24/04/2026
သင့်ရဲ့ နိုင်ငံတကာပညာရေးအိပ်မက်တွေကို MNC နဲ့အတူ လက်တွေ့အကောင်အထည်ဖော်လိုက်ပါ 🎓🌍
MNC စတင်တည်ထောင်ခဲ့တဲ့ ၂၀၁၁ ခုနှစ်မှစပြီး ယနေ့အချိန်ထိ UK နဲ့ တခြားနိုင်ငံတကာတက္ကသိုလ်ကြီးတွေမှာ ဂုဏ်ယူစွာ ဘွဲ့ရရှိခဲ့၊ သင်ကြားနေကြတဲ့ ကျွန်တော်တို့ Myanmar Noble College (MNC) ရဲ့ Noblers တွေ များစွာမွေးထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။
MNC မှာ Civil, Mechanical, Electrical and Electronic Engineering ဘာသာရပ်များနဲ့ Business Management ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။
✅ အခိုင်မာဆုံး Education Pathway တစ်ခုဖြစ်တဲ့ UK Pearson BTEC HND (Higher National Diploma) နိုင်ငံတကာအသိအမှတ်ပြု Diploma လက်မှတ်ရရှိမှာဖြစ်တဲ့အတွက် အလုပ်အကိုင်အခွင့်အလန်းကောင်းများနှင့် international further studies အတွက် ခိုင်မာမှုရှိပါတယ်။
Top-up အနေဖြင့် နိုင်ငံတကာတက္ကသိုလ်ကြီးများမှာ Business Management အတွက် နောက်ဆုံးနှစ် ၁နှစ်၊ Engineering အတွက် ၂နှစ် သာတက်ရောက်ပြီး ထိုတက္ကသိုလ်ကြီးများမှ Bachelor ဘွဲ့ကိုရရှိစေမှာဖြစ်ပါတယ်။
--------------------
ဘာကြောင့် HND ကို MNC မှာ တက်သင့်တာလဲ?
✅ အချိန်နဲ့ ငွေကြေးကို အထိရောက်ဆုံး သက်သာစေတယ်
ပြည်ပကို တိုက်ရိုက်သွားတက်မယ့်အစား MNC မှာ BTEC HND (2 Years) အရင်တက်ထားခြင်းဖြင့် သိန်းရာနဲ့ချီတဲ့ ကုန်ကျစရိတ်တွေကို ချွေတာနိုင်ပြီး နိုင်ငံတကာတက္ကသိုလ် Final Year သို့ တိုက်ရိုက်ကူးပြောင်းနိုင်ပါတယ်။
✅ အတွေ့အကြုံရင့် ဆရာ၊ ဆရာမများနဲ့ လက်တွေ့သင်ကြားမှု
သက်ဆိုင်ရာဘာသာရပ် Academic ပိုင်းတွေမှာ နာမည်ကောင်းများရရှိထားကြတဲ့ ဝါရင့်ကျွမ်းကျင် ဆရာ၊ ဆရာမကြီးများက Assignment-based သင်ကြားမှုတွေ၊ Site Visit တွေနဲ့ Laboratory လက်တွေ့စမ်းသပ်မှုတွေနဲ့ စည်းစနစ်တစ်ကျ သေချာတတ်မြောက်အောင်သင်ကြားပေးနေကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်တန်းပြီးဆုံးပါက ဘာသာရပ်အလိုက်ထူးချွန်စွာတတ်မြောက်တဲ့ high proficiency ကို ရရှိစေမှာဖြစ်ပါတယ်။
✅ Internship Opportunities
HND ပြီးဆုံးပါကလည်း MNC နဲ့ ချိတ်ဆက်ထားတဲ့ လုပ်ငန်းကြီးများမှာ working experience အတွက် Internship ဆင်းနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။
✅ Visa & University Processing အတွက် စိတ်မပူနဲ့
International Top-up ဘွဲ့အတွက် ပြည်ပထွက်ဖို့ Visa Process တွေကအစ Free Consulting အထိ MNC မှ International Affairs Department မှ တာဝန်ယူ ကူညီပေးသွားမှာပါ။
--------------------
တက်ရောက်နိုင်ကြသူများ
• ၁၀တန်း(စနစ်ဟောင်း)၊ ၁၂တန်း(စနစ်သစ်), IGCSE, GED အောင်မြင်ပြီးသူများ
• Foundation လိုအပ်သူများအတွက် အခြေခံမှစပြီးသင်ယူနိုင်အောင် IFP (၆လ) နှင့် UTP (၃လ) သင်တန်းများလည်းစီစဥ်ပေးထားပါတယ်။
သင့်ကလေးရဲ့ အောင်မြင်တဲ့ အနာဂတ်ပညာရေးအတွက် သက်တမ်း (၁၅) နှစ်ကျော် အတွေ့အကြုံရှိတဲ့ MNC ကို အခုပဲ ယုံကြည်စွာ ရွေးချယ်လိုက်ပါ။
Join Noble, Go Global! 🎓✨
🔥 April Intake အမီ ယခုပဲ စာရင်းသွင်းအပ်နှံလိုက်ပါ။
--------------------
📞 အသေးစိတ် စုံစမ်းရန်:
09-448 066 660
09-260 300 740
✅ Facebook Messenger မှလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
📍 ကျောင်းသို့ ကိုယ်တိုင်လာရောက်လေ့လာလိုပါက -
MNC ကန်တော်ကြီး Campus: တိုက်အမှတ် (Y-10)၊ အထက်ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးရိပ်မွန်အိမ်ရာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
MNC Kandawgyi Campus: Building Y-10, Upper Pansodan Road, Kandawgyi Yeik Mon Complex / Kandawgyi Housing (North), Mingalar Taung Nyunt Township, Yangon.
24/04/2026
🎓 ကမ္ဘာ့နိုင်ငံတကာတက္ကသိုလ်ကြီးတွေဆီ အရောက်လှမ်းနိုင်ခဲ့ကြတဲ့ MNC ရဲ့ ဂုဏ်ယူစရာ Noblers များ (Part-1)
၂၀၁၁ ခုနှစ်မှ စတင်ကာ ယနေ့တိုင် UK, Australia နဲ့ ကမ္ဘာ့နိုင်ငံတကာတက္ကသိုလ်ကြီးတွေမှာ ကိုယ်စီအိပ်မက်တွေကို အကောင်အထည်ဖော်ပြီး ဘွဲ့ရရှိခဲ့ကြတဲ့ (သို့) တက်ရောက်သင်ကြားနေကြတဲ့ MNC ရဲ့ Noblers တစ်ယောက်ချင်းစီဟာ ကျွန်တော်တို့အတွက်တော့ အမြဲတမ်းဂုဏ်ယူစရာတွေပါ။ ဒီထက်မကတဲ့အောင်မြင်မှုများစွာကို ဆက်လက်ပိုင်ဆိုင်နိုင်ကြပါစေ။ 🍀
Huge Congratulations to our proud Noblers! 🎊🎉"
------------------
ကျွန်တော်တို့ Myanmar Noble College (MNC) ရဲ့ UK Pearson BTEC HND Program ဟာ သင့်ရဲ့ အချိန်နဲ့ ကုန်ကျစရိတ်တွေကို အများကြီးသက်သာစေပြီး နိုင်ငံတကာတက္ကသိုလ်ကြီးတွေဆီသို့ တိုက်ရိုက်ကူးပြောင်းတက်ရောက်ပြီး ဘွဲ့ယူနိုင်မယ့် အခိုင်မာဆုံးခြေလှမ်းတစ်ခုဖြစ်ပါတယ်။
MNC မှာ Engineering (Civil, Mechanical, Electrical & Electronic) နဲ့ Business Management ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။
ဂုဏ်ယူရတဲ့ ကျွန်တော်တို့ MNC ကျောင်းသား၊ ကျောင်းသူ Noblers တို့လိုပဲ နိုင်ငံတကာအဆင့်မီ ပညာရေးကို သင်ယူနိုင်ဖို့ ယခုဖွင့်လှစ်ထားတဲ့ HND April Intake မှာ အမြန်ဆုံးလာရောက်စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
✨ Join Noble, Go Global!
22/04/2026
📢 ကျောင်းပိတ်ရက် အသိပေး ကြေညာခြင်း
𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗡𝗼𝗯𝗹𝗲 𝗖𝗼𝗹𝗹𝗲𝗴𝗲 (𝗠𝗡𝗖) ရှိ ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများခင်ဗျာ
လာမည့် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက် (ကြာသပတေးနေ့) တွင် ကျရောက်မည့် ကဆုန်လပြည့်နေ့ နှင့် မေလ (၁) ရက် (သောကြာနေ့) တွင် ကျရောက်မည့်
အလုပ်သမားနေ့ အားလပ်ရက်များဖြစ်
သောကြောင့် 𝗠𝗡𝗖 ရဲ့ 𝗖𝗮𝗺𝗽𝘂𝘀 များရှိ ရုံးခန်းများနှင့် စာသင်ခန်းများအားလုံးကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်။
📌 ကျောင်းပိတ်ရက်အတွင်း သိရှိလိုသည်များရှိပါက ကျောင်း၏ 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 မှတစ်ဆင့် ဆက်သွယ်မေးမြန်းထားနိုင်ပါသည်။
✅အောက်ပါဖုန်းနံပါတ်များမှလည်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။
☎️ 09-260 300 740 , 09-448 066 66
13/04/2026
မဟာသင်္ကြန်ပွဲတော်ကြီးမှသည် မြန်မာနှစ်သစ်ကူးသို့ ကူးပြောင်းမည့် အခါသမယတွင် ကျွန်တော်တို့ Myanmar Noble College (MNC) မိသားစုမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့်တကွ မိဘပြည်သူအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်းနှင့် နှစ်ဟောင်းမှအညစ်အကြေးများကို ဆေးကြောသန့်စင်ပြီး နှစ်သစ်တွင် ပျော်ရွှင်ချမ်းမြေ့စွာဖြတ်သန်းနိုင်ကြပါစေကြောင်း လှိုက်လှဲစွာဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🍀
နှစ်သစ်မှာ အနာဂတ်ရည်မှန်းချက် ပန်းတိုင်သစ်တွေကို အောင်မြင်စွာလှမ်းကိုင်နိုင်ပြီး ပညာဗဟုသုတများဖြင့်ပြည့်စုံသော ဘဝခရီးလမ်းကိုပိုင်ဆိုင်ပြီး အောင်မြင်မှုမှတ်တိုင်သစ်များကို စိုက်ထူနိုင်ကြပါစေ။ 🎓📚
07/04/2026
ချစ်ခင်လေးစားရပါသော မိဘပြည်သူများနဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံးပဲ လာမယ့် မြန်မာနှစ်သစ်ကူးသင်္ကြန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်ကာလလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Myanmar Noble College (MNC) မိသားစုမှ လှိုက်လှဲစွာ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ 🙏✨
---------------------
သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း 𝗠𝗡𝗖 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿𝗶𝗻𝗴 & 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 သင်တန်းများအကြောင်း အသေးစိတ်သိရှိလိုပါက ကျွန်တော်တို့ရဲ့ page Messenger မှတစ်ဆင့် အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
𝟬𝟵-𝟮𝟲𝟬 𝟯𝟬𝟬 𝟳𝟰𝟬
𝟬𝟵-𝟰𝟰𝟴 𝟬𝟲𝟲 𝟲𝟲𝟬 များသို့လည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
အားလုံးပဲ ဘေးကင်းလုံခြုံပြီး အေးချမ်းပျော်ရွှင်စရာကောင်းတဲ့ သင်္ကြန်ပွဲတော်ကြီးကို ဆင်နွှဲနိုင်ကြပါစေ 🙏🍀💦
06/04/2026
🇸🇬 စင်ကာပူနိုင်ငံတွင် ပညာသင်ကြားလိုသူများအတွက် 40% Scholarship အခွင့်အရေးကြီးလာပါပြီ 🎓✨
Singapore နိုင်ငံရဲ့ ထိပ်တန်းပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ PSB Academy တွင် သွားရောက်ပညာသင်ကြားလိုတဲ့ မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် အထူးရည်ရွယ်ပြီး "International Student Diploma Merit Scholarship" အစီအစဉ်ကို Myanmar Noble College (MNC) မှ ဂုဏ်ယူစွာ မိတ်ဆက်ပေးလိုက်ပါတယ်။
အခု Scholarship အစီအစဉ်အရ PSB Academy ၏ Full-time Diploma Program များကို သွားရောက်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းလခ၏ 40% (40% Tuition Fee Waiver) ကို ပညာသင်ဆုအဖြစ်ခံစားခွင့်ရှိမှာဖြစ်ပါတယ်။
📚 ရွေးချယ်တက်ရောက်နိုင်မည့် အထူးပြုဘာသာရပ်များ (Programmes Available)
1. Business
2. IT & Cyber Security
3. Engineering
3. Media & Communications
4. Sports Science နှင့် အခြားသော ဘာသာရပ်များစွာ...
📌Scholarship လျှောက်ထားနိုင်မည့် သတ်မှတ်ချက်များ (Eligibility)
✅ တက္ကသိုလ်ဝင်တန်း (Matriculation) ပျမ်းမျှရမှတ် ၆၅% (သို့မဟုတ်)
✅ GED Total Score ၆၄၀ နှင့်အထက် ရရှိထားသူများ လျှောက်ထားနိုင်ပါသည်။
📅 Intake: 2026 ခုနှစ်၊ ဇူလိုင်လ (July 2026) မှ စတင်တက်ရောက်နိုင်ပါသည်။
စင်ကာပူနိုင်ငံရဲ့ ကမ္ဘာ့အဆင့်မီပညာရေးစနစ်မှာ သင်ယူရင်း သင့်ရဲ့ အနာဂတ် Professional Career ကို ယုံကြည်မှုအပြည့်နဲ့စတင်တည်ဆောက်ဖို့ ဒီအခွင့်အရေးကြီးကို လက်လွတ်မခံဘဲ အခုပဲအမိအရဆုပ်ကိုင်လိုက်ပါ။
Scholarship လျှောက်ထားခြင်းနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို သိရှိလိုပါက Myanmar Noble College သို့ ယခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။ 🤝
Contact Us: 09 448 066 660, 09 754 534 467
MNC ကန်တော်ကြီး Campus: တိုက်အမှတ် (Y-10)၊ အထက်ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးရိပ်မွန်အိမ်ရာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
MNC Kandawgyi Campus: Building Y-10, Upper Pansodan Road, Kandawgyi Yeik Mon Complex / Kandawgyi Housing (North), Mingalar Taung Nyunt Township, Yangon.
03/04/2026
Modeling the Future: Theory မှ Practice သို့ တက်လှမ်းနေကြတဲ့ MNC ၏ UTP (University Transition Program) ကျောင်းသား၊ ကျောင်းသူများ✨
ခေတ်သစ်ပညာရေးမှာ Theory တွေ သိရုံနဲ့ မလုံလောက်တော့ပါဘူး။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ဆိုရင် လက်တွေ့အသုံးချနိုင်စွမ်း၊ နည်းပညာကျွမ်းကျင်မှုနဲ့ ဆန်းသစ်တီထွင် တွေးခေါ်နိုင်စွမ်းတွေ မဖြစ်မနေ လိုအပ်လာပါပြီ။
ဒါဟာ ကျွန်တော်တို့ Myanmar Noble College (MNC) မှာ တက္ကသိုလ်ပညာရေးအတွက် အုတ်မြစ်ချပေးနေတဲ့ UTP (University Transition Program) ကတည်းကစလို့ အဓိကထား လေ့ကျင့်သင်ကြားပေးနေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။
အခုမြင်တွေ့နေရတဲ့ ပုံရိပ်လေးတွေကတော့ UTP အတန်းက ကျောင်းသား၊ ကျောင်းသူတွေ ကိုယ်တိုင် လက်တွေ့ဖန်တီးပုံဖော်ထားတဲ့ Project တွေနဲ့ ယုံကြည်မှုအပြည့်နဲ့ ရှင်းလင်းတင်ပြနေတဲ့ Presentation activity အချို့ဖြစ်ပါတယ်။ ဒီ Project တွေမှာ ဆရာ၊ ဆရာမများက ကလေးတွေကို ပုံသေခေါင်းစဉ်တစ်ခုတည်း ပေးထားတာမျိုးမဟုတ်ဘဲ မိမိတို့ရဲ့ ကိုယ်ပိုင် Idea တွေအတိုင်း လွတ်လွတ်လပ်လပ်ပုံဖော်တည်ဆောက်ခိုင်းထားတာပါ။
✅ Engineering ကျောင်းသားများ၏ လက်တွေ့ဖန်တီးမှုများ
စာတွေ့သီးသန့်မဟုတ်ဘဲ "Basic Elevator Project"၊ "Earthquake Alarm System" နဲ့ "Mechanical Project" လိုမျိုး လက်တွေ့ Hardware တွေ၊ Sensor တွေ၊ Circuit တွေကို ကိုယ်တိုင်တပ်ဆင် ဖန်တီးခဲ့ကြသလို၊ Civil Engineering ဘက်ကလည်း SketchUp Software သုံးပြီး Sustainable Design (ရေရှည်တည်တံ့ခိုင်မြဲမည့် ဒီဇိုင်း) တွေကို လက်တွေ့ပုံဖော်ခဲ့ကြပါတယ်။
✅ Business Management ကျောင်းသားများ၏ စွမ်းရည်
"Marketing", "Emotional Intelligence (EI)", "Conflict Management", "Planning in Management" စတဲ့ ခေါင်းစဉ်တွေအပြင် "Google" လို ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတွေရဲ့ Management အကြောင်းတွေကိုပါ သေချာ Research လုပ်ပြီး လူအများရှေ့မှာ ယုံကြည်မှုရှိရှိ Presentation တွေ အသီးသီးပေးခဲ့ကြပါတယ်။
✅ ဒီလို Project တွေကနေတစ်ဆင့် အနာဂတ်မှာ ဘယ်နယ်ပယ်ရောက်ရောက်အသုံးဝင်စေနိုင်မယ့် ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-solving)၊ Teamwork နဲ့ Project Management Skill တွေကိုပါ တက္ကသိုလ်အကြိုအရွယ် Foundation အတန်းမှာကတည်းက လက်တွေ့သင်ယူနိုင်သွားခဲ့ကြမှာဖြစ်ပါတယ်။
🎓 UTP မှသည် အနာဂတ် Professional ဘဝဆီသို့...
ဒီလို ခိုင်မာတဲ့ UTP (Foundation) အတန်းကို အောင်မြင်စွာ ပြီးဆုံးသွားတဲ့ ကျောင်းသား၊ ကျောင်းသူတိုင်းဟာ MNC ရဲ့ နိုင်ငံတကာအဆင့်မီ Pearson BTEC HND (UK) ပရိုဂရမ်ကို အခိုင်မာဆုံးသော လမ်းကြောင်းအဖြစ် ဆက်လက်တက်ရောက်ကြရမှာ ဖြစ်ပါတယ်။
ထိုသို့ တက်ရောက်တဲ့အခါ မိမိတို့ရဲ့ ဝါသနာနဲ့ အနာဂတ်ရည်မှန်းချက်အပေါ် မူတည်ပြီး အောက်ပါ အထူးပြုဘာသာရပ် (၄) ခုထဲမှ နှစ်သက်ရာတစ်ခုကို ရွေးချယ်သင်ယူနိုင်ကြပါတယ် -
🏗️ Civil Engineering
⚙️ Mechanical Engineering
⚡ Electrical & Electronic Engineering (EEE)
💼 Business Management
တက္ကသိုလ်အကြို (UTP) အရွယ်ကတည်းက လက်တွေ့ Apply လုပ်နိုင်စွမ်းတွေ၊ ကမ္ဘာ့အဆင့်မီ အတွေးအခေါ်တွေကိုပြင်ဆင်နေကြတဲ့ MNC ကျောင်းသား၊ ကျောင်းသူအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာ။ 👏
အနာဂတ်မှာ ထူးချွန်ပြီး Professional ပီသတဲ့ ခေါင်းဆောင်တွေ၊ အင်ဂျင်နီယာတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်လာဖို့ MNC ရဲ့ ခိုင်မာတဲ့ ပညာရေးလမ်းကြောင်းကနေ ယုံကြည်စွာစတင်လိုက်ပါစို့။
03/04/2026
🇬🇧 UK Education Success Story: MNC မှသည် UK တက္ကသိုလ်ကြီးများဆီသို့ ခိုင်မာသောခြေလှမ်းများ 🎉
မြန်မာနိုင်ငံရဲ့ ထိပ်တန်း International Private College တစ်ခုဖြစ်တဲ့ Myanmar Noble College (MNC) မှ နောက်ထပ် ဂုဏ်ယူဖွယ်ရာအောင်မြင်မှုတစ်ခုကို မျှဝေပေးချင်ပါတယ်။
ကျွန်တော်တို့ MNC မှာ HND Level 3 မှစတင်ကာ Level 5 (Business Management - Batch 32) အထိ အဆင့်ဆင့် ကြိုးစားသင်ယူပြီး အောင်မြင်စွာပြီးမြောက်ခဲ့တဲ့ ကျောင်းသူ Ms. Thin Thazin Soe ဟာ အခုဆိုရင် အင်္ဂလန်နိုင်ငံရှိ နာမည်ကြီး University of the West of England (UWE Bristol) သို့ ဆက်လက်တက်ရောက်ရန်အတွက် UK Student Visa ကို အောင်မြင်စွာရရှိသွားပြီပဲဖြစ်ပါတယ်။ ✈️🇬🇧
-----------------------
✅ လက်ရှိအချိန်မှာ UK Visa လျှောက်ထားမှုစည်းမျဉ်းများ ပိုမိုတိကျသေချာလာသည်နှင့်အမျှ၊ MNC အနေဖြင့် မိမိတို့ကျောင်းသား၊ ကျောင်းသူများ မိမိတို့ရဲ့နိုင်ငံတကာပညာရေးအတွက် လမ်းပျောက်နေစရာမလိုဘဲ တက္ကသိုလ်ဝင်ခွင့်နှင့် ဗီဇာအခက်အခဲအဆင်ပြေစေရန် စနစ်တကျ အနီးကပ်ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။
📌 University & Major Selection - ကျောင်းသားများ၏ အရည်အချင်းနှင့် ကိုက်ညီမည့် တက္ကသိုလ်နှင့် ဘာသာရပ်များကို ရွေးချယ်ပေးခြင်း
📌 Application Process - UWE Bristol ကဲ့သို့ Partner University များသို့ တိုက်ရိုက် လျှောက်ထားပေးခြင်း
📌 Visa Documentation Prep - ဗီဇာအတွက် အရေးကြီးသော Personal Statements (SOP) နှင့် စာရွက်စာတမ်း အထောက်အထားများကို တိကျမှန်ကန်အောင် ကူညီပြင်ဆင်ပေးခြင်း
📌 End-to-end Support - ကျောင်းလျှောက်ထားချိန်မှစ၍ ဗီဇာရရှိပြီး UK သို့ သွားရောက်သည်အထိ အစစအရာရာလမ်းညွှန်ပေးခြင်း
-----------------------
✅ Pathway To UK Success
MNC Journey: Started from HND Level 3 up to Level 5 (Business Management)
University Destination: UWE Bristol (UK)
Degree: BA (Hons) Business & Management (Top-up)
မသင်းသဇင်စိုးတစ်ယောက် ရှေ့ဆက်ရမယ့် UK ပညာရေးခရီးလမ်းမှာလည်း ထူးချွန်ထက်မြက်စွာနဲ့ မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အောင်မြင်စွာလှမ်းကိုင်နိုင်ပါစေကြောင်း MNC မိသားစုမှ လှိုက်လှဲစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏🍀
သင့်ရဲ့ နိုင်ငံတကာပညာရေးကို MNC မှာ ခိုင်မာစွာ စတင်လိုက်ပါ။ 🎓
31/03/2026
💦 MNC မိသားစုရဲ့ ပျော်ရွှင်စရာ သင်္ကြန်အကြို နှုတ်ဆက်ပွဲလေးနဲ့ မွေးနေ့အမှတ်တရ 💦✨
MNC မှာ ကျောင်းသား၊ ကျောင်းသူတွေကို အကောင်းဆုံး သင်ကြားပေးနိုင်ဖို့ဆိုတာ ကျွန်တော်တို့အဖွဲ့အစည်းတွင်းက ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေအားလုံးရဲ့ ချစ်ခင်ရင်းနှီးမှုနဲ့ နွေးထွေးတဲ့လုပ်ငန်းခွင် (Company Culture) ကနေ စတင်တယ်လို့ အမြဲယုံကြည်ထားပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က MNC ရုံးတွင်းမှာ နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ဝန်ထမ်းတွေအားလုံး စုပေါင်းပြီး သင်္ကြန်အကြိုနှုတ်ဆက်ပွဲလေးကိုကျင်းပခဲ့ကြပါတယ်။ ဒီပွဲလေးမှာ အထူးအစီအစဉ်အနေနဲ့ မတ်လမှာ မွေးနေ့ကျရောက်တဲ့ (March Born) ဝန်ထမ်းတွေရဲ့ မွေးနေ့အထိမ်းအမှတ်တွေကိုပါ တစ်ခါတည်း ပေါင်းစပ်ပြီး ကိတ်မုန့်ခွဲကာ ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲခဲ့ကြတာပါ။🎉
အခမ်းအနားကြီးမဟုတ်ပေမယ့်၊ ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေအားလုံး ပေါ့ပေါ့ပါးပါးနဲ့ စုပေါင်း သီချင်းဆိုကြ၊ ကကြနဲ့ တကယ့်ကို မိသားစုဆန်ဆန် ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတစ်ခုကို အတူတူ ဖြတ်သန်းခဲ့ကြပါတယ်။ သင်္ကြန်ရဲ့ အငွေ့အသက်ဖြစ်တဲ့ မုန့်လုံးရေပေါ်၊ ရွှေရင်အေး နဲ့ ကြာဆံချက်စတဲ့ ရိုးရာအစားအစာတွေကိုလည်း သုံးဆောင်ခဲ့ကြပါတယ်။
အားလုံးပဲ လာမယ့် သင်္ကြန်ပိတ်ရက်ရှည်မှာ စိတ်ရောကိုယ်ပါ အေးချမ်းပျော်ရွှင်စွာ အနားယူနိုင်ကြပါစေလို့ MNC မိသားစုက ဆုတောင်းပေးလိုက်ပါတယ်။
27/03/2026
🎓 ကမ္ဘာ့အဆင့်မီ 𝗦𝗲𝗺𝗶𝗰𝗼𝗻𝗱𝘂𝗰𝘁𝗼𝗿 အင်ဂျင်နီယာတစ်ယောက်ဖြစ်လာဖို့ အသေချာဆုံးလမ်းကြောင်းကို 𝗔𝗽𝗿𝗶𝗹 လမှာတင် စတင်လိုက်ပါ! ✨
နည်းပညာခေတ်ကြီးမှာ အရေးအပါဆုံးနဲ့ လစာမြင့်အလုပ်အကိုင်အခွင့်အလမ်းသေချာတဲ့ 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰𝗮𝗹 & 𝗘𝗹𝗲𝗰𝘁𝗿𝗼𝗻𝗶𝗰𝘀 (𝗦𝗲𝗺𝗶𝗰𝗼𝗻𝗱𝘂𝗰𝘁𝗼𝗿) အင်ဂျင်နီယာတစ်ယောက်ဖြစ်လာဖို့ ရည်မှန်းထားပါသလား?
ဒါဆိုရင်တော့ ထိုင်ဝမ်နိုင်ငံရဲ့ထိပ်တန်းနည်းပညာတက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ 𝗧𝗮𝘁𝘂𝗻𝗴 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 (𝗧𝗧𝗨) သို့ တိုက်ရိုက်ကူးပြောင်းပညာသင်ကြားနိုင်မယ့် ကျွန်တော်တို့ 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗡𝗼𝗯𝗹𝗲 𝗖𝗼𝗹𝗹𝗲𝗴𝗲 (𝗠𝗡𝗖) ရဲ့ "𝗧𝗧𝗨 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗣𝗿𝗼𝗴𝗿𝗮𝗺" ဧပြီလသင်တန်းကို အခုပဲစာရင်းသွင်းအပ်နှံဖို့ တိုက်တွန်းပါရစေခင်ဗျာ။
📌 𝗧𝗧𝗨 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗣𝗿𝗼𝗴𝗿𝗮𝗺 ဆိုတာ ဘာလဲ?
ဒီ Program ဟာ အထက်တန်းပညာရေးကနေ ထိုင်ဝမ်နိုင်ငံ 𝗧𝗧𝗨 ရဲ့ 𝗘𝗹𝗲𝗰𝘁𝗿𝗼𝗻𝗶𝗰𝘀 အင်ဂျင်နီယာဘွဲ့သင်တန်းကို တက်ရောက်နိုင်ဖို့ အကောင်းဆုံး အခြေခံအုတ်မြစ်ချပေးမယ့် ကြားခံ Foundation သင်တန်းတစ်ခု ဖြစ်ပါတယ်။
စာသင်ချိန် (၄) လ (၁၆ ပတ်) နှင့် Total Duration (၆) လ ကြာမြင့်မယ့် ဒီ Foundation သင်တန်းကို တက်ရောက်ပြီးတာနဲ့... 𝗠𝗡𝗖 - 𝗧𝗧𝗨 (𝟭+𝟯) 𝗣𝗿𝗼𝗴𝗿𝗮𝗺 ရဲ့ ပထမနှစ် (1st Year) ကို ယုံကြည်မှုရှိရှိ ဆက်လက်ကူးပြောင်း တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။
📌 𝗠𝗡𝗖-𝗧𝗧𝗨 𝗣𝗮𝘁𝗵𝘄𝗮𝘆 ရဲ့ ခိုင်မာတဲ့ ပညာရေးလမ်းကြောင်းက ဘယ်လိုသွားမလဲ?
𝗦𝘁𝗲𝗽 𝟭: 𝘽𝙧𝙞𝙙𝙜𝙞𝙣𝙜 𝘾𝙤𝙪𝙧𝙨𝙚 (၆ လ)
အင်ဂျင်နီယာဘာသာရပ်များအတွက်လိုအပ်တဲ့ သိပ္ပံတွဲဘာသာရပ်များကို bridging course တွင် စတင်သင်ကြားရပါမယ်။ (သင်္ကြန်ပိတ်ရက်အပြီး ဧပြီလတွင် စတင်ပါမည်။)
𝗦𝘁𝗲𝗽 𝟮: 𝗠𝗡𝗖 (၁ နှစ်) + 𝗧𝗧𝗨 (၃ နှစ်) 𝗣𝗿𝗼𝗴𝗿𝗮𝗺
TTU EEE Program ၏ Foundation သင်တန်း ၁နှစ်ကို 𝗠𝗡𝗖 တွင် ပို့ချပြီး ကျန်စာသင်နှစ် ၃နှစ်ကို ထိုင်ဝမ်နိုင်ငံရှိ 𝗧𝗮𝘁𝘂𝗻𝗴 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 (𝗧𝗧𝗨) သို့ ဝင်ခွင့်လျှောက်ထား၍ တိုက်ရိုက်ကူးပြောင်းတက်ရောက်ကာ TTU မှ Electrical & Electronic Engineering ဘွဲ့ကို ရယူနိုင်မှာဖြစ်ပါတယ်။
ထိုပထမစာသင်နှစ်အတွင်း အင်ဂျင်နီယာဘာသာရပ်တွေအပြင် ထိုင်ဝမ်နိုင်ငံမှာလိုအပ်မယ့် တရုတ်ဘာသာစကား (Mandarin) ကိုပါ အခြေခံမှစ၍ လေ့ကျင့်သင်ကြားပေးသွားမှာပါ။
ပထမနှစ်ပြီးဆုံးတာနဲ့
📌 ဒီ Pathway မှ ဘယ်လို အခွင့်အရေးတွေရနိုင်မလဲ?
💡 𝗧𝗵𝗲 𝗦𝗲𝗺𝗶𝗰𝗼𝗻𝗱𝘂𝗰𝘁𝗼𝗿 𝗛𝘂𝗯 - ကမ္ဘာ့ Semiconductor နဲ့ Electronics နယ်ပယ်မှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ထိုင်ဝမ်နိုင်ငံမှာ သွားရောက်ပညာသင်ကြားရင်း ခေတ်မီနည်းပညာ အတွေ့အကြုံကောင်းများစွာ ရရှိစေမှာပါ။
💡 𝗛𝗶𝗴𝗵 𝗝𝗼𝗯 𝗢𝗽𝗽𝗼𝗿𝘁𝘂𝗻𝗶𝘁𝗶𝗲𝘀 - 𝗧𝗧𝗨 မှ ကျောင်းပြီးတာနဲ့ တစ်ပြိုင်နက် Semiconductor Field နှင့် အခြားသော စက်မှုလုပ်ငန်းခွင်ကြီးတွေမှာ လစာမြင့်မားတဲ့ အလုပ်အကိုင်အခွင့်အလမ်းများ (Job Opportunities) ကို အလွယ်တကူ ရရှိနိုင်မှာဖြစ်ပါတယ်။
💡 𝗣𝗿𝗮𝗰𝘁𝗶𝗰𝗮𝗹 𝗘𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲 - ကျောင်းတက်နေစဉ်အတွင်းမှာလည်း နည်းပညာကုမ္ပဏီကြီးတွေမှာ Internship ဆင်းခွင့်နဲ့ Part-time အလုပ်လုပ်ကိုင်ခွင့် အခွင့်အရေးတွေ အများကြီးရှိပါတယ်။
✅ ကမ္ဘာ့အဆင့်မီ အင်ဂျင်နီယာဘွဲ့တစ်ခုနဲ့အတူ သေချာရေရာတဲ့ အနာဂတ်လုပ်ငန်းခွင်ကို အခုကတည်းက ကြိုတင်တည်ဆောက်ချင်တယ်ဆိုရင်တော့ 𝗠𝗡𝗖 ရဲ့ ဒီ 𝗧𝗧𝗨 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗣𝗿𝗼𝗴𝗿𝗮𝗺 က အကောင်းဆုံးရွေးချယ်မှုဖြစ်မှာ အသေချာပါပဲခင်ဗျာ။ 💯
📅 သင်တန်းစတင်မည့်ရက်: 𝗔𝗽𝗿𝗶𝗹 လ (သင်္ကြန်ပိတ်ရက်များအပြီးတွင် စတင်ဖွင့်လှစ်ပါမည်။)
♥️ သင်တန်းအကြောင်း အသေးစိတ် သိရှိလိုပါက -
📞 𝟬𝟵-𝟮𝟲𝟬 𝟯𝟬𝟬 𝟳𝟰𝟬 📞 𝟬𝟵-𝟰𝟰𝟴 𝟬𝟲𝟲 𝟲𝟲𝟬 / 𝟬𝟵-𝟳𝟱𝟰 𝟱𝟯𝟰 𝟰𝟲𝟳 များသို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
✅ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 မှလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
📌 ကျောင်းသို့ ကိုယ်တိုင်လာရောက် လေ့လာစုံစမ်းလိုပါက -
MNC ကန်တော်ကြီး Campus: တိုက်အမှတ် (Y-10)၊ အထက်ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးရိပ်မွန်အိမ်ရာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
MNC Kandawgyi Campus: Building Y-10, Upper Pansodan Road, Kandawgyi Yeik Mon Complex / Kandawgyi Housing (North), Mingalar Taung Nyunt Township, Yangon.
25/03/2026
📢 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗡𝗼𝗯𝗹𝗲 𝗖𝗼𝗹𝗹𝗲𝗴𝗲 (𝗠𝗡𝗖) ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း (Armed Forces Day Holiday Notice)
𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗡𝗼𝗯𝗹𝗲 𝗖𝗼𝗹𝗹𝗲𝗴𝗲 (𝗠𝗡𝗖) မှ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများခင်ဗျာ...
လာမည့် ၂၀၂၆ ခုနှစ်၊ မတ်လ (၂၇) ရက် (သောကြာနေ့) သည် (၈၁) ကြိမ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အစိုးရရုံးပိတ်ရက်ဖြစ်ပါသဖြင့် ကျွန်တော်တို့ 𝗠𝗡𝗖 ရဲ့ စာသင်ခန်းများနှင့် ရုံးခန်းများ ပိတ်ထားမည်ဖြစ်ကြောင်းအသိပေးကြေညာအပ်ပါတယ်။
ကျောင်းပိတ်ရက်အတွင်း မိသားစုနှင့်အတူ ပျော်ရွှင်အေးချမ်းသော အချိန်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း 𝗠𝗡𝗖 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏🏻✨