22/05/2019
🙏🏼မင်္ဂလာပါရှင် . Teacher Nang ပါ .
📍LCCI level 1,2 and 3 ကို့ လေ့လာနေကြတဲ့သူတွေ အတွက် Accounting ဘာသာက ခက်တယ်လို့ ထင်ကြတယ် ဟုတ် ..
📍 June , July Exam ကလဲ နီးနေပြီ ဆိုတော့ ဒီနေ့ Teacher Nang က စာမေးပွဲအတွက် စာကြည့်ရ လွယ်မယ့် Tips လေးတွေ ကို ပြောပြချင်ပါတယ် ..
1️⃣syllabus အသစ်မှာ Exam Questions တွေ က တစ်ခန်း တစ်ပုဒ် မေးတာမျိုး မဟုတ်တော့ပဲ အခန်းတွေကို ရောမေးပါတယ် ..
ဒါကြောင့် ကိုယ့်ကြည့်ရမယ့် အခန်းတွေကို ကျော်မကြည့်ပဲ တတ်နိုင်ရင် အားလုံးစုံအောင် ကြည့်ပါ ..
2️⃣level 1,2 မှာရော 3 မှာပါ များသောအားဖြင့် ကြောက်ကြတဲ့ အခန်း က Depreciation အခန်းပါ.. အမေးအများဆုံးဖြစ်သလို စာမေးပွဲတိုင်းမှာ ပါတဲ့ အခန်းလဲ ဖြစ်ပါတယ် .. ဒါကြောင့် Depreciation အခန်းကို အရင်ကြည့်ပါ ..
3️⃣ Depreciation အခန်း ပြီးသွားရင် Incomplete Record အခန်း ကို ကြည့်ပါ ..
Incomplete Record အခန်းကို ကြည့်ခြင်းအားဖြင့် Final Accounts ( Statement of profit or loss , Statement Financial position ) တွေ မှာ ညှိရတဲ့ Additional information တွေ အတွက် ရပြီးသား ဖြစ်သွားပါလိမ့်မယ်.
3️⃣ပြီးရင်တော့ Financial Accounts တွေ ကို ကြည့်ပါ .
Financial Accounts (5) ခန်းရှိပါတယ် .
- Sole Trader final Accounts (level 1,2 , 3)
- Partnerships final Accounts (level 1,2 , 3)
- Company Final Accounts (level 1,2 , 3)
- Non Trading Organization (level 1,2)
- Manufacturing (level 1,2)
📍 Level 3 တွေ အတွက် Extended Trial Balance ကို ဒီမှာ တစ်ခါတည်း ကြည့်ပေးနော်
4️⃣ပြီးရင်တော့ Partnership ရဲ့ အခွဲတွေ ဖြစ်တဲ့
- Change In Partnership (level 1,2 , 3)
- Dissolution (level 1,2 , 3)
- Merger od sole trader to form partnership (level 3)
📍ဒီအခန်းတွေ ကို ကြည့်ပါ .. ပုံစံတူ အခန်းတွေကို ခွဲကြည့်ခြင်းဖြင့် Format တွေ ရောနိုင်ခြေ မှားနိုင်ခြေ လျော့ကျ သွားပါလိမ့်မယ် .
5️⃣ပြီးရင်တော့
- Error (level 1,2 , 3 )
- Ratio(level 1,2 , 3 )
Ratio အခန်းမှာ အထူးသဖြင့် တွက်ထားတဲ့ ratio တွေကို analyst လုပ်တာကို မေးတာများပါတယ် .. ဒါကြောင့် Ratio Analyst လုပ်တဲ့ စာကို ကောင်းကောင်းရေးတတ်ဖို့ လေ့လာသွားဖို့ လိုပါတယ် .
📍 Level 1,2 တွေ အတွက်က Level 1 အခန်းတွေလဲ ပြန်ကြည့်ဖို့ လိုပါတယ် .. multiple choice နဲ့ 2မှတ် 3မှတ် တန်တွေ မေးတတ်ပါတယ် .
6️⃣Level 3 တွေ အတွက်
- Consolidated SOPL , SOFP
- Cash Budget
- Cash Flow Statement
- Investment appraisal
- BEP တွေကို အစဉ်လိုက် ကြည့်သွားပါ ..
📍Cash Flow Statement မှာ NCA အဝယ်အရောင်း , Dividends တွေ ကို သတိထားတွက်ပါနော် . မှားနိုင်ခြေများလို့ပါ .
7️⃣ ပြီးတော့ ကျောင်းသားတွေ ရှောင် ရှောင် ဖြေတဲ့ စာရေးရတဲ့ Theory မေးခွန်းတွေ ..
❌ လုံးဝ လုံးဝ ရှောင်မဖြေပါနဲ့ .. Theory မေးခွန်းအရ ကိုယ့်နားလည်နိုင်စွမ်း ကို မေးတာ ဖြစ်လို့ အကျိုးအကြောင်း သင့်လျော်စွာ ဖြေနိုင်တယ် ဆိုရင် အမှတ် ရ ကို ရ ပါတယ် .
📍ဒါဆိုရင် စာကြည့်ဖို့ plan ဆွဲလို့ရပြီ ထင်ပါတယ်နော် ..
8️⃣ဒါတွေ ကြည့်ပြီးသွားပြီဆိုရင် Old Question တွေကို တွက်ပေးပါ . ဒါမှ မေးခွန်းရဲ့ မေးပုံတွေ , ဖြေရမယ့် ပုံတွေ ကို ကောင်းကောင်းရင်းနှီးမှာပါ ..
🔺Old Question တွေ ပြန်တွက်ဖို့ 2018 မေးခွန်းဟောင်း ၈ စုံ ကို Link ထဲက down လိုက်နော်
🖇LCCI level 2 Old Question and Marking Scheme(2018)
https://drive.google.com/drive/folders/1LolLD-H9wObaMmqq9wVdX4vj2UqFfZNA
🖇LCCI Level 3 Accounting Old Question and Marking Scheme (2018)
https://drive.google.com/open?id=1yc3d-CORgYB161xRghm8JiOw7wsr4L5U
‼️Teacher Nang ကို သင်တန်းဖွင့်ဖို့ ရှိလား မေးနေလို့
LCCI level 3 Accounting အတန်း ဖွင့်ဖို့ရှိပါတယ် ..
📅သင်တန်းဖွင့်မည့်ရက် - 23 May 2019
🗓သင်တန်းရက် - Thursday, Friday , Sunday
🕰သင်တန်းအချိန် - 6 pm to 8:30 pm
💵သင်တန်းကြေး - 150,000 MMK
❗️သင်တန်းသား နဲနဲ နဲ့ ထိထိရောက်ရောက် သင်ပေးမှာမို့ သင်တန်းသား အကန့်အသတ်တော့ ရှိပါတယ်နော် . ဦးသူစနစ်နဲ့ လက်ခံပါ့မယ်နော် ❗️
❗️အသေးစိတ်ထပ်သိချင်တယ်ဆိုရင် ရင် page ရဲ့ message box မှာ လာမေးလို့ရပါတယ်နော် ..