24/07/2026
✈️💡 လေယာဉ် Navigation Lights 💡✈️
✈️💡 လေယာဉ် Navigation Lights ကို လေ့လာကြရအောင် 💡✈️
လေယာဉ်ပေါ်မှာ တပ်ဆင်ထားတဲ့ Navigation Lights တွေဟာ ညအချိန်၊ မမြင်သာတဲ့အခြေအနေတွေမှာ လေယာဉ်ရဲ့ ဦးတည်ရာ၊ လမ်းကြောင်းနဲ့ အနေအထားကို အလွယ်တကူ ခွဲခြားသိရှိနိုင်ဖို့ အရေးကြီးတဲ့ လုံခြုံရေးစနစ်တစ်ခု ဖြစ်ပါတယ်။
🔴 အနီရောင်မီး – လေယာဉ်ရဲ့ ဘယ်ဘက်အတောင်
🟢 အစိမ်းရောင်မီး – လေယာဉ်ရဲ့ ညာဘက်အတောင်
⚪ အဖြူရောင်မီး – လေယာဉ်ရဲ့ နောက်ဘက်မှ မြင်ရသော မီး
ဒီပုံထဲမှာ လေယာဉ် Navigation Lights ကို အနေအထားအမျိုးမျိုးနဲ့ ပြထားတာကို မြင်ရပါလိမ့်မယ် 👀
ပုံထဲက အခြေအနေတွေကိုကြည့်ရင် 👀
✈️ Flying towards you
➡️ အနီနဲ့ အစိမ်းမီး နှစ်ခုလုံး မြင်ရရင်
လေယာဉ်က ကိုယ့်ဘက်ကို လာနေပါတယ်။
✈️ Flying away from you
➡️ အဖြူရောင်မီးပဲ မြင်ရရင် လေယာဉ်က ကိုယ့်ဘက်ကနေ ဝေးသွားနေပါတယ်။
✈️ Passing left to right
➡️ အစိမ်းမီးမြင်ရရင် လေယာဉ်က ဘယ်ဘက်ကနေ ညာဘက်သို့ ဖြတ်သန်းနေပါတယ်။
✈️ Passing right to left
➡️ အနီမီးမြင်ရရင် လေယာဉ်က ညာဘက်ကနေ ဘယ်ဘက်သို့ ဖြတ်သန်းနေပါတယ်။
👀 View from above / below
အပေါ်ဘက်ကကြည့်မလား၊ အောက်ဘက်ကကြည့်မလား။ Navigation Lights ရဲ့ အရောင်စနစ်က မပြောင်းလဲပါဘူး။ ဒါကြောင့် မည်သည့် angle ကကြည့်ကြည့် လေယာဉ်ရဲ့ ဦးတည်ရာကို မှန်ကန်စွာ ခွဲခြားနိုင်ပါတယ်။
ဒီမီးအရောင်တွေကို သိထားခြင်းဖြင့်
👉 လေယာဉ်က ကိုယ့်ဘက်ကို လာနေသလား
👉 ကိုယ့်ဘက်ကနေ ဝေးသွားနေသလား
👉 ဘယ်ဘက်ကနေ ညာဘက်သို့ (သို့) ညာဘက်ကနေ ဘယ်ဘက်သို့ ဖြတ်သန်းနေသလား
ဆိုတာကို ချက်ချင်း ခွဲခြားသိနိုင်ပါတယ်။
💡 ဒီ Navigation Lights စနစ်ဟာ
✔️ လေယာဉ်တိုက်မှုကာကွယ်ရန်
✔️ အခြေအနေကို မှန်ကန်စွာ ချက်ချင်းသိရှိရန်
✔️ လေကြောင်းလုံခြုံရေးကို ထိန်းသိမ်းရန်
တို့အတွက် အလွန် အရေးပါတဲ့ အခန်းကဏ္ဍမှထမ်းဆောင်နေပါတယ်။
✈️ Future Cabin Crew တစ်ယောက်ဖြစ်ဖို့
အခြေခံ Aviation Knowledge တွေကို နားလည်ထားခြင်းက Professional Cabin Crew တစ်ယောက်ဖြစ်လာဖို့ အရေးပါဆုံးအဆင့်တစ်ခုပါ 💜
#ᒍᗪᒪᴀᴠᴇɴᴅᴇʀ
#လေယာဉ်မောင်မယ်သင်တန်းကျောင်း
#လေယာဉ်မောင်မယ်အင်တာဗျူးလမ်းညွှန်