The Banner Nature-based Homeschool

The Banner Nature-based Homeschool Nurturing Young Minds in Nature
(Immersive Nature-based Education; fostering resiliency, creativity and emotional, social development)

The Banner Nature-based Homeschool ၏ အတန်းများအားလုံးနှင့် ရုံးလုပ်ငန်းစဉ်များ အားလုံးကို ဧပြီလ 13 ရက်မှ 17 ရက်ထိ ပိတ်ထာ...
11/04/2026

The Banner Nature-based Homeschool ၏ အတန်းများအားလုံးနှင့် ရုံးလုပ်ငန်းစဉ်များ အားလုံးကို ဧပြီလ 13 ရက်မှ 17 ရက်ထိ ပိတ်ထားမည် ဖြစ်ပါသည်။

မိသားစုများအားလုံး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

The Banner


08/04/2026
07/04/2026

Classroom beyond the walls...


06/04/2026
~နှစ်တစ်နှစ်ကို ဖြတ်သန်းခြင်း~မဂ်လာပါကျွန်မ တီချယ်ဆွေပါ။သိပ်မကြာခင်ကပဲ ကျွန်မတို့ ကျောင်းလေးရဲ့ စာသင်နှစ်ပြီးမြောက်ခြင်း...
04/04/2026

~နှစ်တစ်နှစ်ကို ဖြတ်သန်းခြင်း~

မဂ်လာပါ
ကျွန်မ တီချယ်ဆွေပါ။

သိပ်မကြာခင်ကပဲ ကျွန်မတို့ ကျောင်းလေးရဲ့ စာသင်နှစ်ပြီးမြောက်ခြင်းပွဲလေး ကျင်းပခဲ့ပါတယ်။

ကလေးငယ်များအတွက်ရည်ရွယ်တဲ့ပွဲမို့ ကလေးငယ်များအားလုံး ပျော်ရွှင်ခဲ့ကြရလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ကျွန်မတို့နဲ့ အတူရှိနေတဲ့ အခိုက်အတန့်မှာ ကျွန်မတို့ ကျောင်းလေးကနေပြီး ချစ်ခြင်း မေတ္တာ အပြည့်အဝနဲ့ ကလေးတို့အရွယ်အလိုက် တတ်သင့်တတ်အပ်၊ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေရရှိအောင် သင်ကြား ပြုစုပေးခဲ့ပါတယ်။

ကလေးငယ်တွေကို ပြုစုပျိုး‌ထောင်တဲ့အခါ ယခုခေတ်ကာလ အရေးကြီးတဲ့ ၂၁ ရာစု အရည်အချင်းတွေကို သင်ကြားပေးဖို့ လူတော်လေးတွေဖြစ်အောင် လေ့ကျင့်ပေးဖို့တင် မဟုတ်ပဲ လူ့အဖွဲ့အစည်းနဲ့ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခ မပေးတဲ့ လူကောင်းလူကြီးလေးတွေဖြစ်လာဖို့၊ မိမိကိုယ်ကို သိမြင်ဖို့(Self Awareness)၊ စိတ်ကျန်းမာဖို့ (Mental Well-being) အပါအဝင် အလုံးစုံ ဖွံ့ဖြိုးမှုကိုရရှိစေဖို့လည်း ပြုစုပျိုးထောင်ရင်း ယခုနှစ်ကို ဖြတ်သန်းခဲ့ပါတယ်။

လာမည့်နှစ်တွေမှာလည်း ကလေးငယ်များကို ကျွန်မတို့ ကျောင်းရဲ့ Pedagogy အတိုင်း ဆက်လက်ပြီးပြုစုပျိုးထောင်ပေးသွားအုံးမှာပါ။
လိုအပ်တာတွေ ဆက်လက်ပြုပြင်ရင်း ပိုကောင်းမွန်အောင် တတ်စွမ်းသမျှကြိုးစားရင်း The Banner Nature-based Homeschool ဟာ ဆက်လက် လျှောက်လှမ်းနေပါအုံးမယ်။

ယခု အချိန်အထိ စိတ်အား၊ လူအား၊ ငွေအား၊ အနည်းဆုံး အားပေးစကားတစ်ခုခြင်းစီအတွက် ကျွန်မက ကျွန်မရဲ့ ကလေးလေးတွေ၊ မိဘတစ်ယောက်ချင်းစီ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ အတူလုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ဆိုပါရစေ။

နှစ်သစ်မှာ မိသားစုများအားလုံး ကျန်းမာကြပါစေ။
လိုရာပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ။
ကိုယ် စိတ် နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...။


03/02/2026

A Day at The Banner Nature-based Homeschool




~ပျော်စရာ သောကြာနေ့များ~ပြီးခဲ့တဲ့ သောကြာနေ့က ကျွန်မတို့ကလေးတွေ Nature Windows လေးတွေ ပြုလုပ်ခဲ့ကြပါတယ်။ဂန္ဓာပန်းပွင့်လေ...
02/02/2026

~ပျော်စရာ သောကြာနေ့များ~

ပြီးခဲ့တဲ့ သောကြာနေ့က ကျွန်မတို့ကလေးတွေ Nature Windows လေးတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဂန္ဓာပန်းပွင့်လေးတွေ၊ ကတ်ထူကတ်ပြား အဟောင်းနဲ့ တိပ်တွေကို သုံးပြီး ချစ်စရာ art project လေး တစ်ခုကို ဖန်တီးခဲ့ကြတာပါ။

--------
Our Grade 1 explorers created "Nature Windows" this week. By repurposing recycled cardboard and using the " sticky side" tape, a handful of flowers.





~စာဖတ်အလေ့အကျင့်ပျိုးထောင်လိုသူ မိဘများအတွက်~စာအုပ်တွေဟာ ကလေးတွေရဲ့ သူငယ်ချင်းမိတ်ဆွေ၊ အပေါင်းအသင်းဖြစ်ပါတယ်။ ဘ၀တစ်လျှော...
19/01/2026

~စာဖတ်အလေ့အကျင့်ပျိုးထောင်လိုသူ မိဘများအတွက်~

စာအုပ်တွေဟာ ကလေးတွေရဲ့ သူငယ်ချင်းမိတ်ဆွေ၊ အပေါင်းအသင်းဖြစ်ပါတယ်။ ဘ၀တစ်လျှောက် ပျော်ရွှင်အေးချမ်းမှုတွေလည်း ဖန်တီးပေးနိုင်ပါတယ်။ ကြောက်ရွံ့မှုနဲ့ အခက်အခဲတွေရင်ဆိုင်ဖြေရှင်းဖို့ အထောက်အပံ့ကောင်းတစ်ခုလည်းဖြစ်နိုင်ပါတယ်။ ကလေးဘ၀တစ်လျှောက်လုံး ပုံပြောချိန်ဟာ မိဘနဲ့ သားသမီးကြား၊ ဆရာမနဲ့ ကလေးငယ်လေးတွေကြား ချည်နှောင်ထားခဲ့တဲ့ သံယောဇဉ်ကြိုးလေး လည်းဖြစ်ပါတယ်။ မိဘကပေးနိုင်တဲ့ အမြဲနုပျိုနေမယ့် အမြဲအမှတ်ရနေစေမယ့် အကောင်းဆုံးလက်ဆောင်က စာဖတ်ရာမှာ မွေ့လျော်ခြင်းပါပဲ။ ဒီတော့ စာဖတ်ခြင်းကို စတင်ဖို့၊ စာဖတ်ပြဖို့၊ ပုံပြင်လေးတွေဖတ်ပြဖို့ ဘာတွေလိုမလဲ၊ ဘယ်လိုတွေဖတ်ရမလဲ၊ ဘယ်အချိန်ဖတ်ရမလဲဆိုတာလေးတွေဆက်ဖတ်ကြည့်ကြပါအုံးနော်။

၁။ စာဖတ်ပြဖို့ ဘာတွေလိုမလဲ။
စာအုပ်၊ မိဘနဲ့ ကလေး ပဲ အဓိကလိုတာပါ။
(သိန်းကျော်တန် ဖုန်းတွေ၊ Tablet တွေ၊ ကွန်ပျူတာတွေ၊ TV အကြီးကြီးတွေမလိုပါဘူး) အကုန်အကျမများပဲ တစ်ဘ၀စာတန်ဖိုးရှိတဲ့ လုပ်ငန်းအကြီးကြီး ဖော်ဆောင်နေတယ်လို့ ဂုဏ်ယူပါ ဖေဖေမေမေတို့။

၂။ ဘယ်လိုတွေဖတ်ရမလဲ။
စာအုပ်ထဲက စာသားလေးတွေကို အသံနေအသံထားနဲ့ ကြည်လင်အေးဆေးစွာ ဖတ်ပြဖို့ပါပဲ။
ကိုယ်တိုင်ဝါသနာပါရင် လက်တန်းပုံပြင်လေးတွေဖန်တီးပြီး ပြောပြလို့လည်း ရပါတယ်။
မိနစ်ပိုင်းပဲဖြစ်ဖြစ် (၅ မိနစ်၊ ၁၀ မိနစ် ) နေ့တိုင်းကလေးနဲ့အတူ စာဖတ်ဖို့ အချိန်ပေးပါ။
စကားလုံးတွေအတိအကျဖတ် မပြဖြစ်ရင်လည်း စိတ်မပူပါနဲ့။ ဆက်စပ်မှုရှိရင်ကိုရပါတယ်။
စာအုပ်ပြီးဖို့ကိုပဲ အာရုံမစိုက်ပါနဲ့နော်။ ကလေးက မေးခွန်းလေးတွေ မေးရင်၊ သူ့ထင်မြင်ချက်တွေကို ပြောခဲ့ရင် နားထောင်ပေးပါ။

၃။ ဘယ်အချိန်ဖတ်ရမလဲ။
စာဖတ်ဖို့ အချိန်လေးတစ်ခုသတ်သတ်မှတ်မှတ်ထားပါ။ အနားယူချိန်၊ အိပ်ချိန်မရောက်ခင်မှာ စာဖတ်ချိန်လေးထားနိုင်ပါတယ်။ အဓိကက နေ့တိုင်းဖတ်ပြဖို့ပါ။ ကလေးငယ်အတွက် Slow Time လည်းဖြစ်သွားပြီး ဒီအချိန်ရောက်ရင် စာဖတ်ပြတော့မယ်ဆိုတာသိပြီး သူတို့အတွက်ရော မိဘအတွက်ပါ အေးဆေးသက်သာစေပါတယ်။ တခြားစာဖတ်ပြဖို့ကောင်းတဲ့အချိန်လေးတွေလည်းရှိပါသေးတယ်။ ကလေးတို့ဗိုက်ပြည့်ပြီး ခြောက်သွေ့ အေးချမ်းတဲ့ နေ့လယ်နေ့ခင်းအချိန်မျိုးလေးတွေပါ။

၄။ မူကြိုအရွယ်ကလေးငယ်အတွက် မိဘတို့ လုပ်ပေးနိုင်တာတွေ
စာအုပ်နားကပ်ဖို့အခွင့်အရေးဟာ တကယ်တော့ စာဖတ်ပြချိန်တစ်ခုတည်းမှာတင်မဟုတ်ပါဘူး။ မူကြိုအရွယ်ကလေးငယ်တွေဟာ သူတို့ကိုယ်ပိုင်စာအုပ်လေးတွေလိုချင်ကြပါတယ်။ ကြမ်းပြင်ပေါ်ချထားတဲ့ ခြင်းထဲမှာဖြစ်ဖြစ်၊ စာအုပ်စင်အနိမ့်လေးပဲဖြစ်ဖြစ်၊ ကတ်ထူစက္ကူပုံးလေးထဲပဲဖြစ်ဖြစ် စာအုပ်လေးတွေထည့်ထား ပေးပါ။ စားပွဲနိမ့်လေးပေါ်မှာ တစ်ဖက်လွတ်စာရွက်လေးတွေ၊ ရောင်စုံခဲတံ၊ ခဲတံတိုတိုလေး၊ စာအိတ်အဟောင်းလေးတွေ၊ ရောင်စုံစက္ကူလေးနည်းနည်းကို ထားပေးပြီး သူရေးခြစ်ချင်ရာ ရေးခြစ်ဖို့ အခွင့်အလမ်းဖန်တီးပေးထားလို့ရပါတယ်။

၅။ ဘယ်တော့စဖတ်လို့ရပြီလဲ
ဒီနေ့ပဲစလို့ရပါပြီ။ ဖုန်းတွေပိတ်လိုက်ပါ။ ခြေထောက်လက်ထောက်ဆေး၊ ပေါ့ပါးသက်သာတဲ့ အိမ်နေရင်းဝတ်စုံလေးတွေဝတ်၊ အိပ်ယာလေး ထဲလဲလျောင်းပြီး…
………ဟိုးရှေးရှေးတုန်းကလို့ …စပြောလိုက်ပါတော့

ဝန်ခံချက် - ကလေးကို စာဖတ်ပြတဲ့အခါ (ခင်ခင်သင်း) စာအုပ်ကို ကိုးကားပြီး ဒီစာစုကိုရေးသားပါတယ်။

နောက်တစ်ခေါက်မှာတော့ အသက်အရွယ်အလိုက်ရွေးချယ်သင့်တဲ့ စာအုပ်လေးတွေကို ရေးပါ့မယ်။



~ကြံ့ခိုင်ကျန်းမာခြင်းနှင့် အမှီအခိုကင်းခြင်းမှတ်တိုင်များ~ကျွန်မတို့ The Banner School မှ ကလေးငယ်များနှင့် ကျောင်းသားကျ...
28/12/2025

~ကြံ့ခိုင်ကျန်းမာခြင်းနှင့် အမှီအခိုကင်းခြင်းမှတ်တိုင်များ~

ကျွန်မတို့ The Banner School မှ ကလေးငယ်များနှင့် ကျောင်းသားကျောင်းသူ‌လေးများဟာ ပြီးခဲ့တဲ့ရက်က တိရစ္ဆာန်ဥယျာဉ်ကို အလည်အပတ်သွားရောက်ခဲ့ကြပါတယ်။

မိဘများမပါဘဲ ဆရာ၊ ဆရာမများ၊ သူငယ်ချင်းများနှင့်အတူ သွားကြတဲ့ ဒီ တစ်ရက်ခရီးလေးမှာ ကျွန်မတို့ ကလေးငယ်များရဲ့ ကြံ့ခိုင်မှုနဲ့ အမှီအခိုကင်းမှုတို့ကို ထင်သာမြင်သာ တွေ့မြင်ခဲ့ကြရပါတယ်။

ကလေးများအားလုံး ဆရာ၊ ဆရာမများရဲ့ စနစ်တကျ စောင့်ရှောက်မှုအောက်မှာ လွတ်လပ်စွာ ပျော်ရွှင်ခဲ့ကြပါတယ်။

ကလေးတို့ရဲ့ ၂၀၂၅ ခုနှစ်အတွက် ပျော်ရွှင်စရာ ပုံရိပ်များအဖြစ် မျှဝေလိုက်ရပါတယ်။



နေ့ရက်တိုင်း ပျော်ရွှင်ပါစေ ကလေးတို့ရေ...
20/11/2025

နေ့ရက်တိုင်း ပျော်ရွှင်ပါစေ ကလေးတို့ရေ...



Address

No(44/46), Baydar Street, (50)quarter, North Dagon
Yangon

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00

Telephone

+959795728852

Website

Alerts

Be the first to know and let us send you an email when The Banner Nature-based Homeschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to The Banner Nature-based Homeschool:

Shortcuts

Share

Category