Hikari Kai Japanese Language Class

Hikari Kai Japanese Language Class Hikari Kai Japanese Language Class offer N5,N4,N3,N2 course for those who would like to learn japane https://goo.gl/maps/baZ7LFVtVxeu1p4p6

သူတောင် ပြောပြီ..😬
16/12/2025

သူတောင် ပြောပြီ..😬

13/06/2025

ရုံးချိန် ပြောင်းလဲကြောင်း အသိပေးကြေငြာခြင်း

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း၏ ရုံးချုပ်နှင့်ရုံးခွဲများအား ၁၆.၆.၂၀၂၅ ရက်နေ့ (တနင်္လာနေ့) မှစ၍ အောက်ဖော်ပြပါ အတိုင်း ရုံးချိန်များ ပြောင်းလဲကြောင်း အသိပေးကြေငြာအပ်ပါသည်။

MAJA Head Office (Yangon)
လိပ်စာ။ ။ အမှတ် ၂ ဘီ (၄)၊ နှင်းဥယျာဉ်အိမ်ရာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ရုံးဖွင့်ရက်။ ။ တနင်္လာနေ့ မှ သောကြာနေ့ အထိ
(စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။)
ရုံးချိန်။ ။ နံနက် ၉း၀၀ နာရီ မှ ညနေ ၄း၃၀ နာရီ အထိ
(နေ့လယ် ၁၂း၀၀ နာရီမှ နေ့လယ် ၁း၀၀ နာရီ အထိ ထမင်းစားချိန် နားပါသည်။)
ဖုန်းနံပါတ်။ ။ ၀၉ - ၂၆၂ ၆၀၂ ၁၂၁၊ ၀၉ - ၄၂၈ ၆၁၂ ၁၅၁၊ ၀၁ - ၇၅၇ ၁၀၁၅ (လိုင်းခွဲ ၂၊ ၃)

MAJA Education Centre
လိပ်စာ။ ။ အမှတ် ၄၄၀ (ဘီ)၊ ဇေယျ ၁၄ လမ်း၊ ၁၀ ရပ်ကွက်၊ သစ္စာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
ရုံးဖွင့်ရက်။ ။ တနင်္လာနေ့ မှ သောကြာနေ့ အထိ
(စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။)
ရုံးချိန်။ ။ နံနက် ၉း၀၀ နာရီ မှ ညနေ ၄း၃၀ နာရီ အထိ
(နေ့လယ် ၁၂း၀၀ နာရီမှ နေ့လယ် ၁း၀၀ နာရီ အထိ ထမင်းစားချိန် နားပါသည်။)
ဖုန်းနံပါတ်။ ။ ၀၉ - ၄၂၈ ၆၁၃ ၈၄၈

MAJA Office (Mandalay Branch)
လိပ်စာ။ ။ ၆၈ လမ်း၊ ၂၆*၂၇ လမ်းကြား၊ မန္တလေး ဆွမ်းဟိုတယ် အပြင်ဘက် အနောက်ဘက်ခြမ်း၊ မန္တလေးမြို့။
ရုံးဖွင့်ရက်။ ။ တနင်္လာနေ့ မှ သောကြာနေ့ အထိ
(စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။)
ရုံးချိန်။ ။ နံနက် ၉း၃၀ နာရီ မှ ညနေ ၄း၃၀ နာရီ အထိ
(နေ့လယ် ၁၂း၀၀ နာရီမှ နေ့လယ် ၁း၀၀ နာရီ အထိ ထမင်းစားချိန် နားပါသည်။)
ဖုန်းနံပါတ်။ ။ ၀၉ - ၂၅၅ ၁၆၂ ၅၃၃



မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

အချိန်ပြောင်းလဲခြင်း။
07/03/2025

အချိန်ပြောင်းလဲခြင်း။

သတိပြုဖို့ပါ ...
08/12/2024

သတိပြုဖို့ပါ ...

(𝟖.𝟏𝟐.𝟐𝟎𝟐𝟒 ) 𝐍𝐀𝐓-𝐓𝐄𝐒𝐓 စာမေးပွဲဖြေဆိုမည့်နေ့တွင် စာမေးပွဲအား အဆင်ပြေချောမွှေ့စွာ ဖြေဆိုနိုင်ရန်အတွက် အောက်ပါစည်းကမ်းချက်များကို သေချာဖတ်ပြီး ၊ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ပေးကြပါရန် အသိပေးလိုက်ပါသည်။👇👇👇
#𝐍𝐚𝐭𝐓𝐞𝐬𝐭𝐂𝐞𝐧𝐭𝐞𝐫𝐘𝐚𝐧𝐠𝐨𝐧

အမှားပြင်ဆင်လိုသူများသို့....
25/11/2024

အမှားပြင်ဆင်လိုသူများသို့....

2024 December JLPT စာမေးပွဲအတွက် နာမည်၊ မွေးသက္ကရာဇ် နှင့် ကျား/မ အမှားပြင်ဆင်လိုသူများနှင့်ပတ်သတ်၍

နာမည်၊ မွေးသက္ကရာဇ် ပြင်ဆင်လိုသူများအနေဖြင့် ဒီဇင်ဘာလ(၁)ရက် စာမေးပွဲဖြေဆိုသည့်နေ့ စာမေးပွဲ section အားလုံးဖြေပြီးချိန်တွင် ဖြေဆိုရမည့် Test Site ရှိ Office မှ သတ်မှတ်ထားသော နေရာတွင် စာဖြေသူကိုယ်တိုင် သွားရောက်ပြင်ဆင်ရပါမည်။

လိုအပ်သည့်အချက်များ
၁. Test Voucher မူရင်း
၂. သက်သေခံကဒ်ပြား မူရင်း (Passport, Driving License ကားလိုင်စင်အမျိုးအစား B, C, D, E , နိုင်ငံသားသက်သေခံကဒ်)
စာမေးပွဲနေ့ ပြင်ဆင်ရန်သတ်မှတ်ထားသည့်ရုံးခန်းတွင် အောက်ပါနမူနာဇယားပုံစံအတိုင်းဖြည့်သွင်း၍ပြင်ဆင်လျှောက်ထားရမည်။

မှတ်ချက်
၁။ အမှားပြင်ဆင်သည့်ဖောင်တွင်အချက်အလက်များအားလုံးကို စာဖြေသူကိုယ်တိုင် ဖြည့်သွင်းရေးသားရမည်။
၂။ အမည်နှင့် မွေးသက္ကရာဇ်အနက်မှ တစ်မျိုးသာလျှင် ပြင်ဆင်ခွင့်ရှိပါသည်။ သက်သေခံကဒ်နှင့် Test Voucher တွင် ပါရှိသည့် အမည်၊ မွေးသက္ကရာဇ် များ လုံးဝကွဲလွဲနေပါက ပြင်ဆင်ခွင့်မရနိုင်ပါ။
၃။ အမှားပြင်ဆင်လိုသူသည် အမည်စာလုံးပေါင်းမှားယွင်းမှုမရှိစေရန် Passport, ဘွဲ့လက်မှတ် များတွင် အသုံးပြုသည့်အတိုင်း သေချာစွာဖြည့်သွင်းပေးပါ။
၄။ အမှားပြင်ဆင်ခြင်းအားစာမေးပွဲဖြေဆိုသည့်နေ့ (၁.၁၂.၂၀၂၄) တွင်သာ လက်ခံမည်ဖြစ်ပြီး၊ အောင်လက်မှတ် ထွက်ရှိမည့် ကာလအထိ အမှားပြင်ဆင်ခြင်းလျှောက်ထားမှုအား လက်မခံပါ။
၅။ အောင်လက်မှတ်ထွက်ရှိပြီးနောက်ပိုင်းမှ အမှားပြင်ဆင်ရန် လျှောက်ထားသူများသည် ပြင်ဆင်ခြင်းအတွက် ၂လမှ ၆လအထိ ကြာမြင့်မည် ssဖြစ်ပြီး၊ အမှားပြင်ဆင်ခြင်းလျှောက်ထားသူဦးရေ များပြားသည့်အပေါ်တွင် မူတည်၍ ပိုမိုကြာမြင့်ခြင်းရှိနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
၆။ အောင်လက်မှတ်တခုအား တကြိမ်သာ ပြန်လည်ပြင်ဆင်ရန် လျှောက်ထားနိုင်ပြီး လျှောက်ထားသည့် အခါတွင်လည်း စာမေးပွဲနေ့မှစတင်၍ တစ်နှစ်အတွင်းအကြုံးဝင်သော အောင်လက်မှတ်များသာ ပြင်ဆင်ခွင့်ရှိပါသဖြင့် မိမိပြင်ဆင်လိုသည်အား သေချာစွာ စစ်ဆေးလျှောက်ထားရန် လိုအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

28/09/2024

Tell me your favorite month 😍

https://www.facebook.com/100064870083198/posts/943775697794758/?mibextid=rS40aB7S9Ucbxw6v
28/09/2024

https://www.facebook.com/100064870083198/posts/943775697794758/?mibextid=rS40aB7S9Ucbxw6v

၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များ ထုတ်ယူခြင်းနှင့်ပတ်သတ်၍

၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များအား အောက်ဖော်ပြပါအတိုင်း ထုတ်ယူ နိုင်မည် ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ လာရောက်ထုတ်ယူရာတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) မူရင်း ယူဆောင်လာရမည်ဖြစ်ပြီး ပျောက်ဆုံး၊ ပျက်စီးပါက မှတ်ပုံတင်မိတ္တူတစ်စောင် နှင့် ခုံနံပါတ် ယူဆောင် လာရပါမည်။

သင်တန်းကျောင်းများအနေဖြင့် မိမိတို့၏ ကျောင်းသားများအတွက် တစုတပေါင်းတည်း ထုတ်ယူမည်ဆိုပါက ကျောင်းသားစာရင်း၊ Test Voucher မူရင်းနှင့် မှတ်ပုံတင်မိတ္တူများကို ပြည့်စုံစွာယူဆောင်လာပြီး ထုတ်ယူနိုင်ပါသည်။

(ရန်ကုန်စာဖြေဌာနတွင်လျှောက်ထားသူများထုတ်ယူရန်)

၅.၁၀.၂၀၂၄ မှ ၁၅.၁၀.၂၀၂၄ ရက်နေ့အတွင်း (ပိတ်ရက်မရှိ)
နေရာ - ရန်ကုန်ပညာရေးတက္ကသိုလ် (Learning Hub)
အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် ၄ မှ ဝင်ရန်။)
အချိန် - မနက် ၉း၃၀ နာရီ မှ ညနေ ၃း၀၀ နာရီအထိ

၁၅.၁၀.၂၀၂၄ ရက်နေ့နောက်ပိုင်း (တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊တနင်္ဂနွေ ပိတ်ပါသည်။)
နေရာ - JLPT Centre
အမှတ်(၂ဘီ-၃)၊ နှင်းဥယျာဥ်အိမ်ရာ ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။
အချိန် - မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ

(မန္တလေးစာဖြေဌာနတွင်လျှောက်ထားသူများထုတ်ယူရန်)

၅.၁၀.၂၀၂၄ မှ ၁၅.၁၀.၂၀၂၄ ရက်နေ့အတွင်း (ပိတ်ရက်မရှိ)
နေရာ - MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
အချိန် - မနက် ၉း၃၀ နာရီ မှ ညနေ ၃း၀၀ နာရီအထိ

၁၅.၁၀.၂၀၂၄ ရက်နေ့နောက်ပိုင်း (တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊တနင်္ဂနွေ ပိတ်ပါသည်။)
နေရာ - MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
အချိန် - မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

ဆက်သွယ်ရန် - 01-757 10 15 (Ext- 1) ရန်ကုန်
09-255 162 533 မန္တလေး

23/03/2024

4လပိုင်းမှာဖွင့်မယ့် အတန်းသစ်လေးပါ..🧑‍🏫

Japanese Level-N3 (အပြင်သင်တန်း)

💢 Start Date - 6.4.2024
💢 Day - Sat,Sun
💢 Time - 9:00~11:00 AM
💢 Duration - 5 Months

👉N4 Level ပြီးမြောက်သွားသူများ တက်ရောက်ဖို့သင့်တော်ပါတယ်။

👉သင်တန်းတွင် Grammar+ Vocabula ry+ Reading+Listening+kanji အားလုံးပါဝင်ပြီး ဖြစ်ပါသည်။
👉အိမ်စာများလုပ်ခိုင်းပြီး ပုံမှန် စစ်ဆေးပေးပါသည်။

**စာလုပ်ချင်စိတ်၊ ကြိုးစားချင်စိတ်သာရှိပေးပါ။ တကယ်တတ်မြောက်ဖို့အတွက် ‌တာဝန်ယူပါတယ်။**👌

📣အသေးစိတ်သိလိုသူများနှင့် သင်တန်းတက်‌ရောက်လိုသူများ Page Messenger (သို့မဟုတ်)ဖုန်း -09978522334 သို့ ဆက်သွယ်၍ စာရင်းပေးတက်ရောက်နိုင်ပါသည်။

✨အပြင်သင်တန်းမို့ သာကေတမြို့နယ်မှာ တက်ရမှာဖြစ်ပါတယ်။✨



မင်္ဂလာပါရှင့်...10 လပိုင်းမှာ N5အတန်းသစ်‌(အိမ်ဝိုင်း)လေး ဖွင့်ပါတော့မယ်။ လူဦးရေ အများဆုံး ၅ယောက်ပဲ လက်ခံမှာမို့ အမြန်အပ...
13/09/2023

မင်္ဂလာပါရှင့်...

10 လပိုင်းမှာ N5အတန်းသစ်‌(အိမ်ဝိုင်း)လေး ဖွင့်ပါတော့မယ်။ လူဦးရေ အများဆုံး ၅ယောက်ပဲ လက်ခံမှာမို့ အမြန်အပ်ဖို့တော့ လိုပါမယ်🤩
🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

N5 (4 Skills+Kanji)

🍒Start date - 1.10.2023
🍒Time - 1:00~3:00 PM
🍒Day - Saturday, Sunday
🍒Fees - 50,000 Ks(per month)
🍒Duration - 5 months
🍒Address - Shukhinthar Housing, Thaketa Tsp.

🍒ဂျပန်စာကို အခြေခံမှစ ၊ သေချာ စနစ်တကျ သင်ပေးမှာဖြစ်တဲ့အပြင်၊ စာလုပ်ရမပျင်းအောင်ကို သင်ပေးမှာမို့ တက်ဖြစ်အောင် တက်ဖို့တိုက်တွန်းချင်ပါတယ်။

🍒စာမေးပွဲအောင်ဖို့အတွက်က စိတ်ချလို့ရပါတယ်။ ဂျပန်နိုင်ငံတွင်‌နေထိုင်ခဲ့ပြီး၊စာသင်အတွေ့အကြုံရှိ ဆရာမမှသင်ပေးမှာမို့ပါ။ စာလုပ်ချင်စိတ်ရယ်၊ စိတ်ဝင်စားမှုလေးရယ် ပဲရှိနေပေးပါ။

🍒‌lesson တွေ ပြီးသွားတဲ့အခါ JLPT စာမေးပွဲမေးခွန်းဟောင်းပါလုပ်ပေးမယ့်အပြင်၊ အတန်းတွင်းစာမေးပွဲလည်း ခဏတိုင်းစစ်တာမို့၊ ကိုယ့် level ကို အမြဲ check လုပ်ရအဆင်ပြေပါတယ်။

🍒လူနည်းနည်းနဲ့ ထိထိရောက်ရောက်၊ သေချာတတ်မြောက်အောင် သင်ချင်တဲ့သူများအတွက် အဆင်ပြေမယ့်အတန်းလေးပါလို့ .....

🍒သင်တန်းတက်ရန်လိပ်စာ သိချင်တဲ့သူ၊ သင်တန်းအပ်ချင်တဲ့သူတွေက Messenger (or)Ph ဖြင့်အသေးစိတ် စုံစမ်းမေးမြန်းလို့ရပါတယ်။

Ph- 09 978522334

Address

Shukhinthar
Yangon
00951

Opening Hours

Monday 10:00 - 20:00
Tuesday 10:00 - 20:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 10:00 - 20:00

Telephone

+950997822334

Website

Alerts

Be the first to know and let us send you an email when Hikari Kai Japanese Language Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Hikari Kai Japanese Language Class:

Shortcuts

Share

Category