17/03/2026
သင်ကြားရေး ဆရာ/ဆရာမများ
အလုပ်လျှောက်လွှာခေါ်ယူခြင်း (ရွှေပြည်သာ)
၁။ ကောင်းစုစံ ပညာ့ရိပ်မွန် ပညာရေးဝန်ဆောင်မှု ကုမ္ပဏီလီမိတက်၏ လုပ်ငန်း တစ်ခုဖြစ်သော ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်ကျောင်းတွင် (၂၀၂၆-၂၀၂၇) ပညာသင်နှစ်အတွက် သင်ကြားရေးပညာရည်ပြည့်ဝပြီး စည်းကမ်း၊ စိတ်ဓာတ် နှင့် ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်သော ***အထက်တန်း၊ အလယ်တန်း၊ မူလတန်းပြ ***ဆရာ၊ဆရာမများ ၊ ***ကာယ/ အနုပညာ/ ကွန်ပျူတာ/ ပန်းချီ/ဂီတ/ တိုက်ကွမ်ဒိုဆရာဆရာမများ***၊ ***အလုပ်သင်***ဆရာ/ဆရာမများအား ထပ်မံခန့်အပ်သွားမည်ဖြစ်ပါသည်။
✅ လျှောက်လွှာပိတ်ရက် - ၃၀.၃.၂၀၂၆
✅ အင်တာဗျူးနေ့ - ၂.၄.၂၀၂၆ နှင့် ၃.၄၂၀၂၆
✅ အလုပ်တည်နေရာ - အမှတ် (၂၉/၈-၅ ၊ အမှတ် (၄) လမ်းမကြီး ၊ ရွှေပြည်သာကွေ့ မီးပွိုင့် ၊ ရွှေပြည်သာမြိုန့ယ်
လျောက်ထားနိုင်သော ရာထူးများ
(က) ဒုကျောင်းအုပ်
(ခ) အတန်းချုပ်ဆရာ/ဆရာမ
(ဂ) အထက်တန်းပြ ဆရာ/ဆရာမ
(ဃ) အလယ်တန်းပြ ဆရာ/ဆရာမ
(င) မူလတန်းပြ ဆရာ/ဆရာမ
(စ)ကာယ / ပန်းချီ/ ဂီတ / အက ၊ ကွန်ပျုတာ / တိုက်ကွမ်ဒို / မြန်မာ့သိုင်း ဆရာ/ ဆရာမ
(ဆ) အလုပ်သင် ဆရာ/ဆရာမ
(ဇ) Guide ဆရာ/ဆရာမ
လိုအပ်လျက်ရှိသော ရာထူးနှင့် အရည်အချင်း သက်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(က) ဒုကျောင်းအုပ် ( ၂ ) ဦး
လစာ - ၈ သိန်းကျပ် ( ***ကိုယ်ပိုင်ကျောင်းဆရာလိုင်စင်ရှိသူသာ လျောက်ထားပါရန် ***)
အရည်အချင်းသတ်မှတ်ချက်များ
(၁) အသက် (၄၅) နှစ် မှ (၆၅) နှစ် ကြား ဖြစ်ရမည်။
(၂) ခေါင်းဆောင်မှု စွမ်းရည် နှင့် အုပ်ချုပ်မှု စွမ်းရည် ပြည့်ဝသူဖြစ်ရမည်။
(၃) ပညာရေးဘွဲ့ B.Ed ၊ M.Ed သို့မဟုတ် ကျောင်းစီမံခန့်ခွဲမှုနှင့်ပတ်သတ်ဆက်နွယ်သော ဘွဲ့ရရှိသူဖြစ်ရမည်။
(၄) ကျောင်းအုပ်ရာထူးဖြင့်လုပ်သက် အနည်းဆုံး ၆ နှစ်ရှိသူ ဖြစ်ရမည်။
(၅) အင်္ဂလ်ိပ်စကားပြောစွမ်းရည်ရှိသူနှင့် ကွန်ပျူတာသုံးတတ်သူကို ဦးစားပေးမည်။
(၆)အဖွဲ့အစည်းကို ညီညွတ်မျှတစွာကိုင်တွယ်အုပ်ချုပ်နိုင်သူ၊ ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
(၇) တနင်္လာနေ့မှ သောကြာနေ့အထိ လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။ (အချိန်ပိုင်း မရပါ)
(ခ) အတန်းချုပ်ဆရာ/ဆရာမ (၄) ဦး
လစာ - ၇ သိန်း ( ***ကိုယ်ပိုင်ကျောင်းဆရာလိုင်စင်ရှိသူသာ လျောက်ထားပါရန် )
အရည်အချင်းသတ်မှတ်ချက်များ
(၁)အသက်(၃၀)နှစ် မှ (၆၀) နှစ်ကြားဖြစ်ရမည်။
(၂)ပညာရေးဘွဲ့ သို့မဟုတ် သင်ကြားရမည့်ဘာသာရပ်နှင့် ကိုက်ညီသော မဟာဘွဲ့နှင့်အထက်ရရှိပြီးသူဖြစ်ရမည်။
(၃)သင်ကြားမှုဆိုင်ရာ လုပ်သက် အနည်းဆုံး(၁၀) နှစ်ရှိရမည်။
(၄)ကိုယ်ပိုင်ကျောင်းဆရာလက်မှတ်ရှိသူ/ လက်မှတ်လျောက်ထားပြီးသူဖြစ်ရမည်။***
(၅) စနစ်သစ်ပညာရေး သင်တန်းများ/ မွမ်းမံသင်တန်းများတက်ရောက်ပြီးသူများကို ဦးစားပေးခန့်ထားမည်။
(၆) ကျောင်းအုပ်ချုပ်မှုဆိုင်ရာကိစ္စများတွင် အတွေ့အကြုံ အနည်းဆုံး (၅) နှစ်ရှိသူဖြစ်ရပါမည်။
(၇)အဖွဲ့အစည်းနှင့် အလုပ်လုပ်ကိုင်တက်သူဖြစ်ပြီး သင်တန်းများတက်ရောက်လိုသူ၊ တိုးတက်လိုစိတ်ရှိသူဖြစ်ရမည်။
(၈) တနင်္လာနေ့မှ သောကြာနေ့အထိ လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။ (အချိန်ပိုင်း မရပါ)
(ဂ) အထက်တန်းပြဆရာ၊ဆရာမများ (၁၀)ဦး
လစာ - ၆ သိန်း ( ***ကိုယ်ပိုင်ကျောင်းဆရာလိုင်စင်ရှိသူသာ လျောက်ထားပါရန် )
လျှောက်ထားနိုင်သည့် ဘာသာရပ်များ
(၁)မြန်မာစာ (၂)အင်္ဂလိပ်စာ (၃)သင်္ချာ
(၄)ဓါတုဗေဒ (၅)ရူပဗေဒ (၆)ဇီဝဗေဒ (၇)ဘောဂဗေဒ (၈) လူမှုရေးသိပ္ပံ( ပထဝီ/သမိုင်း)
(၉) ကာယ (၁၀) အနုပညာ
အရည်အချင်းသတ်မှတ်ချက်များ
(၁)အသက်(၃၀)နှစ် မှ (၅၀)နှစ်ကြားဖြစ်ရမည်။
(၂)ပညာရေးဘွဲ့ (သို့မဟုတ်) သင်ကြားရမည့် ဘာသာရပ်နှင့် ကိုက်ညီသော မဟာဘွဲ့နှင့်အထက်ရရှိပြီးသူဖြစ်ရမည်။
(၃)သင်ကြားမှုဆိုင်ရာ လုပ်သက် အနည်းဆုံး(၅)နှစ်ရှိရမည်။
(၄)အင်္ဂလိပ်စာဘာသာပြ ဆရာ/ဆရာမများအနေဖြင့် IELTS (7.0) နှင့်အထက်ရရှိသူဖြစ်ရမည် (သို့မဟုတ်) ၎င်းအဆင့်နှင့်ညီမျှသော ကျွမ်းကျင်မှုရှိရမည်။ B.A (Eng) , M.A(Eng) ,TESOL, TEFL, CELTA , DELTA ရှိသူများကို ဦးစားပေးခန့်ထားမည်။
(၅)ကိုယ်ပိုင်ကျောင်းဆရာလက်မှတ်ရှိသူ/ လက်မှတ်လျောက်ထားပြီးသူဖြစ်ရမည်။***
(၆) စနစ်သစ်ပညာရေးသင်တန်းများ( Grade 10, Grade 11 , Grade 11 သင်တန်းများ/ မွမ်းမံသင်တန်းများ ) တက်ရောက်ပြီးသူများကို ဦးစားပေးခန့်ထားမည်။
(၇)အဖွဲ့အစည်းနှင့် အလုပ်လုပ်ကိုင်တက်သူဖြစ်ပြီး သင်တန်းများတက်ရောက်လိုသူ၊ တိုးတက်လိုစိတ်ရှိသူဖြစ်ရမည်။
(၈) တနင်္လာနေ့မှ သောကြာနေ့အထိ လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။ (အချိန်ပိုင်း မရပါ)
(ဃ) အလယ်တန်းပြဆရာ/ဆရာမများ (၁၀)ဦး
လစာ - ၆ သိန်း ( ***ကိုယ်ပိုင်ကျောင်းဆရာလိုင်စင်ရှိသူသာ လျောက်ထားပါရန် )
လျှောက်ထားနိုင်သည့် ဘာသာရပ်များ
(၁)မြန်မာစာ (၂)အင်္ဂလိပ်စာ (၃)သင်္ချာ (၄)ပထဝီ (၅)သမိိုင်း (၆) သိပ္ပံ
(၇) ကာယ (၈) အနုပညာ
အရည်အချင်းသက်မှတ်ချက်များ
(၁)အသက်(၂၅ )နှစ်မှ (၄၀)နှစ်ကြား ဖြစ်ရမည်။
(၂)ပညာရေးဘွဲ့ (သို့မဟုတ်) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ဆရာအတက်သင် ပညာ ဒီပလိုမာ (သို့မဟုတ်) လက်မှတ် သို့မဟုတ် သင်ကြားမည့်ဘာသာရပ်တွင် မဟာဘွဲ့ ရရှိပြီးသူ ဖြစ်ရမည်။
(၃)သင်ကြားမှုဆိုင်ရာ လုပ်သက် အနည်းဆုံး (၅)နှစ်ရှိရမည်။
(၄)အင်္ဂလိပ်စာဘာသာပြ ဆရာ/ဆရာမများအနေဖြင့်အနေဖြင့် IELTS(6.5)အထက်ရရှိသူဖြစ်ရမည် (သို့မဟုတ်) ၎
င်းအဆင့်နှင့်ညီမျှသော ကျွမ်းကျင်မှုရှိရမည်။
(၅)ကိုယ်ပိုင်ကျောင်းဆရာလက်မှတ်ရှိသူ/လက်မှတ်လျောက်ထားပြီးသူဖြစ်ရမည်။***
(၆) စနစ်သစ်ပညာရေးသင်တန်းများ( Grade 6, Grade 7, Grade 8 သင်တန်းများ/ မွမ်းမံသင်တန်းများ ) တက်ရောက်ပြီးသူများကို ဦးစားပေးခန့်ထားမည်။
(၇)အဖွဲ့အစည်းနှင့် အလုပ်လုပ်ကိုင်တက်သူဖြစ်ပြီး သင်တန်းများတက်ရောက်လိုသူ၊ တိုးတက်လိုစိတ်ရှိသူဖြစ်ရမည်။
(၈) တနင်္လာနေ့မှ သောကြာနေ့အထိ လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။ (အချိန်ပိုင်း မရပါ)
(င) မူလတန်းပြဆရာ/ဆရာမများ (၂၀)ဦး
လစာ - ၆ သိန်း ( ***ကိုယ်ပိုင်ကျောင်းဆရာလိုင်စင်ရှိသူသာ လျောက်ထားပါရန်
လျှောက်ထားနိုင်သည့် ဘာသာရပ်များ
(၁)မြန်မာစာ (၂)အင်္ဂလိပ်စာ (၃)သင်္ချာ (၄)သိပ္ပံ (၅)လူမှုရေး
အရည်အချင်းသက်မှတ်ချက်များ
(၁)အသက်(၂၅)နှစ်မှ အသက်(၅၅)နှစ်ကြားဖြစ်ရမည်။
(၂)ပညာရေးဘွဲ့ (သို့မဟုတ်) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ဆရာအတက်သင်ပညာ ဒီပလိုမာ (သို့မဟုတ်) လက်မှတ်ရရှိပြီးသူ ဖြစ်ရမည်။
(၃)သင်ကြားမှုဆိုင်ရာ လုပ်သက် အနည်း (၅)နှစ်ရှိရမည်။
(၄)အင်္ဂလိပ်စာဘာသာပြ ဆရာ/ဆရာမများအနေဖြင့်အနေဖြင့် IELTS(5.5)အထက်ရရှိသူဖြစ်ရမည် (သို့မဟုတ်) ၎င်းအဆင့်နှင့်ညီမျှသော ကျွမ်းကျင်မှုရှိရမည်။
(၅)ကိုယ်ပိုင်ကျောင်းဆရာလက်မှတ် (Green Card ) ရှိသူ/လက်မှတ်လျောက်ထားပြီးသူဖြစ်ရမည်။ ****
(၆)စနစ်သစ်ပညာရေးသင်တန်းများ( K.G , Grade 1 , Grade 2, Grade 3 , Grade 4 , Grade 5 သင်တန်းများ ) နှင့် မွမ်းမံသင်တန်းများကို တက်ရောက်ပြီးသူများကို ဦးစားပေးခန့်ထားမည်။
(၇)အဖွဲ့အစည်းနှင့် အလုပ်လုပ်ကိုင်တတ်သူဖြစ်ပြီး သင်တန်းများတက်ရောက်လိုသူ၊ တိုးတက်လိုစိတ်ရှိသူဖြစ်ရမည်။
(၈) တနင်္လာနေ့မှ သောကြာနေ့အထိ လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။ (အချိန်ပိုင်း မရပါ)
(စ) ကာယ / ပန်းချီ/ ဂီတ / အက ၊ ကွန်ပျုတာ / တိုက်ကွမ်ဒို / မြန်မာ့သိုင်း ဆရာ/ ဆရာမ (၄) ဦး
လစာ - ၆ သိန်း ( ***ကိုယ်ပိုင်ကျောင်းဆရာလိုင်စင်ရှိသူသာ လျောက်ထားပါရန်
အရည်အချင်းသက်မှတ်ချက်များ
(၁)အသက်(၂၅)နှစ်မှ အသက်(၅၅)နှစ်ကြားဖြစ်ရမည်။
(၂) သက်ဆိုင်ရာ ဘာသာရပ်နှင့် ဆက်နွယ်သော လက်မှတ်ရရှိပြီးသူ ဖြစ်ရမည်။
(၃)သင်ကြားမှုဆိုင်ရာ လုပ်သက် အနည်း (၃)နှစ်ရှိရမည်။
(၄)ကိုယ်ပိုင်ကျောင်းဆရာလက်မှတ် (Green Card ) ရှိသူ/လက်မှတ်လျောက်ထားပြီးသူဖြစ်ရမည်။ ****
(၅)အဖွဲ့အစည်းနှင့် အလုပ်လုပ်ကိုင်တတ်သူဖြစ်ပြီး သင်တန်းများတက်ရောက်လိုသူ၊ တိုးတက်လိုစိတ်ရှိသူဖြစ်ရမည်။
(၆) ပြိုင်ပွဲများအတွက် တက်ကြွစွာ လေ့ကျင့်ပေးနိုင်သူဖြစ်ရမည်။
(၇) တနင်္လာနေ့မှ သောကြာနေ့အထိ လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။ (အချိန်ပိုင်း မရပါ)
(ဆ) အလုပ်သင်ဆရာ/ဆရာမများ (၂၀) ဦး
လစာ - ၄ သိန်း (ဘွဲ့ရဖြစ်ရမည်)
အရည်အချင်းသက်မှတ်ချက်များ
(၁)အသက်(၃၀)နှစ်အောက်ဖြစ်ရမည်။
(၂)ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရမည်။
(၃)သင်ကြားမှုကို အမှန်တကယ်ဝါသနာပါပြီး သင်တန်းပေး လေ့ကျင့်မှုများကို လိုက်နာကြိုးစားသူ ဖြစ်ရမည်။
(၄)ကလေးချစ်မြတ်နိုးသူဖြစ်ပြီး သင်ကြားရေးအလုပ် (ကျောင်းဆရာ၊ဆရာမအလုပ်)ဖြင့် ရေရှည်အသက်မွေးလိုသူ ဖြစ်ရမည်။
(၅)စည်းကမ်း၊ စိတ်ဓာတ် နှင့် ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်သူ၊ အဖွဲ့အစည်းနှင့် အလုပ်လုပ်ကိုင်တက်သူဖြစ်ပြီး သင်တန်းများ တက်ရောက်လိုသူ၊ တိုးတက်လိုစိတ်ရှိသူဖြစ်ရမည်။
(၆) တနင်္လာနေ့မှ သောကြာနေ့အထိ လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။ (အချိန်ပိုင်း မရပါ)
(ဇ) Guide ဆရာ/ဆရာမ (၂၀) ဦး
လစာ - ၄ သိန်း
အရည်အချင်းသက်မှတ်ချက်များ
(၁)အသက်(၃၀)နှစ်အောက်ဖြစ်ရမည်။
(၂)တက္ကသိုလ်ဝင်တန်းအောင် / ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရမည်။
(၃)သင်ကြားမှုကို အမှန်တကယ်ဝါသနာပါပြီး သင်တန်းပေး လေ့ကျင့်မှုများကို လိုက်နာကြိုးစားသူ ဖြစ်ရမည်။
(၄)ကလေးချစ်မြတ်နိုးသူဖြစ်ပြီး သင်ကြားရေးအလုပ် (ကျောင်းဆရာ၊ဆရာမအလုပ်)ဖြင့် ရေရှည်အသက်မွေးလိုသူ ဖြစ်ရမည်။
(၅)စည်းကမ်း၊ စိတ်ဓာတ် နှင့် ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်သူ၊ အဖွဲ့အစည်းနှင့် အလုပ်လုပ်ကိုင်တက်သူဖြစ်ပြီး သင်တန်းများ တက်ရောက်လိုသူ၊ တိုးတက်လိုစိတ်ရှိသူဖြစ်ရမည်။
(၆) ဘာသာရပ်များကို စနစ်တကျ လေ့ကျင့် guide လုပ်ပေးနိုင်သူဖြစ်ရမည်။
(၇) တနင်္လာနေ့မှ သောကြာနေ့အထိ လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။ (အချိန်ပိုင်း မရပါ)
၂။ ဖော်ပြပါရာထူးများအတွက် လျှောက်ထားသော ဆရာ၊ဆရာမများသည် Learner-centered approach သင်ယူသူ ဗဟိုပြုသင်ကြားမှုဖြင့် သင်ကြားနိုင်သူ၊ Lesson plan များကို အမှန်တကယ် ကိုယ်တိုင်ပြင်ဆင်ပြီး သင်ထောက်ကူများကို ကြိုတင်ပြင်ဆင်ကာ သင်ကြားနိုင်သူ၊ သင်ခန်းစာများကို လက်တွေ့နှင့် ပေါင်းစပ်သင်ကြားနိုင်သူ ဖြစ်ရမည်။
၃။ သင်ကြားရေးအလုပ်ရာထူးအားလုံးအတွက် တစ်နှစ်တာ အလုပ်ခန့်စာချုပ်ဖြင့် လုပ်ကိုင်နိုင်သူဖြစ်ရမည်။ အလုပ်သင်ရာထူးအတွက် နှစ်နှစ်တာ အလုပ်ခန့်စာချုပ်ဖြင့် လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။
၄။ အရည်အချင်းနှင့် လုပ်သက်ပေါ်မူတည်၍ လစာနှုန်းထားများ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။
၅။ အချိန်ပိုင်းသင်လိုသူများ လျှောက်ထားရန် မသင့်တော်ပါ။****
၆။ အလုပ်လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာရွက် စာတမ်းများ အပြည့်အစုံ ပူးတွဲတင်ပြလျှောက်ထားရမည်ဖြစ်သည်။
(က)ပြည့်စုံစွာ ပြင်ဆင်ထားသော ကိုယ်ရေးအချက်အလက်(CV Form) (ဓာတ်ပုံကပ်ရန်)
(ခ) လုပ်ငန်းအတွေ့အကြုံများကို အသးစိတ်ဖော်ပြထားသော စာတစ်စောင်
(ဂ) နိုင်ငံသားစစ်ဆေးရေးကဒ်ပြားမိတ္တူ
(ဃ)ဘွဲ့လက်မှတ်မိတ္တူ(မူရင်းပြရမည်)
(င) အခြားပညာအရည်အချင်းလက်မှတ်များ မိတ္တူ (မူရင်းပြရမည်)
(စ) ကိုယ်ပိုင်ကျောင်းဆရာလက်မှတ် (Green Card ) မိတ္တူ (မူရင်းပြရမည်) – (အထက်တန်း၊အလယ်တန်း၊မူလတန်းပြဆရာလျှောက်ထားသူများသာ တင်ပြရန်လိုပါသည် / အလုပ်သင်ဆရာ လျှောက်ထားသူများအတွက် တင်ပြရန်မလိုပါ။)
၇။ CV Form များကို
ရွှေပြည်သာကျောင်းခွဲ - အမှတ် (၂၉/၈-၅ ၊ အမှတ် (၄) လမ်းမကြီး ၊ ရွှေပြည်သာကွေ့ မီးပွိုင့် ၊ ရွှေပြည်သာမြိုန့ယ်
လှိုင်သာယာကျောင်းခွဲ - အမှတ် ၁၀၃၇၊၁၀၃၈၊ ၁၀၃၉၊ ၁၀၄၀ တပင်ရွှေထီးလမ်းမကြီး ၊ (၅) ရပ်ကွက် ၊ လှိုင်သာယာမြိုန့ယ် သို့ လာရောက်လျောက်ထားနိုင်ပါသည်။
09-5036130 ဖုန်း၏ Viber ကို ဦးစွာ ပေးပို့လျှောက်ထားနိုင်ပါသည်။
လျှောက်ထားလာသော CV Form များကို သုံးသပ်ပြီး လူတွေ့အင်တားဗျူးရန် ခေါ်သွားမည်ဖြစ်ပါသည်။