စိတ်ပျက်တဲ့အခါ ထုတ်ပြောတဲ့ စကားလုံးအနေနဲ့လည်းသုံးလို့ရပါတယ်။ ဒီအဓိပ္ပါယ်နဲ့သုံးရင် ယဉ်ကျေးတဲ့ အသုံးတော့မဟုတ်ပါဘူး။
ဥပမာ:
靠!我忘了带钥匙。
Kào! Wǒ wàng le dài yàoshi.
F**kပဲ၊ ငါ သော့ယူဖို့ မေ့သွားတယ်
我靠。
wò kào.
F**k you.
၅။ အတည်ပြုခြင်း/မှန်ကန်ကြောင်းပြောခြင်း
အရာတစ်ခုခုက သေချာတယ်၊ မှန်ကန်တယ်ဆိုတာကို ဖော်ပြတဲ့အခါသုံးပါတယ်။
ဥပမာ:
这件事靠谱吗?
Zhè jiàn shì kào pǔ ma?
ဒီကိစ္စက သေချာရဲ့လား?
"靠" ဆိုတဲ့ စကားလုံးကို အသုံးပြုတဲ့အခါ ဘယ်အခြေအနေမှာ ပြောနေလဲဆိုတာကို သတိထားဖို့ အရေးကြီးပါတယ်။