Saya Soe

Saya Soe The Art of Spoken English
&
Career Development Training

(Skills Oriented Classes)

Painting time for Kids ( English for One and All)
24/07/2022

Painting time for Kids

( English for One and All)



Problem 😝
14/07/2022

Problem 😝

English for Kidsမိဘများရဲ့တောင်းဆိုချက်အရအသက် 9 ၊ 10 ၊ 11 ၊ 12အရွယ်ကလေးတွေအတွက်အင်္ဂလိပ်စာအတန်းကို မကြာမီစတင်ဖွင့်လှစ်ပါ...
12/07/2022

English for Kids

မိဘများရဲ့တောင်းဆိုချက်အရ

အသက် 9 ၊ 10 ၊ 11 ၊ 12အရွယ်
ကလေးတွေအတွက်အင်္ဂလိပ်စာအတန်းကို
မကြာမီစတင်ဖွင့်လှစ်ပါမည်။

🔰 မနက်ဖြန်မှာ သင်တန်းအကြောင်းအသေးစိတ်တင်ပေးပါမယ်နော်။

( English for One and All)



သင်တန်းတစ်ပါတ် တက်ပြီးကျောင်းသားများအခြေအနေ🙄🙄Photo _ Crd
11/07/2022

သင်တန်းတစ်ပါတ် တက်ပြီးကျောင်းသားများအခြေအနေ🙄🙄

Photo _ Crd

Beginner Classမှ ကျောင်းသားများUnit 2 သင်ကြားမှုအပြီး Skills Test ပြန်လည်ဖြေဆိုနေကြစဉ်။ ( English for One and All)
10/07/2022

Beginner Classမှ ကျောင်းသားများ

Unit 2 သင်ကြားမှုအပြီး Skills Test ပြန်လည်ဖြေဆိုနေကြစဉ်။

( English for One and All)


🔰 Getting hungry ဆိုတာဗိုက်ဆာလာပြီလို့ပြောတာနော်🙄နောက်ဥပမာလေးတွေကြည့်ကြည့်ပါဦး🔰 I am getting fat.ငါ ဝလာပြီ။🔰 My father i...
08/07/2022

🔰 Getting hungry ဆိုတာ
ဗိုက်ဆာလာပြီလို့ပြောတာနော်🙄

နောက်ဥပမာလေးတွေကြည့်ကြည့်ပါဦး

🔰 I am getting fat.
ငါ ဝလာပြီ။

🔰 My father is getting old.
အဖေ အိုလာပြီ။

🔰 It is getting dark outside.
အပြင်မှာမှောင်လာပြီ။

စသဖြင့်ပေါ့

( English for One and All)




Photo_ Crd

💥 ဒီနေ့မှာ‌တော့ Englishလို ပိုက်ဆံရှာတာကို ပြောကြည့်ကြရအောင်🔰 ဝင်ငွေရှိတယ်၊ ပိုက်ဆံရှာနိုင်တယ်ဆိုတာကို အင်္ဂလိပ်လိုဆို e...
07/07/2022

💥 ဒီနေ့မှာ‌တော့ Englishလို ပိုက်ဆံရှာတာကို ပြောကြည့်ကြရအောင်

🔰 ဝင်ငွေရှိတယ်၊ ပိုက်ဆံရှာနိုင်တယ်ဆိုတာကို အင်္ဂလိပ်လိုဆို earn လို့သုံးတယ်။

Eg. He earns 200$ a day.
သူတစ်နေ့ကို ဒေါ်လာ2ရာ ဝင်ငွေရှိတယ်။

Eg. My sister earns 450,000 kyats a month.
ကျွန်တော့်အစ်မက တစ်လဝင်ငွေ4သိန်းခွဲရှိတယ်။

🔰 မင်းတစ်လကို(လစာ)ဘယ်လောက်ရလဲဆိုတာကိုမေးချင်ရင်

How much do you earn a month?

🔰 အသက်မွေးဝမ်းကျောင်းမှုပြုတာကိုတော့ earn sb's living လို့ရေးလို့ရပါတယ်။

Eg. She earns her living by singing.
သူမက သီချင်းဆိုခြင်းနဲ့ အသက်မွေးဝမ်းကြောင်းတယ်။

Eg. He earns his living as a construction worker.
သူက ဆောက်လုပ်ရေးလုပ်သားအဖြစ် အသက်မွေးဝမ်းကျောင်းတယ်။

🔰 ကိုယ်ရှာလို့ရတဲ့ ဝင်ငွေကိုတော့ earnings လို့သုံးပါတယ်။

Eg. He has spent all his earnings on gambling.
သူ့ဝင်ငွေတွေအကုန်လုံးကို လောင်းကစားလုပ်ပစ်လိုက်ပြီ။

🔰 ကဲ ဒီလောက်ဆို အင်္ဂလိပ်လို ကိုယ့်ရဲ့ဝင်ငွေကို ပြောနိုင် မေးနိုင်လောက်ပြီလို့ထင်ပါတယ်။

( English for One and All)


🔰 သင်တန်းမှာသင်ပြီးသမျှသင်ခန်းစာတွေကို တကယ်ရော နားလည်ရဲ့လား၊ဘာတွေလိုအပ်ချက်ရှိနေလဲဆိုတာ သိနိုင်ဖို့ Unitတစ်ခုသင်ပြီးတိုင...
05/07/2022

🔰 သင်တန်းမှာ
သင်ပြီးသမျှသင်ခန်းစာတွေကို တကယ်ရော နားလည်ရဲ့လား၊
ဘာတွေလိုအပ်ချက်ရှိနေလဲဆိုတာ သိနိုင်ဖို့
Unitတစ်ခုသင်ပြီးတိုင်းမှာ Testတစ်ခါဖြေရပါတယ်။

🔰 ဒါကြောင့်မို့လို့ သင်တန်းတက်ပြီး စာမလုပ်ဖြစ်မှာစိတ်ပူစရာမလိုပါဘူး။

🔰 Beginner Classကျောင်းသား/ ကျောင်းသူများရဲ့ Unit-1 (Test) ‌ဖြေဆိုနေပုံ ပုံရိပ်တွေကိုပြန်လည်မျှဝေလိုက်ပါတယ်။

( English for One and All)


လှိုင်သာယာမြို့နယ်အတွင်းမှာ Englishဘာသာစကားသင်တန်းကျောင်းကောင်းကောင်းရှာဖွေနေသော မိဘများအတွက်🏡 သင်တန်းမှာ ယခုလက်ရှ်ိတက်ရ...
03/07/2022

လှိုင်သာယာမြို့နယ်အတွင်းမှာ Englishဘာသာစကားသင်တန်းကျောင်းကောင်းကောင်းရှာဖွေနေသော မိဘများအတွက်

🏡 သင်တန်းမှာ ယခုလက်ရှ်ိတက်ရောက်နိုင်သော အတန်းများ

ယခုလက်ရှိ သင်တန်းတွင် တန်းခွဲသုံးမျိုးဖွင့်လှစ်သင်ကြားလျှက်ရှိပါတယ်

🔰 Foundation Class

English Language ကိုအခုမှ စတင်လေ့လာမည့်သူများ၊ English Languageနှင့် အလှမ်းကွာသွားသောသူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။

🔰 Beginner Class

Oxford University ထုတ် New Headway Beginner စာအုပ်နဲ့သင်ကြားရမှာဖြစ်ပြီး

Listening, Speaking, Reading, Writingတို့ကိုအချိုးညီညီ လေ့ကျင့်သင်ကြားရမှာဖြစ်ပါတယ်။

🔰 Elementary Class

ဒီ Classမှာလည်း
Oxford University ထုတ် New Headway Elementary စာအုပ်နဲ့ သင်ကြားရမှာဖြစ်ပြီး

Listening, Speaking, Reading, Writingတို့ကိုအချိုးညီညီ လေ့ကျင့်သင်ကြားရမှာဖြစ်ပါတယ်။

💯 Classroom Language အနေနဲ့
အင်္ဂလိပ်ဘာသာစကား 60% နဲ့ မြန်မာဘာသာစကား 40% အသုံးပြုပြီးသင်ကြားလျက်ရှိပါတယ်။

💯 Unit 1ခု သင်ပြီးတိုင်း Testတစ်ခါ‌ဖြေရပြီး
Unit 5ခုသင်ပြီးတိုင်းမှာလည်း Progress Testထပ်စစ်တာမို့လို့ စာတကယ်လိုက်လုပ်သူများအတွက်သာ အဆင်ပြေပါလိမ့်မယ်။

( English for One and All)


English 4 Skills နဲ့ပါတ်သတ်ပြီး အ‌ခြေခံမှစပြီး သင်ယူလိုသူများအတွက်🏡 Class 1 ကို ဗိုလ်ဗထူး 2လမ်း (1ထိပ်မှတ်တိုင်အနီး)🏡 Cl...
02/07/2022

English 4 Skills နဲ့ပါတ်သတ်ပြီး အ‌ခြေခံမှစပြီး သင်ယူလိုသူများအတွက်

🏡 Class 1 ကို ဗိုလ်ဗထူး 2လမ်း (1ထိပ်မှတ်တိုင်အနီး)

🏡 Class 2 ကို ATG Computer Training Centre( ရွှေလင်ဗန်း ဈေးလေးမှတ်တိုင်အနီး)

🏡 Class 3 ကို မြေနီလမ်း၊ ကုလားကြီးစုရွာ၊ 12သမ မှတ်တိုင်အနီး တို့မှာဖွင့်လှစ်လိုက်ပါပြီ။

☎️ 09 967 769 768

(English for One and All)


Englishလိုအိပ်ကြမယ်(အပိုင်း-၂)ဒီနေ့ကတော့ အိပ်စက်တာနဲ့ပါတ်သတ်တဲ့အကြောင်းရေးတာ ဒုတိယနေ့ဖြစ်ပါတယ်။ အိပ်စက်တာနဲ့ပါတ်သတ်တဲ့ အ...
20/12/2021

Englishလိုအိပ်ကြမယ်(အပိုင်း-၂)

ဒီနေ့ကတော့ အိပ်စက်တာနဲ့ပါတ်သတ်တဲ့အကြောင်းရေးတာ ဒုတိယနေ့ဖြစ်ပါတယ်။ အိပ်စက်တာနဲ့ပါတ်သတ်တဲ့ အသုံးအနှုန်းတချို့ကို ထပ်လေ့လာကြရအောင်။

📚 ပုံမှန်အိပ်ယာထချိန်ထက် နောက်ကျပြီးမှ ထတာမျိုးဆိုရင် sleep in ဒါမှမဟုတ် sleep lateလို့သုံးပါတယ်။
Eg. I always sleep in on Sundays.
ကျွန်တော်က တနင်္ဂနွေနေ့တွေဆိုရင် နောက်ကျတဲ့အထိ အမြဲအိပ်တယ်။

📚 အိပ်မောကျတာကို deep sleep
Eg. I didn't know about the fire because I fell into deep sleep last night.
ငါမနေ့ညက အိပ်မောကျနေခဲ့တာနဲ့ မီးလောင်တာတောင်မသိခဲ့ဘူး။

📚 အိပ်ယာပေါ်မှာလှဲနေပြီး အိပ်မရဖြစ်နေတာကို lie awakeလို့သုံးပါတယ်။
lie ဆိုတာလှဲလျောင်းတာ awakeဆိုတာ နိုးနေတာပေါ့။
Eg. I lay awake all night worrying about my future.
ငါ့အနာဂတ်အတွက်ပူပန်နေရတာနဲ့ တစ်ညလုံးအိပ်မရပါဘူး။

📚 အိပ်ချင်မူးတူးဖြစ်နေတာကိုတော့ half asleepလို့သုံးပါတယ်။
Eg. I've just only got up and I'm still half asleep.
ငါအိပ်ယာကသာထလာတာ အိပ်ချင်မူးတူးဖြစ်နေတုန်းပဲ။

ဒီနေ့ပြောခဲ့တဲ့ usageတွေက

📚 sleep in/ sleep late
📚 deep sleep
📚 lie awake
📚half asleep လေးမျ်ိုး။ မှတ်မိမယ်ထင်ပါတယ်။ မအိပ်ခင်လေး ရအောင်မှတ်လိုက်ပါဦ။

ကဲနောက်နေ့မှပြန်ဆုံကြတာပေါ့။

Soe (English for One and All)
Thu Rein Bo

📚 အင်္ဂလိပ်စာကို အခြေခံကစပြီးလေ့လာလိုသူများအတွက် ကျွန်တော်တို့သင်တန်းရဲ့ ပုံမှန်တန်းခွဲများအားလုံးကို ပြန်လည်ဖွင့်လှစ်ထားပါပြီ။

🏡 Class -1 အမှတ် (၈၆) ဗိုလ်ဗထူး (၂)လမ်း ၁ထိပ်မှတ်တိုင်အနီး

Ph- 09 967 769 768, 09 40 269 3487

Englishလို အိပ်ကြမယ်ကျွန်တော်တို့က အိပ်တာနဲ့ပါတ်သတ်ပြီး Englishလို သိကြပါတယ်။ နည်းနည်းလေးထပ်ဖြည့်ပြီးကြည့်ကြတာပေါ့။📚 အိပ...
19/12/2021

Englishလို အိပ်ကြမယ်

ကျွန်တော်တို့က အိပ်တာနဲ့ပါတ်သတ်ပြီး Englishလို သိကြပါတယ်။

နည်းနည်းလေးထပ်ဖြည့်ပြီးကြည့်ကြတာပေါ့။

📚 အိပ်စက်သည်၊ အိပ်စက်ခြင်းကို sleep (verbလိုလည်းသုံးတယ်၊ nounလိုလည်းသုံးတယ်)

Eg. Did you sleep well last night?
မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား။

📚 ခဏလေးအိပ်တာ၊ တရေးအိပ်တာကိုတော့ take a nap ဒါမှမဟုတ် have a napလို့သုံးတယ်။

Eg. My mother always has a nap at about 2 o'clock in the afternoon.
အမေက နေ့လည်၂နာရီလောက်ဆို တစ်ရေးအိပ်နေကျ။

📚 အိမ်တို့ ငွေတို့မရှိလို့ လမ်းဘေးမှာကြုံသလိုအိပ်ရတတ်တဲ့ သူတွေကို rough sleeperလို့ခေါ်ပါတယ်။

Eg. We saw a rough sleeper sleeping at the bus-stop this morning.
ကားမှတ်တိုင်မှာ အိပ်နေတဲ့ အိမ်ခြေရာမဲ့ကြုံရာအိပ်ရတဲ့သူတစ်ယောက်ကို ဒီမနက်မှာ ငါတွေ့ခဲ့ရတယ်။

📚 ကုလားသေကုလားမောအိပ်တာကိုကျတော့ sleep like a logတဲ့

logဆိုတာသစ်တုံးလေ။ သစ်တုံးကြီးလိုမလှုပ်မယှက်အိပ်နေလို့ ဒီလိုခေါ်တာဖြစ်မှာပေါ့

Eg. Smith always sleeps like a log. I think it's not good.
Smithက အိပ်လိုက်ရင်ကုလားသေကုလားမောနဲ့။ အဲ့ဒါမကောင်းဘူးထင်တယ်နော်။

📚 ညဘက်အိပ်ခါနီးရင်ပြောနေကျလေးရှိတယ်လေ ပျော်အောင်အိပ်နော်ဆိုတာလေ။ အဲ့ဒါကို sleep tightလို့သုံးတယ်။

Eg. Good night, sleep tight!
ကောင်းသောည၊ အိပ်ပျော်အောင်အိပ်နော်။

အိပ်တာနဲ့ပါတ်သတ်ပြီးတော့အများကြီးရှိလို့အပိုင်းခွဲရေးပေးပါမယ်။
ဒီနေ့အပိုင်းမှာရေးပေးခဲ့တာတွေက

📚 sleep well
📚take a nap (or) have a nap
📚 rough sleeper
📚sleep like a log
📚sleep tight စတာတွေပဲဖြစ်ပါတယ်။

ကဲနောက်နေ့မှပြန်ဆုံကြတာပေါ့။

Soe (English for One and All)
Thu Rein Bo

📚 အင်္ဂလိပ်စာကို အခြေခံကစပြီးလေ့လာလိုသူများအတွက် ကျွန်တော်တို့သင်တန်းရဲ့ ပုံမှန်တန်းခွဲများအားလုံးကို ပြန်လည်ဖွင့်လှစ်ထားပါပြီ။

🏡 Class -1 အမှတ် (၈၆) ဗိုလ်ဗထူး (၂)လမ်း ၁ထိပ်မှတ်တိုင်အနီး

Ph- 09 967 769 768, 09 40 269 3487

Address

Bo Ba Htoo 2nd Street, Near Aung Zaya Suspending Bridge
Yangon

Telephone

+959250363794

Website

Alerts

Be the first to know and let us send you an email when Saya Soe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Saya Soe:

Shortcuts

Share

Category