EduAlter

EduAlter Study in Malaysia and Thailand for Myanmar Students 🇲🇾 🇲🇲

https://www.facebook.com/share/p/QkNVgJN9WonfGtUq/?
13/06/2024

https://www.facebook.com/share/p/QkNVgJN9WonfGtUq/?

[ANNOUNCEMENT] The Malaysia International Scholarship (MIS) scholarship offer is now open to students from MIS recipient countries to continue their studies at the Master's and Doctorate Degree levels at selected Public Universities and private higher education institutions (IPTS) in Malaysia for the academic session 2024/2025.

This invitation is open to international students from MIS recipient countries. The application period is from 31 May 2024 to 30 June 2024. More information about this scholarship can be consulted at the link: https://biasiswa.mohe.gov.my/INTER/.

Zambry Abd. Kadir
Mustapha Sakmud
Dr. Zaini Ujang

09/06/2024

Unlock Your Future with the fully funded scholarships in Malaysia!

The Malaysian Technical Cooperation Program (MTCP) Scholarship offers a unique opportunity for students from developing countries to pursue their master's degree in Malaysia.

Benefits:

Full tuition fees coverage
Monthly living allowance
Opportunity to experience Malaysia's rich culture and diverse community

📅 Deadline: 30 June 2024

Don't miss this golden opportunity! Apply now for the MTCP Scholarship and embark on a transformative academic journey in Malaysia!

Link is provided in the comments section 👇

Trip to Malaysia
25/05/2024

Trip to Malaysia

❤️ မလေးရှားခရီးစဉ်က အတော်ကိုစိတ်ဝင်စားစရာပါ။ ကျောင်းလခ  အခုငွေဈေးနဲ့ တနှစ် သိန်းတရာမကျော်ပဲ ကျောင်းသားဗီဇာနဲ့ နေထိုင်ရင်...
25/05/2024

❤️ မလေးရှားခရီးစဉ်က အတော်ကိုစိတ်ဝင်စားစရာပါ။ ကျောင်းလခ အခုငွေဈေးနဲ့ တနှစ် သိန်းတရာမကျော်ပဲ ကျောင်းသားဗီဇာနဲ့ နေထိုင်ရင်း အလုပ်လုပ်နိုင်တဲ့ ကျောင်းတွေ၊ နောက်တဆင့်တခြားနိုင်ငံတွေကို ကူးဖို့ အခွင့်အလမ်း၊ အလုပ်လုပ်မယ်ဆိုလည်း လုပ်နိုင်မဲ့အခွင့်အလမ်းများနဲ့ ကျောင်းတွေကို တွေ့ခဲ့ရသလို မနေ့ကတော့ MAHSA (Malaysia Allied Health Sciences Academy) University ဆိုတဲ့ တော်တော်ကိုကြီးလှတဲ့ private university ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ဆရာဝန်၊ သွားဘက်ဆိုင်ရာဆရာဝန်၊ ဆေးဝါးဗေဒနဲ့ သူနာပြုပိုင်းဆိုင်ရာ ပညာရပ်တွေကို စာတွေ့၊ လက်တွေ့သင်ကြားပေးနေတာတွေကို လေ့လာခွင့်ရခဲ့ပါတယ်။

❤️ စုံစမ်းသူများက ဆေးပညာပိုင်းဆိုင်ရာမှာ အမေးများလို့မို့ သူတို့ကဆေးပညာပိုင်းဆိုင်ရာသင်ကြားမှုတွေကို လေ့လာနိုင်ဖို့ ပြသပေးခဲ့ပေမဲ့ ဒီတက္ကသိုလ်က အင်ဂျင်နီယာနဲ့ အဆောက်အအုံပိုင်းဆိုင်ရာဘာသာရပ်များ၊ IT, Multimedia, Hospitality and Tourism Management, ပညာရေးမှာဆိုရင်လဲ ECCD ကစလို့ ဘာသာရပ်ပေါင်းစုံရှိတဲ့ကျောင်းတကျောင်းပါ။ နိုင်ငံတကာတက္ကသိုလ်များနဲ့ချိတ်ဆက်ထားပြီး စိတ်ဝင်စားစရာကောင်းတာတခုက အဝေးသင်ပညာရေးအနေနဲ့ MBA, MPH တို့တက်နိုင်သလို post-grad degree အမျိုးမျိုးလည်းရှိတဲ့တက္ကသိုလ်တခုပဲဖြစ်ပါတယ်။
❤️ တက္ကသိုလ်ရဲ့ အင်္ဂါရပ်နဲ့အညီ စာကြည့်တိုက်၊ အပန်းဖြေခန်း၊ အားကစားကွင်းတွေနဲ့ ရှူခင်းကောင်းကောင်းတွေကို ကြည့်ရင်း စာဖတ်ချင်စရာနေရာများနဲ့ ကျောင်းပြန်တက်ဖို့ အသက်တောင်တော်တော်ငယ်ချင်သွားမိပါတယ်။
❤️ EduAlter အနေနဲ့ ကိုယ်တတ်နိုင်တဲ့ ငွေကြေးအလိုက် Open and Distance Learning (ODL) အဝေးသင်တက်ရောက်နိုင်ဖို့ ချိတ်ဆက်စီစဉ်ပေးမှာဖြစ်သလိုပဲ မလေးရှားမှာကျောင်းတက်လိုသူများနဲ့ မိဘများအတွက် အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲလေးတွေ လုပ်ပေးမှာလည်းဖြစ်ပါတယ်။ ပုံလေးတွေကတော့ ရိုက်လာခဲ့တဲ့အထဲက မိတ်ဆက်အနေနဲ့ တင်ပေးလိုက်တာပါ။ ဒီတခေါက်ကတော့ KL ကိုပဲအဓိကသွားခဲ့တာပါ။ မလေးရှားက ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့နိုင်ငံဖြစ်လေတော့ အခြားမြို့တွေမှာလဲပဲ ကျောင်းကောင်းကောင်းတွေအများကြီးရှိပါသေးတယ်။
❤️ EduAlter အနေနဲ့ ကျောင်းသူ/ကျောင်းသားများလုပ်ကိုင်လိုတဲ့ အလုပ်အပေါ်အခြေခံပြီး ကျောင်းတွေရွေးနိုင်ဖို့အတွက် career counseling လုပ်ပေးဖို့လည်း အစီအစဉ်ရေးဆွဲနေပါတယ်။

ဒီလထဲမှာ EduAlter အနေနဲ့ IHM အပါအဝင် မလေးရှားကတက္ကသိုလ်​ကောလိပ်တွေကို သွားရောက်လေ့လာဖို့ စီစဉ်ထားပါတယ်။ တက္ကသိုလ်ဝင်တန်း...
10/05/2024

ဒီလထဲမှာ EduAlter အနေနဲ့ IHM အပါအဝင် မလေးရှားကတက္ကသိုလ်​ကောလိပ်တွေကို သွားရောက်လေ့လာဖို့ စီစဉ်ထားပါတယ်။
တက္ကသိုလ်ဝင်တန်းကစလို့ မာစတာ၊ ပီအိတ်ချ်ဒီအထိ သင်ကြားနိုင်မဲ့ကျောင်းတွေနဲ့ ကျောင်းလခကိစ္စတွေ၊ အလုပ်အကိုင်အခွင့်အလမ်းအတွက်တွေပါ မေးလာခဲ့ပါမယ်။အခြား သိချင်တာများရှိရင်လဲ ပြောပေးကြပါ။ မေးလာခဲ့ပေးပါမယ်။ ကျေးဇူးတင်ပါတယ်။

07/04/2024

About IHM

ဘာကြောင့်မလေးရှားမှာ အဆင့်မြင့်ပညာသင်ကြားဖို့ရွေးချယ်သင့်ပါသလဲ။👍ကျောင်းတွေရဲ့ပညာရေးအဆင့်အတန်းက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှ...
31/03/2024

ဘာကြောင့်မလေးရှားမှာ အဆင့်မြင့်ပညာသင်ကြားဖို့ရွေးချယ်သင့်ပါသလဲ။
👍ကျောင်းတွေရဲ့ပညာရေးအဆင့်အတန်းက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ သင်ကြားတဲ့ပညာရေးအရည်အသွေးနဲ့ တန်းတူပညာရေးအဆင့်မှာရှိပါတယ်။
👍အင်္ဂလိပ်ဘာသာစကားကို အဓိကသုံးစွဲပြောဆိုကြပြီး ပညာရေးအဆင့်အတန်းကလဲမြင့်မား၊ ကျောင်းလခကလည်း ဈေးမကြီးတဲ့အတွက် အရှေ့တောင်အာရှမှာ အဆင့်မြင့်ပညာလာရောက်သင်ကြားသူများလာလို့ ထိပ်ဆုံးနေရာကို ရောက်လာပါတယ်။ အရှေ့တောင်အာရှက ကျောင်းသားကျောင်းသူများသာမကပဲ တခြားနိုင်ငံတွေ အာဖရိကဖက်က အထိ လာရောက်ပညာဆည်းပူးကြတဲ့ ကျောင်းသားဦးရေလည်း များပြား လာပါတယ်။
👍ကျောင်းလခကလည်း ဈေးမကြီးလှပါဘူး။
👍အစိုးရတက္ကသိုလ်များမှာဆိုရင် နိုင်ငံတကာ ကျောင်းသားများအတွက် တက္ကသိုလ်ပညာသင်စရိတ်ဟာ တနှစ်ကို မလေး ရှားရင်းဂစ် ၇,၀၀၀ ဝန်းကျင်လောက်ရှိပြီး ပုဂ္ဂလိကတက္ကသိုလ်များရဲ့ ပညာသင်စရိတ်ကတော့ တနှစ်ကို မလေးရှားရင်းဂစ် ၁၅,၀၀၀ ပတ်ဝန်း ကျင် ရှိပါတယ်။
👍နိုင်ငံတကာကျောင်းသားတွေအတွက် မလေးရှားအစိုးရ၊ တက္ကသိုလ်တွေနဲ့ ပုဂ္ဂလိကအန်န်ဂျီအိုအဖွဲ့တွေက စကော်လားရှစ်ပေးတာမျိုးတွေလည်း ရှိပါတယ်။ ဥပမာ Malaysian International Scholarship (https://biasiswa.mohe.gov.my/INTER/index.php) မျိုးကို လျှောက်ထားလို့ ရပါတယ်။
👍မလေးရှားမှာ နိုင်ငံတကာက ကျောင်းလာတက်ကြသူများအတွက် ရွေးချယ်မှုအများဆုံးဘာသာရပ်တွေကတော့
👉Accounting and Finance
👉Art and Design
👉Business Management
👉Engineering
👉Hospitality and tourism
👉Mass Communication နဲ့
👉Medicine တို့ဖြစ်ပါတယ်။

👍မလေးရှားဟာ စားသောက်နေထိုင်စရိတ် သက်သာတဲ့နိုင်ငံတနိုင်ငံလို့ဆိုရမှာပါ။ ကိုယ်တယောက်တည်း သက်တောင့်သက်သာနေနိုင်တဲ့ အခန်းမျိုးကို တလကို မလေးရှား ရင်းဂစ်ငွေ ၅၀၀ (မြန်မာငွေကျပ် ၄ သိန်းဝန်းကျင် - ငွေဈေးက အခု ၈၀၀ နီးပါးရှိပါတယ်) ဒီထက်သက်သာအောင်လည်း စီစဉ်နေထိုင်လို့ရပါတယ်။ အစားအသောက်အနေနဲ့လည်း ဟော့ကာ (Hawker) စင်တာလို့ခေါ်တဲ့ အပြင် အစားအသောက်တန်းတွေမှာ မလေး ၅ ရင်းဂစ်ကနေ ၈ ရင်းဂစ်လောက်နဲ့ကို အရသာရှိတဲ့ မလေးအစားအစာတွေ၊ မြန်မာတွေခံတွင်းတွေ့တဲ့ထမင်းနဲ့ ဟင်းမျိုးလေးတွေ စားနိုင်ပါတယ်။
👍နေထိုင်စားသောက်စရိတ်ကိုတော့ တလကို မလေးရှားရင်းဂစ် ၈၀၀ - ၁၀၀၀ တနှစ်ဆိုရင် မလေးရှား ရင်းဂစ် ၁၀,၀၀၀ ကနေ ၁၅,၀၀၀ ဝန်းကျင် လောက်တော့ သုံးဖို့ခန့်မှန်းထားသင့်ပါတယ်။ နေဖို့ရော စားဖို့ပါ ပါပါတယ်။ ကွာလာလမ်ပူတို့လို မြို့ကြီးပြကြီးတွေရဲ့ စရိတ်ကတော့ မြို့ငယ်တွေ ထက် ပိုကုန်ကျနိုင်မှာဖြစ်ပါတယ်။
👍နောက်တခုမလေးရှားမှာ မြန်မာတွေအတွက်အဆင်ပြေတဲ့အချက်က အင်္ဂလိပ်စာ ကို အခြေခံလောက်တော့ အားလုံးဆက်သွယ် ပြောဆိုနိုင် ကြတာပါပဲ။
👍မလေးရှားနိုင်ငံဟာ လူမျိုး၊ဘာသာပေါင်းစုံနေထိုင်တဲ့နိုင်ငံတနိုင်ငံဖြစ်ပြီး လုံခြုံအေးချမ်းမှုရှိပါတယ်။ Global Peace Index ၂၀၂၃ မှာ မလေးရှားဟာ ကမ္ဘာပေါ်မှာ အငြိမ်းချမ်းဆုံးနိုင်ငံတွေစာရင်းမှာ ၁၉ ခုမြောက်နိုင်ငံဖြစ်ပြီး အာရှမှာ တတိယအငြိမ်းချမ်းဆုံးနိုင်ငံတနိုင်ငံပါ။ မလေးရှားဟာလုံခြုံတဲ့ နေရာတခုဖြစ်ပြီး အထူးသဖြင့်တော့ တက္ကသိုလ်၊ကောလိပ် ကျောင်းတွေ ဟာ အလွန်လုံခြုံအေးချမ်းတဲ့နေရာမျိုးတွေပဲဖြစ်ပါတယ်။
👍ရာသီဥတုအနေနဲ့လည်း အပူပိုင်းဇုံမှာရှိတဲ့ နိုင်ငံတနိုင်ငံပေမဲ့ ရာသီဥတုက သမမျှတပါတယ်။ မုတ်သုန်ရာသီမှာတော့ မိုးသည်းတဲ့နေ့မျိုးတွေရှိ ပေမဲ့ ယေဘုယျအားဖြင့်တော့ မပူလွန်း၊ မအေးလွန်းလှပါဘူး။

မြန်မာကျပ်ငွေနဲ့ မလေးရှားကျပ်ငွေလဲလှယ်နှုန်းကလဲ အခုလက်ရှိ ၈၀၀ နီးပါးမှာရှိတယ်လို့သိရပါတယ်။

ဒီအချက်တွေကြောင့် မလေးရှားမှာ ကျောင်းလာတက်ကြသူတွေ တနှစ်ထက် တနှစ်ပိုပိုများလာတယ်လို့ဆိုရမှာပါ။

မင်္ဂလာပါ။ EduAlter ပညာရေးဝန်ဆောင်မှုလုပ်ငန်းကနှုတ်ခွန်းဆက်သလိုက်ပါတယ်။ မလေးရှားက တက္ကသိုလ်ကောလိပ်တွေမှာ ပညာသင်ကြားနိုင်...
27/03/2024

မင်္ဂလာပါ။
EduAlter ပညာရေးဝန်ဆောင်မှုလုပ်ငန်းကနှုတ်ခွန်းဆက်သလိုက်ပါတယ်။
မလေးရှားက တက္ကသိုလ်ကောလိပ်တွေမှာ ပညာသင်ကြားနိုင်မဲ့အခွင့်အရေးတွေနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ အခုမိတ်ဆက်ပေးမဲ့အစီအစဉ်ကတော့ လက်ရှိတက္ကသိုလ်ဝင်တန်းတက်နေဆဲ၊ စာမေးပွဲဖြေဆိုထားတဲ့၊ တက္ကသိုလ်တက်နေဆဲလူင​ယ်မောင်မယ်များအတွက်ပဲဖြစ်ပါတယ်။

Address

Taw Win Center
Yangon
11041

Alerts

Be the first to know and let us send you an email when EduAlter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to EduAlter:

Shortcuts

Share