Quantity Surveyor / Estimate သင်တန်း By Teacher Thi Thi Kyaw

  • Home
  • Myanmar
  • Yangon
  • Quantity Surveyor / Estimate သင်တန်း By Teacher Thi Thi Kyaw

Quantity Surveyor / Estimate သင်တန်း By Teacher Thi Thi Kyaw ဒေါ်သီသီကျော်
Quantity Surveyor (QS)/ Estimate သင်တန်း

QS/Estimate နဲ့ပတ်သက်ပြီးလေ့လာလို့ရအောင်တီချယ့် Youtube videoလေးတွေကိုမျှဝေလိုက်ပါတယ်။လေ့လာကြည့်ပါ။ သင်တန်းတက်ဖို့စိတ်ဝင...
05/09/2025

QS/Estimate
နဲ့ပတ်သက်ပြီးလေ့လာလို့ရအောင်
တီချယ့် Youtube video
လေးတွေကို
မျှဝေလိုက်ပါတယ်။
လေ့လာကြည့်ပါ။

သင်တန်းတက်ဖို့
စိတ်ဝင်စားရင်တော့
ဖုန်း 09771469218
09795559559
ကိုဆက်သွယ်ပါ။

# # # # # # # # # # # # # # # # # # # # # # # # # #

You Tube Videos Links

Introduction

https://youtu.be/nh8KvPtiN0Q

80'x 40' Two Storey RCC Building (Lecture Part 1)

https://youtu.be/LFQqjagQg6U

80'x 40' Two Storey RCC Building (Lecture Part 2)

https://youtu.be/kz0IzmQbvs0

This video contained introduction of QS and basic concept of excel.If you want to attend QS/Estimate training school from Teacher Thi Thi Kyaw, please call 0...

01/10/2018

Quantity Surveyor (QS) သင်တန်းနဲ့ ပတ်သက်ပြီး ဖုန်း 09-771469218 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်

သင်တန်းဆရာမ၏ ကိုယ်ရေးအကျဉ်း***************************သင်တန်းဆရာမသည် QS လုပ်ငန်းကို တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်မှာ ယေ...
01/10/2018

သင်တန်းဆရာမ၏ ကိုယ်ရေးအကျဉ်း
***************************
သင်တန်းဆရာမသည် QS လုပ်ငန်းကို တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်မှာ ယနေ့ဆိုလျင် လုပ်ငန်းအတွေ့အကြုံအားဖြင့် (၂၂) နှစ် ကျော်ခဲ့ပြီးဖြစ်သည်။ အစိုးရ ဋ္ဌာနနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများတွင် ဆောက်လုပ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့တစ်ခုဖြစ်သည့် ယူနီဆက်တွင်လည်း (ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး ပရိုဂရမ်) ၏လုပ်ငန်းခွင်အကြံပေးအနေဖြင့် လုပ်ဆောင်ခဲ့ပါသည်။ ယခုအချိန်သည် မိမိတတ်ကျွမ်းထားသော ပညာရပ်များကို ဆရာဖြစ်သင်တန်းအဖြစ် ဆင့်ပွားမျှဝေရန်အချိန်ဟု ယူဆထားပါသဖြင့် သင့်တင့်သော အဖိုးအခဖြင့် လက်တွေ့ကျကျ နက်နက်နဲနဲလေ့လာလိုသူများအတွက် သင်တန်းတစ်ခုအဖြစ် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါသည်။

သင်ကြားမည့်အဆောက်အဦးအမျိုးအစား 6 Units Two Storeyed RC Building

သင်ကြားမည့်ပုံစံ
*********************

• Structure and Architect Drawing အပြည့်အစုံပါရှိသော အသေးစိတ်ပုံစံကိုအသုံးပြု သင်ကြားမည်။
• လုပ်ငန်းခွင်အတွင်း လက်တွေ့အသုံးချနိုင်ရမည်။
• တင်ဒါ တင်သွင်းသည့်ပုံစံအတိုင်းသင်ကြားမည်။
• စနစ်တကျအဆင့်လိုက် သင်ကြားမည်။
• Section တစ်ခုတွင် သင်တန်းသား (၅) ဦးသာလက်ခံမည်ဖြစ်သည်။
• သင်တန်း ဆရာမကိုယ်တိုင် သင်ကြားပေးမည်ဖြစ်သည်။

သင်ကြားမည့်အပိုင်းများ
**************************

မြေနေရာရှင်းလင်းခြင်းနှင့် ပန္နက်ရိုက်ခြင်းလုပ်ငန်းမှ စတင်၍ လုပ်ငန်းပြီးဆုံးသည်အထိ လုပ်ငန်းခွင်အတွင်း လက်တွေ့လုပ်ဆောင်သွားသည့် အဆင့်အတိုင်း သင်ကြားမည်။

Drawing ကိုကျွမ်းကျင်စွာကြည့်တတ်စေရန် အတွက် Drawing နှင့်တွဲ၍ Measurement (အတိုင်းအတာ) ကိုထုတ်နိုင်သည်အထိသင်ကြားမည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မှ တရားဝင်ထုတ်ထားသည့် အဆောက်အဦး လုပ်ငန်း အခြေခံစံနှုန်းများ (Yellow Book) ကိုကျွမ်းကျင်စွာကြည့်တတ်စေရန် အဆင့်တိုင်းတွင် ထိုစာအုပ်နှင့်တွဲ၍ သင်ကြားမည်။

Excel ဖြင့်သင်ကြားမည်ဖြစ်သောကြောင့် ဖေါ်မြူလာသွင်းချိတ်ဆက်သွားပုံ ကိုပါ တတ် ကျွမ်းအောင်သင်ကြားမည်။

သင်တန်း၏ ထူးခြားချက်နှင့် အကျိုးကျေးဇူးများ
**********************************

Structure and Architect Drawing အပြည့်အစုံပါရှိသော 6 UNITS TWO STOREYED RC BUILDING အသေးစိတ်ပုံစံကိုအသုံးပြုထားခြင်းကြောင့်
I. Foundation ပိုင်းတွင် မတူညီသော Footing, Column and Beam တို့၏ သံလုပ်ငန်း (Steel Work) ကို သေချာစွာတွက်ချက်နိင်ခြင်း။
II. TWO STOREYED ဖြစ်သည့်အတွက်ကြောင့် Ground Floor slab and Ground Floor Beam တို့၏ သံလုပ်ငန်း (Steel Work) အပြင် Top Floor slab and Top Floor Beam တို့၏ သံလုပ်ငန်း (Steel Work) ကိုပါ သေချာစွာတွက်ချက်နိင်ခြင်း။
III. Stair ပါရှိခြင်းကြောင့် လှေခါး၏ သံလုပ်ငန်း (Steel Work) ကို သေချာစွာတွက်ချက်နိင်ခြင်း။
IV. အမိုးပိုင်တွင်လည်း ဒိုင်းလေးဘက်ချ အမိုးဖြစ်သည့် အတွက်ကြောင့် ဒိုင်း၊ မျှား တွက်ချက်မှုနှင့် အမိုးတွက်ချက်မှုကို သေချာစွာတွက်ချက်နိင်ခြင်း။
V. ထို့အပြင် Apron Drain and Septic Tank တွက်ချက်ပုံကိုလည်း ထည့်သွင်းသင်ကြားမည်။

မှတ်ချက်။ ။ 6 UNITS TWO STOREYED RC BUILDING ကိုသင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ မတူညီသော Footing, Column, Beam များ၊ လှေခါးပုံစံများ၊ Ground floor slab တစ်မျိုးတည်းမဟုတ်ဘဲ Top floor slab ပုံစံများကိုပါ တစ်ပြိုင်တည်းလေ့လာသင်ယူနိုင်မည် ဖြစ်သည်။
သင်တန်းသားများအနေဖြင့် ဤသင်တန်းပြီးဆုံးသည့်အချိန်တွင် Quantity Surveyor (QS) နှင့် ပတ်သက်သော အခြေခံသဘောတရားများကို နားလည်သဘောပေါက်သွားမည်ဖြစ်ပြီး၊ အရည်အချင်းပြည့်စုံသော Quantity Surveyor (QS) တစ်ယောက်အနေဖြင့် ရပ်တည်နိုင်စေရန် ယုံကြည်မှုရှိလာပါလိမ့်မည်။ သင်တို့၏ ကြိုးစားမှုနှင့် သင်တန်းဆရာမ၏ရိုးရှင်းသော သင်ကြားမှုတို့ပေါင်းစပ်လိုက်ပါက သင်လိုချင်သော အောင်မြင်မှုတစ်ခုကိုရရှိနိုင်လိမ့်မည်။

သင်တန်းကာလ စနေ၊ တနင်္ဂနွေ (၈ ပတ်)

သင်တန်းအချိန် နံနက် ၉း၀၀ မှ ၁၁း၀၀
နေ့လည် ၁း၀၀ မှ ၃း၀၀ (အချိန်ညှိနိုင်း နိုင်ပါသည်)

သင်တန်းကြေး 09771469218 ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။


Quantity Surveyor (QS) တစ်ယောက်သိသင့်သော အကြောင်းအရာများ
Quantity Surveyor (QS) တစ်ယောက်၏တာဝန်များသည် ဆောက်လုပ်ရေး ပရိုဂျက်တစ်ခုလုံးတွင် ပါဝင်သော လုပ်ငန်းများအားလုံး၏ ခန့်မှန်းခြေစာရင်းများဖြစ်သည့် ပစ္စည်းစာရင်းများ နှင့်ကုန်ကျစရိတ်များ၊ အလုပ်သမားအရေအတွက် နှင့်ကုန်ကျစရိတ်များ အပါအ၀င် သယ်ယူပို့ဆောင်ရေးစရိတ်များကို လည်း လုပ်ငန်းအချောသတ် ပြီးဆုံးသည်အထိ တာဝန်ယူဆောင်ရွက်ရခြင်းတို့ဖြစ်သည်။
Quantity Surveyor (QS) တစ်ယောက်သည် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုလုံး၏ ခန့်မှန်းခြေ ကုန်ကျစရိတ်အပြင် လုပ်ငန်းတစ်ခုလုံး၏ ပြီးစီးမှုရာခိုင်းနှုန်းနှင့် ကုန်ကျစရိတ်ကို စဉ်ဆက်မပြတ် ထိန်းညှိပေးနိုင်သူ ဖြစ်ရမည်။ တစ်နည်းအားဖြင့်ဆိုရလျင် ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုလုံး၏ ခန့်မှန်း ခြေကုန်ကျမည့် ပစ္စည်းကုန်ကျစရိတ် စုစုပေါင်း၊ လုပ်သားခကုန်ကျစရိတ် စုစုပေါင်း နှင့် သယ်ယူပို့ဆောင်ရေးစရိတ် တို့၏ အချိုးကိုက်ညီမှု ရှိမရှိကိုလည်း ထည့်သွင်းစဉ်စားပေး ရမည်ဖြစ်ပါသည်။

Quantity Surveyor (QS) တစ်ယောက်၏ အဓိကတာဝန်များမှာ
အထပ်မြင့်၊ အထပ်နိမ့်၊ တံတား၊ culvert ၊ လမ်း အပါအ၀င် မည်သည့် အဆောက်အဦးအမျိုးအစားကိုမဆို စီမံကိန်းရေးဆွဲရန်စတင်ချိန်မှစ၍ ဘဏ္ဍာရေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုကို ကြိုတင် ပြုလုပ်ရမည်ဖြစ်သည်။ ဤသို့သောပြင်ဆင်မှုလုပ်ငန်းစဉ်တိုင်းတွင် QS တစ်ယောက်၏ အခန်းကဏ္ဍမှာ အလွန်အရေးပါကြောင်းကို အောက်ဖော်ပြပါချက်များကို လေ့လာ ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။
အရည်အချင်းပြည့်ဝသော QS တစ်ယောက်သည်……

ပရိုဂျက်များကို သတ်မှတ်ထားသည့်အချိန်ကာလအတွင်း ပြီးစီးစေရန် လုပ်ဆောင်နိုင်ရမည်။
ပရိုဂျက်များကို သတ်မှတ်ငွေကျေးထက်မကျော် လွန်စေရန် ထိန်းချုပ် လုပ်ဆောင်နိုင်ရမည်။ (Budget Control)
ဆောက်လုပ်ရေးအတွက် ခန့်မှန်းကုန်ကျစရိတ်နှင့် လုပ်ငန်းခွင်ပြီးစီမှုရာခိုင်နှုန်းကို အနီးစပ်ဆုံး ကိုက်ညီမှုရှိရန် လုပ်ဆောင်နိုင်ရမည်။
မိမိတို့နှင့် စာချုပ်ချုပ်ဆိုထားသော ကန်ထရိုက်များအကြား ဖြစ်ပေါ်လာသည့် ငွေကြေးနှင့်ဆိုင်သောပြဿနာများကို ဖြေရှင်းနိုင်ရမည်။ ဥပမာအနေဖြင့် ခန့်မှန်းကုန်ကျစရိတ်နှင့် လုပ်ငန်းခွင်ပြီးစီမှုရာခိုင်နှုန်းသည် အနီးစပ်ဆုံး ကိုက်ညီမှုရှိရန် ထိန်းညှိစီမံခန့်ခွဲပေးနိုင်ရမည်။
လုပ်ငန်းလိုအပ်ချက်အရ လိုအပ်ပါက ခန့်မှန်းကုန်ကျစရိတ်များကို ပြင်ဆင်ရန် တာဝန်ယူနိုင်ရမည်။

မိမိတာဝန်ယူရမည့် ပရိုဂျက်များ၊ အဆောက်အအုံများ၊ လုပ်ငန်းများဆောက်လုပ်ရန်အတွက် ခန့်မှန်းခြေ ကုန်ကျစရိတ်အား တွက်ချက်ရာတွင် QS တစ်ယောက်သည်လုပ်ငန်းအပ်နှံသူ၏ သုံးစွဲနိုင်မည့် ကန့်သတ်ငွေကြေးအပေါ်တွင်အခြေခံ၍ လုပ်ငန်းအပ်နှံသူရည်ရွယ်သည့် အရည်အသွေးနှင့်ကိုက်ညီမှုရှိအောင် ညှိနှိုင်းတွက်ချက် ပေးနိုင်ရမည်။ ဤကဲ့သို့တွက်ချက်ရာတွင် ဆောက်လုပ်ရမည့် အဆောက်အအုံ၏ လုပ်ငန်းစဉ်အလိုက် (အဆင့်ဆင့်) ကုန်ကျစရိတ်ကို သေချာစွာ တွက်ချက်ရမည်ဖြစ်သည်။ သို့မှသာ လုပ်ငန်းတစ်ခုလုံးတွင် ပါဝင်သော ပစ္စည်းများနှင့် ကုန်ကျစရိတ်၊ အလုပ်သမားအရေအတွက်နှင့် အလုပ်သမားကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်စရိတ်များနှင့် အခြားသောဝန်ဆောင်မှုများအတွက် ကုန်ကျစရိတ်များကို အသေးစိတ်ကြိုတင်ကာ သိရှိနိုင်မည်ဖြစ်သည်။


ဆောက်လုပ်ရေးလုပ်ငန်းမစတင်မီ Quantity Surveyor (QS) တစ်ယောက် ပြင်ဆင် ရမည့် အချက်များ

Quantity Surveyor (QS) တစ်ယောက်သည် ဆောက်လုပ်ရေးလုပ်ငန်းမစမီ ထိုလုပ်ငန်းကို သေချာစွာ လေ့လာရန်လိုအပ်သည်။ ဗိသုကာပညာရှင်များနှင့် structure အင်ဂျင်နီယာများရေးဆွဲထားသာ plans များ Drawing များကို သေချာစွာလေ့လာထားရမည်။ သို့မှသာproject၏ ကုန်ကျစရိတ် နှင့် လိုအပ်ချက်များကို အနီးစပ်ဆုံး တွက်ချက်နိုင်မည်ဖြစ်သည်။ project Architect နှင့်ညှိုနှိုင်း၍ တွက်ချက်ထားသော ခန့်မှန်းခြေကုန်ကျစရိတ် တစ်စောင်သည် Tenders တစ်စောင်တွက်ချက်ရာတွင် အခြေခံကျသည်။ ထို့အပြင် QS ၏စနစ်ကျသော ခန့်မှန်းခြေ ကုန်ကျစရိတ်များကိုတွက်ချက်ကာ ကြိုတင်စီမံခန့်ခွဲပေးခြင်းအားဖြင့် design team အားလုပ်ငန်းခွင်အတွင်း လက်တွေ့လုပ်ဆောင်နိုင်ရန် ကူညီနိုင်သည်။
ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုလုံး၏ စလယ်ဆုံးထိ ကုန်ကျစရိတ်ကို အတည်ပြုပေးနိုင်သူ ဖြစ်ရမည်။ လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ အတိုးအလျော့ ပြုလုပ်ရန် လိုအပ်ပါကလည်း လုပ်ဆောင်နိုင်စွမ်းရှိရမည်။

Address

West Yankin
Yangon

Telephone

+959771469218

Website

Alerts

Be the first to know and let us send you an email when Quantity Surveyor / Estimate သင်တန်း By Teacher Thi Thi Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Quantity Surveyor / Estimate သင်တန်း By Teacher Thi Thi Kyaw:

Shortcuts

Share

Category