One Click Institute

One Click Institute

Share

Click📲, Learn📖, Evolve🎯. One Click Institute. 🎓
Certified Registration No : 142404605
Powered by (One Click Myanmar)🩵

Photos from One Click Institute's post 01/03/2026

𝑴𝒆𝒅𝒊𝒂 𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔𝒉𝒊𝒑 𝑨𝒏𝒏𝒐𝒖𝒏𝒄𝒆𝒎𝒆𝒏𝒕

RainRise ရဲ့ Scholarship Webinar မှာ One Click Instituteက Media Partner အနေနဲ့ ပါဝင်ထားကြောင်း ဝမ်းမြောက်ဝမ်းသာ ကြေညာလိုက်ပါတယ်။

အခုလိုမျိုး Scholarship ရာသီမှာ Essay တွေရေး၊ လိုအပ်တဲ့ Document တွေပြင်ရင်း တခြားကျန်တာတွေလည်း ပြင်ဆင်ဖို့ RainRise ကနေ TISR Scholarship နဲ့ Royal Thai Scholarship အတွက် Webinar ကျင်းပဖို့ စီစဉ်ထားပါတယ်။
Scholarship လျှောက်ဖို့ ပြင်ဆင်နေရင်း မိမိရဲ့ Essay တွေကို ပိုပြည့်စုံဖို့ နဲ့ Interview မှာ သေချာလုပ်နိုင်စေဖို့ အတွက် ဒီ Scholarship Webinar ကို ကျင်းပတာပဲ ဖြစ်ပါတယ်။
ပြီးတော့ ဒီ Webinar မှာတော့ Thammasat ရဲ့ TISR နဲ့ SUT ရဲ့ Royal Thai Scholarship Winner တွေကနေ ဦးဆောင်ပြီးတော့ Sharing လုပ်သွားမှာ ဖြစ်ပါတယ်။ ကျောင်းလျှောက်နည်းနဲ့ Scholarship လျှောက်နည်း အဆင့်ဆင့်၊ ကျောင်းရဲ့ Advantage နဲ့ Disadvantage ကို သေသေချာချာလေး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီ Scholarship နှစ်ခုကို လျှောက်ဖို့ ပြင်ဆင်နေသူတွေအတွက် အလွန် အထောက်အကူပြုမယ့် Webinar ဖြစ်တာမလို့ တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။

𝐃𝐞𝐭𝐚𝐢𝐥𝐬 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧📍
📅 𝐃𝐚𝐭𝐞 - 𝟏𝐬𝐭, 𝐌𝐚𝐫𝐜𝐡, 𝟐𝟎𝟐𝟔 (𝐒𝐮𝐧𝐝𝐚𝐲)
⏰ 𝐓𝐢𝐦𝐞 - 𝟕:𝟎𝟎 𝐭𝐨 𝟗:𝟎𝟎 𝐏𝐌
💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 - 𝐙𝐨𝐨𝐦

🔗 Registration Link:
https://forms.gle/DAyAKHVFdXGfzWjm8

🔗 Announcement post link:
https://www.facebook.com/share/17y5hWY155/




30/01/2026

🚀 IT နဲ့ AI ကို တစ်ပြိုင်နက်တည်း အခမဲ့ လေ့လာပြီး ခေတ်ရှေ့ပြေးချင်သူများအတွက် သတင်းကောင်း! 🤖💻

နည်းပညာတွေက အရမ်းမြန်နေတော့ ကိုယ်ကပဲ နောက်ကျကျန်ခဲ့သလို ခံစားနေရပြီလား? အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ် AI ကို ကျွမ်းကျင်စွာ အသုံးချနိုင်ဖို့က အခုခေတ်မှာ ရွေးချယ်စရာမဟုတ်ဘဲ မရှိမဖြစ် လိုအပ်ချက် ဖြစ်လာပါပြီ။

One Click Instituteမှာ IT & AI Essentials Video Class ကို စေတနာရှေ့ထားကာ လုံးဝ (အခမဲ့) ပြန်လည်မျှဝေပေးသွားတော့မှာပါ! 🌟

ဒီသင်တန်းမှာ IT အခြေခံကနေ AI ကို လက်တွေ့အသုံးချတဲ့အထိ အောက်ပါ Topic (၁၀) ခုကို အသေးစိတ် သင်ကြားရမှာဖြစ်ပါတယ် -
1️⃣ Hardware Vs Software - ကွန်ပျူတာနဲ့ ဖုန်းတွေရဲ့ အလုပ်လုပ်ပုံ အခြေခံ။
2️⃣ Internet Essentials - အင်တာနက်ကို လုံခြုံစိတ်ချစွာ အသုံးချနည်း။
3️⃣ Content Creation Tools - Google Docs, Slides တို့နဲ့ အလုပ်လုပ်နည်း။
4️⃣ Communication Tools - Gmail နဲ့ Google Meet ကို Professional ဆန်ဆန် သုံးနည်း။
5️⃣ Data Security Awareness - အွန်လိုင်းမှာ ကိုယ့်အချက်အလက်တွေ အခိုးမခံရအောင် ကာကွယ်နည်း။
6️⃣ AI Introduction - ဉာဏ်ရည်တု (AI) ဆိုတာ ဘာလဲ?
7️⃣ ChatGPT & Gemini AI Basic - AI တွေကို အမိန့်ပေး ခိုင်းစေနည်း (Prompt Engineering)။
8️⃣ Importance of AI Creations - AI က သင့်ဘဝကို ဘယ်လို ပြောင်းလဲပေးနိုင်သလဲ?
9️⃣ Image Creations with AI - AI နဲ့ စိတ်ကူးထဲက ပုံရိပ်တွေကို ဖန်တီးနည်း။
🔟 Content Creations with AI - စာစီစာကုံး၊ အီးမေးလ်နဲ့ Content တွေကို AI နဲ့ စက္ကန့်ပိုင်းအတွင်း ရေးနည်း။

✨ ဒီ Video Class ရဲ့ အားသာချက်များ - ✅ Anywhere, Anytime: Video Class ဖြစ်လို့ မိမိအားတဲ့အချိန်၊ ကြိုက်တဲ့နေရာကနေ လေ့လာနိုင်တယ်။ ✅ High Quality: ကြည်လင်ပြတ်သားတဲ့ Video နဲ့ အသံစနစ်ကို အသုံးပြုထားတယ်။ ✅ Free of Charge: သင်တန်းကြေး လုံးဝ ပေးစရာမလိုဘဲ အခမဲ့ တက်ရောက်နိုင်တယ်။

နည်းပညာဆိုတာ ခက်ခဲတာမဟုတ်ဘဲ "မသိသေးတာ" ပဲ ရှိတာပါ။
ကျွန်တော်နဲ့အတူ ဒီသင်တန်းမှာ အခြေခံကနေ စတင်လေ့လာရင်း သင့်ရဲ့ Skills တွေကို မြှင့်တင်လိုက်ပါ။ အခွင့်အရေးရှိတုန်းမှာ အမိအရ ဆုပ်ကိုင်ထားဖို့ တိုက်တွန်းချင်ပါတယ်! ❤️

🔥 One Click Institute pageမှာအခုပဲ အခမဲ့ စတင်စာရင်းသွင်းလိုက်ပါ!

(နည်းပညာလေ့လာချင်တဲ့ သူငယ်ချင်းတွေရှိရင်လည်း သိအောင် Mention ခေါ်ပေးသွားဦးနော်!)

07/01/2026

One Click Institute 🤝🏻 One2Hundred Myanmar

အားလုံးဘဲ မင်္ဂလာပါ။
🔸ကျွန်တော်တို့ရဲ့ One Click Institute မှ One2Hundred Myanmar ရဲ့ Community Health Program အတွက် media partner အဖြစ် ပါဝင်ပံ့ပိုးပေးထားကြောင်း အသိပေးရင်း လူငယ်တွေအတွက် အကျိုးရှိစေမယ့် One2Hundred အကြောင်း တစေ့တစောင်း ဝေမျှပေးလိုက်ရပါတယ်။

One2Hundred Cohort (1)| Community Health Program

🔹 One2Hundred ဆိုတာဘာလဲ?

One2Hundred ဆိုတာကတော့ လူထုကြား လိုအပ်နေတဲ့ အခြေခံကျန်းမာရေးအသိပညာတွေကို ထိထိရောက်ရောက်မျှဝေနိုင်စေဖို့ training+ contribution ဆို စီစဉ်ပေးထားတဲ့ (၄) လတာ program ဘဲ ဖြစ်ပါတယ်။ ပထမ (၃) ပတ်မှာတော့ program team ဘက်မှ စီစဉ်ပေးထားတဲ့ training modules တွေကို မပျက်မကွက် တက်ရောက်ရမှာဖြစ်ပြီးတော့၊ မိမိမျှဝေမယ့် public health ခေါင်းစဉ် (၁) ခု ‌ရွေးချယ်ပြင်ဆင်ကာ၊ (၃) လတာအတွင်း program ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ အယောက် (၁၀၀) ဆီ ပြန်လည်မျှဝေရမှာဘဲဖြစ်ပါတယ်။

💁🏻 ဒါကြောင့်မလို့ program လျှောက်ထားသူတွေဟာ ပြန်လည်မျှဝေရမယ်ဆိုတဲ့အပိုင်းကို သတိထားစေချင်ပါတယ်။
Training ရော၊ contribution နှစ်ပိုင်းလုံးကို အခြေနေများအရ 100% online ပြုလုပ်သွားမှာဖြစ်ပါတယ်။

📌 Program အကြောင်း အသေးစိတ်အချက်အလက်များ၊ လျှောက်ထားပုံနှင့် အချိန်ဇယားများကိုတော့ အောက်ပါ link မှတဆင့်ကြည့်ရှုနိုင်ပါတယ်။
ℹ️ For more info: https://www.facebook.com/share/p/1KDCYjjrWq/

✅ Application Deadline က Jan 9 ရက်နေ့ဖြစ်လို့ စိတ်ပါဝင်စားသူများအနေဖြင့် အခွင့်ရေးကို လက်လွှတ်မခံဘဲ အမြန်ဆုံးသွားရောက် လျှောက်ထားလိုက်တော့နော် ❗️
🔗 Apply here: https://forms.gle/QhtNrmTictw7q8sv9


25/12/2025

🎄 Merry Christmas 🎄

🎅 ယနေ့ကျရောက်သော ပျော်ရွင်စရာ Christmas နေ့မှာ ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်းတို့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြင့် ကျန်မာပျော်ရွှင် ချမ်းမြေ့ပြီး ကောင်းကြီးမင်္ဂလာများစွာကို ရရှိပါကြပါစေလို့ ကျွန်မတို့ One Click Institute မှ ဆုမွန်ကောင်း တောင်းအပ်လိုက်ပါတယ်။ ❤️



Christmas

23/12/2025

🔍 GED RLA အမှတ်ကောင်းဖို့ Sherlock Holmes နဲ့အတူ အမှုလိုက်ကြမလား? 🕵️‍♂️📖

GED RLA (Reasoning Through Language Arts) အတွက် Reading Skill ကို ဘယ်လိုမြှင့်တင်ရမလဲဆိုပြီး စဉ်းစားနေရင်... နာမည်ကျော်စုံထောက်ကြီး Sherlock Holmes ရဲ့ "The Hound of the Baskervilles" စာအုပ်ကို ဖတ်ဖို့ အကြံပြုချင်ပါတယ်။

ဒီစာအုပ်က စိတ်လှုပ်ရှားစရာစုံထောက်ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ရုံတင်မကဘဲ GED Exam အတွက် ဘာကြောင့် မဖြစ်မနေဖတ်သင့်လဲဆိုရင်...

✨ ဒီစာအုပ်ကနေ ဘာတွေရနိုင်မလဲ?
Advanced Vocabulary: အဆင့်မြင့်ဝေါဟာရတွေနဲ့ အသုံးအနှုန်းတွေကို လေ့လာနိုင်မယ်။

Critical Thinking: Sherlock Holmes ရဲ့ အမှုလိုက်ပုံတွေကနေတစ်ဆင့် အချက်အလက်တွေကို ချိတ်ဆက်တွေးတောတတ်တဲ့ Logical Thinking ကို လေ့ကျင့်ပေးတယ်။

Reading Skills: စာပိုဒ်တစ်ခုရဲ့ Main Idea ကို ရှာဖွေတာ၊ စာရေးသူရဲ့ Tone ကို နားလည်အောင်ကြိုးစားတာနဲ့ Inferences (အရိပ်အမြွက်ပြချက်များ) ကို ကောက်ချက်ချတဲ့နေရာမှာ အများကြီး အထောက်အကူပြုပါတယ်။

Literary Analysis: ဇာတ်လမ်းဆင်ပုံ၊ ဇာတ်ကောင်ဖန်တီးပုံနဲ့ Foreshadowing (ရှေ့ပြေးနိမိတ်ပြခြင်း) စတဲ့ စာပေအင်္ဂါရပ်တွေကိုပါ လေ့လာနိုင်မှာပါ။

💡 GED ကျောင်းသားတွေအတွက် အကြံပြုချက်

ဒီစာအုပ်ကို ဖတ်ရင်းနဲ့ ဇာတ်လမ်းထဲက Clues (သဲလွန်စ) တွေကို ကိုယ်တိုင်လိုက်တွေးကြည့်ပါ။ ပြီးရင် သူငယ်ချင်းတွေနဲ့ ဇာတ်လမ်းအကြောင်း ဆွေးနွေးကြည့်တာက သင့်ရဲ့ Speaking နဲ့ Writing Skill ကိုပါ သိသိသာသာ တိုးတက်စေမှာ ဖြစ်ပါတယ်။

📚 စာအုပ်ကို Free ဖတ်ရှုရန် (သို့) Download ရယူရန်:

Project Gutenberg မှာ အခမဲ့ရယူနိုင်ပါတယ်။

🔗 Read or download the full text for free at Project Gutenberg: The Hound of the Baskervilles(gutenberg.org)

20/12/2025

📢 Media Partnership Announcement

One Click Institute 🤝 Dream Builders

Dream Builders Organization ရဲ့ 2025 နောက်ဆုံးအရွေ့လေးဖြစ်တဲ့ Digital Skills for Tomorrow ဆိုတဲ့ Digital Webinar လေးမှာ ကျွန်တော်တို့ One Click Institute အနေနဲ့လည်း Media Partnership အဖြစ်နဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။🥳

Dream Builders ဆိုတာကတော့ UN က ချမှတ်ထားတဲ့ SDG-4 📚 ကို အခြေခံထားပြီး လူငယ်တွေအတွက် အထောက်အကူဖြစ်စေတဲ့ Content တွေ၊ Webinar တွေ၊ Scholarship Sharing တွေအပြင် Free Class အတန်း‌စတဲ့ ပညာရေးဆိုင်ရာလုပ်ငန်း‌တွေကို လုပ်ကိုင်နေတဲ့ Non-Profit Organization တစ်ခုပဲ ဖြစ်ပါတယ်။

🎯 ဒီ Digital Marketing Webinar လေးကတော့ Digital Skill တွေဖြစ်တဲ့ အဓိကအားဖြင့် Marketing နယ်ပယ်နဲ့ ပတ်သက်ပြီး ကျောင်းသား‌လူငယ်တွေအတွက်ရော၊ Freelance လုပ်ကိုင်နေတဲ့သူတွေအပါအဝင် စိတ်ဝင်စားတဲ့မည်သူမဆို Marketing ပညာရပ်တွေကို ဝေမျှပေးရင်း Q & A Session မှာလည်း ‌သိချင်သမျှကို Guest Speaker နဲ့ တိုက်ရိုက် ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

🎯 Webinar လေးအတွက် ဖိတ်ခေါ်ထားတဲ့ Guest Speaker အကို Ma Kyi Phyu Ko ကလည်း Professionally လုပ်ကိုင်နေတဲ့ Digital Marketer တစ်ယောက်ဖြစ်တဲ့အပြင် Executive Diploma in Digital Marketing ရရှိထားသူတစ်ယောက်လည်း ဖြစ်တာမို့ Professional တစ်ဦးဆီက‌နေ Marketing ပညာရပ်တွေကို လေ့လာခွင့်ရရှိမှာ ဖြစ်ပါတယ်။

🎯 Digital က ကြီးစိုးခြယ်လှယ်လာတဲ့ ခေတ်တစ်ခုမှာ အတွက်ပါ Digital ကို အသုံးချပြီး Marketing Level ကောင်းကောင်းလေးရှိမှသာ ကိုယ့်ရဲ့ Education Career အပါအဝင် Professional Career တွေအတွက်ပါ ကောင်းမွန်တဲ့ Outcome တွေဆီ ဦးတည်စေမှာမို့ ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ Digital Marketing အကြောင်းကို ဒီ Webinar ကတစ်ဆင့် လေ့လာဖို့ Register လိုက်တော့နော်။

💌 WEBINAR DETAILS :

📅 Date : 21.12.2025 (SUN)
⏰ TIME : 8:00 P.M to 10:00 P.M
💻 PLATFORM : Via ZOOM
🚨 DEADLINE : 20.12.2025 (SAT)

💌 Registration Form လေးကို (20.12.2025) ရက်နေ့အထိပဲ သတ်မှတ်ထားတာမို့ Digital Marketing ကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ မ Join လိုက်ရဘဲ မဖြစ်လေအောင် DBO ရဲ့ Webinar Announcement Post လေးကနေတစ်ဆင့် ခုချက်ချင်းပဲ Register လိုက်ကြတော့နော်။💞

Webinar Announcement




18/12/2025

Great things happen when we come together! 🙌

𝐏𝐫𝐢𝐦𝐞𝐈𝐜𝐨𝐧 - 𝐏𝐢 က ပြုလုပ်ကျင်းပတဲ့ π𝟒𝐔 𝐎𝐧𝐥𝐢𝐧𝐞 𝐄𝐯𝐞𝐧𝐭 မှာ One Click Institute က 𝗖𝗼𝗹𝗹𝗮𝗯𝗼𝗿𝗮𝘁𝗶𝗼𝗻 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 အနေနဲ့ ပါဝင်ပြီး လူငယ်တွေအတွက် ပိုကောင်းတဲ့ Community ပိုမိုက်တဲ့ Opportunity တွေကို ယူဆောင်လာပါပြီ 🤝

One Click Institute ဟာဆိုရင် π𝟒𝐔 𝐎𝐧𝐥𝐢𝐧𝐞 𝐄𝐯𝐞𝐧𝐭 မှာ ဆုရရှိတဲ့ လူငယ်တွေအတွက် scholarship တွေ support ပေးသွားမှာဖြစ်ပါတယ်။
တူညီတဲ့ Passion ၊ တူညီတဲ့ Energy တွေနဲ့ လူငယ်တွေအတွက် အမိုက်စား အစီအစဉ်တွေကို ရှေ့ဆက်ပြီး အများကြီး အတူတကွ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ 🍁

Are you ready to rock with us? 🚀

အသေးစိတ်အချက်အလက်များအတွက်👇👇👇
https://www.facebook.com/share/p/16vLAAcoUE/

Photos from One Click Institute's post 29/11/2025

Content Creation ကို စိတ်ဝင်စားပြီး ကိုယ့်ရဲ့ Idea တွေကို Blog x Vlog အဖြစ် ဖန်တီးချင်ပေမယ့် ဘယ်ကစရမလဲ လမ်းပျောက်နေသူများအတွက် Hype Think Education က "Blog ရေးမယ်၊ Vlog ရိုက်မယ်" One Week Program ကို ပြုလုပ်ပေးသွားမှာ ဖြစ်ပြီး Your Organization Name မှလည်း Social Media Partnerships အဖြစ် ပါဝင်အားဖြည့် ကူညီပေးထားပါတယ် 🤝🏻
"Blog ရေးမယ်၊ Vlog ရိုက်မယ်" One Week Program တွင် ပါဝင်သင့်သူများ
Blog/Vlog ဖန်တီးချင်သူများ
Content အသစ်အဆန်း ဖန်တီးရတာ ကြိုက်သူများ
Idea ရှိပြီး လက်တွေ့စတင်ဖို့ ခက်ခဲနေသူများ
သင့်ရဲ့ စိတ်ကူးစိတ်သန်းတွေကို လက်တွေ့အကောင်အထည်ဖော်ပြီး နိုင်ငံကျော် Content Creator တစ်ယောက်ဖြစ်လာစေဖို့ လမ်းပြပေးမယ့် Webinar နှင့် One Week Program ဖြစ်ပါတယ်။
🎥 “Blog ရေးမယ်၊ Vlog ရိုက်မယ်” One Week Program နဲ့ ပတ်သက်ပြီး အသေးစိတ်ဖတ်ရှုချင်တယ်ဆိုရင် tinyurl.com/BlogxVlogWebinar ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုလို့ရပါတယ်နော်။

💌 Register Form : tinyurl.com/BlogxVlogRegisterForm

ေးမယ်Vlogရိုက်မယ်


Photos from One Click Institute's post 26/11/2025

2026 နှစ်သစ်ရဲ့အစမှာ ကိုယ့်ရဲ့ Content Creator Passions နဲ့ ရွှေလိုအဖိုးတန်တဲ့ Idea တွေကို Social Media မှာ ရဲရဲဝံ့ဝံ့ခြေလှမ်းစတင်ချင်တဲ့ လူငယ်တွေအတွက် ကိုယ့်ရဲ့ ဆန်းသစ်တဲ့ Ideas နဲ့ Passions ကို Social Media ပေါ်မှာ ယုံကြည်မှုရှိရှိ လုပ်ဆောင်နိုင်ဖို့ နည်းလမ်းတွေကို လမ်းညွှန်ပေးသွားမဲ့ Hype Think Education ကနေ ကျင်းပပြုလုပ်တဲ့ 🎥 "Blog x Vlog" Webinar မှာ ကျွန်တော်တို့ One Click Institute ကနေပြီးတော့ Social Media Partnership အဖြစ် ပံ့ပိုးကူညီအားဖြည့်ပါဝင်ပေးသွားမှာပဲ ဖြစ်ပါတယ်။ 🤝

🎥 "Blog x Vlog" Webinar ကို [ 2 ] ရက်တာ ကျင်းပပေးသွားမှာဖြစ်ပြီး ~
“Blog x Vlog” Webinar ရဲ့ Day [ 1 ] : Blogging Essential Day မှာတော့ အခုမှ Social Media မှာ Blog Content Post စတင်ရေးသားမဲ့သူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ Posts ဖန်တီးရေးသားနည်းတွေနဲ့ Writing ရေးရာမှာလည်း မရှိမဖြစ် လိုအပ်တဲ့ Digital Tool တွေကို ဒီ Webinar မှာ မျှဝေပေးသွားမှာပါပဲ ဖြစ်ပါတယ်။

🎥 “Blog x Vlog” Webinar ရဲ့ Day [ 2 ] : Starting Your Journey With Vlogs နေ့မှာတော့ Vlogging နယ်ပယ်ကိုစိတ်ဝင်စားပြီး Social Media ပေါ်မှာ Confidence အပြည့်နဲ့ Video တွေကို မိမိုက်သွားအောင် တည်းဖြတ်နိုင်မဲ့ နည်းလမ်းတွေကို လမ်းညွှန်ပေးသွားမှာပဲ ဖြစ်ပါတယ်။ 🎬

💌 Register Now : tinyurl.com/BlogxVlogRegisterForm

“Blog x Vlog” Webinar နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို အသေးစိတ်သိချင်တယ်ဆိုရင်တော့ tinyurl.com/BlogxVlogWebinar မှာ ဝင်ရောက်ဖတ်ရှုလို့ရပါတယ်နော်။ 🥰



ေးမယ်Vlogရိုက်မယ်

Photos from One Click Institute's post 02/11/2025

"𝐌𝐄𝐄𝐓 𝐘𝐎𝐔𝐑 𝐒𝐄𝐍𝐈𝐎𝐑𝐒..."

ဒီနေ့မှာတော့ "စီနီယာတွေပြောပြမယ့် ထိုင်းထိပ်တန်းတက္ကသိုလ်များနဲ့ ပညာသင်ဆုအကြောင်း" Webinar Series မှာ ပါဝင်သွားမယ့် စီနီယာတွေနဲ့ မိတ်ဆက်ပေးပါရစေ။

စီနီယာတစ်ယောက်ချင်းစီတိုင်းဟာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ လက်ရှိတက်ရောက်နေတဲ့သူတွေဖြစ်တာနဲ့အညီ ထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေပါ ❤️

စီနီယာ တစ်ဦးချင်းစီရဲ့အကြောင်းနဲ့ ပါဝင်မျှဝေပေးမယ့် နေ့ရက်၊ အချိန်တွေကို ပုံမှာ ဖော်ပြထားပါတယ်...

ဒီ Webinar Series လေးဟာ စီနီယာတွေရဲ့ ကျောင်းလျှောက်ချိန်ကစလို့

- လက်ရှိ တက္ကသိုလ် တက်‌ရောက်နေတဲ့အတွေ့အကြုံတွေ၊

- ပညာသင်ဆုအတွေ့အကြုံတွေနဲ့အတူ

- ထိုင်းနိုင်ငံမှာ နေထိုင်ရတဲ့ အတွေ့အကြုံတွေအားလုံးကို မျှဝေပေးသွားမယ့် ပွဲလေးဖြစ်လို့ လက်လွှတ်မခံပဲ တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…

📅 𝐄𝐯𝐞𝐧𝐭 𝐃𝐞𝐭𝐚𝐢𝐥𝐬

𝐖𝐞𝐛𝐢𝐧𝐚𝐫 𝐒𝐞𝐫𝐢𝐞𝐬: စီနီယာတွေပြောပြမယ့် ထိုင်းထိပ်တန်းတက္ကသိုလ်များနဲ့ ပညာသင်ဆုအကြောင်း
𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧: 𝟒 𝐖𝐞𝐞𝐤𝐬
𝐃𝐚𝐭𝐞𝐬: 𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 𝟕 - 𝟐𝟗, 𝟐𝟎𝟐𝟓
𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞: 𝐄𝐯𝐞𝐫𝐲 𝐅𝐫𝐢𝐝𝐚𝐲, 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲, 𝐒𝐮𝐧𝐝𝐚𝐲
𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦

သင်ဟာ ထိုင်းနိုင်ငံမှာ ပညာသင်ကြားချင်တဲ့ အိပ်မက်ရှိပေမယ့် ဘယ်ကစရမလဲ မသိဖြစ်နေရင်၊ ဒါမှမဟုတ် Scholarship အကြောင်း နားလည်အောင် ရှင်းပြပေးမယ့်သူ လိုအပ်နေရင် - ဒီ 𝐖𝐞𝐛𝐢𝐧𝐚𝐫 𝐒𝐞𝐫𝐢𝐞𝐬 က သင့်အတွက် အကောင်းဆုံးအခွင့်အလမ်းပါပဲ…! တက်ရောက်ဖို့ အခုပဲ စာရင်းသွင်းလိုက်တော့နော်…!

👉 https://forms.gle/ntxRkNhFW3ZUPA8Q8

Zoom Link နဲ့ အသေးစိတ်အချက်အလက်တွေကို Email ကနေ ပေးပို့ပေးသွားပါမယ်…။

#စီနီယာတွေပြောပြမယ့်ထိုင်းထိပ်တန်းတက္ကသိုလ်များနဲ့ပညာသင်ဆုအကြောင်း

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon