Hangul Korean Language Academy

Hangul Korean Language Academy မြန်မာလူငယ်များ၏ အိမ်မက်များအတွက် စစ်မှန်သော ပညာရေးရပ်ဝန်း။ Hangul Korean Language Academy

(၁၀၆) ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (𝐓𝐎𝐏𝐈𝐊) ဖြေဆိုသူများအတွက် အသိပေးချက် ထွက်ပါပြီ။
04/05/2026

(၁၀၆) ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (𝐓𝐎𝐏𝐈𝐊) ဖြေဆိုသူများအတွက် အသိပေးချက် ထွက်ပါပြီ။

🍀တောင်းပန်တဲ့အခါ သုံးလို့ရတဲ့ စကားများ 😔
17/03/2026

🍀တောင်းပန်တဲ့အခါ သုံးလို့ရတဲ့ စကားများ 😔

"အိုဗာစတေး (Overstay) ဂယက်! ကိုရီးယားကျောင်းသားလောက"'အိုဗာစတေးလုပ်ကြတဲ့ နိုင်ငံခြားသားကျောင်းသား အရေအတွက် (၁၀) နှစ်အတွင်...
03/03/2026

"အိုဗာစတေး (Overstay) ဂယက်! ကိုရီးယားကျောင်းသားလောက"
'အိုဗာစတေးလုပ်ကြတဲ့ နိုင်ငံခြားသားကျောင်းသား အရေအတွက် (၁၀) နှစ်အတွင်း ၅ ဆကျော် ခုန်တက်၊ ဗီယက်နမ် က ၉၀% နီးပါး နဲ့ အိုဗာစတေး ပြုလုပ်မှု အများဆုံးဖြစ်လာ'

"တောင်ကိုရီးယားရဲ့ နိုင်ငံခြားသား ကျောင်းသားလက်ခံရေး မူဝါဒ ကျရှုံးနေပြီလား? လူအများ မသိသေးတဲ့ 'Study Korea 3.0' ရဲ့ အမှောင်ဘက်ခြမ်း" ဆိုတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကိုရီးယားတက္ကသိုလ်သတင်းစာ (한국대학신문) ရဲ့ ဖော်ပြချက်အရ၂၀၂၄ ခုနှစ် စာရင်းကနေ တရားမဝင်နေထိုင်သူတွေကို နိုင်ငံအလိုက် ခွဲကြည့်မယ်ဆိုရင် အများဆုံး နိုင်ငံတွေကတော့ -

ဘွဲ့ကြို/ဘွဲ့လွန် ဗီဇာ (D-2) ကျောင်းသား ဗီယက်နမ် (၆၉.၇%)၊ ဥဇဘက်ကစ္စတန် (၁၃.၀%)၊ မွန်ဂိုးလီးယား (၆.၉%) နဲ့ တရုတ် (၃.၄%) တို့ ဖြစ်ပါတယ်။

ဘာသာစကားသင်တန်းဗီဇာ (D-4) ကျောင်းသား ဗီယက်နမ်လူမျိုးက ၈၈.၉% အထိ ရှိနေပြီး အများဆုံးပါပဲ။ D-2 ဗီဇာနဲ့ ဗီယက်နမ် တရားမဝင်နေထိုင်သူဟာ ၂၀၁၄ ခုနှစ်မှာ ၁၅.၁% သာ ရှိခဲ့ပေမဲ့ ၂၀၂၄ မှာ ၆၉.၇% အထိ တက်လာသလို၊ D-4 ဗီဇာမှာလည်း ၁၃.၄% ကနေ ၈၈.၉% အထိ အဆမတန် မြင့်တက်လာတာပါ။

နိုင်ငံတကာ နိုင်ငံခြားကျောင်းသား အားလုံးကို ခြုံကြည့်ရင် ၁၀ ယောက်မှာ ၁ ယောက်က (10%က) တရားမဝင်နေထိုင်သူ ဖြစ်နေပါတယ်။

ကိုရီးယားနိုင်ငံက တက္ကသိုလ်တွေ ဒါမှမဟုတ် ဘာသာစကားသင်တန်းကျောင်း (D-4 Visa ကျောင်းသား) တွေမှာ တက်ရောက်ဖို့ ရောက်ရှိလာတဲ့ နိုင်ငံခြားကျောင်းသား ၁၀ ယောက်မှာ ၁ ယောက်ထက်မကဟာ တရားမဝင်နေထိုင်သူ (Overstay) တွေ ဖြစ်ကုန်ကြတယ်ဆိုတဲ့ စစ်တမ်းရလဒ် ထွက်လာပါတယ်။

အမျိုးသား ဂန်းရွန်းဝမ်ဂျူ တက္ကသိုလ်၊ လူမျိုးပေါင်းစုံ ယဉ်ကျေးမှုဘာသာရပ် ဌာနက တွဲဖက်ပါမောက္ခ 'ကင်ဂယူချန်' (김규찬 국립강릉원주대 다문화학과 부교수) ကတော့ ဇန်နဝါရီ ၁၅ ရက်နေ့က ကိုရီးယားလူဝင်မှုကြီးကြပ်ရေးပညာရှင်များအသင်းရဲ့ ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ "ပြည်တွင်းရှိ နိုင်ငံခြားကျောင်းသားများ တရားမဝင်နေထိုင်မှုဆိုင်ရာ မူဝါဒရေးရာ ပြဿနာများနှင့် တုံ့ပြန်ဆောင်ရွက်မှုများ" ဆိုတဲ့ အစီရင်ခံစာကတစ်ဆင့် ဒီအကြောင်းအရာကို ထုတ်ပြန်ရေးသားခဲ့တာပါ။

ပါမောက္ခ ကင်က "အရည်အချင်းရှိတဲ့ လူတော်တွေကို ဆွဲဆောင်ဖို့ဆိုပြီး အရေအတွက်ပိုင်းကိုပဲ အသားပေးခဲ့တဲ့ ကျောင်းသားလက်ခံရေးမူဝါဒဟာ ကျရှုံးသွားပြီ" လို့ အပြင်းထန်ဆုံး ထောက်ပြလိုက်ပြီး၊ ကျောင်းသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးချဲ့ပေးဖို့နဲ့ သတင်းအချက်အလက် ပေါင်းစပ်စနစ် (학생의 입국·학적·체류 정보를 실시간으로 연계하는 통합 플랫폼) တစ်ခု တည်ဆောက်ဖို့ အကြံပြုထားပါတယ်။

ပါမောက္ခ ကင်က တရားရေးဝန်ကြီးဌာနဆီကနေ ရရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်အထိ ကိုရီးယားမှာ နိုင်ငံခြားကျောင်းသားဟောင်း တရားမဝင်နေထိုင်သူ အရေအတွက်ဟာ ၃၄,၂၆၇ ယောက် ရှိနေပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ်က ရှိခဲ့တဲ့ ၆,၇၈၂ ယောက်နဲ့ ယှဉ်ရင် ၅ ဆကျော်လောက် မြင့်တက်လာတာပါ။ အသေးစိတ်ကြည့်မယ်ဆိုရင် ဘွဲ့ကြို/ဘွဲ့လွန် ကျောင်းသားဟောင်း ၉,၅၈၀ ယောက်နဲ့ ဘာသာစကားသင်တန်းသားဟောင်း ၂၄,၆၈၇ ယောက် ဖြစ်ပါတယ်။

ကျောင်းသားစုစုပေါင်းနဲ့ ယှဉ်ရင် တရားမဝင်နေထိုင်မှုနှုန်းဟာ ၂၀၁၄ ခုနှစ်မှာ ၇.၈% ရှိခဲ့ရာကနေ ၂၀၁၈ ခုနှစ်မှာ ၈.၇%၊ ၂၀၂၂ ခုနှစ်မှာ ၁၅.၇% အထိ တိုးလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ ၁၁.၆% အထိ ပြန်ကျသွားပေမဲ့ ၂၀၁၀ ပြည့်နှစ်တွေလောက်ကထက်စာရင် အများကြီး မြင့်နေဆဲပါ။ ပါမောက္ခ ကင်ကတော့ "ဒီကိန်းဂဏန်းတွေဟာ ကျောင်းသားအရေအတွက် များလာပေမဲ့ နေထိုင်မှုအရည်အသွေးနဲ့ တည်ငြိမ်မှုပိုင်းမှာတော့ ပိုဆိုးလာတာကို ပြနေတာ" လို့ သုံးသပ်ပါတယ်။

၂၀၂၄ ခုနှစ် စာရင်းအရ တရားမဝင်နေထိုင်သူတွေကို နိုင်ငံအလိုက် ခွဲကြည့်မယ်ဆိုရင် -

ဘွဲ့ကြို/ဘွဲ့လွန် ဗီဇာ (D-2)ကျောင်းသား ဗီယက်နမ် (၆၉.၇%)၊ ဥဇဘက်ကစ္စတန် (၁၃.၀%)၊ မွန်ဂိုးလီးယား (၆.၉%) နဲ့ တရုတ် (၃.၄%) တို့ ဖြစ်ပါတယ်။

ဘာသာစကားသင်တန်းဗီဇာ (D-4)ကျောင်းသား ဗီယက်နမ်လူမျိုးက ၈၈.၉% အထိ ရှိနေပြီး အများဆုံးပါပဲ။

D-2 ဗီဇာနဲ့ ဗီယက်နမ် တရားမဝင်နေထိုင်သူဟာ ၂၀၁၄ ခုနှစ်မှာ ၁၅.၁% သာ ရှိခဲ့ပေမဲ့ ၂၀၂၄ မှာ ၆၉.၇% အထိ တက်လာသလို၊ D-4 ဗီဇာမှာလည်း ၁၃.၄% ကနေ ၈၈.၉% အထိ အဆမတန် မြင့်တက်လာတာပါ။

ဒီအစီရင်ခံစာက ကိုရီးယားတက္ကသိုလ်တွေက ဘာသာစကားသင်တန်းသားတွေကို တစ်နှစ်ထက် ပိုပြီးလက်ခံလာတာဟာ တချို့နိုင်ငံက ကျောင်းသားတွေ တရားမဝင်နေထိုင်မယ့် အန္တရာယ်ကို ပိုကြီးထွားစေတယ်လို့ ထောက်ပြထားပါတယ်။

ပညာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်မှာ 'Study Korea 3.0' မူဝါဒအရ ကျောင်းသား ၃ သိန်းအထိ လက်ခံဖို့ ရည်မှန်းထားသလို၊ တရားရေးဝန်ကြီးဌာနကလည်း ကျောင်းသားတွေကို အနာဂတ်ရဲ့ လူသားအရင်းအမြစ်တွေအဖြစ် သတ်မှတ်ပြီး ပိုပြီးလက်ခံဖို့နဲ့ အခြေချနေထိုင်နိုင်အောင် ကူညီဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ တရားမဝင်နေထိုင်သူ အရေအတွက်က အတော်လေးများနေပြီး မျှော်လင့်ထားသလို အခြေချနေထိုင်နိုင်တဲ့ ရလဒ်မျိုး မထွက်လာသေးဘူးလို့ သုတေသန ဆောင်ရွက်နေကြတဲ့ သုတေသီတွေက စိုးရိမ်နေကြပါတယ်။

ဒါကြောင့် ပါမောက္ခ ကင်က ကျောင်းသားတွေကို လူဦးရေလျော့နည်းမှုကို ဖြည့်ဆည်းပေးရုံတင်မဟုတ်ဘဲ အနာဂတ်ရဲ့ အခြေချနေထိုင်မယ့် လူသားအရင်းအမြစ်တွေအဖြစ် ပြောင်းလဲရှုမြင်ဖို့ တိုက်တွန်းထားပါတယ်။

သူက "ဂျာမနီနဲ့ ဂျပန်လိုမျိုး ကျောင်းသားလက်ခံရေးမူဝါဒကို နိုင်ငံအတွက် လူတော်လူကောင်းတွေ ရရှိဖို့နဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒရဲ့ အဓိကမဟာဗျူဟာအဖြစ် သတ်မှတ်ပြီး စနစ်ကို ပြန်လည်ပြင်ဆင်ရမယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် "တရားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ တက္ကသိုလ်တွေမှာ ပြန့်ကျဲနေတဲ့ ကျောင်းသားအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ချိတ်ဆက်နိုင်မယ့် စနစ်တစ်ခု တည်ဆောက်ပြီး ကျောင်းပြီးသွားသူတွေရဲ့ ဘဝလမ်းကြောင်းကိုပါ စီမံခန့်ခွဲမှသာ မူဝါဒက ထိရောက်မှာဖြစ်တယ်" လို့ အကြံပြုထားပါတယ်။

"ကျောင်းသားတွေ အိုဗာစတေး ဖြစ်တာ ကျောင်းသားအပြစ်လား? စနစ်ရဲ့ အမှားလား?"

"အိုဗာစတေး ကျောင်းသားတွေကို လိုက်ဖမ်းနေရုံနဲ့ မပြီးပဲ ကျောင်းပြီးရင် အလုပ်အကိုင် နဲ့ ရေ ရှည်နေထိုင်ဖို့ ဦးစားပေးတဲ့ ပြုပြင်ပြောင်းလဲရေး စနစ်သစ် ဖြစ်လာနိုင်မလား?"

ကျောင်းသားဆိုတာ လူဦးရေဖြည့်ဖို့ မဟုတ်ဘူး! ဆိုတဲ့ ကိုရီးယားပါမောက္ခတစ်ဦးရဲ့ အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ချက်ကြောင့်၊ စစ်တမ်းတွေကြောင့် နိုင်ငံခြားသားကျောင်းသား လက်ခံရေး မူဝါဒတွေ အပြောင်းအလဲတွေ ဖြစ်လာနိုင်မလား ဆိုတာတော့ ဆက်လက်မျှော်လင့်ရမှာပါပဲ။

ကိုရီးယားကို ကျောင်းလာတက်မယ့်သူတွေ အနေနဲ့ အိုဗာစတေး မဖြစ်အောင် အစကတည်းက သေချာပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်! ကိုရီးယားရောက် မြန်မာကျောင်းသားတွေအတွက်လည်း ဒီသတင်းဟာ သတိပေးခေါင်းလောင်းသံတစ်ခုပါပဲ။ လက်ရှိမှာ ဗီယက်နမ်ကျောင်းသားတွေကို အဓိကထားပြီး စောင့်ကြည့်စစ်ဆေးမှုတွေ ပြင်းထန်လာနေပေမဲ့၊ မကြာခင်မှာ အစိုးရရဲ့ "ပေါင်းစပ်စနစ်သစ် (Integrated System)" ကြောင့် ပိုမိုတင်းတင်းကြပ်ကြပ် စောင့်ကြည့်စစ်ဆေးလာနိုင်တာကြောင့် ဘယ်နိုင်ငံသားမဆို ကျောင်းခေါ်ချိန်မပြည့်တာ၊ ဗီဇာသက်တမ်း ကျော်လွန်တာ ဒါမှမဟုတ် ခွင့်ပြုချက်မဲ့ အလုပ်လုပ်တာတွေကို အချိန်နဲ့တစ်ပြေးညီ သိရှိသွားနိုင်တော့မှာပါ။

ဒါကြောင့် ကိုယ့်ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ပညာရေးကို အဆင်ပြေပြေ အဆုံးသတ်နိုင်ဖို့အတွက် ဗီဇာဥပဒေအပြောင်းအလဲတွေကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အိုဗာစတေး (Overstay) ဖြစ်သွားရင် ကိုယ့်ရဲ့အနာဂတ်သာမက နောက်လာမယ့် မြန်မာကျောင်းသားသစ်တွေအတွက်ပါ ဗီဇာပိတ်ဆို့မှုတွေ ဖြစ်လာနိုင်တာကြောင့် "ခဏတာ အခွင့်အရေးထက် ရေရှည်ဘဝခိုင်မာမှု" ကို ပိုပြီး ဦးစားပေး စဉ်းစားကြပါလို့ အကြံပြုလိုက်ရပါတယ်။ အားလုံးပဲ ဘေးကင်းပျော်ရွှင်စရာနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပြီး စစရာရာ အဆင်ပြေချောမွေ့ကြပါစေ ....

💻 Dear Facebook Team,
This content is a direct translation of a news report from [ Korea News ] for educational and informational purposes only. It is not intended to promote violence or cause harm.
Information For Public :📑

●☆ Reference News —
- ‘유학생 불법체류’ 베트남 집중… “실시간 종합정보시스템 無, 추적관리 어려워” (대학신문)
- 외국인 유학생 10명중 1명 불법체류자, 베트남 가장 많아. (국제뉴스)

Ko Kyaw San

🌿Topik 1 နဲ့ Topik 2 ဖြေဆိုမယ့် ယောရောဘွန်းတို့   (27.2.2026) မှ Marchလ (2.3.2026)အတွင်းဖောင်ကြေးပေးသွင်းရပါမယ်နော်။🌿အား...
28/02/2026

🌿Topik 1 နဲ့ Topik 2 ဖြေဆိုမယ့် ယောရောဘွန်းတို့ (27.2.2026) မှ Marchလ (2.3.2026)အတွင်းဖောင်ကြေးပေးသွင်းရပါမယ်နော်။

🌿အားလုံးပဲ ရည်မှန်းချက်ပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိကြပါစေ။ 🇰🇷✨

အင်တာနက်နဲ့ သက်ဆိုင်သော စကားလုံးဝေါဟာရများ 📱
31/08/2024

အင်တာနက်နဲ့ သက်ဆိုင်သော စကားလုံးဝေါဟာရများ 📱

လမ်းပြကြယ်လေးအရပ်လေးမျက်နှာဟာ မှောင်မိုက်နေရင်တောင်မှပဲ ကျွန်တော်တို့မှာ အိပ်မက်ဆိုတဲ့ လမ်းပြကြယ်လေးကို ကိုယ်စီပိုင်ဆိုင...
30/08/2024

လမ်းပြကြယ်လေး

အရပ်လေးမျက်နှာဟာ မှောင်မိုက်နေရင်တောင်မှပဲ ကျွန်တော်တို့မှာ အိပ်မက်ဆိုတဲ့ လမ်းပြကြယ်လေးကို ကိုယ်စီပိုင်ဆိုင်ထားကြပါတယ်။

လူတော်တော်များများ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်တယ်ဆိုတာဟာ ကံအကြောင်းကြောင့်လည်း ပါပါတယ်။

တစ်ခုခုကို အသစ်စတင်တဲ့အခါ မသက်မသာခံစားချက်မျိုးကို ရတတ်ပါတယ်။ တစ်ခါတလေ ကိုယ်က လုပ်ရမှာ အမုန်းဆုံးအရာ၊ ကိုယ်က မျက်ကွယ်ပြုထားတဲ့ အရာတွေမှာ အဲဒီ့ အိပ်မက်တွေအတွက် လမ်းကြောင်းကရှိနေတတ်ပါတယ်။

လောကကြီးမှာ အသက်ရှင်နေထိုင်နေတယ်ဆိုတာဟာ အတွေ့အကြုံတွေကို ရယူဖို့ပါ။ ကောင်းတဲ့ ခံစားချက်မျိုးပဲလိုချင်လို့ဆိုပြီး နာကျင်ရမှာ ကြောက်လို့ ဟိုဟိုဒီဒီ ရှောင်ဖယ်နေထိုင်မယ်ဆိုရင် ယော်ရောဘွန်းရဲ့ အနာဂတ်ဆီသွားမဲ့ လမ်းပြကြယ်လေးဟာ မှေးမှိန်သွားပြီး လမ်းစပျောက်သွားနိုင်ပါတယ်။ ဒါကြောင့်မို့ လက်မလျှော့ပဲ မကြောက်ရွံ့ပဲ ရဲရဲလျှောက်ပါ။ သူများ မလျှောက်တဲ့ လမ်းဆိုပြီး ကိုယ်ကပါ လိုက်ရှောင်ဖယ်စရာမလိုပါဘူး။ တစ်ခါတလေမှာ လက်မလျှော့မှ ဖမ်းဆုပ်နိုင်မယ့် အခွင့်အရေးတွေဆိုတာလည်း ရှိတတ်တာမို့ပါ။

Reference : 세바시

Quiz Time 💡ကိုရီးယားနိုင်ငံရဲ့ ကိုယ်စားပြုပန်းက ဘာပါလဲHint : Squid game ထဲ red light green light အရုပ်ဂိမ်းက အရုပ်မ အော်...
29/08/2024

Quiz Time 💡

ကိုရီးယားနိုင်ငံရဲ့ ကိုယ်စားပြုပန်းက ဘာပါလဲ

Hint : Squid game ထဲ red light green light အရုပ်ဂိမ်းက အရုပ်မ အော်တဲ့ စာသားထဲမှာပါပါတယ်

အလုပ်နဲ့ ပတ်သက်သော ဝေါဟာရများ 💼
27/08/2024

အလုပ်နဲ့ ပတ်သက်သော ဝေါဟာရများ 💼

တောနေတိရစ္ဆာန်များ အပိုင်း (၂) 🌳🌳
26/08/2024

တောနေတိရစ္ဆာန်များ အပိုင်း (၂) 🌳🌳

🌳🌳တောရိုင်းတိရစ္ဆာန်တွေထဲကမှ အမဲလိုက်သူများအုပ်စု 🦁🐯🐺
25/08/2024

🌳🌳တောရိုင်းတိရစ္ဆာန်တွေထဲကမှ အမဲလိုက်သူများအုပ်စု 🦁🐯🐺

ကိုရီးယားတွေက စာပို့တဲ့အခါမှာ emoji တို့ဘာတို့အစား စကားလုံးလေးတွေကို အခုလို ချုံ့ပြီးပို့တတ်ကြပါတယ်။ MZ 세대 style ပေါ့ .....
23/08/2024

ကိုရီးယားတွေက စာပို့တဲ့အခါမှာ emoji တို့ဘာတို့အစား စကားလုံးလေးတွေကို အခုလို ချုံ့ပြီးပို့တတ်ကြပါတယ်။
MZ 세대 style ပေါ့ .. အဲ့တော့ တစ်ဖက်ကခုလိုလေးတွေပို့လာရင် ဘာကိုဆိုလိုတာလဲဆိုတာသိရအောင် တင်ပေးလိုက်ပါတယ်။

Address

No. 21, Tint San Street, Sayarsan Northwest Quarter, Bahan Township
Yangon

Telephone

+959789486522

Website

Alerts

Be the first to know and let us send you an email when Hangul Korean Language Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Hangul Korean Language Academy:

Shortcuts

Share