20/12/2014
ကိုရီးယားသွားရောက်လိုသူများ ကိုရီးယားအလုပ်ကိုင်နဲ့ပတ်သက်၍ အကြမ်းအားဖြင့် သိရှိနိုင်စေရန်.......
ဆရာ ဦးဇော်လင်း (B.A, Korean,YUFL ) ဦးစီးသင်ကြားသော
ဟာနူးလ် HANUL “하늘” 한국어 학원
ကိုရီးယားဘာသာအထူးသီးသန့်သင်တန်းကျောင်း........................................................................................................
ကိုရီးယားသို့ EPS ( Employment Permit System- 고용허가제 )လုပ်သားခေါ်ယူမှုစနစ်သည် (G To G) အစိုးရချင်း ပူးပေါင်းဆောင်ရွက် ပို့ဆောင်ပေးသောစနစ်ဖြစ်ပါသည်။ ပုဂ္ဂလိက ကုမ္ပဏီများမှ ပို့ဆောင်သည့် စနစ်မဟုတ်ပါ။ ကိုရီးယား အစိုးရနှင့် မြန်မာဘက်မှ အလုပ်သမားဝန်ကြီးဌာနမှ ကိုင်တွယ်ဆောင်၇ွက်ပါတယ်။
ကိုရီးယားသို့ သွားရောက်အလုပ်လုပ်လိုပါလျှင် EPS-TOPIK စာမေးပွဲ ဖြေဆိုရပါသည် ။ စာမေးပွဲ အောင်မြင်မှ သွားလို့ရပါသည်။ စာမေးပွဲကို ပုံမှန်အားဖြင့်( ၅) လပိုင်းနှင့် (၁၁)လပိုင်းတို့တွင် ပြုလုပ် ကျင်းပလေ့ရှိပါသည်။ ပညာအရည်ချင်းမလိုပဲ ကိုရီးယားအရည်ချင်းစစ်စာမေးပွဲ အောင်မြင်တယ်ဆိုလျှင် သွားရောက်နိုင်ပါသည်။ အကျဉ်းချုပ်ကို အောက်တွင်ဖော်ပြပေးထားပါသည်။
ကိုရီးယားသွားလိုသူများ သိသင့်ထားသောအချက်လက်များ
(1) လုပ်အားခ ( 2014)
အခြေခံလစာ = 1166220 won =( 1079833 ks)
တစ်နာရီလုပ်အားခ = 5580 won
အချိန်ပို တစ်နာရီနှုန်း = 8370 won
( အခြေခံလစာနှင့် အချိန်ပိုကြေးများ စုပေါင်းလျှင် အနည်းဆုံး မြန်မာငွေ ကျပ်(၁၀) သိန်းခန့်မှ စ၍ သိန်း (၂၀)ကျော် အထိရရှိနိုင်ပါသည်။)
(2) လုပ်ကိုင်နေထိုင်နိုင်သော ကာလ
ပထမစာချုပ် = 3 နှစ်
သက်တမ်းတိုးချုပ်ဆိုနိုင်သောကာလ = 1 နှစ်နှင့် 10 လ
(3) ကိုရီးယားသွားကုန်ကျစရိတ်
(၁) လေယဉ်လက်မှတ် နှင့် ဗီဇာကြေး = ၆သိန်းခွဲ
(၂) အာမခံကြေး (စပေါ်ငွေ) = ၁၅ သိန်း (ဘဏ်မှာထည့်ပေးခဲ့ရမည်)
(* မှတ်ချက် = ၁၅သိန်းငွေကို ကိုရီးယားတွင် တရားမဝင်နေထိုင်သွားပါက ပြန်ပေးမည်မဟုတ်ပေ။ တရားဝင်ပြန်လာမှသာ ပြန်ထုတ်ပေးမည်ဟု လေဘာရုံးမှ ဆိုပါသည်။ ဘဏ်တိုးနှုန်းတော့မရရှိပေ။)
(3) လျှောက်ထားနိုင်သူ
(က) အသက် ၁၈နှစ်မှ ၃၉ နှစ်အောက်
(ခ) ကိုရီးယားမှ နှင်ထုတ်ခြင်းခံမထားရသူ
(ဂ) ရာဇဝတ်မှု ကျူးလွန်ထားခြင်းမရှိသူ
(ဃ) ပညာအရည်ချင်းမရှိသူလဲ လျှောက်ထားဖြေဆိုနိုင်သည်။
(4) စာမေးပွဲ ပုံစံ
ပေးမှတ် စုစုပေါင်း = (၂၀၀)
ဖတ်ဖြေ (Reading ) = ၂၅ ပုဒ် (အမှတ် ၁၀၀ ဖိုး )
နားထောင်ဖြေ ( Listening) – ၂၅ ပုဒ် (အမှတ် ၁၀၀ ဖိုး)
ပျမ်းမျှအားဖြင့် ရမှတ် = ၈၀ ကို အောင်မှတ်သတ်မှတ်သည်။( သို့သော် လျှောက်ထားသူဦးရေနှင့် ခေါ်ယူသူအရေတွက်ပေါ် မူတည်ပြီး အမှတ်သတ်မှတ်မှုကွဲပြားတဲ့အခါ ရှိတတ်သည်။)
ဖြေဆိုရာတွင် ရေးစရာမလိုပဲ အဖြေလေးခုပေးထားသည်တွင် အဖြေမှန်တစ်ခုကို ရွှေးချယ်ပေးရန်သာဖြစ်ပါတယ်။)
(5) ‘ HANUL ’ သင်တန်းမှ ကိုရီးယားစာသင်တန်းကြေး
သင်တန်းကြေး = 150000 ကျပ် ( လေးလစာ စာအုပ်စာတန်းဖိုး အားလုံးပါပြီး)
သင်တန်းကာလ = လေးလနှင့်အထက်
သင်တန်းရက် = တနင်္လာ ၊အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး
သင်တန်းချိန် = တစ်ရက်ကို အနည်းဆုံး (2) နာရီဖြစ်ပြီး အခြားအချိန်များတွင်လဲ တက်ရောက်နိုင်။
သင်ကြားပေးသည့်ဘာသာရပ်= ကိုရီးယားဘာသာစကား အခြေခံ သဒ္ဒါ ၊
= အဆင့်မြင့်သဒ္ဒါ များ စကားပြောများ (4 skills)
= EPS-TOPIK သင်ရိုးညွှန်းတမ်းစာအုပ်များ
= အလုပ်သမားဥပဒေများ ၊ယဉ်ကျေးမှု ၊အစားအသောက်၊ နေထိုင်သွားလာမှုနှင့် အခြားအထွေထွေသိမှတ်ဖွယ် ဗဟုသုတများ။
(6) သင်တန်းမှ ဝန်ဆောင်ပေးမှု
ကိုရီးယားစကားကို အခြေခံမှစ၍ အဆင့်မြင့်သဒ္ဒါများ EPS မေးခွန်းများကို ပြည့်စုံစွာသင်ကြားပေးခြင်း ၊ စကားပြောလေ့ကျင့်ခန်း များ ဘာသာပြန်လေ့ကျင့်ခန်းများကို သင်တန်းတွင်းမှာပင် video အခွေများဖွင့်၍ ကြည့်ရှု နားထောင်စေခြင်း လက်တွေ့ပြောစေခြင်း၊ ပတ်စပို့ ပြုလုပ်ပေးခြင်း ၊စာမေးပွဲလျှောက်လွှာတင်ခြင်း ဖြေဆိုခြင်း၊ အလုပ်လျှောက်လွှာတင်ခြင်း ဖြည့်စွက်ခြင်း အားလုံးကို လမ်းညွှန်ဆောင်ရွက်ပေးပါသည်။ စာမေးပွဲအောင်မြင်ပြီးလျှင် မြို့ရွေးချယ်မှု အလုပ်ရွေးချယ်မှု ၊ ဖောင်ဖြည့်ခြင်းများကို အမှားအယွင်းမရှိစေရန် ကိုရီးယားရှိစက်ရုံအလုပ်ရုံပေါင်းများစွာနှင့် လေဘာရုံးများတွင် အလုပ်ရွေးချယ်နည်းစနစ်များကို စနစ်တကျ ကောင်းစွာလေ့လာခဲ့သော ဆရာကိုယ်တိုင်မှ ဖြည့်စွက် လုပ်ဆောင်ပေးပါသည်။
စာမေးပွဲ အောင်စာရင်းများနှင့် ကိုရီးယားမှ အလုပ်ခေါ်စာကျသည်များကို နယ်ရောက်နေသော်လဲ သင်တန်းမှ ကြည့်ရှုဆက်သွယ်ဆောင်ရွက်အကြောင်းကြားပေးခြင်း၊ သင်တန်းပြီး၍ နယ်ရောက်သွားလျှင်လဲ ကိုရီးယားစာကို အဆက်မပြတ်လေ့လာနိုင်အောင် အင်တာနက်Facebookမှ သင်ခန်းစာများ တင်၍ သင်ကြားပေးခြင်းများအထိ ဆောင်ရွက်ပေးထားပါသည်။
(7) ကိုရီးယားမှ ခေါ်ယူသော လုပ်ငန်းစိတ်များ
(က) ကုန်ထုတ်လုပ်ငန်း
(ခ) ဆောက်လုပ်ရေးလုပ်ငန်း
(ဂ)စိုက်ပျိုးမွေးမြူရေးလုပ်ငန်း
(ဃ) ရေလုပ်ငန်း (ငါးဖမ်းလုပ်ငန်း)
(င) ဝန်ဆောင်မှုလုပ်ငန်း
ထိုလုပ်ငန်းစိတ်များတွင် ယခုနှစ်များ၌ အပေါ်ဆုံး((၃)မျိုးသာ ပို့ဆောင်ပြီး နံပါတ်(ဃ)နှင့် (င) မပါဝင်တော့ပေ။ ထိုလုပ်ငန်းများထဲတွင် (က) ကုန်ထုပ်လုပ်ငန်းသာ အကောင်းဆုံဖြစ်ပြီး စက်ရုံများအတွင်းလုပ်ရခြင်းဖြစ်၍ အပူပေးစက်များနှင့်လုပ်ကိုင်ရသောကြောင့် အဆင်ပြေပြီး (ခ)ဆောက်လုပ်ရေးနှင့် (ဃ) စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှာ အပူချိန် အနှုတ်အောက် အပြင်ဘက် အရမ်းအေးသောနေရာများတွင် လုပ်ကိုင်ရပြီးဥပဒေအရ အခွင့်အရေးများလဲ နည်းပါးသောကြောင့် ထိုလုပ်ငန်းစိတ်များလျှောက်ထား၍ မသွားသင့်ပေ။ ကိုရီးယားအလုပ်သမားဥပဒေအရ မိမိတို့လျှောက်ထားသောလုပ်ငန်းစိတ်တူ အမျိုးစားအတွင်းသာ (၃)ကြိမ်အထိ ပြောင်းလဲနိုင်ပြီး အမျိုးမတူသောလုပ်ငန်းစိတ်တစ်ခုမှတစ်ခုသို့မပြောင်းနိုင်ပေ။ ဥပမာ ကုန်ထုတ်လုပ်ငန်းနှင့်သွားရောက်သောသူအတွက် ဆောက်လုပ်ရေးသို့မပြောင်းနိုင်ပေ။ စိုက်ပျိုးရေးနှင့်လာသူကလဲ ကုန်ထုတ်သို့ပြောင်းမရပေ။ ဆောက်လုပ်ရေးနဲ့လာသူကလဲ ဆောက်လုပ်ရေး လုပ်ငန်းချင်းသာ ပြောင်းရွှေ့နိုင်ပါတယ်။
ထို့ကြောင့် အအေးဒဏ်လဲမခံရ လစာလဲကောင်းပြီး စက်ရုံလုပ်ငန်းစိတ်ပေါင်းများစွာရှိတဲ့ ကုန်ထုတ်လုပ်ငန်းသာ ရွေးချယ်လျှောက်ထားခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။
(8) ကုန်ထုတ်လုပ်ငန်း (Manufacturing ) မှ မိမိတို့ ကြိုက်နှစ်သက်ရာ ဦးစားပေးလျှောက်ထားနိုင်သောလုပ်ငန်းစိတ်များ
(၁) စားသောက်ကုန်နှင့် အဖျော်ယမကာ ထုတ်လုပ်ရေး
(၂) ဆေးရွက်ကြီးထုတ်လုပ်ရေး
(၃) အထည်လိပ်ထုတ်လုပ်ရေး
(၄) ချုပ်ပြီးအထည်နှင့် သားမွှေးထည်ထုတ်လုပ်ရေး
(၅) သားရေလုပ်ငန်းနှင့် သားရေပစ္စည်းများ ထုတ်လုပ်ရေး
(၆) သစ်ပစ္စည်းနှင့် သစ်ထွက်ပစ္စည်းထုတ်လုပ်ရေး (ပရိဘောဂမပါ)
(၇) စက္ကူ ပျော့ဖတ် နှင့် စက္ကူပစ္စည်းထုတ်လုပ်ရေး
(၈) ပုံနှိပ်လုပ်ငန်းနှင့် ပုံနှိပ်ပစ္စည်းထုတ်လုပ်ရေး
(၉) ဖော့ ၊ရေနံထွက်ပစ္စည်းနှင့် အနုမြူလောင်စာထုတ်လုပ်ရေး
(၁၀) ဓာတုဗေဒပစ္စည်းများထုတ်လုပ်ရေး
(၁၁) ရာဘာနှင့် ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်ရေး
(၁၂) သတ္ထုမဟုတ်သည့်ပစ္စည်းများထုတ်လုပ်ရေး
(၁၃) သတ္ထုထုတ်လုပ်ရေး
(၁၄) သတ္ထုပုံစံခွက်မိုလ်ဖြင့် ပစ္စည်းထုတ်လုပ်ခြင်း
(၁၅) အခြားစက်များနှင့် စက်အကြီးများထုတ်လုပ်ရေး
(၁၆) ကွန်ပျူတာနှင့် ရုံးသုံးပစ္စည်းများထုတ်လုပ်ရေး
(၁၇) လျှပ်စစ်ပစ္စည်းနှင့်ထရန်စဖော်များထုတ်လုပ်ရေး
(၁၈) အီလက်ထရောနစ်ပစ္စည်း ၊ ဗီဒီယို အော်ဒီယိုနှင့် ဆက်သွယ်ရေး တိုင်းထွာရေးပစ္စည်းများထုတ်လုပ်ခြင်း အရံပစ္စည်း နှင့် ပြင်ဆင်ရေးပစ္စည်းများထုတ်လုပ်ရေး
(၁၉) ဆေးပစ္စည်းနှင့် အနုစိတ်တိုင်းထွာရေး နာရီကြီးငယ်ထုတ်လုပ်ရေး
(၂၀)မော်တော်ယဉ်နှင့် နောက်ဆက်တွဲ ထုတ်လုပ်ရေး အရံပစ္စည်းနှင့် ပြင်ဆင်ရေးစက်များထုတ်လုပ်ခြင်း
(၂၁)အခြားသယ်ပို့ယဉ်များ အရံပစ္စည်းများ နှင့် စက်ပြင်ကိရိယာများထုတ်လုပ်ရေး
(၂၂) ပရိဘောဂနှင့် အခြားဆက်စပ်ပစ္စည်းများထုတ်လုပ်ရေး
(၂၃)စွန့်ပစ်ပစ္စည်းများပြန်လည်အသုံးပြုနိင်ရေး
အထက်ပါ လုပ်ငန်းစိတ် များထဲမှ စိတ်ဝင်စားရာ (၃)မျိုးကို ဦးစားပေးရွေးချယ်လျှောက်ထားနိုင်ပါသည်။
U ZAW LIN (B.A,Korean,YUFL)
“ HANUL”
Korean Language Centre
Ph:09-30621903 ,09-31426782, 09400475420 , 0947113848
လိပ်စာ >>
သင်တန်းကျောင်း (1) ….လှဆန်းယဉ်တိုက် (5) အခန်း (6-C) 6 လွှာ၊ ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်းလမ်းဆုံ ၊ ကမာရွတ်မြို့နယ် ၊ရန်ကုန်မြို့။
သင်တန်းကျောင်း(2)……အလင်းရောင်မူလတန်းကျောင်း အနောက်ဘက်၊ လမ်းမတော် ၊ အမှတ်(၆)ရပ်ကွက် ၊ မြင်းခြံမြို့။