Future Genius

Future Genius Children are the future.Nurture them right;so that they grow up to be able leaders and lead the world

26/05/2026

"Successful completion of the farewell ceremony."👏👏👏

Today, the two children who successfully completed school, Ye Htet Naing and Eant Bhone Khaday, have become outstanding students. As teachers, we were able to provide them with education beyond what they could simply learn, supporting their development.

We would also like to express our special thanks to the parents for choosing Future Genius School and for their cooperation—both parental and teacher involvement.

These two students always gave their full attention to learning and asked many high-level questions.

As a teacher, I recognize them as outstanding individuals.🏆🏆🏆

ယနေ့မှာ ကျောင်းပြီးဆုံးအောင်တက်ရောက်ခဲ့ကြသော ကလေးနှစ်ယောက်ဖြစ်တဲ့ သားသား
Ye Htet Naing နှင့် Eant Bhone Khaday တို့သည် ထူးချွန်သော ကျောင်းသားများ ဖြစ်လာခဲ့ပါသည်။

ဆရာမအနေဖြင့် သူတို့ရဲ့ ဖွံ့ဖြိုးမှုအတွက်သာမက သင်ယူနိုင်သည်ထက်ပိုသော ပညာများကိုပါ ပေးနိုင်ခဲ့ပါသည်။

Future Genius ကျောင်းကို ရွေးချယ်ခဲ့ကြသည့်အတွက်လည်းကောင်း၊ မိဘနှင့်ဆရာ ပူးပေါင်းဆောင်ရွက်မှုအတွက်လည်းကောင်း မိဘများကို အထူးကျေးဇူးတင်ရှိပါသည်

ဤကျောင်းသားနှစ်ယောက်သည် သင်ယူမှုတွင် အမြဲအာရုံအပြည့်အ၀စိုက်ထားပြီး မြင့်မားသော မေးခွန်းများစွာကိုလည်း မေးမြန်းတတ်ပါသည်။

Tr.အနေနဲ့ သားတို့ကိုထူးချွန်သူများအဖြစ် အသိအမှတ်ပြုပါသည်🏆

Dear Respected Parents and Guardians,This is to kindly inform you that our school’s farewell ceremony will be held tomor...
25/05/2026

Dear Respected Parents and Guardians,

This is to kindly inform you that our school’s farewell ceremony will be held tomorrow, Tuesday, 26th May 2026, from 9:00 AM to 12:00 PM.

We respectfully request that you kindly send your child to school on this occasion without fail.

¡ School uniform is not required.
¡ Bringing a lunchbox is not necessary, as food will be provided by the school.

Thank you for your continued cooperation.

Yours respectfully,
Tr.

မိဘအုပ်ထိန်းသူများအား ရိုသေစွာ အသိပေးအပ်ပါသည်။

ကျောင်း၏ နှုတ်ဆက်ပွဲအခမ်းအနားကို မနက်ဖြန် ၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက် (အင်္ဂါနေ့)၊ နံနက် ၉:၀၀ မှ ၁၂:၀၀ နာရီအထိ ကျင်းပမည်ဖြစ်ပါကြောင်း ရိုသေစွာ အကြောင်းကြားအပ်ပါသည်။

ဤအခမ်းအနားအတွက် သားသားမီးမီးတို့အား မပျက်မကွက် လွှတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျေးဇူးပြု၍
· ကျောင်းဝတ်စုံ (ယူနီဖောင်း) ဝတ်ရန်မလိုအပ်ပါ။
· ထမင်းဘူးထည့်ရန်မလိုအပ်ပါ၊ ကျောင်းမှ မုန့်များကျွေးမွေးပါမည်။

ဖေဖေ မေမေတို့ရဲ့အမြဲတမ်း ပူးပေါင်းပါ၀င်မှု့အတွက် ကျေးဇူးတင်ရှိပါသည်။

ရိုသေစွာဖြင့်
Tr.

27/04/2026

Happy 5th Birthday 🎂🎊🍰🎉

ချစ်ရတဲ့ တီချယ်တို့ မီးမီးလေး"မေမြတ်နိုး" ရေ။
မီးမီး‌ေလးရဲ့ ၅နှစ်မြောက် မွေးနေ့မှစ၍ ဘ၀တစ်လျှောက်လုံး လိုအင်ဟူသမျှပြည့်၀ပါစေ 🎈🎈🎈

မွေးနေ့ကို အပြည့်အစုံစီစည်ပေးပါသော
ပါးပါး မာမားကိုလည်းတီချယ်တို့က
ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်❤️

Future Genius International Pre-School
🏫🏫🏫

၂၀၂၆-၂၀၂၇ အတွက် ကျောင်းသားသစ် စတင်လက်ခံနေပါပြီ! "ငယ်ရွယ်သူတို့၏ အနာဂတ်၊ ကမ္ဘာ့အဆင့်မီ ပညာရေးဖြင့် စတင်ဖန်တီးကြမယ်"Future...
20/04/2026

၂၀၂၆-၂၀၂၇ အတွက် ကျောင်းသားသစ် စတင်လက်ခံနေပါပြီ!

"ငယ်ရွယ်သူတို့၏ အနာဂတ်၊ ကမ္ဘာ့အဆင့်မီ ပညာရေးဖြင့် စတင်ဖန်တီးကြမယ်"

Future Genius International Pre-school တွင် ကလေးငယ်များအား သင်ယူမှုအဆင့်ဆင့် (Hierarchy of Learning)၊ ၂၁ ရာစု ကျွမ်းကျင်မှုများ (21st Century Skills) နှင့် ကုလသမဂ္ဂ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေး ပန်းတိုင် ၁၇ ရပ် (SDGs) တို့ကို ချိတ်ဆက်၍ ခေတ်မီဆန်းသစ်သော သင်ရိုးညွှန်းတမ်းဖြင့် ပြုစုပျိုးထောင်ပေးပါသည်။

---

🌱 သင်ယူမှုအဆင့်ဆင့် (Hierarchy of Learning) – အခြေခံမှအဆင့်မြင့်သို့

· အခြေခံအဆင့် – မှတ်မိခြင်း၊ နားလည်ခြင်း (ဥပမာ – ပုံပြင်နားထောင်၊ အရောင်ခွဲခြား)
· အသုံးချခြင်း – သင်ရိုးမှအကြောင်းအရာများကို ကစားနည်းများ၊ လက်တွေ့လုပ်ဆောင်မှုများတွင် အသုံးချတတ်စေခြင်း
· ပိုင်းခြားစိတ်ဖြာခြင်း၊ အကဲဖြတ်ခြင်း၊ ဖန်တီးခြင်း – မေးခွန်းများမေးတတ်ခြင်း၊ ကိုယ်ပိုင်အဖြေရှာခြင်း၊ အနုပညာနှင့် ဆန်းသစ်တီထွင်မှုများပြုလုပ်ခြင်း

💡 ၂၁ ရာစု ကျွမ်းကျင်မှုများ (21st Century Skills) – အနာဂတ်အတွက် အဓိကသော့ချက်

· ဝေဖန်ပိုင်းခြားတွေးခေါ်မှု (Critical Thinking) – ပြဿနာများကို အဆင့်ဆင့်စဉ်းစားဖြေရှင်းတတ်ခြင်း
· တီထွင်ဖန်တီးနိုင်မှု (Creativity) – အနုပညာ၊ သိပ္ပံစမ်းသပ်မှုများ၊ ဇာတ်လမ်းတီထွင်ခြင်း
· ပူးပေါင်းဆောင်ရွက်မှု (Collaboration) – အဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ အလှည့်ကျစောင့်ဆိုင်းခြင်း၊ မျှဝေခြင်း
· ဆက်သွယ်ပြောဆိုမှု (Communication) – မိမိခံစားချက်များကို စကား၊ ကိုယ်ဟန်၊ ပုံဆွဲခြင်းဖြင့် ဖော်ပြတတ်ခြင်း
· ဒစ်ဂျစ်တယ်တတ်မြောက်မှု (Digital Literacy) – သင့်တော်သော နည်းပညာကိရိယာများကို အခြေခံအသုံးပြုတတ်ခြင်း

🌍 ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေး ပန်းတိုင် ၁၇ ရပ် (SDGs) – ကမ္ဘာ့နိုင်ငံသားကောင်းများဖြစ်‌ရန်

ကျွန်ုပ်တို့၏ သင်ရိုးတွင် SDGs များကို ကလေးအဆင့်နှင့်အညီ ပုံပြင်၊ ကစားကွက်၊ အနုပညာ၊ စမ်းသပ်မှုများဖြင့် ထည့်သွင်းသင်ကြားသည်။

Future Genius International Pre-school တွင် တက်ရောက်နိုင်မည့် အတန်းတွေကတော့...
𝗣𝗿𝗲 𝗡𝘂𝗿𝘀𝗲𝗿𝘆 (𝗔𝗴𝗲 𝟮.𝟱 - 𝟯 𝘆𝗲𝗮𝗿𝘀)
𝗡𝘂𝗿𝘀𝗲𝗿𝘆 (𝗔𝗴𝗲 𝟯 - 𝟰 𝘆𝗲𝗮𝗿𝘀)
𝗣𝗿𝗲 𝗞𝗚 (𝗔𝗴𝗲 𝟰 - 𝟱 𝘆𝗲𝗮𝗿𝘀) စတဲ့ အတန်းလေးတွေကို ယုံကြည်စိတ်ချစွာ အပ်နှံလို့ရပါတယ်ရှင်

သင်ကြားပေးမယ့် Subjects & Special Activity.....
📍Myanmar
📍English
📍Maths
📍Science
📍Art & Craft
📍Fine motor skills
📍Gross motor skills
📍Social skills
📍Music & Dance
📍Poems
📍Drawing
📍Painting
📍Indoor Playing Time
📍Story Time
📍Reading Time
---
အစရှိတဲ့ ဘာသာရပ်တွေကို လူဦးရေ နည်းနည်းဖြင့် ထိထိရောက်ရောက် လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ကျောင်းကို ကိုယ်တိုင်ကိုယ်ကျ လာရောက်စုံစမ်းပြီး ကြည့်ရှုချင်တယ်ဆိုရင်လည်း ကျောင်းချိန် ( 9:30am - 2:30pm ) အတွင်းမှာ လာရောက်လို့စုံစမ်းလို့ရပါတယ်ရှင့် ..

✨ Future Genius‌ ကျောင်း၏ ထူးခြားချက်

· နိုင်ငံတကာ သင်ရိုးညွှန်းတမ်းနှင့် ECCD စနစ်ကို ပေါင်းစပ်ထားခြင်းဖြစ်သောကြောင့် ကလေးငယ်များ International School ထားသောအခါ
ပြီးပြည့်စုံသော ဖွင့်ဖြိုးမှု့နှင့် သင်ခန်းစာအခြေခံကို
ကောင်းစွာရရှိစေပါမည်။
· မိခင်ဘာသာစကားအဖြစ် မြန်မာ + ဒုတိယဘာသာ အဂ်လိပ်ကို အသုံးပြုခြင်း(Classroom Language)
-Nursery Class ပြီးလျှင် Foundation ခိုင်မာစွာ
တတ်ရောက်မည့်ကျောင်းကြီးအလိုက် အပြီးအစီး
ပြင်ဆင်သင်ကြားမှု့ပေးခြင်း
· ဆရာ-ကျောင်းသားအချိုးညီမျှစွာထားခြင်း
-ကျယ်၀န်သောစာသင်ခန်းနှင့် AC တပ်ဆင်ပေးထားပါသည်။
-
Address -No.5,2nd Floor Daw Thein Tin Street,
MingalarTaungnyut Township,Yangon.
📱 09-421130357

"ကလေးတိုင်း သင်ယူခြင်း၏ အဆင့်ဆင့်ကို ဖြတ်ကျော်ကာ ၂၁ ရာစု ကျွမ်းကျင်မှုများ ရရှိပြီး ကမ္ဘာကို ရေရှည်တည်တံ့စေမည့် မျိုးဆက်အဖြစ် ကြီးထွားစေရန်"ရည်ရွယ်လျက်။

Singapore maths ကို တက်ချင်ကြသော သားသားမီးမီးတို့အတွက် တန်းခွဲသစ်ကို April 20ရက်နေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ဒီသင်တန...
18/04/2026

Singapore maths ကို တက်ချင်ကြသော သားသားမီးမီးတို့အတွက် တန်းခွဲသစ်ကို April 20ရက်နေ့မှာ
စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။

ဒီသင်တန်းကို ကလေးတွေဘာကြောင့်တက်သင့်ပါသလဲ???

Singapore Maths ဆိုတာ ကလေးတိုင်း သင်္ချာတော်လာနိုင်သည့် နိုင်ငံတကာအဆင့်မီ နည်းလမ်း
ဖြစ်ပါတယ်။

📢ကလေးက သင်္ချာကို အလွတ်ကျက်နေရသလို ခံစားနေရသလား?

📢ပုစ္ဆာတွက်ရတာကြောက်နေသလား?

📢ဒါမှမဟုတ် ကျောင်းစာတော့ရပေမဲ့ လက်တွေ့ပြဿနာတွေကို စဉ်းစားရတာ အခက်အခဲရှိနေသလား?

ဒါဆိုရင်တော့.........Singapore Maths ကပဲ အဖြေဖြစ်ပါတယ်။

Singapore Mathsဆိုတာဘာလဲ။

စင်္ကာပူသင်္ချာသည် စင်္ကာပူပညာရေးဝန်ကြီးဌာနမှ ၁၉၈၀ ခုနှစ်များအတွင်း သင်္ချာသင်ကြားရေးအတွက် အထူးတီထွင်ထားသည့် နည်းစနစ်တစ်ခုဖြစ်သည်။

ဤနည်းစနစ်သည် ကလေးများအား သင်္ချာသဘောတရားများကို နက်နက်နဲနဲနားလည်လာအောင်၊ ယုတ္တိဗေဒအရ တွေးခေါ်တတ်လာအောင် ပြုစုပျိုးထောင်ပေးသည်။

စင်္ကာပူနိုင်ငံသည် PISA (Programme for International Student Assessment) စစ်ဆေးမှုများတွင် သင်္ချာဘာသာရပ်အတွက် အမှတ်အများဆုံးရခဲ့ပြီး ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ် ရပ်တည်နေခြင်းကြောင့်လည်း စင်္ကာပူသင်္ချာ၏ ထိရောက်မှုကို နိုင်ငံတကာကအသိအမှတ်ပြုထားသည်။

📢ကမ္ဘာတစ်လွှားက မိဘတွေ ဘာလို့ စင်္ကာပူသင်္ချာကို ရွေးချယ်ကြတာလဲ။

· နားလည်မှုကို အခြေခံသည်။ အလွတ်ကျက်ခြင်းကို ရှောင်ရှားပြီး "ဘာကြောင့်" လုပ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို အခြေခံထားပါတယ်။

· ပြဿနာဖြေရှင်းခြင်းစွမ်းရည် (Problem-Solving Skills) သင်္ချာပုစ္ဆာတစ်ပုဒ်ကို နည်းလမ်းအမျိုးမျိုးဖြင့် ချဉ်းကပ်တွေးခေါ်နိုင်စွမ်းကို ပြုစုပျိုးထောင်ပေးပါတယ်။

· Bar Model နည်းစနစ် စာသားပုစ္ဆာများကို အချောင်းပုံစံဆွဲ၍ စဉ်းစားတတ်လာစေပြီး အထူးသဖြင့် အဆင့်မြင့် ပုစ္ဆာများကို ဖြေရှင်းရာတွင် အထောက်အကူပြုပါတယ်။

· ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ခက်ခဲသောပုစ္ဆာများကိုပင် ယုံကြည်စွာချဉ်းကပ်တတ်လာစေပါတယ်။

စင်္ကာပူသင်္ချာရဲ့ အဓိက သင်ကြားနည်းများ (CPA & Bar Model)

· CPA (Concrete-Pictorial-Abstract) နည်းလမ်း
စင်္ကာပူသင်္ချာရဲ့ အခြေခံအုတ်မြစ်ကို ဖော်ပြရလျှင် CPA သင်ကြားနည်းစနစ်ကို ဦးစွာဖော်ပြရမည်ဖြစ်သည်။ ဤနည်းလမ်းသည် အဆင့်သုံးဆင့်ဖြင့် သင်ကြားပေးသည်။
1. Concrete (မြင်သာထင်သာ) – ကလေးငယ်များအား သင်္ချာအယူအဆများကို မစတင်မီ လက်တွေ့ပစ္စည်းများ (ဥပမာ – အတုံးများ၊ ပန်ကာဆောင်းများ) အသုံးပြု၍ လေ့လာစေသည်။
2. Pictorial (ပုံဆွဲခြင်း) – ထို့နောက် ကလေးများအား ၎င်းတို့နားလည်ထားသော အကြောင်းအရာများကို ပုံများဆွဲ၍ ကိုယ်စားပြုစေသည်။ အဓိက tool မှာ Bar Model (အချောင်းပုံစံ) ဖြစ်ပါတယ်။
3. Abstract (သင်္ကေတများသို့) – နောက်ဆုံးအဆင့်တွင် ကလေးများအား ဂဏန်းများနှင့် သင်္ကေတများ (+, -, x, ÷) ဖြင့် သင်္ချာပြဿနာများကို ဖြေရှင်းစေသည်။

📢ဘယ်သူတွေ သင်ယူသင့်လဲ။

· သင်္ချာအခြေခံ ခိုင်မာစေလိုသော ကလေးငယ်များ
· ကျောင်းသင်ရိုး သင်္ချာအပြင် နိုင်ငံတကာအဆင့်မီ သင်္ချာကို လေ့လာလိုသော ကလေးများ
· အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း ကလေးငယ်များအတွက် ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

Duration 3 months (June /Julyလ ကျောင်းဖွင့်လျှင် Sat&Sun) သို့ပြောင်းပါမည်။

Time :2:30-4:00 PM(Monday to Friday)

Fees: 100,000

လူဦးရေ နည်းနည်းနှင့် အခြေခံကနေစပြီး ထိထိရောက်ရောက် သင်ကြားပေးမှာဖြစ်ပါတယ်။
☎️09421130357

11/04/2026

Happy 3th Birthday 🎂🎊🍰🎉

ချစ်ရတဲ့ တီချယ်တို့ မီးမီးလေး"ယွန်း၀တီနိုင်" ရေ။မီးမီး‌ေလးရဲ့ ၃နှစ်မြောက် မွေးနေ့မှစ၍ ဘ၀တစ်လျှောက်လုံး လိုအင်ဟူသမျှပြည့်၀ပါစေ 🎈🎈🎈

မွေးနေ့ကို အပြည့်အစုံစီစည်ပေးပါသော
ပါးပါး မာမားကိုလည်းတီချယ်တို့က
ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်❤️

Future Genius International Pre-School
🏫🏫🏫

18/03/2026

အစ်ပွဲတော် ကျင်းပပေးခြင်းသည် ကျောင်းသားများ၏ သင်ယူမှုနှင့် လူမှုအသိုင်းအဝိုင်း၏ စည်းလုံးညီညွတ်မှုအတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။
ပွဲတော်များကျင်းပရခြင်း ရည်ရွယ်ချက်များ

⭐ယဉ်ကျေးမှုနှင့် ဘာသာရေး မတူကွဲပြားမှုကို လေးစားတန်ဖိုးထားတတ်စေရန်

⭐လူမှုအသိုင်းအဝိုင်း စည်းလုံးညီညွတ်မှုကို အားကောင်းစေခြင်း

⭐အပြုသဘောဆောင်သော ကျောင်းဝန်းကျင် ဖန်တီးခြင်းတို့ဖြစ်သည်။

အတူတကွ ပွဲတော်များ ကျင်းပခြင်းက မတူညီသော နောက်ခံရှိ ကျောင်းသားများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ရန် အခွင့်အလမ်းကောင်းတစ်ခု ဖန်တီးပေးပါတယ်။
အခမ်းအနားများနှင့် ပွဲတော်များက ကျောင်းကို ပျော်စရာကောင်းပြီး အကောင်းမြင်စိတ်ရှိသော နေရာတစ်ခုအဖြစ် ဖန်တီးပေးပါတယ်။
ကျောင်းသားများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး ကျောင်းကို ပိုမိုနှစ်သက်လာစေဖို့ရည်ရွယ်ပါသည်

Future Genius International Pre-school
🏫🏫🏫

Eid Celebrations at Future Genius International Pre-school Eid Mubarak 😊Festival brings Joy & Happiness 😊🥰Wishing you a ...
18/03/2026

Eid Celebrations at Future Genius International Pre-school

Eid Mubarak 😊
Festival brings Joy & Happiness 😊🥰
Wishing you a very happy and peaceful Eid!

Future Genius International Pre-school
🏫🏫🏫
3/18/2026
Wednesday

Address

No: (5), 2nd Fl , Daw Thein Tin Street, Mingalar Taung Nyunt Township
Yangon

Opening Hours

Monday 09:00 - 14:30
Tuesday 09:00 - 14:30
Wednesday 09:00 - 14:30
Thursday 09:00 - 14:30
Friday 09:00 - 14:30

Telephone

+959421130357

Website

Alerts

Be the first to know and let us send you an email when Future Genius posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category