ဂရုထဲတွင် Windowsတင်နည်း Softwareသွင်းနည်းနှင့် Software များစွာကို ဒေါင်းလုပ်လင့်များဖြင့်လည်းတင်ပေးထားတဲ့အပြင်
Windows၊ Software နှင့် Hardware အခြေခံအကြောင်းအရာများကို ယခုလို video များဖြင့်အလွယ်တကူလေ့လာနိုင်အောင် တင်ပေးထားပါတယ်ဗျ။
ယခုလိုမျိုး video များကို မန်ဘာကြေးနည်းနည်းဖြင့် လေ့လာချင်တယ်ဆိုရင် CB ကဆက်သွယ်နိုင်ပါတယ်။
Computer Basic Online Class
Computer Basic Training Online Class
28/08/2024
Harddisk ကို CHKDSK ပြုလုပ်ခြင်း
CHKDSK ဆိုတာက Microsoft Windows မှာ သုံးတဲ့ Command လေး တစ်ခု ဖြစ်ပါတယ်။ chkdsk command ကို အသုံးပြုခြင်းအားဖြင့် ကွန်ပျူတာမှာရှိတဲ့ Hard disk တွေ ရဲ့ error တွေကို အတတ်နိုင်ဆုံးအထိ ဖြေရှင်းပေးနိုင်ပါတယ်။ chkdsk command ဟာဆိုလျင် Unix operation system မှာသုံးတဲ့ fsck ဆိုတဲ့ command နဲ့ အတူတူပါပဲ။
သင့်ရဲ့ ကွန်ပျူတာက Windows ဖြစ်နေရင် chkdsk command က disk ရဲ့မျက်နှာပြင်မှာ ဖြစ်ပေါ်နေတဲ့ error တွေ၊ bad sector တွေကိုပါ စစ်ပေးနိုင်မှာပါ။ တခါတရံမှာ Hard disk ထဲက ပျက်စီးသွားတဲ့ Data တွေကို ဖတ်လို့ရနိုင်သေးတယ်ဆိုလျင်တော့ Data တွေကို Recover လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ အချို့ Physical errors တွေကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။
CHKDSK နဲ့ အလုပ်လုပ်မယ်ဆိုလျင် Command Prompt သို့မဟုတ် Windows Recovery Console ထဲကနေ သွားပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ CHKDSK command တစ်ခုထဲပဲ အသုံးပြုမယ်ဆိုလျင်တော့ File System တွေကို ဖတ်ရုံသာလျင် ဖတ်ပေးသွားမှာဖြစ်ပြီး၊ အခြား မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်သွားလိမ့်မည် မဟုတ်ပေ။ ဆိုတော့ CHKDSK နဲ့တွဲပြီး အသုံးပြုရမည့် Parameter တွေရှိပါတယ်။ အဲဒါတွေကို အောက်မှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ /R parameter ကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။ Command prompt မှာ chkdsk /r လို့ ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ /R parameter ကို သုံးခြင်းအားဖြင့် ပျက်စီးသွားတဲ့ Data တွေကို Hard Disk ထဲမှာ ရှာပြီးတော့ ပြန်လည် ပြုပြင်ပေးသွားမှာဖြစ်ပါတယ်။ ထိုကဲ့သို့ ပြုပြင်ပေးခြင်းအားဖြင့် အချို့ပျက်စီးနေသော Windows File တွေဟာ မူလနေရာသို့ ပြန်လည်ရောက်ရှိသွားပြိး ပုံမှန်ပြန်လည် အလုပ်လုပ်မှာ ဖြစ်ပါတယ်။
/F parameter ကတော့ volume ထဲမှာရှိတဲ့ error တွေကို ပြုပြင်ပေးသွားမှာ ဖြစ်ပါတယ်။ အဲလို ပြုပြင်ပေးဖို့ရန်အတွက် volume ကို locked ချရပါလိမ့်မယ်။ အဲလို locked ချလို့ မရဘူးဆိုလျင်တော့ ကွန်ပျူတာကို ပိတ်ပြီး နောက်တစ်ကြိမ် အသုံးပြုတဲ့အချိန်မှာ check disk လုပ်ငန်းစဉ် လုပ်ဆောင်သွားပါလိမ့်မယ်။
/L parameter ကတော့ NTFS မှာပဲ သုံးလို့ရမှာဖြစ်ပြီး လက်ရှိ log file ရဲ့ ပမာဏကို ပြပေးသွားမှာ ဖြစ်ပါတယ်။ chkdsk ကို သုံးတဲ့အခါ log file တွေ ကျန်ခဲ့ပါတယ်။ Log file ရဲ့ ပမာဏကို ပြင်ချင်တယ်ဆိုရင်လည်း ပြင်ပေးနိုင်ပါတယ်။
/V parameter ကတော့ disk ထဲမှာရှိတဲ့ file တွေရဲ့ အမည်နှင့် လမ်းကြောင်း အပြည့်အစုံကို ဖောပြပေးသွားမှာ ဖြစ်ပါတယ်။
/X parameter က လိုအပ်လျင် ပထမဆုံးအနေနဲ့ volume ကို dismount လုပ်ဖို့ရန် တွန်းအားပေးခြင်းဖြစ်ပါတယ်။
အထက်ပါဖော်ပြခဲ့တာတွေက အသုံးဝင်နိုင်လောက်တဲ့ Parameter တွေပဲ ဖြစ်ပါတယ်။ အခြား parameter အနည်းငယ်လည်း ရှိပါသေးတယ်။ ၎င်းတို့ကို သိချင်တယ် ဆိုလျင်တော့ chkdsk /? ဆိုပြီး command prompt မှာ ရိုက်ထည့် ပေးခြင်းဖြင့် chkdsk command ကို ကောင်းကောင်းသုံးနိုင်လိမ့်မယ်လို့ ယူဆရင်းနဲ့ပဲ ရပ်နားလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။
19/07/2024
RAM နဲ့ CPU အကြောင်း
ဆိုတာ ဘာလဲ
အခြေခံ သိသင့်တဲ့ ဗဟုသုတလေးပါ။ မေးလာသူ ရှိလို့ မသိသူများ အလွယ်ကူဆုံး နားလည်အောင် ရှင်းပြလိုက်ရ ပါတယ်။
RAM ဆိုတာ ၁၀ တန်းတုန်းက သင်ရတဲ့ စာအတိုင်း ပြောရရင် Read and Write ရတဲ့ Memory လို့လွယ်လွယ်မှတ်ယူနိုင်ပါတယ်။ ရေးလို့လည်းရ၊ ဖတ်လို့လည်းရဆိုတော့ အဲ့ RAM အပြားအချပ်က စာအုပ်တစ်အုပ်များလား လို့ အဲ့တုန်းကတည်းက ကလေးတွေးနဲ့ တွေးဖူး ပါတယ်။ ဒီလိုရှိပါတယ် -
RAM ဆိုတာ
Random Access Memory ပါ။ မြန်မာလို တိုက်ရိုက် ဘာသာ ပြန်တော့ ကျပန်း ဝင်ရောက်နိုင်သော သိမ်းဆည်းသူပေါ့။ သို့ပေမယ့် နည်းပညာ ကျကျ ပြောရင် RAM လို အင်္ဂလိပ်လိုမှတ်တာ အကောင်းဆုံးပါပဲ။ ကျပန်း ဆိုတာ ဒီလိုပါ။ ၁ ကနေ ၁၀ အထိဆီစားရင် ROM က အစဉ်လိုက် ထုတ်ပေးပါတယ်။ ဥပမာ ကွန်ပြူတာ တစ်လုံး Power On လိုက်တဲ့အခါ Command Line ပေါ်လာမယ်။ Windows Version ဘယ်လောက်ဆိုပြီး Screen တက်လာမယ်။ ပြီးတော့ Home Screen အစရှိသဖြင့်တို့က ROM မှာ သိမ်းဆည်းထားတဲ့ Memory ဖြစ်ပြီး အစဉ်လိုက်ကို ထုတ်ပေးပါတယ်။ ဒါကြောင့် ကွန်ပြူတာဖွင့်ဖွင့်ချငး Home Screen အတန်းပေါ်လို့ မရပါဘူး။ ROM မှာကိုက အစဉ်လိုက်သွားလိုက် လုပ်ပေးထားပါတယ်။ ဖျက်လို့မရဘူး လို့အကြမ်းဖျင်း မှတ်သားထား နိုင်ပါတယ်။
RAM ကျတော့ ကျော်တာ၊ခွတာလုပ်လို့ရပါတယ်။ ဆိုလိုရင်းက လုပ်ဆောင်ချက်ကို ကိုယ်လိုတဲ့ နေရာကနေ ဆွဲယူလို့ ရပါတယ်။ ဒါကြောင့် Random လို့ခေါ်တာပါ။ Data တွေကို သိမ်းတဲ့အခါ C file ထဲသိမ်းရင် RAM ဖြစ်ပြီး ကွန်ပြူတာ Error အကြောင်းတစ်ခုခုရှိတဲ့အခါ အလွယ်တကူ ပျက်နိုင်ပါတယ်။ RAM မှာသိမ်းဆည်းထားလို့ပါ။ ပြီးတော့ RAM မှာသိမ်းဆည်း ထားတဲ့ ပရိုဂရမ်တွေက အသုံးပြုရ၊ Save လုပ်ရ မြန်ဆန် ပါတယ်။ ပြီးတော့ ဘယ်နေရာက ဘယ်လို ပရိုဂရမ်တွေကိုပဲ Run Run . RAM ပေါ်မှာ အလုပ်လုပ်ပြီး နောက်ဆုံးမှ ဒါကို ROM မှာသိမ်းမှာလား RAM မှာ သိမ်းမှာလား ရွေးချယ်နိုင်ပါတယ်။ လွယ်လွယ်မှတ်ရင် ကွန်ပြူတာဖွင့်ပြီး အင်တာနက်သုံးပြီ၊ ဂိမ်းဆော့ပြီ၊ အလုပ်လုပ်ပြီဆိုရင် RAM က မိမိလုပ်ဆောင်ချက်များ အတွက် အလုပ်လုပ်ပေးနေရ ပြီ ဖြစ်ပါတယ်။
RAM ရည်ရွယ်ချက်
RAM နဲ့ ROM ရှိရာမှာ RAM ထားရတဲ့ ရည်ရွယ်ချက် သိမ်းဆည်းထားတဲ့ မှတ်ဥာဏ်တွေဆီကို အလွယ်တကူ ဝင်ရောက်နိုင်ရန်၊ အလွယ်တကူ နှင့် ယာယီ သိမ်းဆည်းနိုင်ရန်၊ ပရိုဂရမ်များကို မြန်မြန် Run နိုင်ရန်၊ အသုံးပြုနိုင်ရန် လို့အလွယ်မှတ်ယူထားနိုင်ပါတယ်။
RAM အမျိုးအစား
DRAM ခေါ် Dynamic RAM နဲ့ Static RAM (SRAM) ဆိုပြီး ၂ မျိုး ရှိပါတယ်။ SRAM အတွေ့နည်းပြီး DRAM အတွေ့များပါတယ်။ ဘာလို့လဲဆို SRAM က ပိုကောင်းပြီး စျေးကြီးလို့ပါ။ သူ့ပါသူ အလိုအလျောက် Refresh ဖြစ်နေတဲ့ SRAM က တစ်စက္ကန့်မှာ အကြိမ် တစ်ထောင်မက Refresh လုပ်ပေးနေရတဲ့ DRAM ထက် လုပ်ဆောင်ချက်လည်း မြန်ဆန်ပါတယ်။ ကျနော်တို့ Windows မှာ F5 နှိပ်ပြီး Refresh ခဏခဏ လုပ်နေတယ်ဆိုတာ RAM အတွက်ပါ။ CPU utilize များတာနဲ့အမျှ RAM အလုပ်များပြီး Error ဖြစ်တတ်လို့ ဖြစ်ပါတယ်။ ဒီတော့ အကြမ်းဖျင်းအားဖြင့် RAM မှာ DRAM နဲ့ SRAM ဆိုပြီး ၂ မျိုးရှိတယ်လို့ အကြမ်းဖျဉ်းမှတ်သား နိုင်ပါတယ်။
အနှစ်ချုပ်
ကွန်ပြူတာတင်မက မိုဘိုင်းနှင့် အခြား ကွန်ပြူတာမှတ်ဥာဏ်ပါဝင် ပစ္စည်းတွေအများစုမှာ RAM က ပါကိုပါပါတယ်။ ဖုန်းမှာလဲ RAM ပါပါတယ်။ RAM များလေလေ လုပ်ဆောင်ချက်မြန်လေလေ ဖြစ်ပါတယ်။ ဒါကြောင့် RAM 2G က RAM 1GB ထက် ဂိမ်းဆိုဒ်ကြီးကြီးကို ဆော့နိုင်ခြင်း ဖြစ် ပါတယ်။ RAM 1GB ထက် RAM 2G ကတစ်ပြိုင်နက်တည်းမှာပဲ အလုပ်များများ လုပ်ပေးနိုင်ပါတယ်။ 2GB ထက် 3GB, 3GB ထက် 4GB အစရှိသဖြင့် သိမ်းဆည်းနိုင်မှုများလေလေ၊ လုပ်ဆောင် ချက်မြန်လေလေ ဖြစ်ပါတယ်။ ဒါကြောင့် ကွန်ပြူတာ တွေမှာ ROM နည်းပေမယ့် RAM များတဲ့အခါ Performance ကောင်းရခြင်း ဖြစ်ပါတယ်။ သူက ROM က အသေသိမ်းဆည်းထားတဲ့ မှတ်ဥာဏ်နဲ့ ပရိုဂရမ်တွေကို ဝန်မျှထမ်းပေးတဲ့ သဘောလည်း သက်ရောက်ပါတယ်။
သူကိုယ်တိုင်ကလည်းရှိတဲ့ ဝန်ကိုထမ်းပြီး ROM က အချို့ဝန်တွေကိုလည်း ခွဲထမ်းပေးတတ်ပါတယ်။ ဥပမာ Networking Devices တွေမှာဆိုရင် Command တွေကို RAM (Running Configuration) ကနေ ROM ထဲကို သိမ်းဆည်းလိုက်တာမျိုးဖြစ်ပါတယ်။ ပြီးတော့ Device ကိုပြန်စတဲ့အခါ ယင်းမှတ်ဥာဏ်က မပျောက်ပဲရှိနေပါတယ်။ RAM ရဲ့ မှတ်ဥာဏ်ဟာ ကွန်ပြူတာပိတ်လိုက်တာနဲ့ ပျောက်ပါတယ်။ ဒါကြောင့် RAM နဲ့ သုံးပြီး နောက်ဆုံးမှာ ROM ထဲကို ပြန် Save လုပ်ရလေ့ရှိပါတယ်။ ဒါကြောင့် တာဝန်ယူခွဲယူတဲ့ သဘောကိုဆိုခြင်း ဖြစ်ပါတယ်။ RAM က volatine memory, ROM က non volatine memory လို့လည်း အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။
ဒီလောက်ဆိုရင် RAM ကဘာကိုခေါ်သလဲဆိုတာတင်မက ROM အကြောင်းကိုပါ အကြမ်းဖျင်း သိပြီလို့ မျှော်လင့် ပါတယ်။
By Tech Space
CPU အကြောင်းသိကောင်းစရာ
**********************
Computer ရဲ့ဦးနှောက်လို့တင်စားခေါ်ဝေါ်လေ့ရှိတဲ့ Microprocessor (ဝါ) CPU သည် transistor သန်းပေါင်းများစွာဖြင့်ပြုလုပ်ထားပြီး
motherboard (သို့) circuit board ပေါ်တွင် တိုက်ရိုက်တပ်ဆင်အသုံးပြုရသည့်အကြီးမားဆုံးသော Chip တစ်ခုပင်ဖြစ်ပါတယ်။
(၁၉၇၁) ခုနှစ်တွင် Intel company မှ
4004 processor ကိုပထမဦးဆုံးစီးပွားဖြစ် တီထွင်ထုတ်လုပ်ရောင်းချခဲ့ပါတယ်။
ထို 4004 processor ကို transistor ပေါင်း ၂၃၀၀ခန့်ဖြင့်တည်ဆောက်ထားပြီး 60 kHz ဖြင့်
အလုပ်လုပ်ဆောင်ပါတယ်။ 60 kHz ဆိုတာကတော့
တစ်စက္ကန့်မှာတွက်ချက်မှုပေါင်း(၆)သန်းခန့်ကို
လုပ်ဆောင်နိုင်ခြင်းပင်ဖြစ်ပါတယ်။
ယနေ့ခေတ်ပေါ် processor များကိုတော့
သန်းနှင့်ချီသော transistor များဖြင့်
တည်ဆောက်ထားပြီး တစ်စက္ကန့်မှာ
တွက်ချက်မှုပေါင်း သန်းထောင်ချီပြီး !။
Microprocessor ရဲ့ပါတ်လည်အနားတစ်လျှောက်မှာ
ရာနှင့်ချီသော pin များကို တွေ့ရပါလိမ့်မယ်။
ထို pin များထဲမှ အချို့ဟာ
Bus (data carrier) များမှလာသော
Signal Line များနှင့်ချိတ်ဆက်ရန်ဖြစ်ပြီး
အချို့ကတော့ Chip ကို ပါဝါပေးရန်ဖြစ်ပါတယ်။
CPU တစ်ခုကို ပကတိ မျက်စိဖြင့်ကြည့်မယ်ဆိုရင်
Component တစ်ခုတည်းအဖြစ်သာမြင်ရမှာဖြစ်ပြီး
အတွင်းပိုင်းမှာတော့ ALU (Arithmetic Logic Unit) ၊ Register ၊ CU (Control Unit) အစရှိသောအစိတ်အပိုင်းများကိုစုပေါင်းပြီး
ထည့်သွင်းတည်ဆောက်ထားပါတယ်။
ဖွဲ့စည်းတည်ဆောက်ပုံများသည် CUP အမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားကြသော်လည်းအခြေံကျသော
သဘောတရားများမှာတော့ အတူတူပင်ဖြစ်ပါတယ်။
CPU သည် Calculation နှင့် Data များကို
Program မှညွှန်ကြားသော Instruction များအတိုင်း
process လုပ်ရသောတာဝန်များကိုဆောင်ရွက်ရပါတယ်။
Instruction များဆိုတာကတော့ရောက်ရှိလာတဲ့
data များကို CPU မှဘယ်လိုထိန်းချုပ်လုပ်ဆောင်ရမလဲဆိုတာကို ညွှန်ကြားတဲ့ command များပဲဖြစ်ပါတယ်။
ဥပမာ 2 + 7 ရဲ့အဖြေကိုတွက်ထုတ်တဲ့အခါမှာ + (Add) သည်အခြေခံကျဆုံး instruction တစ်ခုပဲဖြစ်ပါတယ်။
2 နဲ့ 7 ကိုတော့ calculate မလုပ်ခင်မှာ
ခုနကပြောခဲ့တဲ့ Register ဆိုတဲ့အခန်းငယ်လေးထဲမှာ ခဏသိမ်းထားပါတယ်။
အလားတူပဲ program တစ်ခု (ဥပမာ Microsoft Word) ကိုအသုံးပြုပြီး file တစ်ခုရေးဖွဲ့တဲ့နေရာမှာဆို
ထို file အတွင်းပါစာသားများ ၊ ရုပ်ပုံများ ဟာ
data များပင်ဖြစ်ပါတယ်။
အဲ့ဒီ file ကိုသိမ်းဆည်းရန် (သို့)
printer ထုတ်ရန်အတွက် Print (သို့)
Save တွင် click နှိပ်ပြီး command ပေးရပါမယ်။
ထို Print (သို့) Save သည် CPU အား
data များအပေါ်မှာ ဘယ်လိုပြုမှုဆောင်ရွက်ရမလဲဆိုတာကို
ညွှန်ကြားသော Program (သို့ )
series of instructions များပဲဖြစ်ပါတယ်။
CPU ဟာ Instruction တစ်ခုလာတဲ့အခါ
ထို instruction သည် ဘာကိုလုပ်ဆောင်ဖို့ရန်
ခိုင်းစေသလဲဆိုတာကို နားလည်ဖို့လိုပါတယ်။
CPU အပါအဝင်
computer အစိတ်အပိုင်းအားလုံးအသီးသီးတို့သည်
Lowest-level programming language
ဖြစ်သော machine language ကိုသာလျှင်
နားလည်ပါတယ်။ ထို machine language ကို
CPU မှအလွယ်တကူနားလည်လက်ခံနိုင်သော်လည်း
လူသားများအတွက်တော့ ရေးဖို့ဖတ်ဖို့ရန်မဖြစ်နိုင်ပါ။
ဘာဖြစ်လို့လဲဆိုတော့ machine language တွင်
number (1 & 0) များသာ
ပါဝင်သောကြောင့်ဖြစ်ပါတယ်။
ဥပမာ - 0000 0001 0010
1000 0101 1100 00111
ဒါကြောင့် software ရေးသားသူ programmer များက Assembly (သို့)
high level programming language
လို့ခေါ်တဲ့ C ၊ Fortran ၊ Pascal တို့ကိုအသုံးပြုပြီး
software များကိုရေးသားရပါတယ်။
ဟိုးယခင် Programming ခေတ်ဦးကာလတုန်းကဆိုရင်
Program အားလုံးတို့ကို Assembly language ဖြင့်သာရေးသားခဲ့ကြပါတယ်။ Assembly language သည် machine language နှင့်ဆင်တူသော Structure နှင့် Command များပါရှိပါတယ်။
သို့သော် number များအစား name များဖြင့်
ရေးသားနိုင်ပါတယ်။
ဥပမာ - add $r2, $r3, $r4
ယနေ့အချိန်မှာတော့ Assembly language အသုံးပြုမှုနည်းပါးသွားပြီဖြစ်ပြီး
high level language များဖြစ်ကြသော
C ၊ Fortran ၊ Pascal တို့ကိုသာ
အဓိကထားအသုံးပြုပြီး program များကို
ရေးသားလျက်ရှိပါတယ်။
ထို high level language များသည်
human language နှင့်ဆင်တူသည့်အတွက်ကြောင့်
Program များကို အလွယ်တကူရေးနိုင် ဖတ်နိုင် ပြုပြင်ထိန်းသိမ်းနိုင်ကြပါတယ်။
သို့သော်ငြားလည်း speed သည် အရေးကြီးပြီး
high level language နှင့်ရေးသားဖို့ရန်မဖြစ်နိုင်သော
operation များအတွက် assembly language ကို ယနေ့တိုင်အသုံးပြုရဆဲဖြစ်ပါတယ်။
Program တစ်ခုကို မည်သည့် language နဲ့ရေးဖွဲ့စေကာမူ နောက်ဆုံးတစ်ချိန်မှာ CPU နားလည်လက်ခံနိုင်သော
machine language အဖြစ်သို့
translate လုပ်ပေးရပါတယ်။
ထိုသို့ translate လုပ်နိုင်ရန်အတွက်
high level language မှ
machine language သို့ပြောင်းလဲပေးသော
compiler ၊ interpreter ၊ assembly မှ
machine language သို့ပြောင်းလဲပေးနိုင်သော
assembler တို့ဖြင့် translate လုပ်ပေးရပါတယ်။ Microprocessor စျေးကွက်ကို လွှမ်းမိုးထားပြီး ယနေ့ computerအများစုတို့အတွင် အသုံးပြုလျက်ရှိသော Microprocessor များကို အဓိကထုတ်လုပ်သူ
company ကြီး၂ခုသာရှိပါတယ်။
Intel နဲ့ AMD (Advanced Micro Device)
တို့ပဲဖြစ်ပါတယ်။
Intel သည် processor စျေးကွက်ကိုလွှမ်းမိုးထားပြီး စျေးကွက်ဝေစုအများဆုံးပိုင်ဆိုင်ထားသော
CPU ထုတ်လုပ်သည့် company ဖြစ်ပါတယ်။
အစောပိုင်း CPU တွေကို အမည်ပေးတဲ့နေရာမှာ နံပါတ်တွေနဲ့ပေးသားခဲ့ပါတယ်။
8080 ၊ 286 ၊ 486 အစရှိတဲ့အမည်များနဲ့ဖြစ်ပါတယ်။
486 နောက်ပိုင်းအမည်ပေးတဲ့နေရာမှာ
Pentium ၊ Celeron ၊ အစရှိတဲ့
Pentium မျိုးဆက်ပဲဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ Pentium မဟုတ်ပဲ
Core အမည်များနဲ့လာပါတယ်။
Core 2 Duo ၊ Core 2 Quad ကနေစပြီး
ယနေ့နောက်ဆုံးပေါ် Core i3 ၊ Core i5 ၊ Core i7 တို့ထိအောင်ဖြစ်ပါတယ်။
CPU အလုပ်လုပ်ပုံ Computer ပေါ်မှာ
software တစ်ခုကို install လုပ်ခြင်းသည်
series of instruction များပါဝင်သော
program code များနှင့် ဆက်စပ်လျက်ရှိသော
file များကို hard disk ပေါ်တွင် သိုလှောင်သိမ်းဆည်းထားခြင်းပင်ဖြစ်ပါတယ်။
အလားတူပင် image များ document များအစရှိသော
data များသည်လည်း storage device လို့ခေါ်သည့်
hard disk များ CD ROM များပေါ်တွင်
သိမ်းဆည်းထားပါတယ်။
Program ကို run တဲ့အခါမှာသော်လည်းကောင်း
data များ storage device ထဲမှနေပြီး
RAM (Random Access Memory) ပေါ်သို့ copy ကူးယူလိုက်ပါတယ်။ ထို RAM မှတစ်ဆင့် data များကို
Bus များမှတစ်ဆင့် ယူငင်အသုံးပြုပြီး
CPU မှစတင် process လုပ်ပါလိမ့်မယ်။
အလားတူပင် process လုပ်ပြီံးသွားသော data များကို
CPU မှ RAM ပေါ်သို့ RAM မှ
storage device (Hard Disk) ပေါ်သို့အဆင့်ဆင့်ပြန်ရေးရပါတယ်။
ဒီလိုနဲ့ data တွေကို memory ပေါ်ခဏတင်ထားပြီး
CPU မှ process လုပ်ကာ
အသုံးပြုသူက save လိုက်တာနဲ့တစ်ပြိုင်နက်
hard disk ထဲကိုပြန်သိမ်းပေးပါတယ်။
ကဲ…ဒါဆိုရင်စာဖတ်သူတို့လည်း
Microprocessor (သို့) CPU ဘယ်လိုအလုပ်လုပ်တယ် ဘယ်လိုဖွဲ့စည်းထားလဲဆိုတာကို သိသွားပြီဖြစ်ပါတယ်။
နောက်ထပ် processor တွေရဲ့ Speed ကိုတွက်ချက်ပုံများကိုထပ်မံဖော်ပြပေးပါဦးမယ်။
အစဉ်လေးစားစွာဖြင့်….
Credit:မူရင်းရေးသားသူ
crd
04/07/2024
Computer ဝယ်ယူရာတွင် မဖြစ်မနေ စစ်ဆေးရမယ့်အချက်
-----------------------------
System ဆိုတာက Hardware နဲ့ Software ပေါင်းစပ်ပြီး မြောက်များစွာသော application များ အသုံးပြု
ရာ၊ Process လုပ်ရာ အဖြေထုတ်ရာ နေရာကြီးပဲ ဖြစ်ပါတယ်။
System Information ဆိုတာက System ထဲမှာ ပေါင်းစပ်ပြီး အလုပ်လုပ်နေတဲ့ Hardware တွေ OS
Software တွေရဲ့ Information ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့ System Information ကြည့်ပုံကြည့်နည်းတွေ
သင်ရမှာလဲ။ သင့်အနေနဲ့ ကွန်ပျူတာတစ်လုံး ဝယ်ယူတော့မယ်ဆိုပါစို့။ ဝယ်ယူမည့် ကွန်ပျူတာမှာ ပါဝင်တဲ့ CPU၊
Memory၊ Operation System အစရှိတာတွေကို စစ်ဖို့လိုလာပါပြီ။ အဲလို စစ်တာကို System Information
ကြည့်တယ်လို့ ခေါ်ပါတယ်။
System Information ကို ကြည့်တော့မယ်ဆိုလျင် Desktop ပေါ်မှာရှိတဲ့ This PC ကို Right Click
လုပ်ပြီး Properties ကို သွားပါ။
System Properties ဆိုတဲ့ Box တစ်ခုကျလာပါလိမ့်မယ်။ ကျလာတဲ့ Box မှာ Windows အမျိုးအစား၊ System ရယ်၊
ဆိုပြီး ရှိပါတယ်။
Windows edition ဆိုတဲ့ နေရာမှာကတော့ Windows(OS) အမျိုးအစား 7,8,10….Home, Pro, Enterprise စသည်တို့ကိုတွေ့မြင်နိုင်ပါတယ် ။ Operation System အနေ နဲ့
ပုံမှာဆိုရင် Operation system က Microsoft
Windows 10 Home editon အမျိုးအစား ဖြစ်ပါသည်။
System ဆိုတဲ့ နေရာမှာတော့ ကွန်ပျူတာရဲ့ CPU အမျိုးအစား၊ CPU ရဲ့ Speed၊ Memory ရဲ့
ပမာဏတွေ System Typeအမျိုးအစား 32bit 64bit တွေကို တွေ့ရမှာဖြစ်ပါတယ်။ ပုံမှာဆိုရင် CPU က Intel(R) Core(TM) i5-3337U Third Generation အမျိုးအစားဖြစ်ပီ CPU Speed 1.80 GHz ဖြစ်ပါတယ်၊ Memory ရဲ့ ပမာဏကတော့ 4 GB ရှိတာကို
တွေ့ရပါလိမ့်မယ်။ System type မှာလည်း 64bitဖြစ်တာကြောင့် Windows ဟာ64bit အမျိုးအစားဖြစ်ပါတယ်၊
Windows ထဲမှာ System Information ကို နေရာအများကြီးကနေသွားပြီး ကြည့်လို့ရပါတယ်။ ဥပမာ-
Win Key + R နှိပ်
Run box ခေါ်
Run box ထဲတွင် msinfo32 လို့ရိုက်ပီ Information သွားကြည့်တာလည်း တစ်ခုဖြစ်ပါတယ်။
System Information ထဲမှာ Laptop model, Motherboard ရဲ့ အမည်၊ Motherboard ပေါ်မှာရှိတဲ့ Chipset တွေရဲ့
တံဆိပ်နဲ့ Model နံပါတ်တွေကိုလည်း မြင်ရပါမယ်။ BIOS Version တွေလည်းကြည့်လို့ရပါတယ်။
Processor နဲ့ ပတ်သက်လို့ သူရဲ့တံဆိပ်၊ Version၊ Speed၊ Core အရေအတွက် အစရှိတာတွေပါပါတယ်။ RAM နဲ့
ပတ်သက်လို့ သူရဲ့ပမာဏကို တွေ့ရပါမယ်။
Operation System နဲ့ ပတ်သက်တဲ့ Information တွေကတော့ OS name၊ Hard
Disk ထဲက OS ရှိတဲ့နေရာ ၊ Product ID က အစ အသေးစိတ်ပါပါတယ်။
နောက်တနည်းအားဖြင့် System Information ကို command line ထဲကနေပြီးတော့ ဘယ်လိုသွားမလဲ၊
အပေါ်ကပြောခဲ့တဲ့ လမ်းကြောင်းအတိုင်း သွားကြည့်တာတွေကို GUI (Graphical User Interface) mode ကနေ
System Information ကို ကြည့်ခြင်းလို့ ခေါ်ပါတယ်။
အခုပြောမှာက GUI ကနေ System Information တွေကို မကြည့်ပါဘူး။ GUI က ကိုယ်ကြည့်ချင်တဲ့
System Information ကိုလိုက်ရှာ ဖွင့်နေရတာနဲ့ မူးနေတာပဲ။ Command Line ကနေကျတော့
လွယ်လွယ်ကူကူပဲ ဖွင့်လို့ရပါတယ်။ ရှိသမျှ Information တွေ တစ်မျက်နှာတည်းမှာ အကုန်မြင်ရတယ်လေ။
ကဲ စဖွင့်လိုက်ရအောင် Start Menu Button ကိုနှိပ် Run ကိုသွား CMD လို့ ရိုက်ထည့်င်္ပြး Enter
တချက်ခေါက်လိုက်ပါ။ Command Prompt ထဲ ရောက်သွားလိမ့်မည်။
Command Prompt ထဲမှာ “systeminfo” လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ System ရဲ့ Information တွေကို Loading လုပ်ပါလိမ့်မယ်။
လိုအပ်တဲ့ Information တွေ အားလုံးကို Loading လုပ်ပြီးသွားပြီဆိုလျင်တော့ System Information တွေကို မြင်ရပါပြီ။......ကျေးဇူးတင်ပါတယ်ခင်ဗျာ.......
15/03/2024
Computer အခြေခံနှင့်Laptop Hardwareပိုင်း စိတ်ဝင်စားလေ့လာချင်သူတွေအတွက် အခွင့်အရေးကောင်းပါ အခြေခံ Componentsအကြောင်းကစလို့ BIOS Firmwareရေးသားနည်း၊ Motherboardပေါ်က Voltageတွေအကြောင်း၊ Errorတွေ ရှာနည်း၊ No Power Laptop တစ်လုံးကိုပြင်နိုင်တဲ့ အနေအထားအထိ Videoတွေ ထပ်တင်ပေးသွားအုံးမှာပါ၊ မိမိ Computer Software Error တစ်ခုခုဖြစ်တာ၊ Software တစ်ခုခုလိုချင်တာ ၊Window Activateလုပ်ဖို့လိုတာ၊ Office Activate လုပ်ဖို့လိုတာမျိုးဆိုရင် Laptop သို့မဟုတ် Casingပုံးကြီးသယ်ပြီး အချိန်ကုန်ခံ၊ လူပင်ပန်းခံပြီး Serviceဆိုင်သွားနေတုန်းပဲလား? တချို့ဆိုလဲ ကိုယ့်Privacyကြောင့် Service မအပ်ချင်တဲ့သူတွေ ၊ ကိုယ်တိုင် Technician တစ်ယောက်လို အကုန်လုပ်တက်ချင်သူတွေအတွက်၊Serviceဆိုင်ရှားပါးတဲ့နယ်ဘက်က လူတွေအတွက်ပါ အဆင်ပြေမယ့် နည်းလမ်းလေး ရှိပါတယ်။အဲ့တာကတော့ ကျွန်တော်တို့ရဲ့ ကွန်ပြူတာ Basic To Advance Online Class ဝင်တဲ့ နည်းလမ်းလေးပါပဲ။ သင်ကြားလေ့လာရမည့်ပုံစံကတော့ Android Appနှင့် တယ်လီ ဂရမ် ဂရု တွင် စာတွေ၊ video ပို့စ်တင်ထားပေးတာတွေနှင့်လေ့လာရမည်ဖြစ်ပြီ၊ Videoတွေ နားမလည်မှာတော့မပူပါနဲ့ မြန်မာစာတန်းထိုးရယ် အသံဖိုင်ရယ် သေချာရှင်းပြထားပါတယ်။
App ဒေါင်းရန် ==> https://bit.ly/3Q1pUD1
👉ဘယ်လိုလူမျိုးတွေ Member ဝင်သင့်လဲ?
Computer Windows အသုံးပြုနည်းအခြေခံ basic ကိုသင်ယူကြချင်သူများနှင့် Computer Service ပိုင်းကိုစိတ်ဝင်စားသူတွေ၊
နည်းပညာအကြောင်းစိတ်ဝင်စားသူတွေ၊
Computerကို ကိုယ်တိုင် Service လုပ်ချင်သူတွေ၊
Laptop Boardပိုင်း အခြေခံကို နားလည်လိုသူတွေ
👉အဓိကတင်ပေးမယ့် Course အကြောင်းအရာများကတော့
1. Windows အခြေခံအသုံးပြုနည်းများ
2. Window Install တင်နည်းအစုံ
3. Software Install တင်နည်းအစုံ
4. Window iso ဖိုင်များ
5. Software ဖိုင်များ
6. Laptop Hardware အခြေခံများ
👉ဘယ်လိုလေ့လာရမလဲ?
Tutorial Video File တွေကြည့်ပြီး လေ့လာရပါမယ်
(Android APP နဲ့ Tele-gram Private Group နှစ်မျိုးလုံးထည့်ပေးပါတယ်)
Member ဝင်ရောက်ခြင်းကို ယခုချိန်ဝင်ရောက်မယ်ဆိုရင်တော့ Computer Windows Basic Course အတွက် ၂ သောင်းကျပ်ဖြစ်ပြီး Computer Service Advanced Course အတွက်ကတော့ ၅ သောင်းကျပ်ဖြင့်ဝင်လို့ရပါမယ်
Memberကြေးပေးရတာနဲ့ တန်အောင်လုပ်ပေးဖို့က ကျွန်တော်တို့တာဝန်ပါ။Total Video 41ပုဒ် တင်ပြီးပါပြီ။
Software တွေ Downloadဆွဲဖို့လဲ လိုက်ရှာနေစရာမလိုပါဘူး အကုန်လုံးကိုတစ်စုတစ်စည်းတည်း လုပ်ပေးထားပါတယ်
👉ယခုတင်ပြီးတာတွေကတော့
Windows Installတင်နည်း
Window Boot Stickတင်နည်း
Driverတွေ Installတင်နည်း
Window Activateတင်နည်း
AutoCad Installတင်နည်း
CC 2019 Photoshop Installတင်နည်း
Acrobat 11 Pro Installတင်နည်း
Office Activateတင်နည်း
CS3 Photoshop/Illustrator/Indesign Installတင်နည်း
CS5 Photoshop/Illustrator/Indesign Installတင်နည်း
Office 2016/2019/2021 Installတင်နည်း
WinRAR Install တင်နည်း
Internet Download Manager Installတင်နည်း
Virusမကိုက် အောင် Downloadဆွဲနည်း
This PC Shortcut ဖေါ်နည်း
Window Defender ပိတ်နည်း
Virtual Memoryတိုးနည်း
Software Uninstallလုပ်နည်း
Shrink Volume ပြုလုပ်နည်း
Extend Volume ပြုလုပ်နည်း
Extend Volumeကို CMDဖြင့် ပြုလုပ်နည်း
Window Restore Point ပြုလုပ်နည်း
Computer Specification စစ်ဆေးနည်း
Computer Date & Time ချိန်နည်း
Hibernate ခလုတ် ဖေါ်နည်း
Pyidaungsu Fontနဲ့ Keymagic Installတင်နည်း
User Name & Password Changeနည်း
Microsoft Office Uninstallလုပ်နည်း
SketchUp Pro Install လုပ်နည်း
CS5 Uninstall လုပ်နည်း
Wallpaper Changeနည်း
Dark Mode & Color Change နည်း
Key Tweak Install & အသုံးပြုနည်း
One Clickနဲ့ Softwareတွေသွင်းနည်း
👉Electronicအခြေခံဖြစ်တဲ့
Resistorအကြောင်း
Capacitorအကြောင်း
Diode အကြောင်း
Inductor/Coilအကြောင်း
Meterအသုံးပြုပုံအသေးစိတ်
RAMအကြောင်း အသေးစိတ်
Laptop Backlight Error ရှာနည်း
Laptop Motherboard အကြောင်းအခြေခံလေးတွေလဲ ပါဝင်ပါသေးတယ်
ဒါ့အပြင် အလျဉ်းသင့်သလို Tutorial Videoတွေ Updateတင်ပေးနေမှာမို့လို့ မစုံမှာတော့ ပူစရာမလိုပါဘူး။
နောက်ပိုင်း Window အသုံးပြုနည်း Video များ ၊ Transistorအကြောင်း၊ Meterအသုံးပြုပုံ ၊ Laptop Motherboard ပြုပြင်နည်းအခြေခံ လေး တွေပါထည့်သွင်းပေးသွားပါမှာမို့လို့ တော်တော်ကိုတန်နေပါပြီ။ Video တွေအကုန်စုံသွားရင် Member ဈေးနှုန်းပြောင်းလဲသွားမှာဖြစ်လို့ ယခုလိုအချိန်မှာ ဝင်ထားသင့်ပါတယ်။
Member ဝင်ချင်တယ်ဆိုရင်တော့
Page Chat Box မှတစ်ဆင့်ဆက်သွယ်နိုင်ပါတယ်
Viber / Tele gram - 09898871059
13/03/2024
Laptop Battery အကြောင်း
--------------
လူနေမှုဘဝမှာ Computer တွေကလည်း လိုအပ်မှုတခုအနေနဲ့ တဖြည်းဖြည်းနေရာပိုယူလာကြပါတယ်။ Desktop နဲ့ Laptop ဆိုရင် ပုံမှန်သုံးစွဲသူတို့ကတော့ laptop ကိုပဲအများအားဖြင့်ရွေးချယ်လေ့ရှိပါတယ်။ အဘယ်ကြောင့်
ဆိုသော် laptop တွေက နေရာစားသက်သာခြင်း၊ အလွယ်တကူရွေ့ပြောင်း သယ်ယူနိုင်ခြင်း၊ မီးပျက်သွားလျင်လည်း battery အားဖြင့်ဆက်လက်အသုံးပြုနိုင်ခြင်း အစရှိသောအချက်များကြောင့် ဖြစ်ပါတယ်။ ဒီနေရာမှာ laptop battery
အကြောင်းကို knowledge အနေနဲ့ပြောသွားပါမယ်။ laptop battery တွေကို Lithium-ion Cells တွေနဲ့ cells တွေကိုစောင့်ကြည့်ထိန်းချုပ်တဲ့ BMS (Battery Management System) circult တို့ဖြင့်ဖွဲ့စည်းထားပါတယ်။ BMS ကတော့
laptop ကိုတစုံတရာထိခိုက်မှုမရှိအောင်၊ cells တွေရဲ့ ချို့ယွင်းမှုများကိုစောင့်ကြည့်ပါတယ်။ cell တလုံးလုံး error (ဥပမာ-သတ်မှတ်ထားတဲ့ volt ထက်နည်းသွားတာမျိုး) ဖြစ်ပေါ်ပါက BMS lock ဖြစ်သွားပီး အလုပ်ဆက်မလုပ်ပဲ laptop battery သည်အသုံးပြုလို့မရဖြစ်သွားမှာပါ။
ဒါကြောင့် battery အားကို အားကုန်တဲ့ထိမသုံးဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ battery ပျက်စီးတတ်ပါတယ်။ lithium-ion cells တွေကို 6cell, 4cell, 3cell စသည့်ဖြင့်
cells (ဓာတ်ခဲ) များဖြင့်ဖွဲ့စည်းထားပါတယ်။ Cells တွေရဲ့ mAh နဲ့ laptop ရဲ့ပါဝါ
သုံးစွဲမှုပေါ်မှုတည်ပီ battery အားခံတဲ့အချိန်တွေက ကွာဟမှုရှိကြပါတယ်။ laptop အသုံးပြုတာကြာလာတာနဲ့အမျှ battery အားမခံတော့ပဲ အားကုန်မြန်လာတာ၊ battery အားလုံးဝမခံတော့တာတွေက တြုံလာရမှာပါ။
ပုံမှန် laptop battery တလုံးရဲ့သက်တမ်းက charge cycle count 500 ဝန်းကျင်ရှိပါတယ်။ ပျမ်းမျှ 0%-100% ကို 1cycle ဖြစ်ပီ 50%-100% ကို half cycle သတ်မှတ်ပါတယ်။
ဒါကြောင့်လျှပ်စစ်မီးရတဲ့အခါမှာ အားသွင်းကြိုးတပ်သုံးပီ charge cycle ကိုချွေတာပါ။ တလကိုတခါလောက်တော့ battery ဖြင့်သုံးပေးပါ။ battery ဖြင့်သုံးရင်လည်း အားကုန်တဲ့ထိအသုံးမပြုပါနှင့်။
software တွေများများဖွင့်ထားခြင်းက CPU နှင့် RAM Usage ကိုမြင့်တတ်မှုဖြစ်စေပီ battery အားကုန်မြန်စေသောကြောင့် battery ဖြင့်အသုံးပြုလျှင်မလိုအပ်သော application software များကိုပိတ်ထားပေးပါ။ ပုံမုန် software
အသုံးပြုသူအနေနဲ့ကတော့ battery saver mode ဖြင့်သုံးခြင်းကလည်း battery သက်တမ်းကိုပိုမိုကြာရှည်ခံစေကြောင်းပြောရင်း အဆုံးသတ်လိုက်ပါရစေ 😊။
12/03/2024
ကွန်ပျူတာအသုံးပြုရာမှာ လွယ်ကူအသုံးဝင်စေမည့် Keyboard Shortcuts များ
Ctrl + X
Cut the selected item.
Ctrl + C (or Ctrl + Insert)
Copy the selected item.
Ctrl + V (or Shift + Insert)
Paste the selected item.
Ctrl + Z
Undo an action.
Alt + Tab
Switch between open apps.
Alt + F4
Close the active item, or exit the active app.
Windows logo key + L
Lock your PC.
Windows logo key + D
Display and hide the desktop.
F2
Rename the selected item.
F3
Search for a file or folder in File Explorer.
F4
Display the address bar list in File Explorer.
F5
Refresh the active window.
F6
Cycle through screen elements in a window or on the desktop.
F10
Activate the Menu bar in the active app.
Alt + A
Set focus to the first icon in the Suggested actions menu.
Alt + F8
Show your password on the sign-in screen.
Alt + Esc
Cycle through items in the order in which they were opened.
Alt + underlined letter
Perform the command for that letter.
Alt + Enter
Display properties for the selected item.
Alt + Spacebar
Open the shortcut menu for the active window.
Alt + Left arrow
Go back.
Alt + Right arrow
Go forward.
Alt + Page Up
Move up one screen.
Alt + Page Down
Move down one screen.
Ctrl + F4
Close the active document (in apps that are full-screen and let you have multiple documents open at the same time).
Ctrl + A
Select all items in a document or window.
Ctrl + D (or Delete)
Delete the selected item and move it to the Recycle Bin.
Ctrl + E
Open Search (in most apps).
Ctrl + R (or F5)
Refresh the active window.
Ctrl + Y
Redo an action.
Ctrl + Right arrow
Move the cursor to the beginning of the next word.
Ctrl + Left arrow
Move the cursor to the beginning of the previous word.
Ctrl + Down arrow
Move the cursor to the beginning of the next paragraph.
Ctrl + Up arrow
Move the cursor to the beginning of the previous paragraph.
Ctrl + Alt + Tab
Use the arrow keys to switch between all open apps.
Alt + Shift + arrow keys
When a group or tile is in focus on the Start menu, move it in the direction specified.
Ctrl + Shift + arrow keys
When a tile is in focus on the Start menu, move it into another tile to create a folder.
Ctrl + arrow keys
Resize the Start menu when it's open.
Ctrl + arrow key (to move to an item) + Spacebar
Select multiple individual items in a window or on the desktop.
Ctrl + Shift with an arrow key
Select a block of text.
Ctrl + Esc
Open Start.
Ctrl + Shift + Esc
Open Task Manager.
Ctrl + Shift
Switch the keyboard layout when multiple keyboard layouts are available.
Ctrl + Spacebar
Turn the Chinese input method editor (IME) on or off.
Shift + F10
Display the shortcut menu for the selected item.
Shift with any arrow key
Select more than one item in a window or on the desktop, or select text in a document.
Shift + Delete
Delete the selected item without moving it to the Recycle Bin first.
Right arrow
Open the next menu to the right, or open a submenu.
Left arrow
Open the next menu to the left, or close a submenu.
Esc
Stop or leave the current task.
PrtScn
Take a screenshot of your whole screen and copy it to the clipboard.
11/03/2024
HDD နဲ့ SSD ဘယ်လို ကွာခြားလဲ?
HDD ဆိုတာ Hard Disk ဖြစ်ပြီးတော့ SSD ဆိုတာ Solid State Device ဖြစ်ပါတယ်။
နှစ်ခုစလုံးက Storage Device တွေပဲ ဖြစ်ပါတယ်။
HDD ဟာ 3.5 inch (Desktop) နဲ့ 2.5 inch (laptop) ဆိုပြီး အရွယ်အစား နှစ်မျိုးရှိပါတယ်။
HDD အားသာချက်က ဈေးသက်သာပါတယ်။ သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏများပါတယ် ( ယခုဆိုရင် Hard Disk 12 TBထိတောင် သိမ်းဆည် လာနိုင်ပါပြီ)။
HDD ရဲ့ အားနည်းချက်တွေက အကြမ်းမခံပါဘူး ။ရွေ့လျားနေတဲ့ အစိတ်အပိုင်းတေ ပါဝင်တာကြောင့် လွတ်ကျတာနဲ့ ပျက်စီးနိုင်ပါတယ်။
ပါဝါစားမှုက SSD ထက်များပါတယ် ။ 6 Watt ကနေ 15 Watt လောက်ထိ ပါဝါစားပါတယ်။
HDD ရဲ့ Data ကူးပြောင်းနှုန်းက 200 Mbps အောက်မှာသာ Read/Write လုပ်နိုင်ပါတယ်။
HDD တွေရဲ့ Data လက်ခံနိုင်တဲ့ နှုန်းက 5.5s ကနေ 8.0 Ms အချိန်ထိကြာပါတယ်။
SSD မှာတော့ 2.5 inch အရွယ်အစားတစ်မျိုးပဲ လာပါတယ်။
2.5 inch Drive အတွက် နေရာမပါတဲ့ Desktop တွေမှာ တပ်ချင်တယ်ဆိုရင် အရွယ်ပြောင်းတဲ့ ကာဗာ (3.5 inch adapter) ခံပြီး တပ်ဆင်ရမှာပါ။ Motherboard ပေါ်မှာရှိတဲ့ SATA-3 အပေါက်နဲ့တွဲဆက်ရမှာဖြစ်ပါတယ်။
SSD ရဲ့ အာသာချက်က Data ကူးပြောင်းနှုန်းမှာ 200 Mbps ကနေ 25000 Mbps ကြား မှာ Read/Write လုပ်နိုင်တဲ့ အတွက် HDD ထက် ၁၀ ဆမက ပိုမြန်ပါတယ်။
SSD တွေက အကြမ်းခံပါတယ်။ ရွေ့လျားနိုင်တဲ့ အစိတ်အပိုင်းတေ မပါဝင်တဲ့ အတွက် တော်ရုံ ပြုတ်ကျတာ၊ ထိခိုက်မိတာ လောက်နဲ့ Data တေ မပျက်စီးနိုင်ပါဘူး။
SSD တွေရဲ့ Data လက်ခံနိုင်တဲ့ နှုန်းက 0.5s အချိန်ထိ သာကြာပါတယ်။ ပါဝါစားမှု က 2 Watt ကနေ 5 Watt လောက်ထိပဲစားပါတယ်။
စက်ဖွင့်တာဖြစ်ဖြစ် ၊ File တွေကူးတာဖြစ်ဖြစ် SSD သုံးထားရင် သိသိသာသာမြန်ဆန်နေမှာပါ။
SSD မှာ မော်ဒယ် နဲ့ သိမ်းဆည်းနိုင်မှု ပမာဏအလိုက် အမြန်နှုန်း ကွာခြားပါတယ်။
အပူထုတ်လုပ်မှုနည်းတယ်။ အလေးချိန်ပေါ့တယ်။
အရွယ်အစားသေးငယ်လို့ ပေါ့ပေါ့ပါးပါး Laptop ဒီဇိုင်းတွေမှာ ထည့်သွင်းအသုံးပြုပါတယ်။
SSD ရဲ့ အားနည်းချက်က ဈေးကြီးပါတယ်။ HDD နဲ့ SSD Storage ပမာဏတူရင်တောင် SSD က ဈေးနှစ်ဆလောက် ပိုပါတယ်။
SSD တေရဲ့ သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏက 1 TB ကနေ 4 TB သာရှိပါတယ်။ Hight-End ကွန်ပျူတာတေမှာ သာ 8TB တွေ့ရတာပါ။
SSD မှာ SSD, M.2 SSD (SATA) နဲ့ M.2 SSD (PCIE) ဆိုပြီး လာပါတယ်။
SSD (SATA) = မြင်နေကျ Hard Disk တွေလို လေးထောင့်ပုံပါပဲ။ 2.5 inch တစ်မျိုးထဲ လာတဲ့ အတွက် 2.5 inch Drive နေရာမပါတဲ့ Desktop ပုံး တွေမှာတပ်ချင်တယ်ဆိုရင် အရွယ်ပြောင်းတဲ့ ကာဗာ (3.5 inch adapter) ခံပြီးတပ်ဆင်ရမှာပါ။ မာသားဘုတ်ပေါ်မှာရှိတဲ့ SATA-3 အပေါက်နဲ့တွဲဆက်ရမှာဖြစ်ပါတယ်။ (SATA-2 နဲ့တွဲဆက်လိုက်ရင် မြန်နှုန်းတစ်ဝက်ပဲရမှာ ဖြစ်ပါတယ်။)
M.2 SSD (SATA) ဟာ M.2 (SATA) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ အမြန်နှုန်းစွမ်းဆောင်ရည်ပိုင်းက SSD (SATA) နဲ့တူတူပါပဲ။ တပ်ဆင်ရတဲ့နေရာကွာခြားသွားတာပါ။ အရွယ်သေးသွားတဲ့အတွက် ပါးလွှာတဲ့ Laptop တွေမှာတော့ နေရာအဆင်ပြေစေပါတယ်။
M.2 SSD (PCIE) ဟာ M.2 (PCIE) ပါတဲ့ မားသားဘုတ် (Motherboard) တွေမှာပဲတပ်ဆင်နိုင်ပါတယ်။ Laptop တွေနဲ့ Desktop ဘုတ်အမြင့်တွေမှာပါပါတယ်။ NVMe ( Non- Volatile Memory Express) SSD လို့လည်းခေါ်ကြပါတယ်။ အားလုံးထဲမှာ speed အမြန်ဆုံးက NVMe SSD ဖြစ်ပါတယ်။
(M.2 SSD တွေမှာလည်းအရွယ်အစားရှိပါတယ်။ 2280 ဆိုတာ ၂၂ မီလီမီတာ x ၈၀မီလီမီတာ အရွယ်ကိုဆိုလိုပါတယ်။ 2242 ဆိုရင် ၂၂ မီလီမီတာ x ၄၂ မီလီမီတာကိုဆိုလိုတာပါ။)
M.2 အပေါက်က တူပေမယ့် PCIE လား၊ SATA လား၊ နှစ်ခုစလုံးရသလားဆိုတာကို Laptop (သို့) Motherboard မော်ဒယ်ကိုကြည့်ပြီး သက်ဆိုင်ရာ Website မှာသွားရှာရမှာပါ။ ဒါမှမဟုတ် စက်ကိုဖွင့်ကြည့်ပြီး ဘာရေးထားလဲကိုရှာနိုင်ပါတယ်။ ဘာမှ မရေးထားရင် မျက်လုံးအမြင်နဲ့ဆုံးဖြတ်ဖို့ခက်ပါတယ်။
⏺ဒေတာ ထိန်းသိမ်းနိုင်မှု
HDDတွေက စက်လှုပ်ရှားမှုအပိုင်းတွေပါပေမဲ့ သံလိုက်ဓာတ်နဲ့ သိမ်းတာမို့ DATA တွေကို သိုလှောင်ထားနိုင်တဲ့ ကာလပိုကြာကြာ သိမ်းထားနိုင်ပါတယ်။
SSD တွေမှာတော့ စက်လှုပ်ရှားမှု အစိတ်အပိုင်းတွေမပါဘဲ NAND Gate Semiconductor တွေထဲမှာ လျှပ်စစ် သိုလှောင်တဲ့ စနစ်နဲ့ သိမ်းထားတာဖြစ်လို့ အချိန်ကာလ တစ်ခုမှာတော့ သိမ်းဆည်းထားတဲ့ လျှပ်စစ်ဓာတ် ယိုစိမ့်ပျောက်ဆုံးပြီး DATAတွေ ပျက်စီးနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။
အချက်အလက်တွေကို နှစ်ပေါင်းများစွာ သိမ်းဆည်းထားချင်တာမျိုးဆိုရင်တော့ SSDတွေကို မသုံးဘဲ HDD တွေကိုသာ သုံးသင့်ပါတယ်။
⏺သင် ဘယ် Storage Device ကို ရွေးဝယ်မလဲ?
ဒါဆို အဖြေက ရှင်းပါတယ်။
ဈေးများများမသုံးနိုင်ဘူး။ Storage များတာလဲ လိုချင်တယ်ဆိုရင် HDD ကို ရွေးချယ် သုံးစေချင်ပါတယ်။
ဈေးလည်းတက်နိုင်တယ်။ မြန်ဆန်တာလေးလည်း သုံးချင်တယ် ဆိုရင်တော့ SSD ကို ရွေးချယ်သုံးစေချင်ပါတယ်ခင်ဗျာ။
Gaming Laptop နဲ့ Gaming Desktop မှာတော့ HDD သုံးနေသေးတယ်ဆိုရင်တော့ အသုံးစရိတ်ချွေတာပြီး SSD ပြောင်းသုံးသင့်ပါတယ်ခင်ဗျာ။
Graphic Design ပိုင်းကို လုပ်ကိုင်နေတဲ့ သူတွေ နဲ့ Video Editing သမားတွေအတွက်ကတော့ မဖြစ်မနေ SSD ကိုပြောင်းသုံးပါလို့ အကြံပေးပါတယ်ခင်ဗျာ။
မူရင်းရေးသားသူများကို လေးစားလျှက် Credit ပေးပါသည်။
11/03/2024
မိမိ Computer Software Error တစ်ခုခုဖြစ်တာ ၊ Software တစ်ခုခုလိုချင်တာ ၊Window Activateလုပ်ဖို့လိုတာ ၊Office Activate လုပ်ဖို့လိုတာမျိုးဆိုရင် Laptop သို့မဟုတ် Casingပုံးကြီးသယ်ပြီး အချိန်ကုန်ခံ ၊လူပင်ပန်းခံပြီး Serviceဆိုင်သွားနေတုန်းပဲလား? တချို့ဆိုလဲ ကိုယ့်Privacyကြောင့် Service မအပ်ချင်တဲ့သူတွေ ၊ ကိုယ်တိုင် Technician တစ်ယောက်လို အကုန်လုပ်တက်ချင်သူတွေအတွက်ပါအဆင်ပြေမယ့် နည်းလမ်းလေး ရှိပါတယ်။အဲ့တာကတော့ ကျွန်တော်တို့ရဲ့ ကွန်ပြူတာ Basic To Advance Online Groupဝင်တဲ့ နည်းလမ်းလေးပါပဲ။ Videoတွေ နားမလည်မှာတော့မပူပါနဲ့ မြန်မာစာတန်းထိုးနဲ့ သေချာရှင်းပြထားပါတယ်။တခြားGroupတွေလို ရှိထားတဲ့ Videoလေးတွေပဲ လေ့လာရမှာ မဟုတ်ဘဲ Tuturial Video အသစ်တွေထပ်ထပ်တိုးပေး သွားမှာဖြစ်လို့ Updateအမြဲဖြစ်နေပါမယ်၊
👉ဘယ်လိုလူမျိုးတွေMemberဝင်သင့်လဲ?
Computer Serviceပိုင်းကိုစိတ်ဝင်စားသူတွေ
နည်းပညာအကြောင်းစိတ်ဝင်စားသူတွေ
Computerကို ကိုယ်တိုင် Service လုပ်ချင်သူတွေ
Laptop Boardပိုင်း အခြေခံကို နားလည်လိုသူတွေ
👉ဂရုမှာ အဓိကတင်ပေးမယ့် အကြောင်းအရာ
Window Installတင်နည်းအစုံ
Software Installတင်နည်းအစုံ
Windowဖိုင်များ
Softwareဖိုင်များ
Laptop Hardwareအခြေခံ
👉ဘယ်လိုလေ့လာရမလဲ?
Tutorial Video File တွေကြည့်ပြီး လေ့လာရပါမယ်
(Face-book Private Group နဲ့ Tele-gram Private Group နှစ်မျိုးလုံးထည့်ပေးပါတယ်)
🙏ဂရုဝင်ကြေးကိုတော့
ပုံမှန်15000 သတ်မှတ်ထားပေမယ့်
အခုချိန်ဝင်ရင် လျော့ဈေး
8000ကျပ်နဲ့ဝင်လို့ရပါမယ်🙏
👉ဂရုထဲမှာ အခုတင်ပြီးတာတွေကတော့
Windows Installတင်နည်း
Window Boot Stickလုပ်နည်း
Driverတွေ Installတင်နည်း
Window Activateလုပ်နည်း
Office Activateလုပ်နည်း
CS3 Photoshop/Illustrator/Indesign Installတင်နည်း
CS5 Photoshop/Illustrator/Indesign Installတင်နည်း
Office 2016/2019/2021 Installတင်နည်း
WinRAR Install တင်နည်း
Internet Download Manager Installတင်နည်း
Virusမကိုက် အောင် Downloadဆွဲနည်း
This PC Shortcut ဖေါ်နည်း
Window Defender ပိတ်နည်း
Virtual Memoryတိုးနည်း
Software Uninstallလုပ်နည်း
Shrink Volume ပြုလုပ်နည်း
Extend Volume ပြုလုပ်နည်း
Extend Volumeကို CMDဖြင့် ပြုလုပ်နည်း
Window Restore Point ပြုလုပ်နည်း
Computer Specification စစ်ဆေးနည်း
Computer Date & Time ချိန်နည်း
Hibernate ခလုတ် ဖေါ်နည်း
Pyidaungsu Fontနဲ့ Keymagic Installတင်နည်း
User Name & Password Changeနည်း
👉Electronicအခြေခံဖြစ်တဲ့
Resistorအကြောင်း
Capacitorအကြောင်း
Diode အကြောင်း
Inductor/Coilအကြောင်းအခြေခံလေးတွေလဲ ပါဝင်ပါသေးတယ်
ဒါ့အပြင် အပတ်စဉ် Tutorial Videoတွေ Updateတင်ပေးနေမှာမို့လို့ မစုံမှာတော့ ပူစရာမလိုပါဘူး။
နောက်ပိုင်း Transistorအကြောင်း၊ Meterအသုံးပြုပုံ ၊ Laptop Motherboard ပြုပြင်နည်းအခြေခံ လေး တွေပါထည့်သွင်းပေးသွားပါမှာမို့လို့ တော်တော်ကိုတန်နေပါပြီ။
Video တွေအကုန်စုံသွားရင် Member ကြေး 15000ဖြစ်သွားမှာမို့လို့ အခုလိုတန်တုန်းမှာ ဝင်ထားသင့်ပါတယ်။
Memberဝင်ချင်တယ်ဆိုရင်တော့
Page Chat Box မှတစ်ဆင့်ဆက်သွယ်နိုင်ပါတယ်
Viber / Tele gram - 09898871059
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon