15/10/2024
♥️♥️
🛑ထိုင်းမှာ (၅) နှစ် ဗီဇာ လျှောက်လို့ရနေပြီဆိုတာ သိပြီးပြီလား? ? ? ? ?
😮အခုလက်တလောလူပြောများစိတ်ဝင်စားနေတဲ့ ထိုင်းနိုင်ငံရဲ့ DTV( Destination Thailand Visa)အကြောင်းလေးပြန်လည်မျှဝေပေးပါရစေ။
❗️DTV Visa ဆိုတာဘာလဲ ဘယ်လိုလူတွေလျှောက်သင့်သလဲပြောပြပေးသွားပါမယ်ခင်ဗျ
🎉DTV(Destination Thailand Visa)ဆိုတာ၂၀၂၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ ထိုင်းအစိုးရကနေပြီး တရားဝင်ကြေညာလိုက်တဲ့ Digital Nomad Visa လို့လူသိများတဲ့ ဒီ ဗီဇာလေးဖြစ်ပါတယ်။Visa သက်တမ်း ၅နှစ်နေထိုင်ခွင့်ရရှိမှာဖြစ်ပြီး Multiple တစ်ခါထဲရရှိမယ့် Visa အမျိုးအစားလေးဖြစ်ပါတယ်။✔️
🛑ဒီ Visa လေးကတော့အဝေးရောက်အလုပ်ငန်းလုပ်ကိုင်လိုသူတွေ ဆေးကုသမှုသွားရောက်ခံယူလိုသောသက်ကြီးရွယ်အိုတွေ ထိုင်းနိုင်ငံမှာ Work From Home လုပ်ရင်းနေထိုင်ဖို့ စီစဉ်နေသူတွေ influencer တွေ Digital Nomad, Remote Workers, Freelancers တွေ music festival စိတ်ဝင်စားသူတွေလျှောက်သင့်ပြီး အသစ် 20 နှင့်အထက်ရှိသူတိုင်းလျှောက်နိုင်ပါတယ်။ထိုင်းငံမှာ သင်တန်း၊အစည်းအဝေး Seminarsပွဲများတက်ရောက်မဉ့်သူများအတွက်လဲအထူးသင့်လျော်ပါတယ်၊
❗️DTV Visa လျှောက်မယ်ဆိုရင် လိုအပ်တဲ့ Documents တွေကတော့
➖ Visa Form
➖ Passport မူရင်း / မိတ္တူ
➖ ၆လအတွင်းရိုက်သော ဓာတ်ပုံ (3.5x4.5 cm) white background ၂ပုံ
➖ မှတ်ပုံတင် မူရင်း / မိတ္တူ
➖ သန်းခေါင်စာရင်း မူရင်း / မိတ္တူ
➖ Financial evidence (ထိုင်း ဘတ် ၅သိန်းနှင့် ညီမျှသော ငွေပမာဏ
➖ ဘဏ်စာအုပ် မူရင်း / မိတ္တူ
➖ Purpose of visit
➖ Visa fees 400USD တို့ပဲဖြစ်ပါတယ်
🚨🚨ချစ်ရတဲ့ ချစ်ဧည့်သည်တွေ အတွက် FLIGHT TICKET, HOTEL BOOKING, VISA, INSURANCE, CAR RENTAL လေဆိပ်အကြို/အပို့ ဝန်ဆောင်မှုများ ကို PACKAGE နှင့် သော်လည်းကောင်း TAILOR MADE PACKAGE များနှင့် သော်လည်ကောင်း GLOBAL SEVEN မှ အကောင်းဆုံးသော ဝန်ဆောင်မှုများကို ONE-STOP TRAVEL SERVICE ဖြင့် ဆောင်ရွက်ပေးနေပါတယ်... 💺
📌အခြား သိလိုသည်များ ရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
📞𝐓𝐢𝐜𝐤𝐞𝐭𝐢𝐧𝐠 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 - (+95) 𝟗𝟒𝟐𝟎𝟎𝟔𝟏𝟗𝟏𝟖
️📱𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐚𝐧𝐝 𝐕𝐢𝐛𝐞𝐫 - (+95) 𝟗𝟖𝟖𝟏𝟔𝟔𝟕𝟕𝟕𝟔 / (+95) 9𝟖𝟖𝟏𝟔𝟔𝟕𝟕𝟕𝟖
📍Address - 𝐍𝐨.𝟏𝟑𝟐𝐛, 𝐂𝐁 𝐁𝐚𝐧𝐤 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦, 𝟔𝐭𝐡 𝐟𝐥𝐨𝐨𝐫, 𝐁𝐚𝐠𝐚𝐲𝐚 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐲𝐧𝐢𝐠𝐨𝐧𝐞, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
#ဗီဇာ #လေယာဉ်လက်မှတ် #ခရီးသွား #အလုပ်အကိုင် #𝐭𝐢𝐜𝐤𝐞𝐭𝐢𝐧𝐠𝐬𝐞𝐫𝐯𝐢𝐜𝐞
25/04/2024
🐚ဘူဆန်ရောက်ရင်မဖြစ်မနေသွားသင့်တဲ့ ကမ်းခြေ 🐚
ရောတောဘွန်းတို့ မင်္ဂလာပါ …..
ဒီနေ့မှာတော့ အမြဲ Beach Mood On နေတဲ့ သူတွေအတွက်ရော ကမ်းခြေမှာ Chill လုပ်ချင်တဲ့သူတွေအတွက်ရော မဖြစ်မနေသွားသင့်တဲ့ Busan က Haeundae Beach အကြောင်းကို Sharing လုပ်ပေးသွားပါမယ်နော် …..
✅ ပထမဦးဆုံး Busan ကို ဘယ်လိုသွားမလဲ ?
💛 များသောအားဖြင့် Seoul ကနေဆို ရထားနဲ့ သွားကြပေမယ့် မင်မင်ကတော့ ( ၁ ) နာရီကို 190 km ပြေးတဲ့ KTX ရထားကို ရွေးချယ်စေချင်ပါတယ်
💛 KTX က ဘယ်ဘူတာမှ မရပ်တဲ့အပြင် ရထားပေါ်မှာ Snack Machine နဲ့ သန့်ရှင်းတဲ့ ရေအိမ်ပါ ပါတယ် …..
🏖️ Haeundae Beach က Busan မှာသာမက Korea နိုင်ငံရဲ့ နာမည်ကြီး ကမ်းခြေ တစ်ခု ဖြစ်ပါတယ် …..
🏖️ Haeundae Beach က ဘာလို့ နာမည်ကြီးတာလဲဆိုရင်
💛 Drama တွေထဲမှာ ပါနေကျ Lights House
💛 Festival တွေ
💛 ပြီးတော့ Capsule Train တွေ
💛 Beach နားတဝှိုက်မှာ restaurant, Hostel နဲ့ တခြား convenience store တွေ ပေါများတာရယ်
💛 ကမ်းခြေက တစ်နှစ်ပတ်လုံး ဖွင့်တာတွေရယ်ကြောင့် နာမည်ကြီးပါတယ်
🏖️ Light House
☄️ဒီ Light House လေး နှစ်ခုကတော့ Drama တွေတော်တော်များများမှာ မြင်ဖူးပြီးသားဖြစ်တာမို့ Haeundae Beach ရဲ့ Iconic Place ဆို မမှားပါဘူး
🏖️ Festival
🏝️ Haeundae Beach က သဲဖြူတွေဖြစ်တာကြောင့် May လနောက်ပိုင်းဆို သဲတွေနဲ့ ပုံစံမျိူးဖော်ပြတဲ့ Sand Festival တွေ လုပ်ပါတယ်
🏝️ Sand Festival မှာဆိုရင် ကိုယ်တိုင်ဝင်လုပ်လို့ရတဲ့ Activities တွေရှိတက်ပါတယ်
🌲 November လလည် ၊ နောက်ပိုင်း နဲ့ January နောက်ပိုင်းတွေမှာဆိုရင် Lighting Festival တွေရှိတာမို့ ညဘက်တွေက အရင်ကပိုလှပါတယ်
🏖️ Capsule Train
💛 Haeundae Beach ရောက်ရင် မဖြစ်မနေစီးရမယ့် train ပါနော် Capsule Train လေးစီးရင်း ပင်လယ်ကြီးရဲ့ သဘာဝအလှကို ခံစားရတဲ့အရသာက ဘာနဲ့မှ မလဲနိုင်သလို couple သွားမယ်ဆို So Romatic ပါနော် …..
🏖️ Haeundae Plaza
* Haeundae Plaza မရောက်ရင် Haeundae Beach ရောက်တယ်လို့ မဆိုနိုင်သလို Plaza ကနေ Beach ကိုနောက်ခံထားပြီး ပုံရိုက်မလား Plaza ထဲမှာလျှောက်လည်မလား ဒါ့အပြင် အနီးတဝိုက်နဲ့ Restaurant နဲ့ convenience store တွေပေါတဲ့အပြင် Haeundae Beach က ပင်လယ်စာတွေလည်း နာမည်ကြီးပါတယ်နော် …..
🏖️ Hotels
* Haeundae Beach မှာက Hotel တွေလည်း အများကြီးရှိတာမို့ နေစရာအတွက်လည်း စိတ်ပူစရာလုံးဝ မလိုပါဘူး
🏖️ တစ်ခုပဲ မင်မင် ပြောချင်တာကတော့ Haeundae Beach ကို သွားမယ်ဆိုရင် ကြားရက်တွေထက် Festival Days တွေမှာဆို စျေးပိုများတယ်ဆိုတဲ့ အချက်လေးပါပဲနော်…..
ကဲ အားလုံးပဲ Haeundae Beach မှာ အနားယူလိုက်ကြပါဦးနော် …..
Bright – Foreign Studies Center
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
❇️ပြည်တွင်း၊ပြည်ပလေယာဉ်လက်မှတ်များကို ဝယ်ယူချင်တယ်ဆိုရင် Global Seven ရဲ့ Facebook Messenger ကနေသော်လည်းကောင်း၊သက်ဆိုင်ရာဌာနဖုန်းနံပါတ်များသို့လည်းကောင်း ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင့်။
ဆက်သွယ်ရန် -
☎️Visa ဌာန
𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐚𝐧𝐝 𝐕𝐢𝐛𝐞𝐫 - 09 890588130
☎️ လေယာဉ်လက်မှတ် အရောင်းဌာန
𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐚𝐧𝐝 𝐕𝐢𝐛𝐞𝐫 - 𝟎𝟗 𝟒𝟐𝟎𝟎𝟔𝟏𝟗𝟏𝟖
☎️ ရုံးဖုန်းနံပါတ်
𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐚𝐧𝐝 𝐕𝐢𝐛𝐞𝐫 - 𝟎𝟗 𝟖𝟖𝟏𝟔𝟔𝟕𝟕𝟕𝟔 / 𝟎𝟗 𝟖𝟖𝟏𝟔𝟔𝟕𝟕𝟕𝟖
📍 ရုံးလိပ်စာ
𝐍𝐨.𝟏𝟑𝟐𝐛, 𝐂𝐁 𝐁𝐚𝐧𝐤 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦, 𝟔𝐭𝐡 𝐟𝐥𝐨𝐨𝐫 , 𝐁𝐚𝐠𝐚𝐲𝐚 𝐒𝐭𝐫𝐞𝐞𝐭 , 𝐌𝐚𝐲𝐧𝐢𝐠𝐨𝐧𝐞 , 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 , 𝐘𝐚𝐧𝐠𝐨𝐧.
#𝐭𝐢𝐜𝐤𝐞𝐭𝐢𝐧𝐠
#𝐚𝐢𝐫𝐭𝐢𝐜𝐤𝐞𝐭
#𝐭𝐢𝐜𝐤𝐞𝐭𝐢𝐧𝐠𝐬𝐞𝐫𝐯𝐢𝐜𝐞
#𝐠𝐥𝐨𝐛𝐚𝐥𝐬𝐞𝐯𝐞𝐧
23/10/2023
Global Seven Travels & Toursမှ Sale & Marketing Manager ရာထူးအတွက် အတူလက်တွဲလုပ်ကိုင်နိုင်မည့်သူအား ကြိုဆိုနေပါတယ်~
Sale and Marketing Manager – 1 Post
1. Tourism Sale and Marketing နဲ့ ပတ်သက်ပြီး အနည်းဆုံး အတွေ့အကြုံ ၃ နှစ်ရှိရမည်
2. Sale, Marketing, Business Administration, Tourism Management နဲ့ ဘွဲ့ရထားသူများ ဦးစားပေးမည်
3. Tourism Marketing idea၊ Digital Marketing idea ကောင်းကောင်းနဲ့ Marketing Strategyကို ကောင်းမွန်စွာ ရေးဆွဲနိုင်သူဖြစ်ရမည်
4. Corporate Sale, B2B Sales များကို စိတ်အားထက်သန်စွာ လုပ်ဆောင်နိုင်သူဖြစ်ရမည်
5. Company Tour Package/Service များကို ကောင်းမွန်စွာ မိတ်ဆက်ပေးနိုင်ပြီး၊ Client Negotiation Skill ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရမည်
6. Marketing Team ကို ကောင်းစွာဦးဆောင်နိုင်သူဖြစ်ရမည်
7. English ဘာသာစကားဖြင့် ကောင်းမွန်စွာ ရေးသားပြောဆိုနိုင်ရမည်
8. လိုအပ်ပါက ခရီးသွားလာနိုင်သူဖြစ်ရမည်
9. စိတ်ရှည်ဖော်ရွေပြူငှါသူဖြစ်ပြီး customer အား ၀န်ဆောင်မှု အကောင်းဆုံးပေးနိုင်ရမည်
10. အဖွဲ့အစည်းနှင့်လိုက်လျောညီထွေစွာပေါင်းသင်းဆက်ဆံနိုင်ရမည်
***လစာအား မိမိ၏ အရည်အချင်းပေါ်မူတည်ပြီး ညှိနှိုင်းတောင်းဆိုနိုင်ပါသည်
---------------------------------
Email: [email protected]
24/09/2023
Tours Company မှာ လုပ်ကိုင်ဖို့ စိတ်ဝင်စားသူများကို Global Seven Travels & Tours ကနေ ကြိုဆိုနေပါတယ် ~
Opening Position တွေကတော့
🖍️ Sale & Marketing Manager
🖍️ Sale & Marketing Executive
🖍️ Tour Operator (Chinese Speaking)
🖍️ Tour Operator
🖍️ Tour Operator (Ticketing)
🖍️ Senior Accountant (Full Set of Account)
🖍️ Graphic Designer & Content Writer
Position တစ်ခုချင်းစီအတွက် Requirement တွေကို Comment မှာဖတ်ရှူနိုင်ပြီး၊ စိတ်ပါဝင်စားသူများအနေနဲ့ Resume မှာ မျှော်မှန်းလစာ ဖော်ပြပြီး၊ Cover Letter, သက်ဆိုင်ရာ Certificate များနဲ့အတူ Global Seven Travels & Tours ရဲ့ Emailကို ပေးပို့လျှောက်ထားနိုင်ပါတယ်^^
Global Seven Travels & Tours
---------------------------------
No.132 Condo B, 6th floor, Barkayar, Sanchaung Township, Yangon, Myanmar.
Email: [email protected]
Phone: 09-43044032, 09-5034718
14/11/2022
မြန်မာပြည်မြောက်ဖျားပိုင်းက ခါကာဘိုရာဇီရဲ့ အလှတရားများ
14/11/2022
Myanmar, Simply Beautiful !
Nawngkio, Nothern Shan State ~
by Ma Poe Ei & Boram
12/11/2022
10.11.22 ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ဖို့ သုဝဏ္ဏဘူမိ လေဆိပ်ကို ရောက်နေကြတဲ့ နိုင်ငံခြားသားခရီးသွားများ
COVID 19 အလွန်မှာ ခရီးသွားလုပ်ငန်းနဲ့ ငွေရှာတာ ထိုင်းတွေထက် တော်တဲ့ နိုင်ငံ မရှိသေးဘူး။ Covid အလွန်မှာရော Covid မတိုင်ခင်မှာရော ခရီးသွားနဲ့ ငွေရှာတော်တဲ့ နိုင်ငံကတော့ ထိုင်းနိုင်ငံပါပဲ ~
COVID 19 စဖြစ်တော့ ထိုင်းလည်း အခြားနိူင်ငံများနည်းတူ သူ့နိုင်ငံ ဝင်ပေါက်တွေအားလုံးကို ပိတ်လိုက်ရပေမယ့် COVID 2nd Wave မှာ နိုင်ငံတကာ ခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ သူရဲ့ နံမည်ကြီးကျွန်း Phuket ကျွန်းကို ပြန်ဖွင့်ပြီး နိုင်ငံခြားသား ခရီးသွားတွေကို လာရောက်လည်ပတ်စေခဲ့တယ်။
Phuket ကျွန်းကို လာရောက်လည်ပတ်ဖို့ Promotion တွေလည်း ရှယ်ဆင်းခဲ့ပါတယ်။ Lockdown ကာလအတွင်းမှာ ပြည်ပခရီးစဥ်ကို ငတ်မွတ်နေကြတဲ့ ခရီးသွားတွေကလည်း လေယာဥ်လက်မှတ်တွေ စျေးကြီး နေတာတောင် Phuket ကျွန်းကို ရောက်အောင် သွားရောက်လည်ပတ်ခဲ့ကြတယ်။
2nd Waveပြီးတာနဲ့ ထိုင်းတစ်နိုင်ငံလုံးကို လာရောက်လည်ပတ်နိုင်အောင် ကမ္ဘာ့ နံမည်ကြီး အလှမယ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံသားပိုင် “Miss Grand International” 2020 အလှမယ် ပွဲကို နိုင်ငံပေါင်း 63 နိုင်ငံကအလှမယ်တွေနဲ့ Bangkok မှာကျင်းပခဲ့ပြီး Thai ခရီးသွားကို Promote လုပ်ခဲ့တယ်။
တစ်ချိန်ထဲမှာပဲ Visa ကို ဖြေလျော့ပေးပြီး ထိုင်းနိုင်ငံကို လာရောက်ပတ်ပါက Q 2 ပတ်ဝင်စရာမလိုအောင်Test & Go program ကို အကောင်အထည်ဖော်ခဲ့ပြီး ကာကွယ်ဆေး ထိုးပြီးသူများ ထိုင်းနိုင်ငံကို ရောက်ရှိပါက Covid Test စစ်ပြီး သတ်မှတ်ထားတဲ့ ဟိုတယ်မှာ တစ်ည တည်းခိုပြီး COVID Negative ဆိုပါက ဒုတိယနေ့မှစပြီး ထိုင်းမှာ ကြိုက်နှစ်သက် သလို လည်ပတ် လို့ရအောင် စီစဥ်ခဲ့တာကြောင့် အဲ့အချိန်က စပြီး ထိုင်းကို ခရီးသွားတွေ တစတစ ဝင်ရောက် လာခဲ့ ကြတာပါပဲ။
အခုတခါ ထိုင်းမှာ ရက်ရှည်နေပြီး ဆေးကုသနိုင်အောင်၊ လည်ပတ်နိုင်အောင်လို့ နိုင်ငံတချို့ရဲ့ Visa ကင်းလွတ်ခွင့်ကိုလည်း 14 ရက်မှ ရက် 30 အထိ၊ ရက် 30 visa ကို 45 ရက်အထိတိုးမြှင့် ပေးခဲ့ပါတယ်။ Bangkok အပြင် အခြား နယ်ဘက်က ခရီးစဥ်ဒေသတွေကိုလည်း Promote များကို ဆက်လက်လုပ်ဆောင်ပြီး ခရီးသွားတွေကို ဆွဲဆောင်လျက်ရှိပါတယ်။ မြောက်ပိုင်း ချင်းမိုင်ကို ခရီးသွားတွေဝင်ရောက်လာအောင် ထိုင်းခရီးသွား အာဏာပိုင်နှင့် Tour Appတွေပူးပေါင်းပြီး ချင်းမိုင်က ဘယ်ဟိုတယ်မှာ ဘယ်နေ့ကနေ ဘယ်နေ့အထိတည်းခိုရင် အမေရိကန် 1 ဒေါ်လာသာ ကျသင့်မှာဖြစ်ကြောင်း စသဖြင့် ခရီးသွားတွေကို နည်းအမျိုးမျိုးနဲ့ ဆွဲဆောင်နေပါတယ်။
ဒါ့အပြင် Medical Tour ပိုင်းမှာလည်း ဆေးရုံများက promotion အပြိုင်ဆင်းပြီး ထိုင်းကို လာရောက်ဆေးကုသမှုခံယူချင်သူများနှင့် Medical Checkup လုပ်လိုသူများကိုလည်း ဆွဲဆောင်ကာ အဘက်ဘက်ကနေ ခရီးသွားတွေကိုလာရောက်အောင် ကြိုးပမ်းခဲ့ကြပါတယ်။ Thai လေကြောင်းလိုင်းများကလည်း Promotion အပြိုင်ဆင်းပြီး အာရှသာမက ဥရောပ အမေရိက Route ပေါင်း 34 route အထိ လေကြောင်းခ၇ီးစဥ်များကို ထပ်တိုးပြေးဆွဲလျက်ရှိပါတယ်။ လက်ရှိ ရန်ကုန်-ဘန်ကောက် အသွားအပြန်လက်မှတ်ဟာဆိုရင်လည်း တန်ဖိုးနည်းလေကြောင်း(LCC) ဖြစ်တဲ့ Thai Air Asia, Nok Air တို့ဟာ USD 120 ခန့်သာရှိပါတယ်။
2022 ခုနှစ် ဇန်နဝါရီလမှ ပြီးခဲ့တဲ့ အောက်တိုဘာလအထိ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွား အရေအတွက်မှာ 7.3 သန်း ကျော်သွားပြီဖြစ်ပြီး၊ Malaysia, India, Lao, Cambodia, Singapore တို့မှ အများဆုံးလာရောက်လည်ပတ်ကြပါတယ်။ ထိုင်းခရီးသွား အာဏာပိုင် TAT မှလည်း “Visit Thailand Year 2022-2023” Amazing New Chapter ဆိုတဲ့ Campaign ကို လုပ်ဆောင်နေပြီး ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများရဲ့ ရင်ထဲမှာ ထိုင်းနိုင်ငံဟာ ထိပ်တန်း ခရီးစဥ်ဒေသ တစ်ခု အဖြစ်ဆွဲကျန်နေအောင် စီစဥ်လျက်ရှိပါတယ်။
ဘာပဲပြောပြော ထိုင်းတွေက ခရီးသွားလုပ်ငန်းမှာ အခြားနိုင်ငံတွေထက်စာရင် ခြေတစ်လှမ်းသွက် နေပြီး ခရီးသွားတွေစီကနေ ပိုက်ဆံ ဘယ်လိုဆွဲထုတ်ရမလဲဆိုတာာ ကောင်းကောင်းသိထားတာကြောင့် အာရှရဲ့ Tourism လောကမှာ ထိပ်ဆုံးနေရာမှာ ဆက်လက်ရှိနေဦးမှာပါပဲ။
Dr. Sai
Ph.D (Tourism Management)
Kyung Hee University, Seoul, Rep. of Korea
20/05/2022
ကိုရီးယားနိုင်ငံရဲ့ ဒုတိယမြို့တော်လည်းဖြစ် ပင်လယ်ကမ်းခြေမြို့လည်းဖြစ်တဲ့ Busan မြို့ရဲ့ Haeundae ကမ်းခြေမှာ သဲပန်းပုပွဲတော်ကျင်းပ (부산 해운대모래축제)
ပွဲတော်ရက်ကတော့ Mayလ 20ရက်နေ့မှ 23ရက်နေ့အထိဖြစ်ပြီး သဲပန်းပုတွေကိုတော့ Juneလ 7ရက်နေ့အထိ ခင်းကျင်းပြသထားမှာဖြစ်ပါတယ် ~
Dyanmic Busan ဆိုတဲ့အတိုင်း Covid ပြီးပြီးချင်း ပွဲတော်တွေနဲ့ ပြန်လည်စည်ကားလာတဲ့ ဘူဆန်ကို ရောက်ဖြစ်ရင် ဝင်ရောက်လည်ပတ် ကြည့်သင့်တဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ် ~
ကိုရီးယားအစိုးရက မကြာခင် နိုင်ငံခြားသားခရီးသွားတွေကို ပြန်လည်လာရောက်လည်ပတ်နိုင်ဖို့အတွက် မကြာခင်မှာ Tourist Visaကိုလည်း ချပေးတော့မှာဖြစ်သလို Korea နိုင်ငံကို ပိုမိုလာရောက်လည်ပတ်ဖို့အတွက် Destiantion တွေ၊ Festival တွေကိုလည်း Management ကောင်းကောင်းနဲ့ စီမံဆောင်ရွက်နေပါတယ် ~
2022 ခုနှစ် နှစ်ကုန်ပိုင်းခန့်မှာ Korea ဟာ Thai ပြီးရင် Asia ဒေသမှာ နိုင်ငံခြားသား ခရီးသွားတွေကို အပြိုင် ဆွဲဆောင်နိုင်မယ့် နိုင်ငံတစ်နိုင်ငံဖြစ်လာမှာဖြစ်ပါတယ်~
18/05/2022
ကိုရီးယားလေကြောင်းလိုင်း ရန်ကုန်-အင်းချွန်း လိုင်းကို Julyလ 6ရက်နေ့မှ ပြန်လည်ပြေးဆွဲမှာဖြစ်သလို Korea အစိုးရကလည်း နိုင်ငံတကာခရီးသွားတွေ ပြန်လည်ပြီး လာရောက်လည်ပတ်နိုင်ဖို့အတွက် Tourist Visa ကိုလည်း Septemberလ လောက်မှာ ပြန်လည်ထုတ်ပေးသွားမှာဖြစ်ပါတယ် ~
အပြိုင်လေကြောင်းလိုင်း ပေါ်လာတာကြောင့် မကြာခင် Kimchi မြေကို ယခုထက်သက်သာတဲ့ ဈေးနှုန်းနဲ့ ပြန်လည် သွားရောက်နိုင်တော့မှာဖြစ်ပါတယ် ~
See you soon in Korea ~
15/01/2018
Travel Factory ရဲ့ဇန်နဝါရီလ ဗီယက်နမ်မြောက်ပိုင်း(ဟနွိုင်း-ဆာဘာ-ဟလောင်း) ခရီးစဉ်မှ ဧည့်သည်တော်များရဲ့ ပျော်ပျော်ပါးပါးပုံရိပ်များ ^^ ဗီယက်နမ်ရဲ့အေးချမ်းလှတဲ့ ဆောင်းရာသီကို လှပတ်ဲ့ ရှူခင်းတွေနဲ့ ပြည့်နေတဲ့ ဆာဘာ- ဟလောင်းမှာ ကုန်ဆုံးရတာလည်း ဘဝမှာ အမှတ်ရစေမယ့် ခရီးစဉ်တစ်ခုပါ 😊
< သင့်ရဲ့ ပျော်ရွှင်စရာ အနာဂတ် ခရီးတွေကို Global Seven နဲ့ အတူ ကမ္ဘာပတ်ပြီး ဖန်တီးကြပါစို့