24/06/2025
ကိုရီးယားနိုင်ငံရှိ GED အသိအမှတ်ပြုလက်ခံသော တက္ကသိုလ်များ📌
ကိုရီးယားနိုင်ငံရဲ့ တက္ကသိုလ်တော်တော်များများဟာ High school diploma ကိုသာ အများအားဖြင့်လက်ခံလေ့ရှိကြပြီး GED လက်ခံတဲ့တက္ကသိုလ်ကတော့ အနည်းအကျဉ်းသာရှိပါတယ်။
ဒီနေ့မှာတော့ Korea မှာ ကျောင်းသွားတက်ချင်ပေမဲ့ မြန်မာအထက်တန်းမပြီးဆုံးသေးလို့ အခက်တွေ့နေတဲ့ လူငယ်များအတွက် GED လက်ခံတဲ့ တက္ကသိုလ်အချို့နဲ့ ယူနိုင်မယ့်မေဂျာတွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။📚
🔰SUNY Korea (The State University of New York)
SUNY Korea ဟာဆိုရင် အင်ချွန်း (Incheon) ခရိုင်၊ Songdo မြို့မှာတည်ရှိပြီး The State University of New York မှ ကိုရီးယားတက္ကသိုလ်ခွဲအဖြစ် ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်ပညာရေးစနစ်နဲ့ သင်ကြားရမှာပါ။
📚ရယူနိုင်သောမေဂျာများ
▪️Business Management
▪️Computer Science
▪️Electrical and Computer Engineering
▪️Mechanical Engineering
▪️Technology and Society
▪️Fashion Business Management
▪️Fashion Design နဲ့ English language program
🔰Sogang University
Sogang University ဟာဆိုရင်တော့ ၁၉၆၀ ကတည်းက စတင်တည်ထောင်ထားတဲ့ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့မြို့တော် Seoul မှာ တည်ရှိပါတယ်။
📚ရယူနိုင်သောမေဂျာများ
▪️Arts, Designs & Architecture
▪️Business & Management
▪️Computer Science & IT
▪️Environmental Studies & Earth Sciences
▪️Engineering & Technology
▪️Humanities
▪️Social Sciences
▪️Natural Sciences & Mathematics
▪️Journalism & Media
🔰George Mason University Korea (GMU)
ကိုရီးယားတက္ကသိုလ်ခွဲတစ်ခုဖြစ်တဲ့ GMU ဟာဆိုရင် ၂၀၁၄ ခုနှစ်မှာ စတင်တည်ထောင်ပြီး အင်ချွန်းခရိုင် Songdo မြို့မှာပဲ တည်ရှိပါတယ်။ GMU သည်လည်း SUNY နည်းတူ အမေရိကန်ပညာရေးစနစ်နဲ့ သင်ကြားရမှာဖြစ်သလို ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ပညာရေးစင်တာတစ်ခုအဖြစ် အသိအမှတ်ပြုထားကြတဲ့ နေရာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
📚ရယူနိုင်သောမေဂျာများ
▪️Majors in Accounting, BS
▪️Majors in Conflict Analysis and Resolution, BA or BS
▪️Majors in Economics, BA or BS
▪️Global Affairs, Accelerated MA
▪️Biodefense, Accelerated MS
▪️International Security, Accelerated MA
▪️Global Commerce and Policy, Accelerated MA
▪️Public Administration, Accelerated MPA
▪️Public Policy, Accelerated MPP
▪️Political Science, Accelerated MA
🔰UTAH Korea (The University of UTAH Asia Campus)
University of UTAH ရဲ့ အခွဲဖြစ်ပြီး အင်ချွန်းခရိုင် Songdo IBD မှာ တည်ရှိပါတယ်။ US အဆင့်မြင့်ပညာရေးစနစ်နဲ့ သင်ကြားရမှာဖြစ်သလို လူငယ်များအကြိုက် Games နဲ့ Film & Media Arts တို့လို မေဂျာတွေလည်း ပါရှိပါသေးတယ်။
📚 ရယူနိုင်သောမေဂျာများ
▪️Games BS
▪️Communication BA/ BS
▪️Psychology BS
▪️Film & Media Arts BA
▪️Urban Ecology
▪️Electrical Engineering BS
▪️Information Systems BS
▪️Accounting BS
▪️Computer Engineering BS
🔰Dongguk University
ကိုရီးယားနိုင်ငံ Seoul မြို့မှာ တည်ရှိပြီး ဥပဒေနဲ့ တရားစီရင်ရေးပိုင်းဆိုင်ရာ မေဂျာတွေ ပါဝင်တာမို့ ဥပဒေပိုင်း စိတ်ဝင်စားသူများအတွက် အဆင်ပြေစေမှာပါ။
📚ရယူနိုင်သောမေဂျာများ
▪️Arts
▪️Business
▪️Engineering
▪️Humanities Sociology
▪️Social Science
▪️Natural Science
▪️Police and Criminal Justice
▪️Law
အခု ဖော်ပြခဲ့တဲ့ တက္ကသိုလ်တွေကတော့ ကိုရီးယားနိုင်ငံမှာ GED လက်မှတ်ကို အသိအမှတ်ပြု လက်ခံတဲ့ နေရာကောင်းတချို့ဖြစ်ပါတယ်။
ကိုယ်သွားချင်တဲ့နိုင်ငံမှာ ကိုယ်တက်ချင်တဲ့ကျောင်းကို ရွေးချယ်တက်ရောက်နိုင်ဖို့ကလည်း အရေးကြီးတာမို့ ကျောင်းသားလူငယ်များ အထောက်အကူဖြစ်စေဖို့ရာ အခုလိုပဲ sharing လုပ်လိုက်ပါတယ်။🌱