Fireflies Academic Institute

Fireflies Academic Institute Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fireflies Academic Institute, School, Yangon.

Science Quiz for Today❝ ကိုယ့်ရဲ့ ဘယ်ဗီဇလေးတွေကို အမွေပေးနိုင်ချေရှိလဲဆိုတာ Punnett Square နဲ့ တွက်ကြည့်ကြမယ်။ ❞⬜️ Punne...
29/06/2025

Science Quiz for Today

❝ ကိုယ့်ရဲ့ ဘယ်ဗီဇလေးတွေကို အမွေပေးနိုင်ချေရှိလဲဆိုတာ Punnett Square နဲ့ တွက်ကြည့်ကြမယ်။ ❞

⬜️ Punnett Square ဆိုတာ ဘာလဲ။

Punnett Square ဆိုတာက ကိုယ့်ရဲ့ မျိုးရိုးဗီဇတွေကို ကိုယ့်သားသမီးမျိုးဆက်ဆီ ဆက်လက် လက်ဆင့်ကမ်းနိုင်မယ့် ဖြစ်နိုင်ချေကို တွက်ချက်တဲ့နေရာမှာ အသုံးပြုတဲ့ ဇယားလေးပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် မိဘနှစ်ယောက်မှာ အဖေ့မှာ မျက်လုံးအပြာရောင်‌လေးရှိပြီး အမေ့မှာ မျက်လုံးအညိုရောင်ပါရှိတယ်ဆိုပါစို့။ သူတို့နှစ်ယောက်ရဲ့ မွေးဖွားလာမယ့် သားသမီး‌မှာ မျက်လုံးအ‌ရောင် အညို သို့မဟုတ် အပြာ ဘယ်အရောင်လေး ပိုဖြစ်လာနိုင်မလဲဆိုတာကို တွက်ချက်ကြည့်တာမျိုးဖြစ်ပါတယ်။ ✍🏻

Punnett Square ကို ဘယ်လိုအသုံးပြုမလဲဆိုတာကိုတော့ အောက်ကပုံမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ‌ဒါ့အပြင် ဒီအကြောင်းနဲ့ ပတ်သတ်ပြီး quiz လေးတစ်ခုလည်း ပါဝင်သေးတာမို့ ဝင်ရောက်ပြီး ခေါင်းစားပေးသွားကြပါ‌ဦးနော်။ 👇🏻✨





ကိုရီးယားနိုင်ငံရှိ GED အသိအမှတ်ပြုလက်ခံသော တက္ကသိုလ်များ📌ကိုရီးယားနိုင်ငံရဲ့ တက္ကသိုလ်တော်တော်များများဟာ High school di...
24/06/2025

ကိုရီးယားနိုင်ငံရှိ GED အသိအမှတ်ပြုလက်ခံသော တက္ကသိုလ်များ📌

ကိုရီးယားနိုင်ငံရဲ့ တက္ကသိုလ်တော်တော်များများဟာ High school diploma ကိုသာ အများအားဖြင့်လက်ခံလေ့ရှိကြပြီး GED လက်ခံတဲ့တက္ကသိုလ်ကတော့ အနည်းအကျဉ်းသာရှိပါတယ်။

ဒီနေ့မှာတော့ Korea မှာ ကျောင်းသွားတက်ချင်ပေမဲ့ မြန်မာအထက်တန်းမပြီးဆုံးသေးလို့ အခက်တွေ့နေတဲ့ လူငယ်များအတွက် GED လက်ခံတဲ့ တက္ကသိုလ်အချို့နဲ့ ယူနိုင်မယ့်မေဂျာတွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။📚

🔰SUNY Korea (The State University of New York)

SUNY Korea ဟာဆိုရင် အင်ချွန်း (Incheon) ခရိုင်၊ Songdo မြို့မှာတည်ရှိပြီး The State University of New York မှ ကိုရီးယားတက္ကသိုလ်ခွဲအဖြစ် ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်ပညာရေးစနစ်နဲ့ သင်ကြားရမှာပါ။

📚ရယူနိုင်သောမေဂျာများ
▪️Business Management
▪️Computer Science
▪️Electrical and Computer Engineering
▪️Mechanical Engineering
▪️Technology and Society
▪️Fashion Business Management
▪️Fashion Design နဲ့ English language program

🔰Sogang University

Sogang University ဟာဆိုရင်တော့ ၁၉၆၀ ကတည်းက စတင်တည်ထောင်ထားတဲ့ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့မြို့တော် Seoul မှာ တည်ရှိပါတယ်။

📚ရယူနိုင်သောမေဂျာများ
▪️Arts, Designs & Architecture
▪️Business & Management
▪️Computer Science & IT
▪️Environmental Studies & Earth Sciences
▪️Engineering & Technology
▪️Humanities
▪️Social Sciences
▪️Natural Sciences & Mathematics
▪️Journalism & Media

🔰George Mason University Korea (GMU)

ကိုရီးယားတက္ကသိုလ်ခွဲတစ်ခုဖြစ်တဲ့ GMU ဟာဆိုရင် ၂၀၁၄ ခုနှစ်မှာ စတင်တည်ထောင်ပြီး အင်ချွန်းခရိုင် Songdo မြို့မှာပဲ တည်ရှိပါတယ်။ GMU သည်လည်း SUNY နည်းတူ အမေရိကန်ပညာရေးစနစ်နဲ့ သင်ကြားရမှာဖြစ်သလို ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ပညာရေးစင်တာတစ်ခုအဖြစ် အသိအမှတ်ပြုထားကြတဲ့ နေရာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

📚ရယူနိုင်သောမေဂျာများ
▪️Majors in Accounting, BS
▪️Majors in Conflict Analysis and Resolution, BA or BS
▪️Majors in Economics, BA or BS
▪️Global Affairs, Accelerated MA
▪️Biodefense, Accelerated MS
▪️International Security, Accelerated MA
▪️Global Commerce and Policy, Accelerated MA
▪️Public Administration, Accelerated MPA
▪️Public Policy, Accelerated MPP
▪️Political Science, Accelerated MA

🔰UTAH Korea (The University of UTAH Asia Campus)

University of UTAH ရဲ့ အခွဲဖြစ်ပြီး အင်ချွန်းခရိုင် Songdo IBD မှာ တည်ရှိပါတယ်။ US အဆင့်မြင့်ပညာရေးစနစ်နဲ့ သင်ကြားရမှာဖြစ်သလို လူငယ်များအကြိုက် Games နဲ့ Film & Media Arts တို့လို မေဂျာတွေလည်း ပါရှိပါသေးတယ်။

📚 ရယူနိုင်သောမေဂျာများ
▪️Games BS
▪️Communication BA/ BS
▪️Psychology BS
▪️Film & Media Arts BA
▪️Urban Ecology
▪️Electrical Engineering BS
▪️Information Systems BS
▪️Accounting BS
▪️Computer Engineering BS

🔰Dongguk University

ကိုရီးယားနိုင်ငံ Seoul မြို့မှာ တည်ရှိပြီး ဥပဒေနဲ့ တရားစီရင်ရေးပိုင်းဆိုင်ရာ မေဂျာတွေ ပါဝင်တာမို့ ဥပဒေပိုင်း စိတ်ဝင်စားသူများအတွက် အဆင်ပြေစေမှာပါ။

📚ရယူနိုင်သောမေဂျာများ
▪️Arts
▪️Business
▪️Engineering
▪️Humanities Sociology
▪️Social Science
▪️Natural Science
▪️Police and Criminal Justice
▪️Law

အခု ဖော်ပြခဲ့တဲ့ တက္ကသိုလ်တွေကတော့ ကိုရီးယားနိုင်ငံမှာ GED လက်မှတ်ကို အသိအမှတ်ပြု လက်ခံတဲ့ နေရာကောင်း‌တချို့ဖြစ်ပါတယ်။

ကိုယ်သွားချင်တဲ့နိုင်ငံမှာ ကိုယ်တက်ချင်တဲ့ကျောင်းကို ရွေးချယ်တက်ရောက်နိုင်ဖို့ကလည်း အရေးကြီးတာမို့ ကျောင်းသားလူငယ်များ အထောက်အကူဖြစ်စေဖို့ရာ အခုလိုပဲ sharing လုပ်လိုက်ပါတယ်။🌱




Tips for students ‼️‼️🧾 ကျောင်းသားတွေအတွက်အရေးကြီးဆုံးကတော့ time  management ပဲဖြစ်ပါတယ်။ အချိန်တစ်ခုကို limit ထားလိုက်ပ...
19/06/2025

Tips for students ‼️‼️

🧾 ကျောင်းသားတွေအတွက်အရေးကြီးဆုံးကတော့ time management ပဲဖြစ်ပါတယ်။ အချိန်တစ်ခုကို limit ထားလိုက်ပါ။ ( အနည်းဆုံး 15min ) အဲ့အချိန်တွင်းမှာ ကိုယ်လုပ်မယ့် စာကိုပဲ focus ထားပါ။ အတတ်နိုင်ဆုံး အာရုံမပျံ့ပါနဲ့။ အချိန်နည်းနည်းလေးကစပြီး အရင်လုပ်ကြည့်ပါ။ မဖြစ်မနေ ‌ပြီးရမယ်ဆိုတဲ့ mindsets သွင်းပြီးလုပ်ကြည့်ပါ။ ကျင့်သားရသွားရင် စာတွေလည်း ပိုမှတ်မိလာပြီး စာလည်း ထင်ထားတာထက်ပိုပြီးပါတယ်။

🗞️နောက်တစ်ခုက ‌planner လုပ်တာဖြစ်ပါတယ်။ မနက်လုပ်မယ့်အရာကိုဆို ညကတည်းက ကြိုပြီး ချမှတ်ထားတာမျိုးတွေပါ။ အဲ့လိုလုပ်တဲ့အခါ မနက် ကိုယ်လုပ်ရမယ့် အရာတွေကို စနစ်တကျနဲ့ သေချာလုပ်မိပါလိမ့်မယ်။ပြီးတော့ ဘယ်ကစရမလဲဆိုပြီး ပြာယာခတ်တာတွေလည်း လျော့သွားပါလိမ့်မယ်။

📝 Note taking ကို အလေ့အကျင့်ဖြစ်အောင်လုပ်ကြည့်ပါ။ mind mapping တွေလည်း ဆွဲကျင့်ကြည့်ပါ။ စာတွေကို ကျက်စရာမလိုပဲ ပိုမှတ်မိနေပါလိမ့်မယ်။ သင်ထားတာတွေကို ကိုယ့်ဘာသာ note ပြန်ထုတ်တဲ့အခါ စာပိုမှတ်မိပြီး ကျက်ရတာလည်း ပိုလွယ်ပါတယ်။ နားလည်လည်း လွယ်တာမို့ ဒီနည်းလမ်းလေးကို သုံးကြည့်ကြည့်ကြနော်။

👀 စာတော်တဲ့ ဟိုက်ပါတွေတချို့က စာလည်း သိပ်မလုပ်ဘဲ ဘာလို့ အမြဲ ထိပ်ဆုံးဖြစ်နေလဲဆိုတာ သိချင်ကြလား။😏 ဘာဖြစ်လို့လဲဆိုတော့ သူတို့က concentration အားကောင်းလို့ပါ ကျောင်းက စာသင်ချိန်တွေမှာ အမြဲအာရုံအပြည့်ထားကျတော့ သူတို့က ပိုနားလည်ပြီး ပိုမှတ်မိကြတာပါ။ အဲ့တာကြောင့် အိမ်ရောက်ရင် စာအရမ်းကြီးပြန်ကြည့်စရာမလိုတော့ဘူး။ အရမ်းကြီးမပင်ပန်းပဲ စာရတဲ့နည်းလမ်းလေးတစ်ခုပါ။

💻🖱️ Researching and Problem solving ကဘာလေးလဲဆိုတော့ ဆရာက ပုစ္ဆာတစ်ပုဒ်ပေးလိုက်တဲ့အခါမှာ ကိုယ့်ဘာသာတွက်တာနဲ့ ဆရာတွက်ပေးတာ လိုက်ကူးတာမှာ ကိုယ့်ဘာသာတွက်တာက ပိုမှတ်မိစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဦးနှောက်နဲ့ အားစိုက်ထားတာမို့ ပိုမှတ်မိစေတာပါ။ အဲ့တာကြောင့် မတွက်တတ်ဘူးဆိုလည်း သေချာစဉ်းစားပြီး တက်ကြည့်ပါ။ ပြန်ကြည့်စရာမလိုပဲတောင် တခါတလေ မှတ်မိပါတယ်။ Researching လုပ်တာလည်း မှတ်မိစေတဲ့နည်းပါပဲ။ ကိုယ်သိချင်တာ စူးစမ်းချင်တာတွေကိုရှာဖွေရင်းစာပိုရစေပါတယ်။ ကိုယ်ကစိတ်၀င်စားပြီးရှာတာမို့ ပိုမှတ်မိလွယ်တာပဲဖြစ်ပါတယ်။

🗣️ သူငယ်ချင်းတွေကို စာရှင်းပြရင်လည်း စာပိုရပါတယ်။ သူတို့ကိုရှင်းပြတဲ့အခါ ကိုယ်က သူတို့နားလည်အောင်ကြိုးစားပြီး ရှင်းပြရတဲ့အတွက်ကြောင့်ပါ။

အခု ပြောပြခဲ့တဲ့နည်းတွေကို သုံးကြည့်ပြီ အရင်ကထက် စာပိုနားလည်လွယ်မယ်လို့ မျှော်လင့်ပါတယ်။ နောက်လည်း ဗဟုသုတတွေ ဝေမျှပေးမှာမလို့ page ကို like and follow ထားဖို့ မမေ့ပါနဲ့နော်။




❝ နံရံတွေနဲ့ Manifestation လုပ်ကြမယ်။ ❞Manifest လုပ်တဲ့ထဲကမှ ဖုန်းနဲ့ Manifest လုပ်တဲ့နည်းကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်...
11/06/2025

❝ နံရံတွေနဲ့ Manifestation လုပ်ကြမယ်။ ❞

Manifest လုပ်တဲ့ထဲကမှ ဖုန်းနဲ့ Manifest လုပ်တဲ့နည်းကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။
ဥပမာ ဖုန်း Wallpaper မှာ ကိုယ်ဖြစ်ချင်/လုပ်ချင်တာတွေကို ရေးပြီးတင်ထားတာမျိုးပေါ့။

အခုပြောပြမှာကတော့ ဖုန်း Wall ထဲမှာတင်မဟုတ်ဘဲ လက်တွေ့အပြင်က Wall ပေါ်မှာပါ Manifestation လုပ်ဖို့ အကြံပေးသွားမှာဖြစ်ပါတယ်။💡

ခက်ခက်ခဲခဲတွေမလိုအပ်ပါဘူး။ Note pad (သို့) စာရွက်၊ Tape၊ ဘောပင်နဲ့ နံရံရှိရင်ရပါပြီ။

ကိုယ်ဖြစ်ချင်တဲ့အရာတွေလုပ်ဖို့ တွန်းအားဖြစ်စေမယ့် စာသား/ ဆောင်ပုဒ်လေးတွေကို စာရွက်ပေါ်မှာချရေးပြီး နံရံ‌မှာကပ်ရုံပဲမို့ ထွေထွေထူးထူးပြောစရာမလိုအောင် လုပ်တတ်ကြမယ်ထင်ပါတယ်။

စာရွက်ကိုနံရံမှာကပ်တာကလွယ်ပေမဲ့ သေချာလိုက်လုပ်ဖို့ကလည်း အထူးလိုအပ်ပါမယ်။
ဒီနေရာမှာ ပြောစရာရှိတာကတော့ ဆောင်ပုဒ်/စာသားဆိုတိုင်းသုံးရမှာမဟုတ်ဘဲ ကိုယ်နဲ့ကိုက်ညီမှုရှိပြီး ရင်ထဲကနေ တွန်းအားတကယ်ဖြစ်စေမှ သုံးသင့်တယ်ဆိုတာပါပဲ။📌

ဖြည့်ပြောရရင် ကျွန်တော်ကိုယ်တိုင်မှာလည်း စာသားလေးတစ်ခုကို စာအုပ်တွေ၊ စာရေးစားပွဲနံရံတွေမှာ ချရေးထားလေ့ရှိပါတယ်။

“ 𝘿𝙤𝙣'𝙩 𝙬𝙞𝙨𝙝 𝙛𝙤𝙧 𝙞𝙩, 𝙬𝙤𝙧𝙠 𝙛𝙤𝙧 𝙞𝙩! ” ဆိုတာပါ။

ဘယ်ဘာသာစကားပဲသုံးသုံး၊ ဗန်းစကားတွေပဲဖြစ်နေပါစေ စိတ်ထဲကလက်ခံမှ effective ဖြစ်မှာမို့ သေချာကျင့်သုံးနိုင်ဖို့ မျှော်လင့်ပါတယ်။✅

လုပ်ဆောင်မှုသေးသေးလေးတွေကနေ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ရရှိနိုင်တယ်ဆိုတဲ့ Butterfly effect အရ ဒီလို Tips လေးတွေကလည်း Learner တို့အတွက် အသုံးဝင်မယ်ယုံကြည်ပါတယ်ဗျ။🌱






❝ လူငယ်တိုင်းအတွက် Stress management ❞လူငယ်တွေအတွက်ပဲလား၊ လူကြီးတွေမပါဘူးလားဆိုရင်တော့ လူငယ်တစ်ယောက်သဖွယ် စိတ်ဖိစီးမှုခံ...
07/06/2025

❝ လူငယ်တိုင်းအတွက် Stress management ❞

လူငယ်တွေအတွက်ပဲလား၊ လူကြီးတွေမပါဘူးလားဆိုရင်တော့ လူငယ်တစ်ယောက်သဖွယ် စိတ်ဖိစီးမှုခံစားနေရသူများလည်း ဖတ်ရှုနိုင်ပါကြောင်း စကားထောက်ပါရစေခင်ဗျာ။📌

လူငယ်ပဲဖြစ်စေ၊ လူကြီးပဲဖြစ်စေ Stress တွေနဲ့ တစ်ချိန်မဟုတ် တစ်ချိန်တော့ အမြဲထိပ်တိုက်တွေ့ နေရမှာပါပဲ။💢

စာတွေလုပ်ရင်း ပင်ပန်းလာတဲ့အခါ၊ အိမ်နဲ့ အဆင်မပြေ/ ချစ်သူလေးနဲ့ အဆင်မပြေဖြစ်တဲ့အခါ၊ အလုပ်တွေပိလာတဲ့အခါ... ဒီလိုအခါခါသော လေးလံမှုတွေကို လွှတ်ချဖို့ (သို့) လျှော့ချဖို့ ဒီလိုနည်းလမ်းလေးတွေနဲ့ ကြိုးစားကြည့်လိုက်ရအောင်။🌱

◾အနုပညာနဲ့ ပတ်သက်တာတစ်ခုခု လုပ်ကြည့်ပါ။

အတည်ပေါက်ကြီး လုပ်ခိုင်းတာမဟုတ်ဘဲ အပျော် relax သဘောအနေနဲ့ အပျင်းပြေ သီချင်းဆိုတာမျိုး၊ ခေါင်းထဲရှိရာပန်းချီဆွဲလိုက်တာမျိုး စတဲ့ အသေးစားလုပ်‌ဆောင်မှုလေးတွေကို ဆိုလိုချင်တာပါ။ ဒီနေရာမှာ ဦးနှောက်က လက်ခံယူရတဲ့ သီချင်းနားထောင်တာမျိုးထက် ထုတ်ဖော်ပြသရတဲ့ သီချင်းဆိုညည်းတာမျိုးကို ပိုပြီးအကြံပေးချင်ပါတယ်။

အနုပညာတို့ဆိုသည်မှာ စိတ်ကိုနူးညံ့ပျော့ပျောင်းစေသလို မြူးတူးတက်ကြွစေတဲ့အစွမ်းလည်းရှိတာမို့ စိတ်ရဲ့ ဝန်ပိုတွေကို ပြေလျော့စေပါလိမ့်မယ်။✨

◾အကြောလျှော့ပေးပါ။

စိတ်ရဲ့ လေးလံမှုဟာ ကိုယ်ခန္ဓာကိုပါ သက်ရောက်စေတယ်ဆိုရင် ကိုယ်ခန္ဓာပေါ့ပါးမှုနဲ့ အတူ စိတ်ရဲ့ Stress တွေကို မောင်းထုတ်နိုင်မယ်လို့ မထင်မိဘူးလား။

ခန္ဓာကိုယ်ရဲ့ အကြောတွေပြေလျော့တဲ့အခါ အိပ်လို့လည်းပျော်စေနိုင်သလို လန်းဆန်းမှုဟာလည်း စောင့်ကြိုလျက်ရှိပါတယ်။ Gym ပုံမှန်ဆော့တဲ့သူတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်ဗျ။
ဒါကြောင့် ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး အကြောပုံမှန်လျှော့ပေးပါ။🧘

◾To Do List ပြုလုပ်ပါ။

To Do List လုပ်ထားခြင်းအားဖြင့် အလုပ်တစ်ခုပြီးမြောက်တိုင်း ကိုယ့်ကိုယ်ကို အားရကျေနပ်တဲ့ Feeling မျိုးကို တစ်ဖက်လှည့်ကာ ပေးစွမ်းနိုင်ပါတယ်။ Daily Journal ရေးခြင်းဟာလည်း ထိုနည်းတူပါပဲ။✅

◾အတွေးတွေကို ဂရုစိုက်ပါ။

Stress ရစေတဲ့ အတွေးတွေကနေ ထွက်ပြေးခိုင်းတာမဟုတ်ပါဘူး။ စိတ်ညစ်စရာကိစ္စမျိုးကြုံလာရတဲ့အခါ စိတ်ပိုင်းဆိုင်ရာအားဖြင့်ရှောင်ပြေးခြင်းဟာ တစ်ခဏသာ စိတ်အေးရမှာဖြစ်ပြီး နောက်ထပ်ဆယ်ခါမကလည်း ဒီအတွေးတွေဟာ ထပ်ခါတလဲလဲရောက်လာဦးမှာပါပဲ။

ဒါကြောင့် ရှောင်ရင်းပြေးရင်း ခဏခဏတိုးနေရမှာမျိုးမလုပ်ဘဲ ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းပြီး မြန်မြန်ရှင်းထုတ်လိုက်တာက ပိုမကောင်းပေဘူးလားဗျ။✅

Stress ရဲ့အလေးချိန်ဆိုတာ လက်ခံရင်လက်ခံသလောက် ပိုလေးလာတတ်တာမို့ လက်လှမ်းမီရာ နည်းလေးတွေနဲ့ တိုက်ထုတ်ကြည့်ကြပါ။

ပုံမှန် Tips လေးတွေ သုံးလို့အဆင်မပြေတဲ့အခါ ဒီလို Tips လေးတွေကို သုံးကြည့်လို့ရသေးတာမို့ Stress တွေကြားမှာ မနစ်မြုပ်သွားဘဲ အကောင်းဆုံးကျော်လွှားလိုက်ကြစို့လားဗျာ။





📚 ကျောင်းသား/သူ တွေသိထားသင့်တဲ့ AI နည်းပညာအကြောင်း ယနေ့ခေတ်မှာ “AI” (Artificial Intelligence) ဆိုတဲ့စကားလုံးဟာ နေ့စဉ်နဲ့...
03/06/2025

📚 ကျောင်းသား/သူ တွေသိထားသင့်တဲ့ AI နည်းပညာအကြောင်း

ယနေ့ခေတ်မှာ “AI” (Artificial Intelligence) ဆိုတဲ့စကားလုံးဟာ နေ့စဉ်နဲ့အမျှ နားထောင်ရတာများလာပြီး‌တော့ ဒါဟာ အကုန်လုံးနဲ့ အတော်အသင့် ရင်းနှီးနေပြီးသားပါ ဒါပေမဲ့ ကျောင်းသား/ သူတစ်ယောက်အနေနဲ့ AI ကို ဘယ်လိုကောင်းမွန်အောင် အသုံးပြုသင့်လဲ ? ဘယ်လိုအထောက်အကူပြုမလဲ ? ဆိုတာတွေကို ဒီနေ့ FAI က ပြောပြပေးသွားပါ့မယ်။

ပထမဦးဆုံး အနေနဲ့ 🤖 AI ဆိုတာဘာလဲ?

AI (Artificial Intelligence) ဆိုတာ လူသားတွေလို လုပ်ဆောင်နိုင်တဲ့စွမ်းရည်၊ စဉ်းစားဉာဏ်၊ ဆုံးဖြတ်နိုင်စွမ်း တွေကို စုပြီး ကောင်းမွန်တဲ့ နည်းပညာတစ်ရပ်ဖြစ်အောင် ဖန်တီးထားတဲ့အရာပဲဖြစ်ပါတယ်။ ပြီးတော့ AI က အမျိုးအစား သုံးမျိုးရှိပါသေးတယ် “ Narrow AI “ “General AI “ & “ Super AI “ ဆိုပြီးတော့ပါ အခုလောလောဆယ် သုံးစွဲနေကြတဲ့ AI က “ Narrow AI” ပါ နောက်နှစ်ခုက ရှာဖွေဆောင်ရွက်ဆဲပါပဲ Narrow AI တောင် ဒီလောက်ထိတိုးတက်နေတာ Super AI ဆိုရင်တော့ မတွေးရဲလောက်စရာပါပဲ။

📈 ကျောင်းသား/သူ တွေအတွက် အကျိုးအမြတ်များ

Assignment & Report ရေးရာမှာ အကူညီဖြစ်စေတယ်။ ကိုယ်မသိတာတွေကို AI က တစ်ဆင့်‌ကူညီရေးခိုင်းလို့ရတယ်။ ဒါပေမယ့် အကူအညီပဲယူပါ ပြီးရင် ကိုယ့်ဘာသာ ပြန်ရေးပါ အဲ့တာက AI က ကိုယ့်ကိုအသုံးချတာမျိုးမဟုတ်ပဲ ကိုယ်က AI ကို အသုံးချတာမျိုးပါ။

Topic research ကို AI နဲ့ လွယ်လွယ်ကူကူရှာနိုင်တယ်။ ကမ္ဘာတစ်၀န်းမှာ ရှိတဲ့ သိလိုသမျှအရာအားလုံးကို မိနစ်ပိုင်းအတွင်း AI ကရှာပေးနိုင်ပါတယ်။

Time-saving ⌚

ဟုတ်ပါတယ် အချိန်ကုန်တာအရမ်းသက်သာစေပါတယ် ကိုယ်လုပ်ခိုင်းချင်တာမှန်သမျှကို ပြောပြပေးယုံနဲ့ AI ကအနီးစပ်ဆုံး ဖန်တီးပြုပြင်ပေးနိုင်ပါတယ်။
ထို့အပြင် Summary, Notes, Flashcards တွေလဲပြုလုပ်ပေးနိုင်ပါသေးတယ်။ ကိုယ် လိုချင်တဲ့ story/essay စတာတွေကို generate လုပ်ပေးပါသေးတယ်တဲ့။

သင်ခန်းစာနားလည်မှု ပိုမိုမြန်ဆန်စေနိုင်

ဒါကတော့ self study သမားလေးတွေအတွက် အလွန်အထောက်ကူဖြစ်စေနိုင်တဲ့ အရာပါပဲ။ အရင်ကလို ဆရာမတွေကို ကျောင်းရောက်မှမေးစရာ ၊ ကျူရှင်သွားစရာမလိုပဲ အိမ်မှာ မိနစ်ပိုင်းအတွင်း ကိုယ်မသိတဲ့အကြောင်းအရာ၊ ပုစ္ဆာ တွေကို AIက ဖြေရှင်းပေးတာပဲဖြစ်ပါတယ်။

⚠️ သတိထားရမယ့်အချက်လေးတွေ

AI က အကုန်လုံးကို သိတယ်၊နားလည်တယ်ဆို‌‌ပေမယ့် လူ ဖန်တီးထားတဲ့ အရာမို့လို့ လူတွေလောက်တဲ့ စဉ်းစားနိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းမကောင်းပါဘူး။ အဲ့တာကြောင့် AIက ဖြေပေးတဲ့အဖြေတွေကို အကုန်လုံးယုံကြည်တာမျိုးမလုပ်ပါနဲ့နော် စက်ဆိုတဲ့အတိုင်းမှားတတ်ပါတယ် ကိုယ့်ဘာသာ ချင့်ချိန်သင့်ပါတယ်။ AI ကပြောတဲ့ အရာတွေ၊ လုပ်ပေးတဲ့ assignment တွေကို copy & paste လုပ်တာမဟုတ်ဘဲ အသုံးချတတ်ဖို့လိုပါတယ်။ AI ကို “အထောက်အကူ” အနေနဲ့ သုံးဖို့ပိုမိုသင့်တော်ပါတယ်နော်။

AI လို့ဆိုလိုလိုက်တာနဲ့ အကုန်လုံးက ပြေးမြင်တာ ‌သေချာပေါက် Chat GPT ပဲမလား။ သူ့ထက်ပိုပြီး အသေးစိတ်ကျတဲ့ လုပ်နိုင်စွမ်းပိုမြင့်တဲ့ AI တွေလဲရှိနေပြီဖြစ်သလို ကိုယ် specific လုပ်ထားတဲ့အရာတွေအတွက် specific AIတွေလဲ ရှ်ိနေပါပြီ။ ခေတ်ရေစီးကြောင်းအလိုက် တိုးတက်လာတဲ့ ခေတ်ကြီးမှာ လူငယ်၊လူလတ် မရွေး IT ပညာကိုလေ့လာသင့်သလို AI ကိုလဲ ကောင်း‌ကောင်း ခိုင်းစားပြီး အကျိုးရှိအောင်အသုံးချသင့်နေပါပြီ။




လက်ဖက်သုပ် team လား၊ ကော်ဖီ team လား။ ❓ညဘက်တွေမှာ စာလုပ်တတ်တဲ့ learner များနဲ့ ဘယ်အချိန်စာလုပ်လုပ် အိပ်ငိုက်မြဲငိုက်နေတတ...
28/05/2025

လက်ဖက်သုပ် team လား၊ ကော်ဖီ team လား။ ❓

ညဘက်တွေမှာ စာလုပ်တတ်တဲ့ learner များနဲ့ ဘယ်အချိန်စာလုပ်လုပ် အိပ်ငိုက်မြဲငိုက်နေတတ်တဲ့ learner တို့ အနေနဲ့ အိပ်မငိုက်ချင်အောင် ဘယ်လိုအရာတွေများ မှီဝဲလေ့ရှိကြသလဲ။

မြန်မာဆန်ဆန် လက်ဖက်သုပ်လေးပဲလား၊ ဒါမှမဟုတ် ကော်ဖီခါးခါးလေး တစ်ခွက်လား။ ☕️

တစ်ချ်ို့ကကျ ဇီးထုပ်တဲ့ဗျ။

သင်ရော ဘယ် team ထဲကလဲ ဆိုတာကို comment မှာ ဖြေခဲ့ကြပါဦး။ 🤳



📽️ အားလပ်ချိန်မှာ ရုပ်ရှင်ကြည့်ပြီး GED လေ့လာလို့ရမယ်ဆိုရင် စိတ်၀င်စားကြလား။ ❓ကဲ ဒါဆိုရင်တော့ ...၂၀၁‌၂ ခုနှစ်က ထွက်ရှိခဲ...
26/05/2025

📽️ အားလပ်ချိန်မှာ ရုပ်ရှင်ကြည့်ပြီး GED လေ့လာလို့ရမယ်ဆိုရင် စိတ်၀င်စားကြလား။ ❓

ကဲ ဒါဆိုရင်တော့ ...
၂၀၁‌၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Dictator ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။

အနောက်အာဖရိက တစ်နေရာက Wadiya ဆိုတဲ့ နိုင်ငံကို အုပ်ချုပ်တဲ့ အာဏာရှင်တစ်ယောက်ဖြစ်တဲ့ Aladeen ဟာ တစ်ရက်ကျတော့ New York မြို့ကြီးကို UN ရဲ့ ပွဲတစ်ခုအတွက် မိန့်ခွန်းပြောဖို့သွားရင်း NYC မြို့ကြီးရဲ့ လမ်းမတွေပေါ် ရောက်သွားဖို့အတွက် အကြောင်းဖန်လာခဲ့ပါတယ်။

အာဏာကိုမက်မော၊ ဇိမ်ခံကားတွေ၊ တန်ဖိုးကြီးအိတ်တွေနဲ့ အရမ်းလှတဲ့ မော်ဒယ် မင်းသမီးတွေကိုမှ ကြိုက်တဲ့၊ လူတွေကို ထိန်းချုပ်ရတာကို စွဲလမ်းနေတဲ့ သူ့အတွက် democracy နိုင်ငံကြီးရဲ့ လမ်းမတွေပေါ် လျှောက်သွားရင်း ဖြစ်ပျက်ခဲ့တဲ့ အလွဲအမှား ဟာသတွေကို dark comedy ပုံစံနဲ့ တင်ဆက်ထားတဲ့ ဇာတ်ကားမျိုးပါပဲ။

ဒီဇာတ်ကားက ဟာသကားဆိုပေမဲ့ အစိုးရတစ်ရပ်ရဲ့အာဏာစက်၊ လူ့အခွင့်အရေး၊ တစ်ဦးချင်းရဲ့လွတ်လပ်မှု အစရှိတဲ့ ကမ္ဘာကြီးမှာဖြစ်ပျက်နေတဲ့ တကယ့်ပြသနာတွေအကြောင်းကို dark humor တွေနဲ့ တင်ဆက်ထားတဲ့အတွက် GED Social Studies ကို လေ့လာနေသူတွေ အနေနဲ့ အခြေခံသဘောတရားတွေကို ကောင်းကောင်းကြီးနားလည်သွားမှာပါ။

ဥပမာပြောရရင် ဇာတ်ကားထဲက Aladeen အုပ်ချုပ်တဲ့ နိုင်ငံမှာဆိုရင် ပြည်သူတွေက လွတ်လပ်စွာပြောဆိုခွင့်၊ ရွေးကောက်ပွဲ၊ အခြေခံလူ့အခွင့်အရေး စတာတွေ လုံး၀မရှိဘဲ အာဏာရှင်တစ်ဦးတည်းကသာ" စေ " တစ်လုံးနဲ့ အုပ်ချုပ်တဲ့ အာဏာရှင်စနစ်ရဲ့ ဝိသေသလက္ခဏာတွေကို ကောင်းကောင်းကြီး သရော်ရင်း မီးမောင်းထိုးပြထားပါတယ်။

ကြည့်ရင်းနဲ့မှ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်ရဲ့ အလုပ်လုပ်ပုံ ကွာခြားပုံတွေ၊ ပြည်သူလူထုရဲ့ တက်ကြွလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးတောင်းဆိုမှုတွေကို ဘာကြောင့်မဖြစ်မနေလိုအပ်တယ် ဆိုတာတွေကို သဘောပေါက်စေမှာပါ။

ဒါကြောင့်မို့ စာလုပ်ပြီးချိန်လေးကို အပန်းဖြေအနားယူရင်း entertainment ပါ ရစေမယ့် ဒီဇာတ်ကားလေးကို ညွှန်းပေးချင်ပါတယ်ရှင်။




19/05/2025

❝ GED Leak Question ရောင်းရန်ရှိသည်။ ❞

ဒီခေါင်းစဉ်ကို မြင်တဲ့အခါမှာ ကျော်သွားမယ့်လူရယ် ဆက်ဖတ်မယ့်လူရယ် ဆိုပြီး နှစ်မျိုး ထွက်လာပါတယ်။ တချို့ကလည်း ဝယ်ရနိုးနိုး ဆက်ဖတ်နေသူလည်း ရှိနိုင်သလို တချို့ကျတော့လည်း ဒီကိစ္စကြီးကို လက်မခံချင်တာမို့ ဆက်ဖတ်နေသူများလည်း ရှိနေမယ် လို့ ယုံကြည်ပါတယ်။ 🌱

ဝယ်ရနိုးနိုး အုပ်စုကလူ ဆိုရင်တော့ ဒီ post ဟာ သင့်အတွက်ပါပဲ။ 💢

◾GED Leak ဆိုတာ ဘာလဲ။

ဒါကတော့ အမျိုးမျိုးရှိပါတယ်။ တချို့က GED Test ဖြေတယ်၊ အဲဒီကပါတဲ့ မေးခွန်းတွေကို မှတ်ထားပြီး ပြန်ရောင်းစားတယ်။ တချို့ကျပြန်တော့လည်း မသမာတဲ့နည်းနဲ့ မေးခွန်းတွေရလာမယ်၊ ပြီးရင် အောင်ချင်ဇောပဲကြီးနေတဲ့ လူငယ်တွေဆီကို ထိုးရောင်းတယ်။ ဘယ်လိုပင်ဖြစ်စေ နောက်ဆုံးမှာတော့ သူတို့ဗိုက်ဝသွားတာပဲ။ ကျောင်းသားတွေဘက်မှာရော ဘာတွေကျန်ခဲ့လဲဆိုရင် ဘာမှကိုမကျန်ခဲ့ပါဘူး။ အောင်လား ဆိုရင်တော့ အောင်ရင်အောင်မှာပေါ့၊ ဒါပေမဲ့ နောက်ပိုင်ူလည်းကျရော ခွက်ခွက်လန်အောင်ရှုံးမှာပဲ။ 📌

Leak တွေရဲ့ အများစုဟာ အောင်မှတ်ကပ်ရုံလေးပဲ ဖြစ်တတ်ပါတယ်။ ဒီလိုဆိုတိုင်း အောင်မှတ်ရရင်နည်းလား ဆိုပြီး မတွေးလိုက်ပါနဲ့။ ပေးချင်တဲ့ message က ဒါမဟုတ်ပါဘူး။ မှားလား မှန်လား ဆိုတာ ကိုယ်တိုင်မသိတဲ့ အဖြေတွေကို ကုန်းရုန်းကျက်၊ ဒီကာလတစ်လျှောက်လုံး သင်လာမှတ်လာခဲ့သမျှကို leak ဆိုတဲ့ အရာတစ်ခုအပေါ်မှာ ပုံအောပြီး ပစ်ချခဲ့တာမျိုး မဖြစ်စေချင်တာပါ။ အရည်အချင်းတွေကို ဈေးမကျပါစေနဲ့ လို့ပဲ ပြောချင်ပါတယ်။ 📌

စကားကို ပြန်ဆက်ရရင် GED Leak ဆိုတာဟာ တရားမဝင်တဲ့ အရာပါ။❗

ဟုတ်ပါတယ် မရှင်းရင်နှစ်ခါပြန်ဖတ်နိုင်ပါတယ်။ ဘာလို့ ဒီလိုပြောရလဲ ဆိုရင်တော့ GED Test ဖြေတဲ့အခါမှာ Terms and Agreements ထဲမှာ ပါတဲ့ “ ဒီမေးခွန်းတွေကို အခြားနေရာမှာ sharing မလုပ်ရ discussion မလုပ်ရ ” ဆိုတဲ့ agreement ကြောင့်ပါပဲ။ ဒါကြောင့် ရောင်းချသူတွေဟာ ပြစ်မှုကျူးလွန်နေကြတာနဲ့ အတူတူပါပဲ။

ဒါဆိုရင် ဝယ်ယူသူတွေကရော ဘာအပြစ်မှမရှိဘူးလား။ ❓

တရားမဝင် ရောင်းကုန်တစ်ခုကို တရားမဝင်မှန်းသိလျက်နဲ့ ပိုက်ဆံအကုန်လည်းခံရ၊ စိတ်မသက်သာစွာနဲ့လည်း ဖြစ်နေရမယ်ဆိုရင်တောင် လိပ်ပြာလုံပါသေးတယ် ဆိုရင်လည်း သဘောပါပဲ။ အခုဆိုရင် ဒါနဲ့ပတ်သက်ပြီး တိုင်ကြားထားတာတွေကလည်း ရှိနေတာမို့ အရောင်းသမားတွေဟာလည်း ခိုးကြောင်ခိုးဝှက်နဲ့ လုပ်နေကြရပါတယ်။

ဒါကြောင့် သင်ဟာ ဝယ်ရနိုးနိုး တွေဝေနေတဲ့သူ ဆိုရင်တော့ အခုချက်ချင်း ရေနှစ်ခွက်လောက်မော့ပြီး စာကြည့်ခုံရှေ့မှာ လိပ်ပြာလုံစွာနဲ့ စာပြန်ကြိုးစားနိုင်ဖို့ မျှော်လင့်ပါတယ်။ 👨‍🎓🧑‍🎓

❝ အရည်အချင်းတွေ ဈေးမကျဖို့ Leak Question ကို ရှောင်ကြစို့။ ❞




17/05/2025

❝ အားလပ်ချိန်မှာ သင့်ဦးနောက်ကိုစိန်ခေါ်လိုက်ပါ။ ❞

စာတွေလုပ်ရလို့ ပင်ပန်းနေပြီလား။❓

ကျောင်းသားလူငယ်တွေသာမက သက်လတ်ပိုင်းအရွယ်တွေမှာတောင် အလုပ်တွေလုပ်ရင်း ပင်ပန်းလာတဲ့အခါ အားလပ်ချိန်ဆိုတာ မဖြစ်မနေလိုအပ်လာပါတယ်။ အားလပ်ချိန်မှာ အနားယူဖို့ နည်းလမ်းအမျိုးမျိုး ရှိတဲ့အထဲကမှ အချိန်ပေးသလောက် ကိုယ့်အတွက်အကျိုးရှိစေမယ့် tip လေး တစ်ခုကို ဆွဲထုတ်ကြည့်ရအောင်။ ⏳ ✅

အဲဒါကတော့ Sudoku ( ဆုဒိုခု ) လို့ ခေါ်တဲ့ ကစားနည်းလေးပါပဲ။ 🎲
တော်တော်များများသိကြတဲ့ game လေးလည်း ဖြစ်သလို တော်တော်များများ မဆော့ဖြစ်ကြတဲ့ game လို့ ဆိုရင်လည်း မမှားပြန်ပါဘူး။ လူတွေဆော့ဖို့မေ့နေကြတဲ့ ဒီဂိမ်းလေးရဲ့ နောက်ကွယ်မှာဆိုရင်တော့ ကြီးမားတဲ့အကျိုးကျေးဇူးတွေဟာ ပုန်းကွယ်နေပါတယ်။ 🌱

◾Sudoku ဆိုတာ ဘယ်လိုကစားနည်းမျိုးလဲ။❓

Sudoku ရဲ့ ဂျပန်လိုအရှည်ကောက်ဟာဆိုရင် “ suuji wa dokushin ni kagiru ” ဖြစ်ပြီး အဓိကစည်းမျဉ်းဖြစ်တဲ့ “ နံပါတ်မထပ်ခြင်း ” လို့ လိုတိုရှင်း နားလည်နိုင်ပါတယ်။ ဒီကစားနည်းမှာဆိုရင် အလျားလိုက်အကွက်ကြီး ၃ ကွက် နဲ့ ဒေါင်လိုက်အကွက်ကြီး ၃ ကွက် ပါဝင်ပြီး တစ်ကွက်ချင်းစီထဲမှာမှ အကွက်ကြီးတွေရဲ့ ဖွဲ့စည်းပုံအတိုင်း အကွက်ငယ်လေးတွေကို ထပ်မံဖွဲ့စည်းထားမှာဖြစ်ပါတယ်။ ကစားသူတွေအနေနဲ့ ဂိမ်းမှာပေးထားတဲ့ နံပါတ်လေးတွေနဲ့ လိုက်ပြီး အလျားလိုက်သော်လည်းကောင်း၊ ဒေါင်လိုက်သော်လည်းကောင်း 1 ကနေ 9 အတွင်း နံပါတ်တွေမထပ်အောင် ဉာဏ်သုံးပြီး ဖြည့်စွက်သွားရမှာပါ။ 📑

◾Sudoku ကစားခြင်း၏ အကျိုးကျေးဇူးများ။

Puzzle game အမျိုးအစားတစ်ခု ဖြစ်တဲ့အလျောက် ဦးနှောက်ကို အဓိကအသုံးပြုရတာကြောင့် -

🎲 Concentration ( အာရုံစူးစိုက်မှုအား ) ကောင်းစေပြီး ဦးနှောက်စွမ်းရည်ကို တိုးမြင့်လာစေမှာပါ။

🎲 ဒါ့အပြင် ကာလကြာရှည်အိပ်မပျော်သူများအတွက်လည်း အကျိုးရှိစေမယ့် ကစားနည်းဖြစ်ကြောင်းကို တွေ့ရှိထားကြပါတယ်။

ကျွန်တော်တို့ငယ်ငယ်က ကလေးအများစုကြိုက်ကြတဲ့ ရွှေသွေး၊ ယဉ်ကျေးလိမ္မာနဲ့ ပုတက်တို့လို ကာတွန်းဂျာနယ်တွေမှာတောင် ကလေးတွေ ဉာဏ်ရည်ထက်မြက်လာစေဖို့ ကဏ္ဍတစ်ခုအနေနဲ့ထည့်ထားတာကို မှတ်မိနေပါသေးတယ်။ 📰

အခုအချိန်မှာဆိုရင်တော့ application တွေလည်း ပေါ်လာပြီဖြစ်တာမို့ လွယ်လင့်တကူ ဉာဏ်ရည်သွေးလို့ရနေပါပြီ။📱

ဒါကြောင့် learner လေးတို့ အနေနဲ့ အားလပ်ချိန်တွေမှာ ကိုယ့်အတွက်အကျိုးရှိစေမယ့် ကစားနည်းလေးတွေကို ရှာဖွေရင်း ဉာဏ်ရည်သွေး စိတ်အပန်းဖြေလိုက်ရအောင်။ အနားယူလို့ဝရင်တော့ ... academic ပိုင်းကို စိတ်ဝင်စားတဲ့ လူငယ်များအတွက်လည်း ကျွန်တော်တို့ရဲ့ FAI က နောက်လာမယ့် အစီအစဉ်ကောင်းတွေကို လက်မလွတ်ရလေအောင် like and follow လေး လုပ်ထားပေးကြပါဦးနော်။ 🌱




ဒီ Website နဲ့ဆို RLA ကို ကြောက်နေစရာမလိုတော့ဘူး။ 💁🏻‍♀️GED ထဲက တစ်ဘာသာဖြစ်တဲ့ RLA ဆိုတာကတော့ Reasoning Through Language ...
15/05/2025

ဒီ Website နဲ့ဆို RLA ကို ကြောက်နေစရာမလိုတော့ဘူး။ 💁🏻‍♀️

GED ထဲက တစ်ဘာသာဖြစ်တဲ့ RLA ဆိုတာကတော့ Reasoning Through Language Arts ဘာညာရပ်ပဲ ဖြစ်ပြီး English Language ကိုပဲ အခြေခံကာ ဖတ်ရ၊ တွေးရ၊ ရေးရတဲ့ ဘာသာရပ်တစ်ခုပဲ ဖြစ်ပါတယ်။

✅ GED RLA Test မှာ ဆိုရင် -

1. Reading Comprehension ( ဖတ်ရှုနားလည်မှု )
2. Writing & Extended Response ( ရေးသားမှု )
3. Language Skills & Grammar ( ဘာသာစကားစွမ်းရည် နှင့် သဒ္ဒါ ) ဆိုပြီး ၃ မျိုး ပါဝင်ပါတယ်။

✅ GED RLA Test မှာ ပါဝင်မယ့် မေးခွန်းအမျိုးအစားတွေကတော့ -

Multiple Choice
Drag & Drop
Fill in the Blank နဲ့
Extended Response တို့ပဲ ဖြစ်ပါတယ်။

ဖြေဆိုချိန်ကတော့ ၁၅၀ မိနစ် ( ၂ နာရီ ၃၀ မိနစ် ) ဖြစ်ပြီး passing scoreကတော့ ၁၄၅ မှတ်ပဲ ဖြစ်ပါတယ်။

✅ ဒီတော့ GED RLA ကို ပိုင်ပိုင်နိုင်နိုင်လေ့ကျင့်ချင်သူတွေအတွက် Website လေးတစ်ခုကတော့ -

Useful website for GED Rla ( read theory ) https://readtheory.org/ လေးပဲ ဖြစ်ပါတယ်။

ဒီ website လေးက RLA Test အတွက် လေ့ကျင့်ဖို့ဆိုရင် အရမ်းကိုမှ အသုံးဝင်တဲ့ website လေး တစ်ခု ဖြစ်လို့ GED ကျောင်းသားတိုင်းကလည်း အရမ်းသဘောကျကြတာပဲ ဖြစ်ပါတယ်။

နောက်ကိုလည်း GED resources တွေနဲ့ အသုံးဝင်တဲ့ စာလေ့လာနည်းတွေ၊ website တွေကို ပြောပြပေးသွားဦးမှာဖြစ်လို့ FAI ရဲ့ page ကို like and follow လုပ်ထားဖို့ အတွက်လည်း မမေ့ကြနဲ့နော်။ ✨




Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 17:00
Sunday 09:00 - 12:00

Website

Alerts

Be the first to know and let us send you an email when Fireflies Academic Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Fireflies Academic Institute:

Shortcuts

Share

Category