Wakaba Education Center - Japanese Language School, Myanmar

Wakaba Education Center - Japanese Language School, Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wakaba Education Center - Japanese Language School, Myanmar, Education, NO. 508, THA MEIN BA YAN STREET(LAW PI TA STREET), (35)WARD, NORTH DAGON TOWNSHIP, YANGON, Yangon.

18/07/2026

WAKABA Japanese Language School (Yedashe) 🇯🇵✨
ဂျပန်နိုင်ငံမှာ အလုပ်အကိုင်ဗီဇာဖြင့် ခိုင်မာသောအနာဂတ်တစ်ခုကို တည်ဆောက်ချင်ပါသလား? 💼
ကျွန်တော်တို့ WAKABA Japanese Language School သည် ဂျပန်စာကို စာသင်ရုံသက်သက် ရည်ရွယ်ထားခြင်းမဟုတ်ဘဲ ကျောင်းသား/ကျောင်းသူများ ဂျပန်နိုင်ငံသို့ သွားရောက်ကာ လက်တွေ့အလုပ်လုပ်ကိုင်နိုင်ရန်အတွက် အဓိက ရည်ရွယ်ပြီး ဂျပန်လူမျိုးသူဌေး (ဒါရိုက်တာ) ကိုယ်တိုင် ဦးစီးဖွင့်လှစ်ထားသည့် ကျောင်းဖြစ်ပါတယ်ခင်ဗျာ။
ယခုတစ်ခေါက်တွင် ဆောက်လုပ်ရေးကဏ္ဍတွင် အမှန်တကယ် ကြိုးစားချင်သူများအတွက် အထူးအခွင့်အရေးကြီးကို ယူဆောင်လာပေးပါပြီ။
🛠️ ဖိတ်ခေါ်နေသည့် လုပ်ငန်းကဏ္ဍ:
ဆောက်လုပ်ရေးပိုင်းတွင် လျှပ်စစ် နှင့် အတွင်းပိုင်းပြင်ဆင်ခြင်း (内装 - Naiso) အပိုင်းကို အထူးစိတ်ဝင်စားသူများ။
🎯 လျှောက်ထားနိုင်သူများ:
အလုပ်အကိုင်ဗီဇာဖြင့် ဂျပန်သို့သွားရန် စိတ်ဝင်စားပြီး သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ ရှိထားသူများ။
EP, EC, BE ဘွဲ့ရရှိထားပြီးသူများ (အမျိုးသား/အမျိုးသမီး မရွေး လျှောက်ထားနိုင်ပါသည်)။
🎁 ကျွန်တော်တို့ WAKABA မှ ပေးမည့် အထူးအခွင့်အရေး:
ကျွန်တော်တို့ကျောင်းတွင် ဂျပန်စာ N4 Level အောင်မြင်ပြီးသွားပါက အထက်ပါအလုပ်များအတွက် တိုခုတေးဂီနိုး (Specified Skilled Worker) စာမေးပွဲအောင်မြင်ရန် သီးသန့် အခမဲ့ (Free) သင်ကြားပေးသွားမည် ဖြစ်ပါတယ်ခင်ဗျာ။
⚠️ အထူးမှတ်ချက် (သတိပြုရန်):
အလုပ်အကိုင်ဗီဇာဖြင့် ဂျပန်နိုင်ငံတွင် ရေရှည်အောင်မြင်စွာ လုပ်ကိုင်နိုင်ရန်အတွက် စိတ်ဝင်စားသူ အမျိုးသား/အမျိုးသမီးများအနေဖြင့် ဂျပန်စာ N2 Level အထိ ရောက်အောင် စိတ်ရှည်သီးခံပြီး အောင်မြင်စွာ တက်ရောက်ရမည် ဖြစ်ပါသည်။ လုပ်ငန်းစဉ်အဆင့်ဆင့်အတွက် စိတ်ရှည်ပြီး အချိန်ပေးနိုင်သူများအတွက် ဒါဟာ အကောင်းဆုံး အခွင့်အရေးပါပဲခင်ဗျာ။
👩‍💼 တာဝန်ခံ: DAW KAY ZIN NYEIN
📞 ဆက်သွယ်ရန်ဖုန်း: 09-781511451, 09-961792994
📍 ကျောင်းတည်နေရာ: အိမ်အမှတ် (၂၅၀)၊ အမှတ် (၄) ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ ရေတာရှည်မြို့။ (ရန်ကုန်ကျောင်းခွဲ)
🇯🇵 [日本語]
WAKABA Japanese Language School (Yedashe) 🌟
日本で就労ビザを取得し、素晴らしい未来を築きませんか?
当校、WAKABA Japanese Language Schoolは、ただ日本語を教えるだけの学校ではありません。生徒の皆さんが日本で実際に活躍できることを目指し、日本人の社長(ディレクター)が自ら責任を持って運営している学校です。
今回、建設分野で本気で挑戦したい方々のために、特別なチャンスをご用意しました!
🛠️ 募集職種(建設分野):
電気工事 および 内装工事(Naiso)に強い興味がある方
🎯 応募対象者:
就労ビザでの訪日を希望し、関連する実務経験をお持ちの方
EP、EC、BEの学位(エンジニアリング系学位)をお持ちの方(男女不問)
🎁 WAKABAだけの特別特典:
当校で日本語の N4レベル を取得した後は、上記の電気・内装工事職種向けの特定技能(SSW)試験対策講座を完全無料(Free)で提供いたします!
⚠️ 重要な注意点:
日本での就労ビザを確実に取得し、長期的に活躍するためには、日本語能力試験 N2レベル 合格まで根気強く学習を続ける強い意志が必要となります(男女ともに共通の必須条件です)。一歩一歩時間をかけ、粘り強く努力できる方にとって、これは確実な未来への切符となります。
👩‍💼 担当者: DAW KAY ZIN NYEIN
📞 お問合せ電話番号: 09-781511451, 09-961792994
📍 学校所在地: ミャンマー連邦共和国 バゴー地方域 イェダーシェ、タビンシュエーティー通り、第4区、第250号(ヤンゴン分校)

11/07/2026

—
🌟 WAKABA EDUCATION CENTER JAPANESE LANGUAGE SCHOOL 🌟
🇯🇵 ဂျပန်နိုင်ငံ (နာဂိုယာ) စိုက်ပျိုးရေး အလုပ်ခေါ်စာ - မိန်းကလေးသီးသန့် အထူးအခွင့်အရေးကြီး 🧑‍🌾✨
ဂျပန်နိုင်ငံရဲ့ အချက်အချာကျပြီး နေချင်စရာအကောင်းဆုံး နာဂိုယာ (Nagoya) မြို့မှာ အလုပ်လုပ်ကိုင်ရင်း မိသားစုအတွက် ပိုက်ဆံရှာပြီး ဘဝကို မြှင့်တင်ချင်တဲ့ ညီမငယ်များအတွက် သတင်းကောင်းကြီး လာပါပြီဗျာ။
ဒီတစ်ခေါက် အလုပ်ခေါ်စာကတော့ "မိန်းကလေးသီးသန့်" သီးခြားခေါ်ယူတာဖြစ်လို့ အခွင့်အရေးကို လက်လွတ်မခံဘဲ အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။
🎯 ဘယ်လိုသူတွေ လျှောက်ထားနိုင်သလဲ?
✅ လက်ရှိ WAKABA ကျောင်းသူများ (စိုက်ပျိုးရေးလုပ်ငန်းကို ဝါသနာပါပြီး ဂျပန်မှာ ပိုက်ဆံရှာချင်သူများ)
✅ အခုမှ စတင်တက်ရောက်မည့် ကျောင်းသူသစ်များ (အခုပဲ အမြန်ဆုံး လာရောက်စာရင်းပေးသွင်းနိုင်ပါတယ်)
✅ စိုက်ပျိုးရေးအောင်လက်မှတ် (Certificate) ရှိပြီးသား ညီမငယ်များ (တိုက်ရိုက်လာရောက် စာရင်းပေးသွင်းနိုင်ပါတယ်)
💡 [အထူးမှတ်ချက် အစီအစဉ်]
ဂျပန်စာအခြေခံမရှိသေးလို့ စိတ်ပူနေတဲ့ ညီမငယ်များအတွက်လည်း (၈) လပိုင်း အစပိုင်းမှာပဲ N5 နှင့် N4 အတန်းသစ်များ ကို စတင်ဖွင့်လှစ်ပေးတော့မှာဖြစ်လို့ အခုကတည်းက ကြိုတင်စာရင်းအပ်နှံပြီး အလုပ်ခေါ်စာအတွက် အဆင်သင့် ပြင်ဆင်ထားလို့ ရပါပြီဗျာ။
📍 ကျောင်းလိပ်စာနှင့် တည်နေရာ -
🏢 အိမ်အမှတ် (၂၅၀)၊ အမှတ် (၄) ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ ရေတာရှည်မြို့။ (ရန်ကုန်ကျောင်းခွဲ)
📞 အသေးစိတ်မေးမြန်းရန်နှင့် စာရင်းပေးသွင်းရန် -
👤 Wakaba ရေတာရှည် တာဝန်ခံ: DAW KAY ZIN NYEIN
📲 ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ: 09 781 511 451,

Photos from Wakaba Education Center - Japanese Language School, Myanmar's post 05/07/2026

🇯🇵 အိပ်မက်တွေ လက်တွေ့ဖြစ်ဖို့ WAKABA (ရေတာရှည်) နှင့်အတူ လက်တွဲစို့ 🇯🇵
ဂျပန်နိုင်ငံသို့ Specified Skilled Worker (Tokutei Gino) ဗီဇာဖြင့် သွားရောက်အလုပ်လုပ်ကိုင်လိုသူများနှင့် ပညာတော်သင် (Student Visa) ဖြင့် မိမိတို့ဘဝကို မြှင့်တင်လိုကြသော မောင်မယ်များအားလုံးအတွက် အထူးသတင်းကောင်းပါခင်ဗျာ။
ကျွန်တော်တို့ WAKABA Japanese Language School (Yedashe) တွင် ဘာသာစကားသာမက လုပ်ငန်းခွင်အဆင်သင့်ဖြစ်စေမည့် သင်တန်းအတန်းအသစ်များအတွက် သင်တန်းသား/သူအသစ်များကို စတင်လက်ခံ ခေါ်ယူနေပါပြီ။
📌 အလုပ်အကိုင် အခွင့်အလမ်း အများဆုံးရှိသော ကဏ္ဍကြီး (၄) ခု:
ကျွန်တော်တို့ကျောင်းတွင် စာမေးပွဲအောင်ရုံတင်မကဘဲ တကယ့်လုပ်ငန်းခွင်ထဲတွင် အသုံးချနိုင်မည့် ဂျပန်စာနှင့် အထူးပြုဘာသာရပ်များကို စနစ်တကျ သင်ကြားပေးနေပါသည် —
1. 🍔 စားသောက်ကုန်နှင့် စစားသောက်ဆိုင်လုပ်ငန်း (Food Service)
2. 🥼 ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း (Nursing Care)
3. 🚜 စိုက်ပျိုးရေးလုပ်ငန်း (Agriculture)
4. 🚚 ကားမောင်းနှင်ရေးလုပ်ငန်း (Drivers)
💎 WAKABA ရွေးချယ်သူတိုင်း ရရှိမည့် အားသာချက်များ:
👨‍🏫 ဂျပန်လူမျိုး ဒါရိုက်တာကိုယ်တိုင် တိုက်ရိုက်သင်ကြားခြင်း: ဂျပန်စာအပြင် ဂျပန်တို့၏ စည်းကမ်း၊ ယဉ်ကျေးမှုနှင့် နေထိုင်မှုပုံစံများကို စနစ်တကျ မျှဝေပေးပါသည်။
💬 လုပ်ငန်းခွင်သုံး Workflow လေ့ကျင့်ပေးခြင်း: ဂျပန်ရောက်လျှင် စကားပြောနှင့် အလုပ်တာဝန်များတွင် အခက်အခဲမရှိစေရန် လက်တွေ့သုံး ဝေါဟာရများကို အဓိကထား လေ့ကျင့်ပေးပါသည်။
📝 မေးခွန်းဟောင်းများ အနီးကပ်ကိုင်တွယ်ခြင်း: လုပ်ငန်းကဏ္ဍအလိုက် အထူးပြုစာမေးပွဲများကို ပထမအကြိမ်မှာတင် အောင်မြင်စေရန် အာမခံချက်ရှိရှိ သင်ကြားပေးပါသည်။
📢 ထူးခြားသည့် အခွင့်အလမ်းများနှင့် မှတ်ချက်များ:
⚠️ [မြန်မာကားလိုင်စင် ရှိထားသူများအတွက်]
မြန်မာနိုင်ငံတွင် ကားလိုင်စင် (B လိုင်စင်) ရှိထားပြီးသူများသည် ဂျပန်နိုင်ငံ ကားမောင်းလုပ်ငန်း (Drivers) အတွက် အခွင့်အလမ်း ပိုမိုသာလွန်ပါသည်။ ထို့ကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ကျွန်တော်တို့ကျောင်းသို့ လူကိုယ်တိုင် လာရောက်ပြီး အသေးစိတ် ဆွေးနွေးတိုင်ပင်ကာ စာရင်းပေးသွင်းနိုင်ပါသည် ခင်ဗျာ။
⚠️ [ပညာတော်သင် ကျောင်းသား/သူများအတွက်]
ဂျပန်နိုင်ငံသို့ ကျောင်းဗီဇာ (Student Visa) ဖြင့် သွားရောက်မည့်သူများအတွက်လည်း အင်တာဗျူး (Interview) များ စတင်နေပြီဖြစ်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အမြန်ဆုံး လာရောက်ဆက်သွယ် စာရင်းပေးသွင်းဖို့ ဖေါ်ပြအပ်ပါသည်။
🏠 ကျောင်းလိပ်စာ:
အိမ်အမှတ် (၂၅၀)၊ အမှတ် (၄) ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ ရေတာရှည်မြို့။
📞 ဆက်သွယ်ရန် ဖုန်းနံပါတ်များ:
09 961 792 994
09 781 511 451
09 254 729 389
ဂျပန်နိုင်ငံမှာ ကိုယ်ပိုင်အိပ်မက်တွေကို အမှန်တကယ် အကောင်အထည်ဖော်ပြီး မိသားစုနှင့် မိမိဘဝကို မြှင့်တင်လိုသူတိုင်းကို ကျွန်တော်တို့ WAKABA ကျောင်းမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလျက်ရှိပါတယ်ခင်ဗျာ။ 🙏✨

Photos from Wakaba Education Center - Japanese Language School, Myanmar's post 02/04/2026

🌸 WAKABA Japanese Language School (ရေတာရှည်) 🌸
ခမ်းနားထည်ဝါစွာ ဖွင့်လှစ်လိုက်ပြီဖြစ်သော WAKABA မှ ကြိုဆိုပါတယ်
ကျွန်တော်တို့ WAKABA ကျောင်းကို ဧပြီလ (၁) ရက်နေ့မှာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသားသစ်များအတွက် သင်တန်းများ စတင်ပို့ချနေပြီ ဖြစ်ပါတယ်။
ကျောင်းဖွင့်ပွဲနေ့မှာလည်း ဂျပန်နိုင်ငံမှ ကျောင်းအုပ်ကြီး (Director) ကိုယ်တိုင် Zoom Meeting မှတစ်ဆင့် တိုက်ရိုက်ချိတ်ဆက်ကာ ကျောင်းသား/သူများနှင့် မိဘများကို အောက်ပါအလုပ်အကိုင်နှင့် ပညာတော်သင် အခွင့်အလမ်းများအကြောင်း အသေးစိတ် သေချာရှင်းပြပေးခဲ့ပြီး ဖြစ်ပါတယ်-
✅ စားသောက်ဆိုင်လုပ်ငန်း (Restaurant Service)
✅ စားသောက်ကုန်ထုတ်လုပ်ရေး (Food Manufacturing)
✅ ဘိုးဘွားစောင့်ရှောက်ရေး (Nursing Care)
✅ စိုက်ပျိုးရေးလုပ်ငန်း (Agriculture)
✅ ပညာတော်သင်ကျောင်းသား (Student Visa) လမ်းကြောင်းများ
🎓 ပညာတော်သင် စိတ်ဝင်စားသူများအတွက် အထူးမှတ်ချက်
ဂျပန်နိုင်ငံသို့ ကျောင်းသားဗီဇာဖြင့် ပညာတော်သင်သွားရောက်လိုသူများအနေဖြင့် မြန်မာနိုင်ငံမှ အထက်တန်း (Grade 12 သို့မဟုတ် ဆယ်တန်း) အောင်မြင်ပြီးဆုံးကြောင်း လက်မှတ် မဖြစ်မနေ လိုအပ်မည်ဖြစ်ကြောင်း ကျောင်းအုပ်ကြီးမှ အသိပေး လမ်းညွှန်ထားပါတယ်။
📢 အမြန်ဆုံး လာရောက်စာရင်းပေးသွင်းပါ
သင်တန်းများ စတင်နေပြီဖြစ်သောကြောင့် အတန်းနောက်ကျမကျန်စေရန်နှင့် ခိုင်မာသော အလုပ်အကိုင်/ပညာတော်သင် အခွင့်အလမ်းများကို လက်ဝယ်အရောက် ရယူနိုင်ရန် ယခုပဲ အမြန်ဆုံး ဆက်သွယ်စုံစမ်းလိုက်ပါ!
📍 ဆက်သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ်များ
• ကျောင်းလိပ်စာ: အိမ်အမှတ်(၂၅၀)၊ အမှတ်(၄)ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ ရေတာရှည်မြို့။
• ဖုန်းနံပါတ်များ: 📞 09 961 792 994
📞 09 781 511 451
📞 09 254 729 389

26/03/2026

📣 WAKABA Japanese Language School (ရေတာရှည်) - Online ဆွေးနွေးပွဲ ဖိတ်ကြားလွှာ
မင်္ဂလာပါ ခင်ဗျာ... 🙏
ရေတာရှည် WAKABA ဂျပန်ဘာသာစကားသင်တန်းကျောင်းကို လာမည့် ဧပြီလ (၁) ရက်နေ့ တွင် စတင်ဖွင့်လှစ်တော့မည် ဖြစ်ပါသည်။ ကျောင်းဖွင့်ပွဲ အစီအစဉ်အနေဖြင့် ဂျပန်လူမျိုး ကျောင်းအုပ်ကြီးကိုယ်တိုင် Online မှတစ်ဆင့် တိုက်ရိုက်ပါဝင်မည့် တွေ့ဆုံဆွေးနွေးပွဲ ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည် ဖြစ်ပါသည်။
သင်တန်းအပ်နှံပြီးသူများနှင့် စရန်ငွေပေးသွင်းထားသော ကျောင်းသား/သူများအားလုံး မပျက်မကွက် တက်ရောက်ပေးကြပါရန် အသိပေး နိုးဆော်အပ်ပါသည်။
📅 ပွဲကျင်းပမည့် အစီအစဉ်
• နေ့ရက်: ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက် (ဗုဒ္ဓဟူးနေ့)
• အချိန်: မနက် (၉:၀၀) နာရီ တိတိ
• တွေ့ဆုံပုံစံ: Online Meeting (ဂျပန်လူမျိုးကျောင်းအုပ်ကြီးနှင့် တိုက်ရိုက်ဆွေးနွေးခြင်း)
• နေရာ: WAKABA ရေတာရှည်ကျောင်းခွဲ
(အိမ်အမှတ် ၂၅၀၊ အမှတ် ၄ ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ ရေတာရှည်မြို့)
📞 ဆက်သွယ်စုံစမ်းရန် ဖုန်းနံပါတ်များ
သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။
☎️ 09 961 792 994
☎️ 09 781 511 451
☎️ 09 254 729 389

22/03/2026

🇯🇵 ရေတာရှည်သားတို့ရဲ့ ဂျပန်အိပ်မက်... လက်တစ်ကမ်းအကွာကို ရောက်ရှိလာပါပြီ ✈️🌸
"ရန်ကုန်အထိ အပင်ပန်းခံသွားနေရတုန်းလား? အဆောင်ခနဲ့ စားစရိတ်တွေကြောင့် အိပ်မက်တွေ ဝေဝါးနေရသလား?"
အခုဆိုရင် ရေတာရှည်မြို့နယ်အတွင်းက ညီငယ်၊ ညီမငယ်တို့အတွက် သတင်းကောင်းတစ်ခု ရှိပါတယ်။ မိဘရိပ်မှာနေရင်း၊ အပိုကုန်ကျစရိတ်တွေ မရှိတော့ဘဲ ဂျပန်စာကို စနစ်တကျသင်ယူပြီး ဂျပန်နိုင်ငံကို အမြန်ဆုံး ခြေချနိုင်မယ့် WA KA BA Japanese Language School ရဲ့ ခရီးစဉ်သစ်ကို စတင်တော့မှာ ဖြစ်ပါတယ်။
✨ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ - အနာဂတ်သစ်ကို စတင်တည်ဆောက်စို့
ဒီသင်တန်းဟာ စာသင်ရုံသက်သက် ကျောင်းမဟုတ်ပါဘူး။ ဂျပန်ကျောင်းအုပ်ကြီးကိုယ်တိုင် စီမံတာဖြစ်လို့ သင်တန်းပြီးတာနဲ့ ဂျပန်မှာ အလုပ်အကိုင် တိုက်ရိုက်ရရှိရေးကို ဦးတည်ပေးမှာပါ။
🌟 အလိုအပ်ဆုံးနှင့် အခွင့်အလမ်းအရှိဆုံး အလုပ်အကိုင်များ (SSW):
• 👵 ဘိုးဘွားစောင့်ရှောက်ရေး (Caregiver): ဂျပန်မှာ လူဦးရေလိုအပ်ချက် အလွန်မြင့်မားနေလို့ လာရောက်ဖို့ အလွယ်ကူဆုံးနဲ့ အဆင်အပြေဆုံးလမ်းကြောင်းပါ။
• 🍱 စားသောက်ကုန်ထုတ်လုပ်ရေး
• 🍽️ စားသောက်ဆိုင်လုပ်ငန်း
• 🚜 စိုက်ပျိုးရေး
🔥 ဘာကြောင့် WA KA BA ကို ရွေးချယ်သင့်တာလဲ?
• ✅ တိုက်ရိုက်အလုပ်အကိုင်: သင်တန်းပြီးတာနဲ့ ဂျပန်မှာ အလုပ်အကိုင်ရရှိရေးကို အာမခံချက်ရှိရှိ ချိတ်ဆက်ပေးခြင်း။
• ✅ အမြန်ဆုံးထွက်ခွာနိုင်ခြင်း: တကယ်ကြိုးစားတဲ့ လူငယ်တွေအတွက် အချိန်ဆွဲမနေဘဲ ဂျပန်မြေပေါ် အမြန်ဆုံးရောက်ရှိအောင် စီစဉ်ပေးခြင်း။
• ✅ ကုန်ကျစရိတ်သက်သာခြင်း: ရန်ကုန်အထိ သွားစရာမလိုဘဲ မိဘရိပ်မှာနေရင်း အေးအေးဆေးဆေး သင်ယူနိုင်ခြင်း။

📍 စုံစမ်းမေးမြန်းရန်နှင့် အပ်နှံရန်
🏛️ WA KA BA Japanese Language School (Yedashe Branch)
🏠 အိမ်အမှတ် (၂၅၀)၊ အမှတ် (၄) ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ ရေတာရှည်မြို့။
📞 ဖုန်းနံပါတ်များ:
• 09 254 729 389
• 09 961 792 994
• 09 781 511 451
မင်းရဲ့ ဘဝတစ်ဆစ်ချိုး ပြောင်းလဲပေးမယ့် ဧပြီလ (၁) ရက်နေ့ကို လက်လွတ်မခံပါနဲ့။ ဂျပန်မြေမှာ အောင်မြင်သူတစ်ယောက်အဖြစ် ဆုံတွေ့ကြဖို့ ကျွန်တော်တို့က စောင့်ကြိုနေပါတယ်။ 💪🇯🇵

Photos from Wakaba Education Center - Japanese Language School, Myanmar's post 05/03/2026

🌸 Wakaba ကျောင်းအုပ်ဒါရိုက်တာ ဂျပန်သူဌေးမှ ဂျပန်သို့ အလုပ်ဖြင့်လာမည့်သူများအား ရင်းနှီးနွေးထွေးစွာ ရှင်းလင်းတင်ပြခြင်း
若葉(わかば)学院長から日本へ働く皆さまへ、温かいメッセージ
"မင်္ဂလာပါ... အမိမြေကို ခေတ္တခွဲခွာပြီး ဂျပန်မြေမှာ ဘဝသစ်ကို ထုဆစ်ဖို့ ပြင်ဆင်နေကြတဲ့ ကျွန်တော့်ရဲ့ Wakaba မိသားစုဝင် မောင်ရင်တို့၊ နှမတို့...။"

「皆さん、こんにちは。母国を離れ、日本で新しい人生を切り拓こうとしている若葉(わかば)ファミリーの皆さん、心から歓迎いたします。」

⏳ ၁။ အချိန်ဆိုတာ လူတစ်ယောက်ရဲ့ 'ဂုဏ်သိက္ခာနဲ့ ကတိသစ္စာ' ပါ
1. 時間は「信頼」と「約束」の証です
ဂျပန်မှာ အချိန်နောက်ကျခြင်းဟာ နာရီလက်တံ လွဲချော်တာတင် မဟုတ်ပါဘူး၊ တစ်ဖက်လူအပေါ် ထားရှိတဲ့ မင်းရဲ့ 'လေးစားမှု' လွဲချော်သွားတာပါ။ ၅ မိနစ်စောရောက်ခြင်းဟာ မင်းရဲ့ တာဝန်ယူမှုစိတ်ဓာတ်ကို ပြသတဲ့ အလှပဆုံးသော အပြုအမူပဲ ဖြစ်ပါတယ်။

日本で時間に遅れることは、単に時計の針がずれることではなく、相手への「敬意」を失うことです。5分前行動は、あなたの責任感を示す最も美しいマナーなのです。

🍱 ၂။ အစားအသောက်ဆိုတာ 'သက်ရှိ' တွေကို ကျေးဇူးတင်ခြင်းပါ
2. 食事は「命」への感謝です
စားခါနီးတိုင်း "အိတဒခိမားစ်" (Itadakimasu) လို့ ပြောတဲ့အခါ အဲ့ဒီအစားအစာဖြစ်လာဖို့ အသက်ပေးခဲ့ရတဲ့ သက်ရှိတွေနဲ့ ပင်ပင်ပန်းပန်း စိုက်ပျိုးခဲ့တဲ့ တောင်သူတွေကိုပါ အမှတ်ရပေးပါ။ အစားအသောက်ကို တန်ဖိုးထားတတ်တဲ့သူဟာ မိမိရဲ့ ဘဝကိုလည်း တန်ဖိုးထားတတ်သူ ဖြစ်လာပါလိမ့်
မယ်။

食事の前の「いただきます」という言葉には、食材となった命や、それを作った人々への感謝が込められています。食べ物を大切にする人は、自分の人生も大切にできる人です。

🤝 ၃။ 'အိုမိုတဲနာရှီ' - ကိုယ့်ထက် သူတစ်ပါးကို ရှေ့တန်းတင်ခြင်း
3. おもてなし:相手を思いやる心
ဂျပန်ရဲ့ ယဉ်ကျေးမှုမှာ အထင်ရှားဆုံးက "တစ်ဖက်လူ ဘာလိုအပ်မလဲ" ဆိုတာကို သူတို့မပြောခင်ကတည်းက ကြိုတင်ဖြည့်ဆည်းပေးတတ်တာပါပဲ။ မင်းတို့ရဲ့ အပြုံးနဲ့ စာနာမှုဟာ ဘာသာစကားထက် ပိုပြီး ထိရောက်တဲ့ ဆက်သွယ်မှု ဖြစ်လာမှာပါ။

日本の文化で最も大切なのは、相手が何を必要としているかを察する心です。皆さんの笑顔と思いやりの心は、言葉の壁を越えて相手に伝わります。

✨ ၄။ သန့်ရှင်းမှုဆိုတာ စိတ်နှလုံးရဲ့ 'ကြေးမုံပြင်' ပါ
4. 清潔さは「心の鏡」です
ကိုယ်နေတဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားခြင်းဟာ ကိုယ့်ရဲ့ စိတ်ဓာတ်ကိုလည်း ကြည်လင်သန့်စင်အောင် လုပ်ဆောင်ခြင်းပါပဲ။ ဒီစနစ်တကျရှိမှုက မင်းတို့ကို ပိုပြီး ထက်မြက်တဲ့သူတစ်ယောက် ဖြစ်လာစေပါလိမ့်မယ်။

自分の周りをきれいに整えることは、自分の心を整えることと同じです。この整理整頓の習慣が、あなたをより素晴らしい人材へと成長させてくれます。

💡 Wakaba ကျောင်းအုပ်ကြီး၏ မေတ္တာစကား
学院長からのメッセージ

Wakaba မှာ ကျွန်တော်တို့ သင်ပေးမှာက ဂျပန်စာတင်မကပါဘူး၊ ဂျပန်မှာ ဘယ်လို ရှင်သန်အောင်မြင်ရမလဲဆိုတဲ့ 'ဘဝနေထိုင်မှု' ကိုပါ လက်တွဲခေါ်သွားမှာပါ။ မင်းတို့ရဲ့ အိပ်မက်တွေဆီကို လှမ်းတက်ဖို့ ကျွန်တော်တို့ရဲ့ Wakaba တံခါးတွေကို အမြဲဖွင့်ထားပါတယ်။"
「若葉(わかば)で教えるのは日本語だけではありません。日本でいかに成功し、豊かに生きるかという『生き方』も伝えていきます。皆さんの夢を叶えるために、若葉の扉はいつでも開いています。」

✨ ဘာကြောင့် Wakaba ကို ရွေးချယ်သင့်တာလဲ?
なぜ若葉(わかば)を選ぶのか?
• ✅ ဂျပန်သူဌေးကိုယ်တိုင် တိုက်ရိုက်ကြီးကြပ်လမ်းညွှန်မှုပေးခြင်း။
(日本人経営者による直接指導)
• ✅ ဂျပန်ယဉ်ကျေးမှုနှင့် လုပ်ငန်းခွင်စည်းကမ်းများကို စနစ်တကျလေ့ကျင့်ပေးခြင်း။
(日本文化とビジネスマナーの徹底したトレーニング)
• ✅ နွေးထွေးသော ဆရာ၊ ဆရာမများနှင့် မိသားစုသဖွယ် သင်ကြားရေးဝန်းကျင်။
(温かい講師陣とアットホームな学習環境)
မင်းတို့ရဲ့ အောင်မြင်မှုဟာ ငါတို့ရဲ့ ဂုဏ်ယူမှုပဲ။ Wakaba မှာ ဆုံကြစို့! 🇯🇵🙌
皆さんの成功は私たちの誇りです。若葉で会いましょう!

01/03/2026

🇯🇵 မင်းရဲ့ ဂျပန်အိပ်မက်ကို ရေတာရှည်မြေမှာတင် အသက်သွင်းလိုက်ပါ! ✨✈️
"အောင်မြင်ချင်တယ်... ဒါပေမဲ့ လမ်းပျောက်နေသလား?"

ကျွန်တော် (Admin) ကိုယ်တိုင် ဂျပန်မြေပေါ် ခြေချနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ နေ့ရက်တွေကို အခုထိ မမေ့နိုင်သေးပါဘူး။ ရန်ကုန်လို မြို့ကြီးမှာ မိဘနဲ့ခွဲ၊ အဆောင်မှာနေရင်း တစ်နေ့တစ်နေ့ ကုန်ကျစရိတ်တွေ ကြည့်ပြီး သက်ပြင်းချခဲ့ရတဲ့ အကြိမ်ပေါင်း မနည်းပါဘူး။ "ငါတို့ နယ်က ကလေးတွေအတွက် ဒီထက်ပိုလွယ်တဲ့ လမ်းကြောင်းရှိရင် ဘယ်လောက်ကောင်းမလဲ" ဆိုတဲ့ အတွေးက ကျွန်တော့်ကို အမြဲ နှိပ်စက်ခဲ့ဖူးတယ်။

အခုတော့... အဲ့ဒီအခက်အခဲတွေအားလုံးကို ကျွန်တော်ကိုယ်တိုင် တိုက်ဖျက်ပေးလိုက်ပါပြီ။ 🤜💥

✅ WA KA BA - ဒါဟာ စာသင်ခန်းတင် မဟုတ်ဘူး၊ ဘဝပြောင်းလဲမယ့် တံခါးပေါက်ပဲ!

ကျွန်တော် ဂျပန်ရောက်တဲ့အခါ ဂျပန်ကျောင်းအုပ်ကြီး ကို အခန့်သင့်တိုင်း ပြောခဲ့တာတစ်ခုရှိပါတယ်။ "ကျွန်တော့်ရဲ့ ရေတာရှည်သားတွေဟာ တကယ်ကြိုးစားတာ၊ သူတို့မှာ အခွင့်အရေးသာရှိရင် မဖြစ်နိုင်တာ ဘာမှမရှိဘူး" ဆိုပြီး ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို အာမခံချက်ပေးခဲ့လို့ အခုဆိုရင် WA KA BA ရဲ့ ကျောင်းခွဲကို ရေတာရှည်မှာ ဖွင့်လှစ်နိုင်ခဲ့တာပါ။

🌟 ဘာကြောင့် WA KA BA ကို ရွေးချယ်သင့်တာလဲ?

📍 ရန်ကုန်အထိ သွားစရာမလိုတော့ဘူး: အဆောင်ခ၊ စားစရိတ်တွေနဲ့တင် သိန်းဂဏန်းမကုန်စေရဘူး။ မိဘရိပ်မှာနေရင်း အေးအေးဆေးဆေး အိပ်မက်မက်ပါ။

💼 အလုပ်အကိုင် တိုက်ရိုက်ရည်ရွယ်သည်: စာသင်ရုံသက်သက်မဟုတ်ဘဲ ဂျပန်သူဌေးကိုယ်တိုင်က အလုပ်အတွက် တိုက်ရိုက်လမ်းညွှန်ပေးမှာဖြစ်လို့ အမြန်ဆုံး ဂျပန်ရောက်ဖို့ သေချာပါတယ်။

🔥 တကယ်ကြိုးစားသူအတွက် အမြန်ဆုံးလမ်း: မင်းဘက်က ဇွဲရှိရှိ ကြိုးစားဖို့ပဲ လိုပါတယ်။ ကျန်တာကို ကျွန်တော်တို့ တာဝန်ယူပေးမယ်။

"ကျွန်တော် လမ်းခင်းပေးထားပြီ၊ မင်းက အောင်မြင်မှုဆီ ပြေးတက်ရုံပဲ။ အခွင့်အရေးဆိုတာ နှုတ်ဆက်မနေတတ်ဘူး၊ လာတုန်းလေး ဆုပ်ကိုင်မှ အိပ်မက်တွေက လက်တွေ့ဖြစ်လာမှာပါ။"

🏛️ WA KA BA Japanese Language School

📍 တည်နေရာ: အိမ်အမှတ် (၂၅၀)၊ အမှတ် (၄) ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ ရေတာရှည်မြို့။

📞 အသေးစိတ်စုံစမ်းရန် (အခုပဲ ဖုန်းဆက်လိုက်ပါ):

09 961 792 994
09-254 729 389
09 781 511 451

မင်းရဲ့ မိဘတွေကို ဂုဏ်တက်စေမယ့်၊ ကိုယ့်ဘဝကို မြှင့်တင်ပေးမယ့် ဂျပန်ခရီးစဉ်ကို ဒီနေ့ပဲ စတင်လိုက်ပါ။ ဂျပန်မြေမှာ မင်းကို စောင့်နေမယ် ညီငယ်၊ ညီမငယ်တို့! 💪🌸

01/03/2026

🇯🇵 WA KA BA Education Center Japanese Language School 🇯🇵
(ရေတာရှည်မြို့ - ရန်ကုန်ကျောင်းခွဲ)
ဂျပန်နိုင်ငံမှာ ခိုင်မာတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ WA KA BA နဲ့ လက်တွဲလိုက်ပါ။ ကျွန်ုပ်တို့သင်တန်းကျောင်းသည် ဂျပန်လူမျိုး ကျောင်းအုပ်ကြီးကိုယ်တိုင် စီမံခန့်ခွဲပြီး ဂျပန်နိုင်ငံရှိ မိတ်ဖက်လုပ်ငန်းရှင်ကြီးများနှင့် ခိုင်မာသော စာချုပ်များတိုက်ရိုက်ချုပ်ဆိုထားသည့် ယုံကြည်စိတ်ချရသော ကျောင်းဖြစ်ပါသည်။
⏳ SSW (ကျွမ်းကျင်လုပ်သား) ဖြစ်ရန် စနစ်တကျ ပြင်ဆင်မှု
ဂျပန်စာ အခြေခံပိုင်နိုင်မှသာ အင်တာဗျူးအောင်မြင်ပြီး လုပ်ငန်းခွင်မှာ အဆင်ပြေမှာဖြစ်လို့ Level တစ်ခုကို (၅) လနှုန်းနဲ့ သေချာအချိန်ယူ ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။
• N5 Level (အခြေခံ): ဂျပန်စာအခြေခံသဒ္ဒါနှင့် စကားပြော - (၅) လ
• N4 Level (အဆင့်မြင့်): အလုပ်ဗီဇာအတွက် လိုအပ်သော JLPT N4 / JFT အောင်မြင်ရန် - (၅) လ
• Skill Test: မိမိသွားလိုသည့် လုပ်ငန်းအလိုက် သီးသန့်စာမေးပွဲအတွက် - (၁) လမှ (၂) လ
💼 ရွေးချယ်နိုင်သော လုပ်ငန်းကဏ္ဍများ
၁။ ဘိုးဘွားစောင့်ရှောက်ရေး (Caregiver): လက်ရှိဂျပန်နိုင်ငံမှာ အလိုအပ်ဆုံးနှင့် အခွင့်အလမ်းအများဆုံး လုပ်ငန်းဖြစ်ပါတယ်။ လစာနှင့် ခံစားခွင့်များစွာရရှိနိုင်လို့ အထူးရွေးချယ်သင့်တဲ့ အလုပ်ဖြစ်ပါတယ်။
၂။ စိုက်ပျိုးရေး: သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးသူများအတွက်။
၃။ စားသောက်ကုန်ထုတ်လုပ်ငန်း: စက်ရုံတွင်း စနစ်တကျ လုပ်ကိုင်လိုသူများအတွက်။
၄။ စားသောက်ဆိုင်လုပ်ငန်း: ဝန်ဆောင်မှုနှင့် စကားပြောဝါသနာပါသူများအတွက်။
၅။ ယာဉ်မောင်း (Taxi/Truck): အသစ်တိုးချဲ့ထားသော လစာကောင်းသည့် လုပ်ငန်းသစ်။
✨ WA KA BA ရဲ့ ထူးခြားသော အားသာချက်များ
• ဂျပန်လူမျိုး ကျောင်းအုပ်ကြီးနှင့် မိတ်ဖက်လုပ်ငန်းရှင်များ: ကျောင်းအုပ်ကြီးကိုယ်တိုင် ဂျပန်လုပ်ငန်းရှင်များနှင့် တိုက်ရိုက်စာချုပ်ချုပ်ဆိုထားသဖြင့် အလုပ်အကိုင်အတွက် ၁၀၀% ယုံကြည်စိတ်ချရခြင်း။
• N4 အောင်မြင်ပြီးသူများအတွက် အထူးအခွင့်အရေး: မိမိဘာသာဖြစ်စေ၊ အခြားနေရာတွင်ဖြစ်စေ N4 အောင်မြင်ထားသူများ ကျွန်ုပ်တို့ကျောင်းတွင် သင်တန်းတက်ရောက်ပါက အလုပ်အင်တာဗျူးများ လာရောက်သည့်အခါ ဦးစားပေး ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
• အင်တာဗျူး အခမဲ့: သင်တန်းတက်ရောက်သူများအတွက် အင်တာဗျူးကြေးများကို အခမဲ့စီစဉ်ပေးပြီး အင်တာဗျူးအောင်မြင်သည်အထိ တာဝန်ယူပေးပါသည်။
• ဒေသတွင်း စရိတ်သက်သာခြင်း: မြို့ကြီးများသို့ သွားရောက်ရန်မလိုဘဲ မိမိတို့ဒေသမှာတင် ဂျပန်စံနှုန်းမီ စီမံခန့်ခွဲမှုဖြင့် အလုပ်အကိုင်ကောင်းများ ရရှိနိုင်ခြင်း။
📍 ဆက်သွယ်ရန်နှင့် သင်တန်းနေရာ
• လိပ်စာ: အိမ်အမှတ် (၂၅၀)၊ အမှတ် (၄) ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ ရေတာရှည်မြို့။
• သင်တန်းစတင်မည့်လ: ၂၀၂၆ ခုနှစ်၊ ဧပြီလမှ စတင်ပါမည်။
• ဖုန်းနံပါတ်: 09-961 792 994, 09-781 511 451-09254729389

22/02/2026

🔥 ဂျပန်နိုင်ငံရဲ့ အနာဂတ်လမ်းသစ်ကို "ဂျပန်လူမျိုး ကျောင်းအုပ်သူဌေးကြီး" နှင့်အတူ အတူတူလျှောက်လှမ်းကြစို့! 🇯🇵🚕🚛
"အခွင့်အရေးဆိုတာ စောင့်နေသူအတွက်မဟုတ်ဘဲ အသင့်ပြင်ထားသူအတွက်သာ ဖြစ်ပါတယ်!"
မင်္ဂလာပါ၊ ကျွန်တော်ကတော့ WA KA BA Education Center ရဲ့ ဂျပန်လူမျိုး ကျောင်းအုပ်သူဌေးကြီး ဟရှိမိုတို ပါခင်ဗျာ။
ဂျပန်နိုင်ငံရဲ့ အလုပ်အကိုင်လောကမှာ အကြီးမားဆုံး ပြောင်းလဲမှုတစ်ခု ၂၀၂၆ ခုနှစ်၊ ဧပြီလမှာ ရောက်ရှိလာတော့မှာပါ။ အဲဒါကတော့ 特定技能 (SSW) စနစ်မှာ Driver (တက္ကစီ၊ ဘတ်စ်ကား၊ ကုန်တင်ကား) အလုပ်အကိုင်တွေကို တရားဝင်ခေါ်ယူတော့မှာပဲ ဖြစ်ပါတယ်။
💎 WAKABA မှာပဲ ရနိုင်မယ့် အခွင့်အထူးများ:
• ယုံကြည်မှုအပြည့်: ကျွန်တော်ကိုယ်တိုင် ဦးစီးနေတဲ့ WAKABA ကျောင်းကို လူဦးရေ ၁၀၀ အထက် အလိုရှိကြောင်း တိုက်ရိုက်ကမ်းလှမ်းချက် (Job Offer) တွေ ရောက်ရှိလာဖို့ ရှိပါတယ်။
• အရည်အသွေးမြင့်သင်ကြားမှု: လိုအပ်တဲ့ N3 အဆင့် ကို ဂျပန်လူမျိုး ကျောင်းအုပ်ကြီးရဲ့ စနစ်တကျ လမ်းညွှန်မှုနဲ့အတူ အောင်မြင်အောင် သင်ကြားပေးမှာပါ။
• တိုက်ရိုက်လမ်းပြမှု: Driver စာမေးပွဲအကြောင်းနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ကျွန်တော်ကိုယ်တိုင် Online ရှင်းလင်းပွဲ မှာ အသေးစိတ် လမ်းညွှန်ပေးသွားပါမယ်။
✅ လိုအပ်ချက်များ:
၁။ ဂျပန်စာအဆင့် N3 ရှိရပါမည်။
၂။ SSW ယာဉ်မောင်းစာမေးပွဲ အောင်မြင်ရပါမည်။
ဂျပန်မှာ တကယ့်ကို ခိုင်မာတဲ့ အနာဂတ်တစ်ခုကို တည်ဆောက်ဖို့ ကျွန်တော်ကိုယ်တိုင် တာဝန်ယူ ကူညီပေးသွားပါမယ်။ အခုကတည်းက စာရင်းပေးသွင်းပြီး ပြင်ဆင်လိုက်ကြရအောင်!
🏢 WA KA BA Education Center Japanese Language School
လိပ်စာ: အိမ်အမှတ်(၂၅၀)၊ အမှတ်(၄)ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ ရေတာရှည်မြို့။
📞 အမြန်ဆုံးဆက်သွယ်ရန် ဖုန်းနံပါတ်များ:
• 09 961 792 994
• 09 781 511 451

📩 Messenger ကနေလည်း "Driver" လို့ ရေးပြီး အခုပဲ ကျွန်တော်တို့ထံ တိုက်ရိုက်စာရင်းပေးသွင်းနိုင်ပါပြီ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


NO. 508, THA MEIN BA YAN STREET(LAW PI TA STREET), (35)WARD, NORTH DAGON TOWNSHIP, YANGON
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00