06/03/2025
The Flip Side
"Flip side" ဆိုတာ ဓာတ်ပြားတို့ ဖလင်ချပ်တို့ရဲ့ကျောဘက် / အနောက်ဘက်တို့ကိုပြောတာပါ
"flip" ဆိုတာကိုထပ်အဓိပ္ပာယ်ဖွင့်ရရင် အခြားတစ်ဖက်ကိုလှန်လိုက်တယ်လို့ဆိုလိုပါတယ်
ဒီအချက်တွေ ၊ အဓိပ္ပာယ်တွေနဲ့ဆက်စပ်နှီးနှောပြီး "flip side" ဆိုတဲ့အသုံးကို စကားပြောတွေထဲမှာ ထည့်သုံးလို့ရပါတယ်
စကားပြောတွေမှာတော့ " On the flip side" လို့သုံးကြပြီး တိုရှင်းစွာအဓိပ္ပာယ်ကောက်ရရင် "တစ်ဖက်ကကြည့်ရင်လည်း" လို့ဆိုလို့ရတယ်ပေါ့
ပိုပြီးအရှည်ချဲ့ရှင်းမယ်ဆိုရင်တော့
အကြောင်းအရာတစ်ခုခုကို မတူညီတဲ့ သဘောထား ၊ အမြင်နဲ့ပြန်ကြည့်တာ/ပြောတာ အတွက်သုံးကြတာပါ
E.g.
A : I hate studying Chinese language. I’m not interested in it.
တရုတ်စာသင်ရတာကိုငါမုန်းတယ်။ စိတ်လည်းမဝင်စားဘူးလေ
B : But on the flip side, now you can communicate with your colleagues in Chinese language and build stronger relationships while improving your language skills.
ဒါပေမဲ့ တစ်ဖက်ကကြည့်ရင် အခုနင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ တရုတ်လို့ပြောဆိုနေနိုင်ပြီပြီး ဘာသာစကားအတွက်တိုးတက်အောင်လုပ်ရင်း ပိုကောင်းတဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်တာပဲ
နောက်ထပ် ဥပမာလေးထပ်ကြည့်ကြည့်ရအောင်
I'm lazy to do a lot of presentations as I think preparing for presentation is time-consuming. But on the flip side, I feel like my presentation skill has improved.
Presentation လုပ်ဖို့ပြင်ဆင်ရတာကအချိန်ကုန်တယ်လို့ထင်ပြီး presentation တွေအများကြီးလုပ်ရမှာကိုငါပျင်းတယ်။ ဒါပေမဲ့ တစ်ဖက်ကကြည့်ပြန်တော့ ငါ့ရဲ့ presentation skill တွေတိုးတက်လာတယ်လို့ခံစားရတယ်။
I planned to go shopping today but it's raining all day. So, I have to stay at home. But on the flip side, I get to relax with a cozy blanket, a good book, and a cup of hot chocolate.
ဒီနေ့ ရှော့ပင်းထွက်ဖို့စီစဉ်ထားတာ။ ဒါပေမဲ့မိုးကတစ်နေ့လုံးရွာနေလို့အိမ်မှာပဲနေနေရတယ်။ ဒါပေမဲ့တစ်ဖက်ကကြည့်ရင်တော့လည်း ဇိမ်ကျတဲ့စောင်တစ်ထည်၊ စာအုပ်ကောင်းလေးတစ်အုပ်ရယ်နဲ့ hot chocolate တစ်ခွက်နဲ့ အနားယူလို့ရလိုက်တာပါပဲလေ