29/10/2025
サン’s Sharing
Sharing Japanese & Soft Skills for Workplace 🌻
29/10/2025
22/02/2024
တီချယ်စံအကြောင်း လာပြောပြတာ 😬
တီချယ်စံ Profile ပါ။
B.A Japanese (YUFL) ကနေ 2006 မှာ ဘွဲ့ရတာပါ။
Japanese Class တွေကို 2015 June ကတည်းက ပညာဒါနတွေ Paid Classes တွေသင်လာတာပါ။
Corporate Life မှာလဲ သင်ကြားရေးနဲ့ ပတ်သတ်တာတွေကို ဝန်ထမ်းထောင်ချီ သင်ကြားပေးခဲ့သူပါ။
Covid နောက်ပိုင်း Online/ On campus ကို Corporate Company တွေမှာ လူရာချီ ထောင်ချီ Program တွေ လုပ်ခဲ့တာပါ။
အောက်မှာ တီချယ်စံ ရေးထားတဲ့ သူ့အကြောင်း🙈
……
As a Japanese language teacher with 8 years of experience, I have developed a strong passion for teaching and helping students succeed in their language learning journey.
Here is a brief overview of my profile:
Education:
- Bachelor's degree in Japanese Language and Literature from Yangon University of Foreign Languages
- Teaching Certificate in Japanese as a Foreign Language
Experience:
- 8 years of teaching experience in various settings, including language schools, private tutoring, and online platforms
- Proficient in designing and implementing effective lesson plans tailored to meet individual student needs
- Experienced in teaching students of all levels, from beginners to advanced learners
- Specialized in teaching Japanese grammar, vocabulary, reading, writing, and speaking skills
- Familiar with various teaching methodologies and resources to create an engaging and interactive learning environment
- Proven track record of helping students achieve their language goals, including passing proficiency exams such as JLPT (Japanese Language Proficiency Test)
Approach:
- Patient and supportive teaching style to create a comfortable learning atmosphere
- Emphasis on practical usage of the language, incorporating real-life examples and cultural insights
- Utilization of multimedia resources, authentic materials, and interactive activities to enhance learning experience
- Regular assessments and feedback to track student progress and address areas of improvement
- Encouragement of active participation and communication in Japanese throughout the lessons
I am dedicated to providing high-quality Japanese language instruction and helping my students develop their language skills effectively. Please let me know how I can assist you further or if you have any specific questions or requests.
🌻🌻🌻
မနှစ်က ရေးထားတာ ပြန် share တာ
အင်တာဗျူးတွေ သွားဖြေရင်ဖြင့်လေ
**********************
၁၀ တန်းအောင်လို့ အဝေးသင်တတ်ရင်း အလုပ်လုပ်တာဖြစ်ဖြစ်...
ဘွဲ့ကြို ဘွဲ့ရတွေ လုပ်ငန်းခွင် ဝင်ရင် အင်တာဗျူး ဆိုတာနဲ့တော့ မလွဲမသွေ ကြုံမှာပါပဲ...🎓🎓🎓
စံ ကိုယ်တိုင် အလုပ်လျှောက်ခဲ့တုန်းကရော
ကိုယ်က ပြန်ပီး အင်တာဗျူး လုပ်ခဲ့ရတုန်းကတွေရော ကြုံခဲ့တာလေးတွေ share ပေးမယ်နော်...
company က ဘာလုပ်တာလဲ ကိုယ်က ဘယ်အပိုင်း ဝင်လုပ်မှာလဲ တော့ သေချာအောင် လုပ်သင့်တယ်...
အခြားပြင်ဆင်သင့်တာတွေ နောက်ထပ်ရေးဦးမယ်.........
အိုကေ
အခု အဝတ်အစားနဲ့ ပတ်သတ်ပီး
တနည်း personality အကြောင်းပြောကြည့်မယ်.......
မြန်မာနိုင်ငံ ဖြစ်တဲ့အတွက်
အမျိုးသားတွေ
လည်ကတုံးနဲ့ ပုဆိုး ဒါမဟုတ်လဲ
ရှပ်အင်္ကျီနဲ့ ပုဆိုးက အသင့်တော်ဆုံးပဲ
T shirt နဲ့ဆို သိပ်အဆင်မပြေဘူး နော်...👕👕
အိုကေ ဘိုဆန်ကြည့်မယ်...
ကြောင်လျှာသီး👔👔👔 မပတ်လဲအိုကေသေးတယ်လေ..
Jean နဲ့တော့ မသွားသင့်ဘူး ...
Style pant ဝတ်ပေါ့
ကတီပါ သို့မဟုတ် shoes ပေါ့
တချို့ ကြုံဖူးလို့ပါ သရီးကွာတားနဲ့လာတာ
လုံးဝမရွေးဘူး .... ပယ်ခဲ့ဖူးတဲ့ candidate ရှိတယ်....
ဆံပင် ဖီးတာ
ပန်ခ့်လို မိုးပေါ်ထိ ထောင်ထားတာမျိုးတော့ ရှောင်သင့်တယ်...
ပီးတော့ နားကွင်း ဝတ်တာ
လက်သည်း ရှည်နဲ့
တချို့ အရောင်ဆိုးထားတာ....💅💅
မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး ရိတ်ဖို့လဲမမေ့နဲ့ပေါ့လေ....👳👳👳
Hospitality အလုပ်တွေဆို ပို sensitive ဖြစ်မယ်....
အလုပ်လာလျှောက်တာလား
ညဘက်လမ်းဘေးမှာ ဂီတာထိုင်တီးတာလား
သေချာ အရင်သိထားသင့်တယ်....
===========
မိန်းကလေးတွေ
ပိုဆိုးတယ် ပိုဆိုးတယ်....
မျက်နှာ ပြင်တာ....
အရမ်းဆေးဆိုးပန်းရိုက်လွန်းရင် ကောင်းဘူးကွဲ့
အဲလိုပြောလို့ မျက်နှာပြောင်တိုက်လဲ မသွားပါနဲ့
တော်ရိရော်ရိ မိတ်ကပ်တော့ လူးတတ်ပါတယ်နော့......👧👧
ဆံပင် ရှည်နေရင် စီးထားပါ💇💇💇
ချထားရင် သပ်ရပ်ပါစေ
မေးနေတဲ့သူက ကိုယ့်မျက်နှာ ဆံပင်ကြားပျောက်နေလို့ လိုက်ရှာရတာမျိုး မဖြစ်စေနဲ့ပေါ့လေ....😜😜
အဝတ်အစားကတော့ ခဏကလိုပဲ
မြန်မာလိုလား ဘိုလိုလား
ချိုင်းပြတ်လွန်းတာ
လည်ဟိုက်လွန်းတာ
တို့လို့ တွဲလောင်းတွေနဲ့ ရှုပ်နေတာမျိုးတွေ....
နားထောင်း အကြီးကြီးတွေ
အဲ မြန်မာလိုဆိုလို့ အတွင်းပစ္စည်းတွေ အတိုင်းသားမြင်ရတဲ့ မှန်ဇာလို ရင်ဖုံးမျိုးတော့ မလုပ်နဲ့လေ....
စကပ်ဆိုလဲ ဒူးနားလောက်ထိတော့ ဖုံးပါစေလေ...
တင်ပါးလုံယုံ ဂါဝန်က အင်း......👚👚👚
တွေ့ဖူးလို့.....ပြောတာ
လှတော့လှတာပေါ့လေ....
ဇီးရိုးကွာတားနဲ့ ဝင်တာတောင် ကြုံဖူးတယ်
(ခန့်မယ်ထင်တာပဲ) 😉😉
လျှောက်တဲ့ ရာထူးနဲ့ လိုက်ဖက်ဖို့ သတိပြုသင့်တယ်.....
တချို့ တွေ့ဖူးတယ်
ဂျင်းကိုတောင် ဖြဲ ထားတာတွေ ဝတ်လာတာ...
အလုပ်လာလျောက်တာလား
အလုပ်လာလျောက်တာလား
ပြန်မေးကြည့်ချင်တယ်
အရမ်းသစ်ပီး ကော်တောင့်နေတာမျိုး
အသက်ရှူ မရလောက်အောင် အတောင့်လိုက် ဖြစ်နေတာမျိုးတော့ ဝတ်မသွားနဲ့လေ....
ပြောရရင်တော့ အများကြီး....
နောက်ဆုံး
ဖိနပ် ဖိနပ်.....👢👢
အရမ်း ချွတ်ရ စွတ်ရ ခက်တဲ့ ဖိနပ်တွေ ဝတ်မသွားနဲ့👟👟
ဟိုမှာက ဝင်ဖို့ ခေါ်နေပီး
ကိုယ်က ကုန်းချွတ်လို့ မပီးသေး...
ပြန်ထွက်လာ ကုန်းကုနိးကွကွဝတ်ရတာတွေ
အတော် စိတ်အိုက်သကိုး.....
ဘာပဲဖြစ်ဖြစ် အင်တာဗျူးဆိုတာ ကိုယ့်ကိုယ်ကို
ပထမဆုံး ရောင်းဖို့ product ကို အလုပ်ရှင် တနည်း customer ဆီချပြတာပဲမို့....
ကိုယ့်မှာ တကယ်တော်တဲ့ အရည်အချင်းတွေ
မသိရသေးခင်.....သို့
ပစ္စည်း quality မသိရသေးခင်
Packaging မလှလို့ အလှဲခံလိုက်ရတာမျိုး မဖြစ်အောင် ဆင်ခြင်သင့်ပါတယ်....
.........
အော် အင်တာဗျူး ဝင်ချိန် ဖုန်းpower off ပါ
အင်တာဗျူးတဲ့သူကို ပြုံးပြပါ
ဖြစ်နိုင်ရင် မိဘ ရည်းစားမခေါ်ဘဲ သွားပါ.
(အရမ်းဝေးလွန်းရင်တော့ တမျိုးပေါ့လေ)
First impression က တစ်ခါပဲ ရတာမို့
ကိုယ်ဝတ်တဲ့ အဝတ်အစား ကိုယ့်ပိုက်ဆံပေးဝယ်ပီး သူများ နှာခေါင်းရှုံ မခံစေချင်ဘူး.....
အားလုံးကို impression ကောင်းစေချင်တဲ့ စေတနာဖြင့်
....
09/02/2024
JLPT July 2024 Form Information ℹ️
06/02/2024
Summer Time 🌻🌻🌻
05/02/2024
အလုပ်အကိုင်နဲ့ ပတ်သတ်တာတွေ မှတ်မယ် 🌻
05/02/2024
ပင်လယ်ထဲမှာ ဘာတွေရှိလဲ 😎
03/02/2024
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon