IMCM College

IMCM College

Share

IMCM Vision is to build a professional platform for consultants and clients to help develop Myanmar economy and education.

IMCM: Institute of Management Consultants Myanmar is granted full membership of overall 50 members of the International Council of Management Consulting Institutes (ICMCI). IMCM: The Institute of Management Consultants Myanmar Co., Ltd. is the country representative Institute of ICMCI and granted to organize Certified Management Consultant Program in Myanmar. We provide CMC: Certified Management C

14/05/2026

လုပ်ငန်းတစ်ခုမှာ HR systems ဟာ ဘယ်လောက်ထိအရေးကြီးသလဲဆိုရင်တော့⁉️


13/05/2026

လူတော်တွေကို ထိန်းနိုင်ဖို့ ထိန်းတဲ့သူက ပိုတော်ဖို့လိုတယ်✅

လုပ်ငန်းခွင်တစ်ခုမှာ လူတော် (Talent) တွေ ရှိနေတာဟာ ပြိုင်ဘက်ထက် သာလွန်စေတဲ့ အားသာချက်တစ်ခုပါ။ ဒါပေမဲ့ အဖွဲ့အစည်း ကြီးမားလာလေလေ၊ လူတော်တွေ များလာလေလေ သူတို့ကို ထိန်းကျောင်းရတာ ပိုခက်ခဲလာလေပါပဲ။

၁။ လူတော်တိုင်း လူကောင်းဖြစ်ပါ့မလား?
လူတော်တိုင်း လူကောင်း ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါကြောင့် "တော်တာ" နဲ့ "ကောင်းတာ" စရိုက်နှစ်ခုကို ခွဲခြားမြင်ဖို့ လိုပါတယ်။ အစားထိုးရခက်တဲ့ လူတော်တွေကို ရေရှည်မဟုတ်ရင်တောင် အစားထိုးဖို့ အချိန်ရအောင် ကာလတစ်ခုထိ ပါးနပ်စွာ ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။

၂။ သူတို့ ဘာလိုချင်တာလဲ (Needs & Wants)
လူတစ်ယောက်ကို ထိန်းသိမ်းဖို့ သူတို့ရဲ့ လိုအင်ဆန္ဒကို အရင်သိရပါမယ်။ Maslow’s Hierarchy of Needs အရ အခြေခံလိုအပ်ချက်ကနေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့အဆင့်ထိ ဘယ်အဆင့်မှာ ရှိနေသလဲဆိုတာ လေ့လာပါ။ ဝန်ထမ်းတိုင်းဟာ လစာနဲ့ ရာထူးတစ်ခုတည်းကိုပဲ လိုချင်ကြတာမဟုတ်ဘဲ လုပ်ပိုင်ခွင့် ဒါမှမဟုတ် ပျော်ရွှင်စရာ လုပ်ငန်းခွင်ကိုလည်း လိုလားတတ်ကြပါတယ်။

၃။ လူတော်တွေကို ထိန်းသိမ်းနည်း အခြေခံ (၅) ချက်
Promote Appropriately: ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ ရာထူး၊ လစာကို အချိန်အခါကိုက် တိုးမြှင့်ပေးပါ။
Pay Above-Standard Rates: စျေးကွက်ပေါက်စျေးထက် အနည်းငယ်သာလွန်တဲ့ ခံစားခွင့်ပေးခြင်းက လူတော်တွေကို ဆွဲဆောင်နိုင်ပါတယ်။
Get & Apply Employees’ Input: သူတို့ရဲ့ အရည်အချင်းနဲ့ အကြံဉာဏ်တွေကို လုပ်ငန်းထဲမှာ တကယ်အသုံးချခွင့်ပေးပါ။

Encourage Innovation: စိန်ခေါ်မှုအသစ်တွေနဲ့ တီထွင်ဖန်တီးခွင့်ပေးခြင်းက အဖွဲ့အစည်းအတွက်ပါ အကျိုးရှိစေပါတယ်။
Use Friendly Competition: အချင်းချင်း မလိုမုန်းတီးမှု မဖြစ်စေဘဲ ကျန်းမာသန်စွမ်းတဲ့ ယှဉ်ပြိုင်မှု ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ။
လူတော်တွေကို ထိန်းသိမ်းရတာ ခက်ခဲပါတယ်။ တစ်ခါတစ်လေမှာ သူတို့ရဲ့ အရည်အချင်းမှတ်တမ်းတွေကို သေချာပြုစုပြီး Management ကို တင်ပြညှိနှိုင်းပေးဖို့ လိုသလို၊ တကယ်ပဲ မထိန်းနိုင်တော့ရင်လည်း သူတို့ရဲ့ လွတ်လပ်စွာ ပျံသန်းမှုကို ခွင့်ပြုရမှာပါ။

အဓိက အနှစ်ချုပ်ကတော့ "လူတော်တွေကို ထိန်းသိမ်းနိုင်ဖို့ဆိုရင် ထိန်းသိမ်းတဲ့သူကိုယ်တိုင်က သူတို့ထက် ပိုတော်နေဖို့ လိုအပ်ပါတယ်"။
ရေးသားသူ – Htain Lin Kyaw (HR)

12/05/2026

ဝန်ထမ်းတွေကို အလုပ်မခန့်ခင် ဒါတွေသိထားပြီးပြီလား? 💼✨
လုပ်ငန်းခွင်မှာ အရေးကြီးဆုံးဖြစ်တဲ့ Legal Compliance အကြောင်းနဲ့ ဝန်ထမ်းတွေနဲ့ ဆက်ဆံရေးမှာ ဘာတွေ သတိထားရမလဲဆိုတာ ကို Sr, Htain Lin Kyaw -HR က ရှင်းပြပေးထားပါတယ်။
✅ စာချုပ်တွေ ဘယ်လိုချုပ်မလဲ?
✅ ဥပဒေနဲ့အညီ ဘယ်လိုကိုင်တွယ်မလဲ?
✅ ဝန်ထမ်းတွေနဲ့ ယုံကြည်မှု ဘယ်လိုတည်ဆောက်မလဲ?
လုပ်ငန်းရှင်တွေနဲ့ HR သမားတွေ မဖြစ်မနေ ကြည့်သင့်တဲ့ ဗီဒီယိုလေးပါ။ 🙌

Photos from IMCM College's post 07/05/2026

🇨🇭 IMCM College - Swiss BBA (Top-up) Batch အသစ်အတွက် ကျောင်းသားသစ်များ စတင်ခေါ်ယူခြင်း 👨‍🎓👩‍🎓

ပြည်တွင်းမှာပဲ နေရင်း နိုင်ငံတကာအသိအမှတ်ပြု Swiss Bachelor Degree (Top-up) ကို ၁ နှစ်အတွင်း အပြီးတက်ရောက်ကာ ကိုယ့်ရဲ့ Career ကို မြှင့်တင်လိုက်ရအောင်။ 🚀

📌 တက်ရောက်ဖို့ ဘယ်သူတွေ လိုအပ်လဲ?

✔️ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား/သူများ
✔️ NQF/EQF Level (5) Diploma ရရှိထားသူများ
✔️OTHM/HND Level-5 ရရှိထားသူများ
✔️ ATHE Level-5 သို့မဟုတ် လုပ်ငန်းခွင်အတွေ့အကြုံရှိသူများ (ဝင်ခွင့်အတွက် ဆွေးနွေးနိုင်သည်)

(GED, IGCSE အောင်မြင်ထားသူများအတွက် Foundation Level မှ စတင်တက်ရောက်နိုင်ရန် စီစဉ်ပေးထားပါသည်။)

🌟 ဘာကြောင့် IMCM ရဲ့ Swiss BBA ကို ရွေးချယ်သင့်တာလဲ?

• LA XENIA (Switzerland) မှ တိုက်ရိုက်ပေးအပ်သော ဘွဲ့ဖြစ်ခြင်း။

• Switzerland Government အသိအမှတ်ပြုဖြစ်ပြီး CTH, ATHE, ASIC, EduQua စသည့် ခိုင်မာသော Accreditation များရရှိထားခြင်း။

• Ph.D ပညာရှင်ကြီးများ၊ အတွေ့အကြုံရင့် ဆရာကြီးများမှ လက်တွေ့နယ်ပယ်နဲ့ ကိုက်ညီမယ့် Module (၈) ခုကို အသေးစိတ်သင်ကြားပေးခြင်း။

• Assignment နဲ့ Project Paper အတွက် သီးခြား Supervisor ဆရာများမှ အနီးကပ် လမ်းညွှန်ပေးခြင်း။

💰 အထူးအခွင့်အရေးနှင့် ကျောင်းလိပ်စာ
• သင်တန်းကြေး: တစ်လလျှင် (၂) သိန်းဝန်းကျင်မှ စတင်ပေးသွင်းနိုင်သော Flexible Payment Plan ရှိခြင်း။

• Campus Life: ရန်ကုန်မြို့ရဲ့အခိက်အချာနေရာမှာ အေးအေးဆေးဆေး ကျောင်းတက်ရင်း Campus Life ကို ခံစားနိုင်ခြင်း (Online ဖြင့်လည်း တက်ရောက်နိုင်သည်)။

⏳ သင်တန်းကာလ: (၁၂) လ
📩 အသေးစိတ် စုံစမ်းမေးမြန်းရန်:
📞 09 882251100, 09 427180699
💬 Page Messenger မှတစ်ဆင့်လည်း (၂၄) နာရီ မေးမြန်းနိုင်ပါသည်။

🏢 ကျောင်းလိပ်စာ:
Level 12, Classic Strand Condo, Strand Road, Pabedan Township, Yangon. (Mandalay Campus အတွက်လည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။)

Photos from IMCM College's post 04/05/2026

🎓 သင်ယူမှုမှာ ရပ်တန့်မနေဘဲ ၂၀၂၆ ရဲ့ ပြောင်းလဲလာတဲ့ လုပ်ငန်းခွင်အတွက် အသင့်ဖြစ်ပြီလား? 💼
သင်က အလုပ်တစ်ဖက်နဲ့ ပညာရေးကို ဆက်လက်မြှင့်တင်ချင်ပေမယ့် အချိန်မပေးနိုင်လို့ အခက်တွေ့နေသူလား? ဒါမှမဟုတ် လက်တွေ့နယ်ပယ်မှာ တကယ်အသုံးချနိုင်မယ့် Skills တွေနဲ့ Career ကို Upgrade လုပ်ချင်တာလား?

ဒါဆိုရင်တော့ IMCM College ရဲ့ June 7 မှာ စတင်မယ့် Professional Diploma တန်းခွဲ (၄) ခုက သင့်အတွက် အကောင်းဆုံး အဖြေဖြစ်မှာပါ။

🚀 June 7 ရက်နေ့တွင် ဖွင့်လှစ်မည့် အတန်းများ:
✅ Diploma in Human Resources Management (လူသားရင်းမြစ် စီမံခန့်ခွဲမှု ကျွမ်းကျင်သူဖြစ်ပြီး အဖွဲ့အစည်းကို ဦးဆောင်နိုင်ဖို့)
✅ Diploma in Business Management (လုပ်ငန်းခွင် ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှု အတတ်ပညာတွေကို ကျွမ်းကျင်ပိုင်နိုင်ဖို့)
✅ Diploma in Accounting & Financial Management (ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို တိကျပြတ်သားစွာ ချမှတ်နိုင်ဖို့)
✅ Diploma in AI-Powered Sales & Digital Marketing (ခေတ်သစ် AI နည်းပညာသုံးပြီး အရောင်းနဲ့ Marketing ကို အရှိန်မြှင့်တင်ဖို့)

✨ ဘာကြောင့် IMCM College ကို ရွေးချယ်သင့်သလဲ?
🌍 UK-ATHE Direct Certificate: UKအခြေစိုက် ATHE (UK) မှ တိုက်ရိုက်ပေးအပ်သည့် နိုင်ငံတကာအသိအမှတ်ပြု Level Diploma များကို ရရှိမည်။
🎓 Grand Convocation: သင်တန်းပြီးဆုံးပါက ဂုဏ်ယူစရာကောင်းသော ဘွဲ့နှင်းသဘင်အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပပေးခြင်း။
💻 Flexible Online Campus: ဘယ်နေရာရောက်ရောက်၊ ဘယ်အချိန်ဖြစ်ဖြစ် မိမိအဆင်ပြေရာနေရာမှ တက်ရောက်နိုင်သည့် Online သင်ကြားမှုစနစ်။
💡 Practical Learning: စာတွေ့တင်မကဘဲ Case Studies များနှင့် Practical Projects များပါဝင်၍ လက်တွေ့အသုံးချနိုင်မှုကို ဦးစားပေးခြင်း။
💰 Affordable Fees: အရည်အသွေးမြင့် ပညာရပ်များကို သင့်တင့်မျှတသော သင်တန်းကြေးဖြင့် သင်ယူနိုင်ခြင်း။

📈 သင့်ရဲ့ Career လမ်းကြောင်းကို ဒီနေ့ပဲ စတင်ပြောင်းလဲလိုက်ပါ။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက -
📩 Page Messenger သို့ ဆက်သွယ်နိုင်သလို
📞 Phone: 09 882251100, 09 427180699 သို့လည်း ဖုန်းခေါ်ဆိုနိုင်ပါသည်။

📍 ကျောင်းလိပ်စာ:
IMCM College (Institute of Management Consultants Myanmar)
12th Floor, Classic Strand Condo, Strand Road, Pabedan Township, Yangon.

03/05/2026

အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ၊လုပ်သက်ရင့်ဝန်ထမ်တွေ နဲ့ အလားအလာရှိတဲ့ ဝန်ထမ်းတွေကို ရာထူးတိုးမြှင့်ပေးတဲ့ ရည်ရွယ်ချက်က ဘာများဖြစ်မလဲ ?

ဒိထက်ပိုပြီး ကြီးလေးတဲ့ တာဝန်တွေ ၊တာဝန်ယူ တာဝန်ခံတတ်မှုတွေနဲ့ အဆင့်အလိုက်တာဝန်ခွဲဝေ ဆောင်ရွက်တတ်စေဖို့ ဖြစ်ပါတယ်။

ရာထူးနေရာဆိုတာ တကယ်တမ်းတော့ တာဝန်ပါပဲ။ရာထူးနေရာ ပိုကြီးလာလေလေ တာဝန်ခံမှုတာဝန်ယူမှုအပိုင်းက ပိုပြီးများလာလေလေပါပဲ ။

ဒီနေရာမှာ ရာထူးတိုးမြှင့်ရေးနဲ့ ပတ်သတ်ပြီး ဆောင်ရွက်ရမှာ သိသင့်တဲ့ အခြေခံအချက်အလက်လေးတွေကို တင်ပြချင်ပါတယ်။ ကိုယ်က ရာထူးတိုးမြှင့်ပေးရမယ့် နေရာမှာ ရှိနေခဲ့ပြီဆိုရင်တော့ ဒါကအခြေခံ အချက်အလက်ပါ၊ဒါကို သိထားမှ ပိုပြီးအဆင်ပြေနိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ လုပ်ငန်းခွင်ထဲမှ အမြဲ ကြုံတွေ့နေရတဲ့

ပြသာနာ တစ်ခုပါပဲ ။

“ ပေါ့စေလို လို့ ကြောင်ရုပ်ထိုးပါတယ်၊ဆေးကြောင့်ပိုလေးနေရတယ်ဆိုတာမျိုးက ” မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာ မကြာခဏတွေ့ရတတ်မှာပါ။

ကိုယ့်လက်အောက်က ဝန်ထမ်းတွေအလုပ်ကြိုးစားအောင် ၊တာဝန်ယူတာဝန်ခံချင်စိတ်ရှိအောင် ကိုယ့်အဖွဲ့အစည်းမှာ ပိုမိုရှည်ကြာအောင် လုပ်ကိုင်စေဖို့ ရည်ရွယ်ချက် ကောင်းတွေ နဲ့ ရာထူးတိုးမြှင့်ခြင်း ပြုလုပ်ပေးလိုက်ပြီ ဆိုကြပါစို့ ။

ရာထူးတတ်မှ ပိုဆိုး အလုပ်မတွင် ကျယ်၊တာဝန်ခံမှုမရှိ၊ ကျန်တဲ့ ဝန်ထမ်းနဲ့လည်းအဆင်မပြေ ၊နောက်ဆုံး ကာယကံရှင်က သိပ်မကြာခင် အချိန်ကာလမှာ ထွက်စာတင်တဲ့ အနေအထားကို ရောက်ရှိနေခဲ့မယ်ဆိုရင် …….ဆေးကြောင့်ပိုလေးနေတာ မဖြစ်စေဖို့ လိုပါတယ်….

Promotion ပေးဖို စဉ်းတော့မယ်ဆိုရင် အဓိက စဉ်းစားရမှာက Skills & Knowledge , Attitude (၃) မျိုးကို အဓိကထား စဉ်းစားရပါမယ်။ဒီထဲကမှ Skills နဲ့ ပတ်သတ်ပြီး ခွဲခြားတင်ပြချင်ပါတယ် ။

Technical Skill

Managerial Skill

Conceptual Skill တွေပဲဖြစ်ပါတယ်။

ကိုယ်က Promotion တိုးမြှင့်ပေးချင်တဲ့ ဝန်ထမ်းက ဘယ်ရာထူးအနေအထားလဲ ၊ ရုံးကိစ္စတွေပါလုပ်ဆောင်ရမယ့်အပိုင်းလား ၊စီမံခန့်ခွဲမှု ကိစ္စရပ်တွေပါ လုပ်ဆောင်ရမယ့် ရာထူးမျိုးလား ဒါတွေကို အရင်လေ့လာသိရှိထားရပါမယ်။ Technical Skill အပိုင်းပဲ ဦးစားပေးလုပ်ဆောင်ရမယ့် အငယ်ပိုင်း ဝန်ထမ်းတွေဆိုရင် Technical Skill ပိုင်းကို ဦးစားပေးရွေးချယ်ရပါမယ်။

ဒါပေမဲ့ စီမံခန့်ခွဲမှုလုပ်ငန်းတွေပါ ဆောင်ရွက်ရမယ့် ရာထူးအနေအထားကိုတိုးမြှင့်ပေးရမယ်ဆိုရင်တော့ Managerial Skill ပိုင်းပါ ထည့်သွင်းစဉ်းစားရလာပြီဖြစ်ပါတယ်။ဒိထက်ပိုပြီးမြင့်မားတဲ့ ရာထူးနေရာမျိုးမှာ ဆိုရင်တော့ Conceptual Skill တွေကိုပါ ထည့်သွင်းစဉ်းစားရမှာပါ။ အင်ဂျင်နီယာလုပ်ငန်းတွေလုပ်ကိုင်တဲ့ လုပ်ငန်းတွေမှာ ဆိုရင် ဒီအခြေခံကျတဲ့ Promotion Steps တွေဟာ အရင်ဆုံး စတင် စဉ်းစားရမယ့် အပိုင်းပါ။နောက်ပိုင်းတစ်ခြား အချက်အလက်တွေဖြစ်တဲ့ Leadership ,Teamwork , Communication စတာတွေအပြင် တစ်ခြား Factor တွေကိုပါထည့်သွင်းစဉ်းစားနိုင်ပါတယ်။

ဒီလိုဆောင်ရွက်တဲ့အခါ ဘက်လိုက်မှုလျော့နည်းတဲ့ ရာထူးတိုးမြှင့်ရေး စံသတ်မှတ်ချက်တွေကို နမူနာထားဆောင်ရွက်ခြင်းက စီမံဆောင်ရွက်သူကို ပိုပြီး အကျိူးရှိစေပါတယ်။ Performance ကို အခြေခံတဲ့ Promotion Policy တွေကိုဆောင်ရွက်မယ့်ဆိုရင်တော့ အဖွဲ့အစည်းအတွက်လည်း အကျိုးရှိစေမှာပါ ။ဒါပေမဲ့လည်း တစ်ခါတစ်ရံမှာ လုပ်သက်ကြောင့် မဖြစ်မနေတိုးမြှင့်ပေးလိုက်ရတဲ့ အချိန်အခါမျိုးလည်း ရှိနေတတ်ပါတယ်။ဒီအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ဖို့လိုပါတယ်။

ရာထူးတိုးမြှင့်ပေးခြင်းဟာ သေချာစွာ မဆောင်ရွက်နိုင်ရင် စီမံဆောင်ရွက်သူများထံ ပြန်လည် သက်ရောက်တတ်ပါတယ်။ နီးစပ်ရာ ပေးတာတို့ ၊အဖားကောင်း ၊ လူကြီးနဲ့ နီးစပ်တဲ့သူကို ပေးတာပေါ့လို ဆိုတဲ့ စကားမျိုးက သင့်အဖွဲ့အစည်းမှာ ပြန်လည်ကြားရတယ်ဆိုရင် ကိုယ့်အဖွဲ့အစည်းရဲ့ Promotion Policy ကို ပြန်လည်သုံးသပ်သင့်ပါတယ်။ တစ်ချို့စီမံခန့်ခွဲသူတွေဟာ ရာထူးတိုးမြှင့်ရေးကို ပြီးစလွယ် ဆောင်ရွက် တတ်ပါတယ်။

ကိုယ်ပေးရတာ မဟုတ် ပိုင်ရှင် ၊သူဌေးက ပေးရတာပဲ လစာနဲ့ ရပိုင်ခွင့်ကအိတ်ထဲက စိုက်ရတာ မဟုတ်ဘူးဆိုပေမဲ့အခြေအနေကို မျှတစွာအသုံးမချတတ်ရင် အောက်လက်ငယ်သား ဝန်ထမ်းများက ကိုယ့်အပေါ်ယုံကြည်လေးစားမှုလျော့နည်းလာတတ်သလို ၊အရည်အချင်းရှိရက် နဲ့ ပေးသင့်ပေးထိုက်လို့ မပေးမိရင်လည်း ကိုယ်နဲ့အဆင်မပြေလို့အဖားမကောင်း ၊လူကြီးမကြိုက်လို့ မပေးတာ ဆိုတဲ့ စွပ်စွဲချက်တွေက ပြန်လည်သက်ရောက်နိုင်ပါတယ်။

လုပ်ငန်းခွင်ထဲမှာ ရာထူးဆိုတာ တာဝန်ပါပဲ ၊ဒါပေမဲ့ တာဝန်နဲ အတူ ရပိုင်ခွင့်ခံစားခွင့်တွေကလည်း ပါလာ လေတော့ လူတိုင်းက လိုချင်ကြတာ သဘာဝပါပဲ ။အဓိကကတော့ အဖွဲ့အစည်းအတွက် အရင်ဆုံးစဉ်းစားရင် ပြသာနာကိုအတတ်နိုင်ဆုံးဖြေရှင်းဆောင်ရွက်နိုင်ကြမှာပါ။

နောက်ထပ်ထပ်ပြီးထည့်သွင်းစဉ်းစားရမှာတွေက ကိုယ့်ရဲ့ အလုပ်အဖွဲ့အစည်းပေါ် ဘယ်လောက် ထိရောက်အောင် အကျိုးပြုခဲ့သလည်းဆိုတာပါ ။

ဥပမာ တစ်ယောက်က လုပ်သက် (၅)နှစ်အတွင်းမှာ အရောင်းစံချိန်သစ် (၁၀)ခါ တင်နိုင်ခဲ့တယ်။နောက်တစ်ယောက်က လုပ်သက်(၁၀) နှစ်အတွင်းမှာ အရောင်းစံချိန်သစ် (၃) ခါထက်မကျော်အောင် တင်နိုင်ခဲ့တယ်ဆိုပါစို့ မိတ်ဆွေက ဘယ်သူ့ကို ရာထူးတိုးမြှင့်ပေးချင်လဲ ။ ဒီလိုအခြေခံကျတဲ့ အများမြင်သာတဲ့ အချက်အလက်တွေပေါ် အခြေခံရင် ကိုယ့်အတွက် လည်း မျှတမှု ရှိတဲ့ ရာထူးတိုးမြှင့်ရေး ဆိုတာ မျိုးက လျော့နည်းသွားမှာပါ။

တကယ်လို့များ ကိုယ်က ဖော်ပြလို့မရတဲ့ အချက်အလက်တွေ အောင်မြင်မှုတွေကို ထင်ထင်ရှားရှားပြစရာမရှိတဲ့ အလုပ်မျိုးတွေဆိုရင် လည်း တိကျတဲ့ KPI တွေရှိနေရင်ပိုပြီးအဆင်ပြေပါတယ်။ငွေစာရင်းဌာနလိုမျိုး အများမြင်သာတဲ့ ထိရောက်တဲ့ ဆောင်ရွက်ချက်မျိုးမရှိဘူး ဆိုရင်းလည်း အဲ့ဒိဝန်ထမ်းလုပ်လာတဲ့ ကာလတစ်ယောက် တိကျသေချာမှု ၊အမှားအယွင်းနည်းပါမှုတွေ ဘယ်လောက်ရှိလဲဆိုတာမျိူးကို ပြောပြနိုင်ရင် ဌာနတူချင်းဖြစ်စေတစ်ခြား လုပ်သက်တူ ဝန်ထမ်းချင်းလည်း ကျေနပ်စေလိမ့်မှာ ဖြစ်ပါတယ်။

ရာထူးတိုးမြှင့်ရေးဆိုင်ရာ မူဝါဒများ ဟာ အဖွဲ့အစည်းအတွက် အရေးပါတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ သုံးတတ်ရင် ဆေးဖြစ်သလို မသုံးတတ်ရင်လည်း ဘေးဖြစ်စေပါတယ်။ကိုယ်က တစ်ယောက်ကို တိုးပေး ၊တစ်ခြားတစ်ယောက်က မကျေနပ် အလုပ်မှာကန့်လန့်တိုက် ၊အဆင်မပြေလို့ အလုပ်ထွက် ဆိုရင် နဂိုမူလရည်ရွယ်ချက်တွေပါ ပျောက်ဆုံးကုန်မှာဖြစ်ပါတယ်။

ဒီတော့ ကိုယ်က ရာထူးတိုးမြှင့်ပေးရမယ့် အခြေအနေမျိုးမှာ ဆိုရင်တော့ အထက်က တင်ပြခဲ့သလို တိကျသေချာတဲ့ စံသတ်မှတ်ချက်များအတိုင်း ထားရှိတာ အကောင်းဆုံးပါ။ရာထူးတိုးမြှင့်ရေးအဖွဲ့မျိုးကို ဖွဲ့စည်းပြီး အများက ဝိုင်းဝန်းဆုံးဖြတ်ပေးရတဲ့ ပုံစံမျိုးကလည်း အဖွဲ့အစည်းနဲ့ ဖြစ်တဲ့အတွက် ပိုမိုကောင်းမွန်စေပါတယ်။ဘယ်လို ဆောင်ရွက်ချက်မျိုးပဲဆောင်ရွက် ဆောင်ရွက် အဖွဲ့အစည်းရဲ့ အကျိုးကို ရှေးရှဆောင်ရွက်ဖို့ အရေးအကြီးဆုံးဖြစ်ပါတယ်။

ခဏတာ ဆုံရတဲ့နေရာမှာ ရာထူးဆိုတာ ခွဲခြားခြင်း မဟုတ်ပဲ ၊အဆင့်အလိုက် တာဝန်ခွဲဝေခြင်းဆိုတာကို အလေးထားစေဖို့လိုကြောင်း တင်ပြလိုက်ရပါတယ်။

ရေးသားသူ – Htain Lin Kyaw (HR)

01/05/2026

✨ အ​​ပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ ✨

ယနေ့ မေလ (၁) ရက်နေ့မှာ ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား IMCM College မိသားစုမှ ဂုဏ်ပြုကြိုဆို လိုက်ပါတယ်။

#အလုပ်သမားနေ့

30/04/2026

"ကဆုန်လပြည့်နေ့ ဗုဒ္ဓအခါ‌တော်နေ့"

၃၀.၄.၂၀၂၆ ရက်နေ့တွင် ကျရောက်သော ကဆုန်လပြည့်နေ့ အခါသမယမှာ...

ကျောင်းသား/ သူ၊ မိဘဆရာများနှင့် မြန်မာ ပြည်သူ ပြည်သားများ အားလုံး...

ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့နှင့် ပြည့်စုံပြီး ဒါန၊ သီလ၊ ဘာဝနာ များပွားများနိုင်ကြပါစေကြောင်း IMCM College မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်​ဗျာ။

#ကဆုန်လပြည့်နေ့

Photos from IMCM College's post 28/04/2026

ဒီနေ့ဟာ ကျွန်တော်တို့ IMCM College ရဲ့ MBA ကျောင်းသား၊ ကျောင်းသူတွေအတွက် အမှတ်တရနေ့လေးတစ်နေ့ ဖြစ်ပါတယ်။
Presentation အတွက် ရက်ပေါင်းများစွာ အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီရဲ့ ကြိုးစားမှုကို မြင်တွေ့ရတာ တကယ့်ကို ပီတိဖြစ်ရပါတယ်။ အတန်းထဲမှာ သင်ယူခဲ့သမျှ Theory တွေကို လက်တွေ့ကျကျ အသုံးချပြီး အကောင်းဆုံး တင်ပြနိုင်ခဲ့ကြပါတယ်။
အောင်မြင်မှုရဲ့ နောက်ထပ် ခြေလှမ်းသစ်တစ်ခုကို လှမ်းတက်လိုက်နိုင်ပြီ ဖြစ်တဲ့အတွက် အားလုံးကို "Well Done!" လို့ ပြောကြားရင်း ဂုဏ်ပြုလိုက်ပါတယ်။ 👏

27/04/2026

🚀 𝗦𝗵𝗶𝗳𝘁 𝗬𝗼𝘂𝗿 𝗠𝗶𝗻𝗱𝘀𝗲𝘁, 𝗖𝗵𝗮𝗻𝗴𝗲 𝗬𝗼𝘂𝗿 𝗪𝗼𝗿𝗸𝗽𝗹𝗮𝗰𝗲

💡 အလုပ်မှာ stress, pressure, conflict တွေကြားမှာ
👉 “ဘာကြောင့် အချို့လူတွေက အမြဲအောင်မြင်နေကြတာလဲ?”

အဖြေက skill မဟုတ်ပါဘူး…
👉 Mindset ပါ။

ဒီ Webinar မှာ သင်လေ့လာရမယ်👇
✔ Positive mindset နဲ့ အလုပ်လုပ်နည်း
✔ Negative thinking ကို positive ပြောင်းနည်း
✔ Workplace performance တိုးတက်စေမယ့် mindset tools
✔ Career success ရဖို့ attitude secret

🎤 Speaker: Htain Lin Kyaw
(CEO, Trainer & MBA Lecturer)

🎯 ဘယ်လိုလူတွေတက်ရောက်သင့်လဲဆိုတော့..

✅Employees
✅Team Leaders
✅Managers
✅Students

📅 Date: 1st-May-2026
⏰ Time: 7:00 pm to 8:00 pm
💻 Platform: Zoom
🎟 Fee: Free

👨‍🏫 Speaker:
Sayar Htain Lin Kyaw
CEO, IMCM College
HR Consultant

💥 Seats Limited! အခုပဲ Register လုပ်လိုက်ပါ။

👉 Register လုပ်ရန် : https://docs.google.com/forms/d/e/1FAIpQLSfd4h9evHLVc2pHkU5kFKUGgu-rH85WrhC_IfikM3MxUouoQQ/viewform?usp=sharing&ouid=117211349892861183234

26/04/2026

ဒီနေ့ရဲ့မွေးနေ့ရှင်လေးကတော့ IMCM COLLEGE မှ SWISS MBA အတန်းကို တက်ရောက်နေသော Ko Aung Thu ရဲ့မွေးနေ့ဖြစ်ပါတယ်🎉

Happy Birthday ပါနော် Ko Aung Thu 🎂🎊

ယနေ့မှစ လိုအင်ဆန္ဒများတစ်ထပ်ထဲကျပါစေ....
ပျော်ရွှင်ခြင်းများနဲ့အတူ ဘဝခရီးလမ်းမှာ အဆင်ပြေချောမွေ့ပါစေ......✨

ကျန်းမာချမ်းသာပြီးလိုချင်သော ပန်းတိုင်ကို အမြန်ဆုံးရရှိပါစေဟု IMCM မှ ဆရာ/ ဆရာမများ ကျောင်းသား ကျောင်းသူများနှင့် IMCM TEAM မှ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ☺️☺️

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No. 258/262, Strand Road, 12th Floor, Classic Strand Condominium
Yangon
PO11141