May’s Second Home - Day Care Center

May’s Second Home - Day Care Center

Share

We offer a safe and loving environment where your little ones can grow, learn and explore.

18/03/2026

မေတို့ရဲ့ ပေါက်စလေး တစ်နှစ်ပြည့်ပါပြီဗျာ 🥰

🤗ကျောင်းမှာ အကိုတွေ အမတွေရဲ့ မွေးနေ့ပွဲတွေလုပ်တာ မြင်ဖူးနေတော့ Birthday Song ကြားတာနဲ့ လက်ခုပ်လိုက်တီးတတ်ပြီ၊၊

🌱သိမှုဆိုင်ရာတွေဖွံဖြိုးလာတဲ့ ကိုကိုပေါက်စ တစ်နှစ်သားလေးက
မွေးနေ့ပွဲကို ဆရာမတွေ ၊ ကျောင်းက ကိုကို မမတွေနဲ့ ဖြတ်သန်းတာ Smart ကိုကျလို့ပေါ့ 🥳

✨လွတ်လပ်စွာ ပျော်ရွှင်ပါစေ သားလေးရေ Happy Birthday ပါနော်🥳

Photos from May’s Second Home - Day Care Center's post 16/03/2026

🌱ကလေးတွေရဲ့ Learning Foundation မှာ
စာကိုစောသင်ပေးဖို့ အရေးကြီးလား?.
Play, movement, sensory experience တွေကပိုလိုအပ်တာလား?
ဆိုတာတွေ ဆွေးနွေးကြရင်း
ဒီနေ့လေးကတော့ ကလေးတွေအတွက် အဖြေထုတ်ကြတဲ့နေ့လေးပါ။
-------------------------------

𝐌𝐚𝐲'𝐬 𝐒𝐞𝐜𝐨𝐧𝐝 𝐇𝐨𝐦𝐞 - 𝐄𝐚𝐫𝐥𝐲 𝐂𝐡𝐢𝐥𝐝𝐜𝐚𝐫𝐞 & 𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫
𝟎𝟗 𝟕𝟖𝟕𝟑𝟏𝟖𝟔𝟔𝟏
𝟎𝟗 𝟕𝟓𝟐 𝟗𝟏𝟑 𝟑𝟕𝟕
အမှတ် ၆၁၁၊ ဝရုဏာ(၅)လမ်း(အောက်) ၊ (၁၃)ရပ်ကွက်၊ တောင်ဥက္ကလာ မြို့နယ်၊ ရန်ကုန်မြို့။


16/03/2026

ပြုံးလိုက်ရင် သိပ်ချောတဲ့ ဒီသားကြီးက လေးနှစ်ပြည့်ပါပြီ 🥳

ဖယ်ရီကားပေါ်က ဆင်းတာနဲ့ Dining Room ထဲတန်းဝင်၊ မုန့်စားဖို့ အရင်လာရှာတတ်တဲ့ သားကြီး 🥰

May's Second Home ကလည်း သူ့အတွက်တော့ အလွတ်လပ်ဆုံးနေထိုင်လို့ရတဲ့ ဒုတိယအိမ်လေးပေါ့🤗

😇Happy birthday ပါသားလေးရေ🥳

13/03/2026

👣 Sensory Play for Children
မင်္ဂလာပါ မိဘများရှင် 👨‍👩‍👧‍👦
ကလေးများကို သဲ၊ ရေ၊ ကျောက်ခဲ၊ အရွက်စို၊ အရွက်ခြောက် စသည့် သဘာဝပစ္စည်းများပေါ်တွင် နင်းလျှောက်ခြင်း၊ ထိတွေ့ကစားခြင်း လုပ်ပေးခြင်းသည် ကလေး၏ sensory development အတွက် အလွန်အရေးကြီးပါသည်။
🌱 အကျိုးကျေးဇူးများ
• Sensory awareness တိုးတက်စေသည်။
မတူညီသော texture (နူးညံ့၊ ကြမ်း၊ စို၊ ခြောက်) များကို ခံစားနိုင်လာသည်။
• ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုသည်။
ထိတွေ့မှုမှရရှိသော အာရုံခံသတင်းများသည် ဦးနှောက်ဖွံ့ဖြိုးမှုကို ကူညီပေးသည်။
• Balance နှင့် Body coordination တိုးတက်စေသည်။
ခြေဖြင့်နင်းလျှောက်ခြင်းသည် ခန္ဓာကိုယ်ညှိနှိုင်းနိုင်မှုကို ကောင်းမွန်စေသည်။
• Curiosity နှင့် Exploration တိုးတက်စေသည်။
ကလေးများ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုစိတ်များလာသည်။
• ပျော်ရွှင်မှုနှင့် စိတ်အေးချမ်းမှုရရှိစေသည် 😊

📌 မိဘများအတွက်
အိမ်တွင်လည်း လုံခြုံစိတ်ချရသော သဘာဝပစ္စည်းများကို အသုံးပြုပြီး ကလေးများအား sensory play လုပ်ခွင့်ပေးနိုင်ပါသည်။
✨ Learning through play helps children grow naturally.

-------------------------------

𝐌𝐚𝐲'𝐬 𝐒𝐞𝐜𝐨𝐧𝐝 𝐇𝐨𝐦𝐞 - 𝐄𝐚𝐫𝐥𝐲 𝐂𝐡𝐢𝐥𝐝𝐜𝐚𝐫𝐞 & 𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫
𝟎𝟗 𝟕𝟖𝟕𝟑𝟏𝟖𝟔𝟔𝟏
𝟎𝟗 𝟕𝟓𝟐 𝟗𝟏𝟑 𝟑𝟕𝟕
အမှတ် ၆၁၁၊ ဝရုဏာ(၅)လမ်း(အောက်) ၊ (၁၃)ရပ်ကွက်၊ တောင်ဥက္ကလာ မြို့နယ်၊ ရန်ကုန်မြို့။


11/03/2026

😇ပေါက်စလေးကတည်းက မေတို့ ပြုစုစောင့်ရှောက်ခွင့်ရခဲ့တဲ့ ကလေးလေး
အခုတော့ (3)နှစ်ပြည့်ပါပြီ …။

ကျန်းမာပျော်ရွှင်စွာနဲ့ အပူပင်ကင်းပါစေ Sweetie လေးရေ 🥰

Photos from May’s Second Home - Day Care Center's post 10/03/2026

“🐝Busy Bees🐝”

“ကျောင်းသည် အိမ်နဲ့တူရမည်။”

ကလေးတွေအတွက် ဒုတိယအိမ်လေးမှာ တစ်နေ့တာရဲ့ Daily Routine တွေ မစတင်ခင် ကျောင်းအဝသို့ စရောက်လိုက်တာနဲ့ လှုပ်ရှား ကစားကြပါတော့တယ်၊၊

🚲ကစားခြင်းနဲ့ စတင်ရတဲ့ ကလေးတို့ရဲ့ ခန္ဓာကိုယ်က သင်ယူမှုတွေကို ပိုမိုလွယ်ကူစွာ လက်ခံနိုင်တာမို့
ဒါလေးတွေက မေတို့ရဲ့ Busy Bees လေးတွေပေါ့…။

-------------------------------

𝐌𝐚𝐲'𝐬 𝐒𝐞𝐜𝐨𝐧𝐝 𝐇𝐨𝐦𝐞 - 𝐄𝐚𝐫𝐥𝐲 𝐂𝐡𝐢𝐥𝐝𝐜𝐚𝐫𝐞 & 𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫
𝟎𝟗 𝟕𝟖𝟕𝟑𝟏𝟖𝟔𝟔𝟏
𝟎𝟗 𝟕𝟓𝟐 𝟗𝟏𝟑 𝟑𝟕𝟕
အမှတ် ၆၁၁၊ ဝရုဏာ(၅)လမ်း(အောက်) ၊ (၁၃)ရပ်ကွက်၊ တောင်ဥက္ကလာ မြို့နယ်၊ ရန်ကုန်မြို့။


Photos from May’s Second Home - Day Care Center's post 09/03/2026

🌫️ကိုယ်ဆော့မဲ့နေရာ စောင်လေး မိုး၊ စက္ကူချပ်လေးတွေ ကာ
ဟိုအရွက်ခူး ထုထောင်း၊ သဲတွေနဲ့ နယ်၊ ခဲလေးတွေထည့်..
🌱သဲနဲ့ရေနဲ့ ဖျော် ၊ အရွက်တွေနဲ့နယ်ပြီး ကစားခဲ့ကြတဲ့ မေတို့ရဲ့
ငယ်ဘဝတွေတုန်းက မြို့ကြီးပြကြီးမဖြစ်သေးတဲ့ မြေကြီးတွေ ပေါများတဲ့ နယ်အရပ်မှာပေါ့ …။

🏙️တိုက်တာ အဆောက်အအုံ၊ မြေနေရာ ရှားပါလာတဲ့ ယနေ့ခေတ်မှာတော့ ကလေးတွေဟာ သဘာဝနဲ့ ထိတွေ့ ကစားခွင့်ရဖို့ အခွင့်အရေးတွေ နည်းပါးလာပါတယ်၊၊

😇ဒီနေ့လေးမှာတော့ ဘယ်လိုကစားကြမယ်နော် ဆိုတဲ့ ညွှန်ကြား ချက်တွေမပါဘဲ သူတို့စိတ်ကြိုက်လေးတွေ ဦးဆောင်ဆော့ကစားဖို့ ပြင်ဆင်ပေးဖြစ်ပါတယ်…။

🤗ကလေးတိုင်း လွတ်လပ်စွာကြီးပြင်းခွင့် ရပါစေ…။

-------------------------------

𝐌𝐚𝐲'𝐬 𝐒𝐞𝐜𝐨𝐧𝐝 𝐇𝐨𝐦𝐞 - 𝐄𝐚𝐫𝐥𝐲 𝐂𝐡𝐢𝐥𝐝𝐜𝐚𝐫𝐞 & 𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫
𝟎𝟗 𝟕𝟖𝟕𝟑𝟏𝟖𝟔𝟔𝟏
𝟎𝟗 𝟕𝟓𝟐 𝟗𝟏𝟑 𝟑𝟕𝟕
အမှတ် ၆၁၁၊ ဝရုဏာ(၅)လမ်း(အောက်) ၊ (၁၃)ရပ်ကွက်၊ တောင်ဥက္ကလာ မြို့နယ်၊ ရန်ကုန်မြို့။


06/03/2026

🚀သားချောလေး Leo ရဲ့ လေးနှစ်မြောက် မွေးနေ့ပါ…
Happy Birthday ပါ Leo လေး 💙
ကျန်းမာပျော်ရွှင်စွာနဲ့ အပူပင်ကင်းပါစေ သားငယ်လေးရေ…

🤗ထိတွေ့ပြုစုစောင့်ရှောက်ခွင့် ပေးလို့
ဖေဖေ၊မေမေတို့ကိုလည်း ကျေးဇူးတင်ရပါတယ်ရှင့်။

25/02/2026

ကိုယ်တိုင်လုပ်ဆောင်တတ်လာတဲ့
အကြောင်း အရာသေးသေးလေးတွေကို
အသိမှတ်ပြုပေးရင်း နဲ့ သန်မာပြီး အမှီခိုကင်းတဲ့ ကလေးလေးတွေ ဖြစ်လာတာပါပဲ....

20/02/2026

🌻လှလှလေး ကြီးပြင်းလာလိုက်တာ၊ အခုဆို လေးနှစ်မြောက် မွေးနေ့ပေါ့…
Happy Birthday ပါ Apple လေး 💖
ကျန်းမာပျော်ရွှင်စွာနဲ့ အပူပင်ကင်းပါစေ သမီးလေးရေ…

🤗ထိတွေ့ပြုစုစောင့်ရှောက်ခွင့် အချိန်တွေ အများကြီးပေးလို့
ဖေဖေ၊မေမေတို့ကိုလည်း ကျေးဇူးတင်ရပါတယ်ရှင့်။

19/02/2026

မေတို့ရဲ့ ပေါက်စလေးတွေဟာ အရှေ့လတွေမှာတော့ Animal လေးတွေကို အုပ်စုခွဲလေ့လာကြပြီးပါပြီ ။

💁🏽‍♀️Feb လမှာတော့ Animal တွေရဲ့သဘာဝအတိုင်း ထွက်တဲ့ အသံလေးတွေ၊ သူတို့ စားသောက်နေထိုင်တဲ့ အစားစာပုံစံတွေနဲ့ လူတို့အတွက် ပြန်လည်အကျိုးပြုသော တိရစ္ဆာန်ထွက် အစားအစာတွေ အကြောင်းကိုလည်း လေ့လာကြပါတယ်။

-------------------------------

𝐌𝐚𝐲'𝐬 𝐒𝐞𝐜𝐨𝐧𝐝 𝐇𝐨𝐦𝐞 - 𝐄𝐚𝐫𝐥𝐲 𝐂𝐡𝐢𝐥𝐝𝐜𝐚𝐫𝐞 & 𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫
𝟎𝟗 𝟕𝟖𝟕𝟑𝟏𝟖𝟔𝟔𝟏
𝟎𝟗 𝟕𝟓𝟐 𝟗𝟏𝟑 𝟑𝟕𝟕
အမှတ် ၆၁၁၊ ဝရုဏာ(၅)လမ်း(အောက်) ၊ (၁၃)ရပ်ကွက်၊ တောင်ဥက္ကလာ မြို့နယ်၊ ရန်ကုန်မြို့။


14/02/2026

🙈တီချယ်တွေကို blindfold လုပ်၊ ဘေဘီလေးတို့ရဲ့ အသံနဲ့ အထိအတွေ့ကိုပဲ ခံစားပြီး ဒါဘယ်သူလေးလဲဆိုတာ ခွဲခြားတဲ့ game လေးလည်း ဆော့ဖြစ်ခဲ့ကြပါတယ်။

🤗ဒီ game လေးကနေတစ်ဆင့် May’s Second Home က တီချယ်တွေဟာ သူတို့တာဝန်ယူထားရတဲ့ သားသားမီးမီးတစ်ဦးချင်းစီရဲ့ အလေ့အထနဲ့ အမှတ်အသားတွေကို ဘယ်လောက်အထိ အလေးထားပြီး မှတ်မိနေလဲဆိုတာကို တွေ့ရမှာပါ။

🥰မျက်စိနဲ့ မမြင်ရရင်တောင် ကိုယ့်တပည့်လေးတွေကို ကောင်းကောင်းကြီး ခွဲခြားသိမြင်နိုင်တဲ့ တီချယ်တွေရဲ့ အလေးထားမှုကို မြင်တွေ့ရတဲ့ အခိုက်အတန့်လေးတွေပေါ့… ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


No. 144(B) Anaw Mar Street, 13 Ward, South Oakalapa
Yangon