26/05/2015
ဖျာပုံမြို့နယ် နော်တော်ကြီးကျေးရွှာ ကိုးအိမ်တန်းစု ကျုံးပိုင်းကျေးရွှာ ရွှေဝါရောင်ပညာအလင်းပြစာကြည်တိုက်။FBမိတ်ဆွေ သူငယ်ချင်းများကို သတင်းကောင်းလေး ပေးပါရစေ။မိမိတို့အိမ်မှာ ဖတ်ပြီးသားစာအုပ်များ ရှိရင် တစ်ခြားသူတွေကိုလည် မျှဝေးပြီး ကုသိုလ်ယူနိုင်ပါတယ်။ စာအုပ်များလှူ ဒါန်းနိုင်ကြပါတယ်။
16/08/2014
ရွှေဝါရောင်အလင်းပြစာကြည့်တိုက်အတွက် စာအုပ်လှူဒါန်းခဲ့သော မမီး (https://www.facebook.com/tharawun.oo.1?fref=ufi) အား ကျေးဇူးတင်ရှိပါကြောင်း.........
09/08/2014
]Facebook စာမျက်နှာ သိခဲ့ရသော သူငယ်ချင်း Myat Noe Eain ၏ကြိုးစားအားထုတ်မှုကြောင့် ရရှိလာသော ဂျာနယ်အိတ်များ..... —
09/08/2014
ဖေးဘွတ်စ်စာမျက်နှာရှာဖွေတွေ့ရှိ၍ လှူဒါန်းပေးခဲ့သော အန်တီဒေါ်စန်းရီတင့်အား ကျေးဇူးတင်ရှိပါကြောင်းနှင့် သူမ ပေးအပ်လှူဒါန်းခဲ့သော စာအုပ်များမှာ တန်ဖိုးရှိလှသောစာအုပ်များဖြစ်သလို တချို့စာအုပ်၊ DVD အခွေများသည် လူကုန်ကူးမှုတိုက်ဖျက်ရေးဇာတ်လမ်းခွေ၊ ခုခံအားကျဆင်းမှုရောဂါကာကွယ်ရေးစာအုပ်များ၊ မုန်တိုင်းကာကွယ်ရေးစာအုပ် များ ကျန်းမာရေးနှင့်ပတ်သက်သောစာအုပ်များစွာဖြစ်ပါသည်...
02/08/2014
နိုင်ငံတစ်နိုင်ငံရဲ့တိုးတက်မှုဆိုတာ နိုင်ငံ သူနိုင်ငံသားတွေရဲ့အသိပညာပေါ်မူတည် တယ်။
02/08/2014
နိုင်ငံတစ်နိုင်ငံရဲ့တိုးတက်မှုဆိုတာ နိုင်ငံ သူနိုင်ငံသားတွေရဲ့အသိပညာပေါ်မူတည် တယ်။ အဲဒီလိုအသိပညာဗဟုသုတတွေ အလွယ်တကူသိမြင်ဖို့က ဒီဘက်ခေတ်ရဲ့မြို့ ပြကြီးတွေရဲ့အထက်တန်းစားလူတန်းစား တွေနဲ့ လူလတ်တန်းစားတွေမှာတော့ လွယ် ကူလှပါတယ်။ ဟန်းဖုန်းကိုယ်စီ ( Touch Screen)နဲ့ အင်တာနက်သို့မဟုတ် ဝိုင်ဖိုင် ချိတ်ဆက်ပြီး Social Network ဖြစ်တဲ့ Facebook , Twitter တခြား Forum ပေါင်းစုံ တွေသိသင့်သိထိုက်တာတွေကို ရှာဖွေဖတ်ရှု နေကြပါတယ်။ အချိန်ကုန်သက်သာ၊ လူသက် သာပြီး တစ်နေရာတည်းမှာပဲဖြစ်ဖြစ် လမ်း လျှောက်သွားရင်းနဲ့ပဲဖြစ်ဖြစ် ဖတ်နေကြပါပြီ။ ဒါက မြို့ပြရဲ့အသိပညာဗဟုသုတတိုး တက်မှုရဲ့ရလဒ်ဖြစ်ပါတယ်။ မြို့ပြလူတန်းစား အများစုလူငယ်၊လူကြီး၊ကလေးသူငယ်တွေ ဟာ သတင်းတွေ၊ တန်ဖိုးရှိတဲ့စာတွေ၊ကျောင်း သင်ခန်းစာတွေ၊အလုပ်ခေါ်စာ၊အလုပ်ရှာဖွေ မှု၊ကျန်းမာရေးဝန်ဆောင်မှု၊နှလုံးသားရေးရာ စတဲ့အခန်းကဏ္ဍဟာ Social Network မု ပေါ် မှီခိုနေကြတယ်။ မီးပျက်သွားမှာကိုလည်း ပူစ ရာမလိုဘူး။ ဖုန်းအားလေးပြည့်ရင် ရပြီ။ ဖတ် ချင်တဲ့စာအုပ်လည်း စာအုပ်ဆိုင်တွေ သွားပြီး ငွေပေးဝယ်စရာမလိုတော့ဘူး။ ဂူးဂဲလ်ဆိုတဲ့ Search engineer မှာ ထည့်ရိုက် download လုပ်လိုက်ရုံပဲ။ နောက်ပြီးတော့ ဖုန်းတွေမှာ လူတွေရဲ့အကျိုးကို ကောင်းမယ့်အရာ ဆိုးမယ့် အရာတွေကို ဖြည့်ဆည်းပေးမယ့် apk တွေကလည်းဆိုင်တွေ၊အင်တာနက်ကနေ ရှာလို့ရတယ်။ မြို့ပြနေသူတွေအတွက်တော့ တိုးတက်ရာတိုးတက်ကြောင်းတွေကတော့ နေရာတစ်နေရာအနေဖြင့် မလိုတော့ဘူး။ မြို့ပြမဟုတ်တဲ့ကျေးလက်ဒေသမှာ တော့ မြို့ပြလို့တော့မဟုတ်ပါဘူး။ လမ်းပန်းနှင့် ဆက်သွယ်ရေး၊လျှပ်စစ်မီးရရှိ ရေးတွေက အင်မတန်ကို ဆိုးဝါးလှပါတယ်။ နောက်ပြီးတော့ တောသူတောင်သားတွေဟာ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားဖို့အ တွက် ခက်ခဲလွန်းလှပါတယ်။ သူတို့တွေ အများစုက လယ်ယာစိုက်ပျိုးရေးကို တစ်သီး စားနှစ်သီးစားသာ လုပ်ကိုင်ကြပေမဲ့ ဆန် စပါးဆိုတာ သူတို့ဘာသာတောင် ဝယ်စား ရတဲ့ဘဝပါ။ ကလေးသူငယ်တွေဆိုရင် အဖြူနဲ့ အစိမ်း၊နာဂစ်ရဲ့လက်ဆောင်ကျောပိုးအိတ်က လေးကိုလွယ်လို့ ဝေးလံလှတဲ့ ကျောင်းကလေးကို ခြေဗလာဖိနပ်မဲ့ လျှောက်နေကြတာတွေကို စာဖတ်သူတို့ဆုံဖူးကြမှာပါ။ သူတို့လေးတွေ အားကိုးအားထားကြတဲ့ ကျောင်းဆိုတာကလည်း ခေတ်ရဲ့အခြေအနေကြောင့် သူတို့လေးတွရဲ့ တိုးတက်မှုကို အပြည့်အဝဖြစ်ဖို့က ခဲယဉ်းပါ တယ်။နိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်ဆိုတာ ကျွန်တော်တို့ရဲ့မျိုးဆက်သစ်တွေရဲ့အရည်အ သွေးပေါ်မူတည်ပါတယ်။ မျိုးဆက်သစ်တွေရဲ့ အရည်အချင်းတွေက ညံ့ဖျင်းနေရင်း တိုင်းပြည် ရဲ့ အနာဂတ်ဟာ လွန်စွာစိုးရိမ်နေရပါမည်။ တိုင်းပြည်ရဲ့အရည်အသွေးကောင်းမွန်စေချင်ရင် တော့ အနာဂတ်ကလေးတွေ ပြည့်စုံနေရမယ်။ မျိုးဆက်သစ်တွေရဲ့အရည်အသွေးကောင်းမှု လိုချင်ရင် အကျိုးရှိစေမယ့်စာပေဗဟုသုတတွေ ဖန်တီးပေးထားဖို့လိုတယ်။ အလွယ်တကူ စာပေ ရရှိဖို့က မြို့ပြအတွက်လွယ်ကူပေမဲ့ ကျေးရွာတွေ မှာတော့မလွယ်လှပါဘူး။ သူငယ်ချင်းရဲ့ရွာလေး ဖြစ်တဲ့ဧရာဝတီတိုင်း၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်နဲ့ ဆယ့်ငါးမိုင်ဝေးတဲ့နောင်တော်ကြီးကျေးရွာကို လွန်ခဲ့တဲ့နှစ်နှစ်လောက်က ရောက်ခဲ့ဖူးတယ်။နာရေးတစ်ခုကို သွားရင်းနဲ့ရွာရဲ့ ဓလေ့ထုံးစံနဲ့ တခြားအကြောင်းအရာတွေကိုပေါ့။လျှပ် စစ်မီးလည်းမရရှိသလို ဆရာဝန်သို့မဟုတ် ဆေးပေးခန်းဆိုတာလည်း မရှိပါဘူး။ ဒီရွာကို လေ့လာခွင့်ပေးတဲ့အတွက် ကျေးဇူး တင်မိပါတယ်။ ရွာလေးရဲ့ ကလေးတွေ နဲ့လူငယ်၊ လူကြီးတွေရဲ့စဉ်းစားတွေးခေါ်မှု တွေကတော့ သိပ်ကို အားရကျေနပ် စရာမရှိပေမဲ့ သူတို့ရဲ့ဧည့်ဝတ်ကျေပွန်မှု၊ စုပေါင်းလှုပ်ရှားမှုတွေကိုတော့ ဝမ်းသာမိ ပါတယ်။ သူတို့ရဲ့တစ်နေ့တာက မနက် လေးနာရီကနေညနေ့ခြောက်နာရီလောက် မှ သိမ်းကြတာ။ ကျေးရွာတိုးတက်မှုကို မြင့်မားစေချင်တဲ့သူငယ်ချင်းရဲ့စေတနာကို ပိုသိမြင်လာခဲ့ရတယ်။ နောက်တော့သူငယ်ချင်း(အရှင်ထာဝ ရ)က ရွာအတွက် ဆေးပေးခန်းနဲ့ စာကြည့် တိုက်လုပ်ဖို့ အစီအစဉ်စဆွဲခဲ့ကြတယ်။ စာအုပ်စာတန်းတွေကိုစုဆောင်းရှာဖွေနေကြ တယ်။ အဆောက်အအုံအတွက်ဒေသခံရွာ သားမိသားစုတစ်စုကြောင့် မြေနေရာရရှိ ခဲ့ပါတယ်။ ရွာသားတွေရဲ့တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်မှုနဲ့သိရီလင်္ကာမှာနေ ထိုင်တဲ့(ကျောင်းတက်) ဦးဇင်းကုသလ၊ ကိုရဲစသည့်မိတ်ဆွေတွေရဲ့ကြိုးပမ်းမှု ကြောင့် အဆောက်အအုံနဲ့စာစောင်၊ သတင်း ဂျာနယ်နဲ့စာအုပ်တွေ ရောက်ရှိလာပါတယ်။ စာကြည့်တိုက်ရဲ့ ရည်ရွယ်ချက်က တခြား သောစာကြည့်တိုက်တွေရဲ့ ရည်ရွယ်ချက် တွေတိုင်းဆိုပေမဲ့ အခက်အခဲတွေက ကွဲ လွဲမှုရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆက်သွယ်ရေးလည်း ညံ့၊ လမ်းပန်းကလည်း ညံ့ဖျင်းတာကြောင့် စာကြည့်တိုက်အတွက် အခက်အခဲဖြစ်စေပါတယ်။ စာကြည့်တိုက်ဟု ရုပ်လုံးသာပေါ်လာပေမဲ့ အထဲမှာ တော့ စာအုပ်တွေ ထားဖို့ ဗီရို၊စာအုပ်စင်တွေပါ လိုအပ်နေဆဲပါ။ မိမိတို့စုဆောင်းလက် ခံရရှိထားတာတွေက ဂျာနယ်တွေပဲဆန်အိတ် ကိုးအိတ်စာနဲ့ စာအုပ်ကတော့ ဆန်အိတ် တစ်အိတ်စာပဲ ရှိနေသေးတယ်။ စာကြည့်တိုက်ရဲ့ဖြစ်သင့်ရှိသင့်တဲ့စာ အုပ်တွေများစွာ လိုအပ်နေပါသေးတယ်။ မိမိတို့ဆီမှာရှိတဲ့စာအုပ်အဟောင်း တစ်အုပ် စာ ၊နှစ်အုပ်စာဖြည့်ဆည်း ပေးချင်တယ်ဆိုရင် လည်း ကျွန်တော်တို့တွေ လာရောက်ယူ ဆောင်ကြမှာပါ။ ဒီဘက်ခေတ်ရဲ့အကြပ် အတည်းနဲ့စာအုပ်တွေရဲ့ဈေးနှုန်းတွေကြောင့် လူတိုင်း ဝယ်ပြီး လှူဒါန်းဖို့က ခက်ခဲလှပါ တယ်။ ဒါကြောင့်မို့ လှူဒါန်းသူတွေကိုလည်း အခက်အခဲမဖြစ်စေချင်ဘူး ။မိမိတို့နေအိမ်က အကျိုးရှိစေမယ့်စာအုပ်အ ဟောင်းတွေကို လှူဒါန်းပေးဖို့ မေတ္တာရပ်ခံတာပါ။ အိမ်တစ်အိမ်မှာတော့ စာအုပ် တစ်အုပ် နှုန်းတော့ရှိကြမှာပါ။ မိမိတို့ရဲ့လှူဒါန်းထားတဲ့ စာအုပ်ကို ကလေး၊လူငယ်၊လူကြီးတွေဖတ်ခွင့် ရခဲ့ရင် သူတို့ရဲ့ဦးနှောက်မှာ အလင်းတွေ တစ်ချက်စီ တစ်ချက်စီ ဖျက်ခနဲ လင်းလက်လို့ အတွေးတစ်ခု ၊နားလည်မှုတစ်ခုရသွားမှာပါ။ဒီလိုအကျိုးရှိသွားမယ့်စာလေးတစ်ကြောင်း သို့မဟုတ် အတွေးတစ်ခုက သူရဲ့ရှင်သန်ရာ ပတ်ဝန်းကျင်ကို ဖြန့်ဝေမယ်။ သူ့ရဲ့ဖြန့် ဝေမှုရဲ့ အကျိုးရလဒ်က သူသေဆုံးသွားရင်တောင် မပျောက်ကွယ်ဘဲ အခန့်မသင့်ရင် ဖတ်လိုက်ရ တဲ့သူ့ရဲ့အတွေးက ဖြစ်ပေါ်လာတဲ့စကားက သင့်ဦးနှောက်ထဲရောက်လာနိုင်တယ်။ စာအုပ် ဟာ လူတွေရဲ့အသိဥာဏ်ကို ပွင့်လင်းစေ တယ်ဆိုရင် စာကြည့်တိုက်ဆိုရင် ဘယ်လို သတ်မှတ်ကြမလဲ။အသိဥာဏ်ဘဏ်သို့မဟုတ် ဗဟုသုတဘဏ်လို့ သတ်မှတ်ကြတာပေါ့။ အခုဆိုရင် ကျွန်တော်ရဲ့ ဖေးဘွတ်စ်အ ကောင့်ကနေ စာကြည့်တိုက်အတွက် အလှူခံလိုက်တာရွှေပြည်သာကတစ်ယောက်၊ ပုဇွန်တောင်တစ်ယောက်၊ တောင်ဒဂုံတစ် ယောက်စတဲ့သူငယ်ချင်းသုံးယောက်ဆီကနေ စာလာအိတ်ရှစ်အိတ်စာဂျာနယ်နဲ့ ဆန်အိတ် တစ်အိတ်စာစာအုပ်တွေလက်ခံရရှိခဲ့ပါသည်။ ဒီ facebook ကနေနောက်ထပ်စာအုပ် တွေရဖို့အခွင့်အလမ်းတွေလည်း ရှိလာပါ တယ်။ စာအုပ်တွေ ထပ်ရဖို့ မျှော်လင့်ပါ တယ်။ အခုလည်း စာကြည့်တိုက် အတွက် င်္ခေနဘသသု မှာ ရွှေဝါရောင်အလင်းပြစာကြည့် တိုက်ဆိုပြီွးမသကစ ယ ဏေါန ပါ တည်ဆောက် ပြီး စာကြည့်တိုက်အကြောင်းကို ဖော်ပြထား တယ်။ ကျွန်တော်တို့စာကြည့်တိုက်က ဖေး ဘွတ်စ်ပေါ်က သူငယ်ချင်းတွေ မိတ်ဆွေတွေ၊ အလှူရှင်တွေပါ ထပ်ရမယ်လို့ယုံကြည်တယ်။ အထက်မှာပြောပြခဲ့သလို့ မြို့ပေါ်က လူ တန်းစားတွေအတွက် Internet ၊ဝိုင်ဖိုင်ရှိ ရင် အသိပညာရရှိနိုင်တယ်။ ကျေးလက်ဒေသ တစ်ခုအတွက် စာကြည့်တိုက်ဆိုတာ အင်တာနက်ထက်တောင်ပိုကောင်းသေးတယ်။ ရွာသူရွာသားတွေအတွက် အင်တာနက်မလို တဲ့စာကြည့်တိုက်အတွက်ကှိုသခငေူ နြအတသမု ကနေ မွေးဖွားပြီး လူလားမြောက်စေချင် ပါတယ်။ ဒီ Social Network ကနေ ကျွန်တော် အသိမိတ်ဆွေတွေကနေ လှူဒါန်းချင်တယ်ဆို ရင် ဖုန်း ဝ၉-၃ဝ၃၂၂၆၉၆ (လှိုင်ဝင်းထွဋ်) အား ဆက်သွယ်နိုင်ပါတယ်။ ရွှေဝါရောင် အလင်းပြစာကြည့်တိုက်က အဆောက်အအုံ သာရှိနေသေး၍ မွေးကင်းစကလေး သာသာ ရှိကာ လူလားမြောက်ဖို့က(စာအုပ်တွေ ထပ်ဖြည့်ဖို့က) ဒှီသခငေူ နြအတသမု က မိတ်ဆွေတွေ ကော တခြားသူငယ်ချင်းတွေပါ လှူဒါန်းပေးဖို့ နှိုးဆော်ပါရစေ။
17/06/2014
ရွှေဝါရောင်ပညာအလင်းပြစာကြည့်တိုက် ၉၀ရာခိုင်းနှုန်ူးကျော် လုပ်ဆောင်နိုင်ခဲ့ပါပြီး။ စာအုပ်နှင့် စာအုပ်ဆင်များလိုအပ်လျှက်ရှိပါတယ်။မိတ်ဆွေများ ကုသိုလ်ပါဝင်နိုင်အောင် နိုးဆော်အပ်သည်။မိမိဖတ်ပြီးသား စာအုပ်များလည် လှူဒါန်းနိုင်ပါတယ်။ကျေးလတ်ပြည်သူများ အသိပညာအတက်ပညာများတိုးပွားနိုင်အောင် မိမိမှာရှိတဲ့ စာအုပ်အဟောင်းများက မဖတ်ရသေသူတွေ အတွက် ကမ္ဘာကြီးကိုမြင့်နိုင်တဲ့ မျက်လုံးတစ်စုံဖြစ်ဖို့ မိတ်ဆွေများရဲ့အကူးညီကို လိုအပ်လျှက်ရှိပါတယ်။
ရွှေဝါရောင်ပညာအလင်းပြစာကြည့်တိုက်မိသားစု ဧရာဝတီတိုင်း ဖျာပုံမြို့နယ် နော်တော်ကြီးကျေးရွှာ ကိုးအိမ်တန်းစု ကျူံးပိုင်းကျေးရွှာ။
17/06/2014
ရွှေဝါရောင်ပညာအလင်းပြစာကြည့်တိုက်၏ကုန်ကျငွေစာရင်းများ...
09/06/2014
မလေးရှားနိုင်ငံ၊ပီနန်မြို့တွင် အလုပ်လုပ်ကိုင်နေကြသော ထွန်းမင်းစိုး၊ ဝင်းမင်းစိုးတို့သည် အခမဲ့ပညာဥယျာဉ်ကွန်ပျူတာသင်တန်းအတွက် မြန်မာကျပ်ငွေတစ်သိန်း လှူဒါန်းပေးခဲ့ပါတယ်။ မိမိတို့ရဲ့ ချွေးနည်းစာထဲမှာ လှူဒါန်းပေးခဲ့ရတဲ့ကုသိုလ်အကျိုးကျေးဇူးနှင့်ပညာရေးအတွက် အားပေးလှူဒါန်းမှုတွေကြောင့် ကိုယ်စိတ်နှလုံးချမ်းသာကျန်းမာ၍ သွားလေရာ ဘေးမသီ ရန်ကင်းနိုင်ပါစေလို့ အခမဲ့ပညာဥယျာဉ်ကွန်ပျူတာသင်တန်းမှ ဆုတောင်းပေးအပ်ပါသည်...
09/06/2014
ကိုဇိုဇို ရန်ကုန်အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်မှ
မော်နီတာအဟောင်းဆယ်လုံး ပညာဥယျာဉ်အခမဲ့ကွန်ပျူတာသင်တန်း
သို့လှူဒါန်းသည်
05/06/2014
ရွှေဝါရောင်ပညာအလင်းပြစာကြည့်တိုက် ၉၀ရာခိုင်နုန်းပြီးစီနေမှု မှတ်တမ်း.....
05/06/2014
ရွှေဝါရောင်အလင်းပြစာကြည်တိုက်တည်းဆောက်နေမှုလက်ရှိအခြေနေများ………..
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့နယ်၊နော်တော်ကြီးကျေးရွှာကိုးအိမ်တန်းအုပ်စု၊ကျူံးပိုင်းကျေးရွာလေးဖွံဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ရွှေရောင်ဝါရောင်ပညာအလင်းပြအမည်ရှိ စာကြည်တိုက် တခုဖွင့်လှစ်လှစ်နိုင်ရန်
ရန်ကုန်းတိုင်းဒေသကြီးမှ အခမဲ့ပညာဥယျာဉ်ကွန်ပျူတာသင်တန်းကျောင်း၏ လူငယ်ပရဟိတ အသင်းတို့သဘောတူ၊ဆန္ဒတူ ပူးပေါင်း၍ ကြိုးစာလုပ်ဆောင်အကောင်အထည်ဖော်ဆောင်နေကြပါသည်။
၂၄.၅. ၂၀၁၄ ခုနှစ်တနင်္ဂနွေနေ့ တွင် အခမဲ့ပညာဥယျာဉ်ကွန်ပျူတာသင်တန်းကျောင်းမှ တာဝန်ခံ များ သည် ရွှေဝါရောင်ပညာအလင်းပြစာကြည်တိုက် လုပ်ငန်း လျှင်မြန်စွာ လည်ပတ်လာစေရန် ကျုံးပိုင်းကျေးရွာတွင်း ရှိ ရွာသူရွာသားများအား စာကြည်တိုက်တည်ဆောက်ရခြင်း ရည်ရွယ်ချက်များ၊ စာဖတ်ခြင်းတို့ ရဲ့ အကျိုးကျေးဇူးတို့အား ရှင်းလင်း တင်ပြဆွေးနွေးပြခဲ့ပြီ။ကလေးသူငယ်တို့ တနေ့တာစာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးများနှင့်ဘ၀အတွက် ပညာရှာခြင်း များအား ဟောပြောခဲကြပြီး။။ ခရီးပန်း ပင်ပန်းနေသည်ကြားမှ ခက်ခက်ခဲခဲမမောနိုင်မပန်းနိုင် အစည်းဝေးများ ပြုလုပ်သော အရှင်ကုသလ။ ကျေးရွာသူကျေးရွားသာများ နှင့် စာကြည်တိုက် တာဝန်ခံနှင့် အတူတည်ဆောက်နေမူအားသွာရောက်လေ့လာပြီး အကြံညဏ်များ ပေးအပ်၍ လိုအပ်သည်များကို ညွန်ကြားပြသပေးခဲ့ကာ ရန်ကုန်မြို့ မှ စေတနာရှင်အလှူရှင်များ လှူဒါန်လိုက်သော စာအုပ်များကို စာကြည်တိုက်တာဝန်ခံအဖွဲ (၁)ထံသို့ လွဲပြောင်းပေးခဲပါသည့်။ကိုရဲမြင့်နိုင်နှင့်အဖွဲ့ထိုနေ့ည ၆ နာရိခွဲ တွင် ကျုံးပိုင်းကျေးရွာလေးမှ ပြန်လည်ထွက်ခွာ၍ ဖျာပုံ၊ဘိုကလေး ရန်ကုန်အဝေးပြေးကားဂိတ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ပြန်လည်ထွက်ခွာသွားကြပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။
စာကြည်တိုက်အဆောက်အဦး(ပုံကြမ်း)-သွပ်မိုး၊တိုက်ခံအမြင်၁၂ပေး
အဆောက်အဦးခန့်မှန်းတန်ဖိုး - ကျပ်-သိန်းနှစ်ဆယ်ကျပ်(၂၀သိန်းကျပ်)
မှတ်ချက်-စာကြည့်တိုက်အသုံးအဆောင်တန်ဖိုးမပါဝင်ပါ။
အဆောက်အဦးအကျယ်အ၀န်း-အလျှား၂၀ပေအနံ၁၈ပေ
စာကြည်တိုက်မြေအကျယ်အ၀န်း*-အလျားပေ၂၀၊အနံ၁၈။ပြီးစီးထားမှုအခြေအနေက - မြေကွက်အား ပတ်လည် သွပ်ကြိုးဖြင့် ကာရံထားပြီး။အောက်ဖာင်ဒေရှင်း ချထားနိုင်ခဲပါပြီး စုစုပေါင်းကုန်ကျခဲ့ သည်ငွေမှာ - 20သိန်း၃သောင်းကျပ်ဖြစ်ပါသည်။ ဆက်လက်၍ လျှင်မြန်စွာ အကာင်အထည်ဖော်လုပ်ဆောင်နေပါသည်။
ဖွင်လှစ်နိုင်မည်ခန့်မှန်လ-၈လပိုင်း။
ဧရာဝတီတိုင်းဒေသကြီး၊အနာဂတ်ကြယ်ပွင့်လေးများ လင်းလက်တောက်ပ လာစေရန် နှလုံးလှပိုင်ရှင် စေတနာရှင် အလှူရှင်များ၏ ပံပိုးမှုများ၊ အကြံညဏ် များ လိုအပ်နေပါသောကြောင့် ၀ိုင်ဝိုင်းကူညီဆောင်ရွက်ကြပါရန် လေးစာစွာ တိုက်တွန်းနိုးဆောင်အပ်ပါသည်။
မှတ်ချက်။။။စာအုပ်များစွားလိုအပ်နေပါသည်…..
စာကြည်တိုက်ဖြစ်မြောက်ရေးအကျိုးတော်အဖွဲ့