25/02/2025
Let’s enjoy and explore our summer time!
"ကလေးငယ်များ ပျော်ရွှင်သင်ယူနိုင်ဖို့
Milestones ကို သွားကြစို့" 👩🎓
ဒီနှစ်နွေရာသီအတွက် မိမိတို့သားငယ်၊သမီးငယ်လေးတွေကို သင်ကြားရေးသာမက နယ်ပယ်ပေါင်းစုံဖွံ့ဖြိုးဖို့ ဘာသင်တန်းထားရင်ကောင်းမလဲ စဥ်းစားရခက်နေပြီလား။
စိတ်မပူကြပါနဲ့။လူကြီးမင်းတို့သားငယ်၊သမီးငယ်လေးတွေကို ပျော်ပျော်ရွှင်ရွှင်ဆော့ကစားရင် နယ်ပယ်ပေါင်းစုံဖွံ့ဖြိုးတိုးတက်စေမယ့် Programme တစ်ခု Milestones International School မှာ စီစဉ်ထားကြောင်း ဝမ်းသာစွာ အသိပေးလိုက်ရပါတယ်။
🌞Milestones Summer Programme က ဘာလဲ?🌞
>> တစ်နှစ်တာစာသင်နှစ်ကို စာတွေနဲ့လုံးပန်းရင်းဖြတ်သန်းလာခဲ့ရတဲ့ သားသားမီးမီးလေးတို့အတွက် ပျော်ပျော်ရွှင်ရွှင်ကစားရင်း သင်ယူနိုင်ဖို့ ဖန်တီးထားတဲ့ Programme တစ်ခုဖြစ်ပါတယ်။
နှစ်စဥ် စာသင်နှစ်တွေကနေ ရရှိလာတဲ့ ဆရာ/မ တွေရဲ့ အသစ်အသစ်သော အသိပညာတွေကို သုံးပြီး သားသားမီးမီးတို့ အသက်အရွယ်နဲ့ညီမျှတဲ့ သင်ကြားသင်ယူနည်းတွေ၊ကစားရင်း သင်ယူနိုင်မယ့်အခွင့်အလမ်းတွေကို အကောင်းဆုံး ဖန်တီးထားတဲ့ Programme တစ်ခုပါ။
🌞Milestones Summer Program မှာ ဘာတွေပါမှာလဲ🌞
>> ၂၁ ရာစုကို ရောက်လာတာနဲ့အညီ မိမိတို့ရဲ့ ရင်သွေးငယ်လေးတွေဟာ စာပေသင်ကြားရေးအပြင် ဘက်ပေါင်းစုံက တိုးတက်ဖို့ လိုအပ်လာပြီဖြစ်တယ်။
မတ်လကနေ စတင်ဖွင့်လှစ်မယ့် Milestones Summer Programme မှာ ကလေးငယ်များ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားရင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေးအတွက် အောက်ပါအစီအစဥ်များပါဝင်ကြောင်း အသိပေးလိုက်ပါတယ်။
1. English four skills+Thinking
ယနေ့ခေတ်အတွက် မရှိမဖြစ်လိုအပ်သော English ဘာသာစကားကို Cambridge သင်ရိုးကို အခြေခံကာအခြားပူးတွဲ သင်ရိုးများဖြင့် ကလေးငယ်များ၏ Reading,Writing,Listening,Speaking အပြင် Thinking skill ကိုပါ ဆော့ကစားရင်း လေ့လာနိုင်မှာဖြစ်ပါတယ်။
2. Phonics
Phonics သင်ကြားခြင်းဖြင့် မိမိကလေးငယ်များ Engish စကားလုံးများကို ဖတ်တတ်၊ရေးတတ်လာရုံမျှမက ကိုယ်ပိုင်ဝါကျများတည်ဆောက်တတ်စေရန် Phonics သင်ရိုးကို သုံးလစာ ပြင်ဆင်ရေးဆွဲထားကြောင်းလည်း ဝမ်းသာစွာအသိပေးလိုပါတယ်။
3. Mathematics
ကလေးငယ်များ၏အသက်အရွယ်၊အတန်းကိုလိုက်၍ Cambridge သင်ရိုးအပါအဝင် အခြားသင်ရိုးများ ပေါင်းစပ်အားဖြည့်ထားတဲ့ Maths ကိုလည်း သင်ကြားခွင့်ရမှာဖြစ်ပါတယ်။
4. မြန်မာစာ
မြန်မာဘာသာစကား၊မိခင်ဘာသာစကားဖြစ်တဲ့ ကလေးများအတွက် အရေး၊အဖတ်၊အပြော၊အကြားစွမ်းရည် တို့ကို ပို၍တိုးတက်အောင်သင်ကြားခွင့်ရရုံသာမက လူမျိူးခြားကလေးငယ်များအတွက်လည်း သီးခြားအစီအစဥ်များ ရေးဆွဲကာ မြန်မာစာကို လေ့လာခွင့်ရမှာဖြစ်ပါတယ်။ပုံပြင်များပြောပြကာ အပြန်အလှန်ဆွေးနွေးရမယ့် အစီအစဥ်တွေလည်း ထည့်သွင်းထားပါတယ်။
4. Science
သိပ္ပံခေတ်မှာ သိပ္ပံပညာရပ်ကို စိတ်ပါဝင်စားစွာလေ့လာခွင့်ရစေရန် Cambridge သင်ရိုး၊Olympic သင်ရိုးများကိုအခြေခံကာ ခေါင်းစဥ်တစ်ခုကိုသင်ကြားပြီးတိုင်း လက်တွေ့လုပ်ဆောင်ရမယ့် activities များဖြင့် သင်ကြားခွင့်ရမှာဖြစ်ပါတယ်။
5. Chinese
ကမ္ဘာသုံးဘာသာစကားမှာ English ပြီးရင် အရေးအကြီးဆုံးကတော့ Chinese ပဲဖြစ်တယ်။တရုတ်စာ အခြေခံရှိပြီးသား ကလေးငယ်တွေကို ပို၍ တိုးတက်အောင် အခြေခံမရှိသောကလေးငယ်များကို တရုတ်စာသင်ယူခွင်ရအောင် ဖန်တီးပေးထားပါတယ်။
အဆိုပါသင်ကြားရေးနယ်ပယ်များအပြင် ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အောက်ပါအစီအစဥ်များကိုလည်း ထည့်သွင့်ထားပါတယ်။
1. Arts and Craft 🌠
ပန်းချီပညာကို အခြေခံကစ စနစ်တကျဆွဲတတ်စေရန် ကျွမ်းကျင်သောပန်းချီဆရာမများဖြင့် သင်ကြားနိုင်မှာဖြစ်သလို Hand-made craft များကို ပျော်ပျော်ရွှင်ရွှင် ပြုလုပ်ရင်းလေ့လာရမှာဖြစ်ပါတယ်။
2. Swimming 🏊
မြို့ပြမှာနေတဲ့ကလေးအဖို့ ကျွမ်းကျင်ဆရာများနဲ့ ရေကူးတတ်မြောက်စေမယ့် အခွင့်အရေးကောင်းတစ်ခုကိုလည်း ထည့်သွင်းဖန်တီးထားပါတယ်။
3. Forest School 🌳
ကလေးငယ်တွေရဲ့ Holistic development လို့ခေါ်တဲ့ သိမှု၊ရဲရင်မှု၊သတ္တိရှိမှု၊စွန့်စားလိုမှု၊စိတ်ဓာတ်ကြံ့ခိုင်မှုတို့ကို တိုးတက်စေမယ့် Forest School Program ကိုလည်း ထည့်သွင်းထားကြောင်း အသိပေးလိုက်ရပါတယ်။
4. Cooking 🍳
ကလေးတို့ရဲ့သဘာဝစူးစမ်းလေ့လာမှု၊ကိုယ်တိုင်လုပ်ဆောင်လိုမှူတို့ကို အခြေခံပြီးချက်ပြုတ်ခွင့်ရမယ့် cooking programme လည်း ပါဝင်နေပြန်ပါတယ်။
5. Yoga 🎽
Yoga ဆော့ကစားခြင်းသည် စိတ်ဖိစီးမှုကို ဖြေလျော့နိုင်သည့် လေ့ကျင့်ခန်းကောင်း ဖြစ်ရုံသာမက ကိုယ်ကာယကြံ့ခိုင်မှုကိုပါ အသားပေးတဲ့ အားကစားတစ်မျိူးဖြစ်တာကြောင့် Yoga ဆော့ကစားခြင်းကို ငယ်စဉ်ကပင် အလေ့အကျင့်ကောင်းတစ်ခုအဖြစ် မွေးမြူစေလိုတဲ့ဆန္ဒဖြင့် ထည့်သွင်းထားပါတယ်။
ကဲ… ဒီလောက်ပြည့်စုံပြီး ကလေးငယ်တွေပျော်ပျော်ရွှင်ရွှင်သင်ယူခွင့်ရမယ့် ☀ Milestones Summer Programme ကို စိတ်ဝင်စားပါက
🏢 Block- 26/9, Chin Su Street, Nawaday Housing, Hlaing Thar Yar, Yangon ကို လာရောက်မေးမြန်းနိုင်သလို ☎️ 09 740 914 914 ကို ဆက်သွယ်ပြီး သိလိုသည်များကို ကျောင်းပိတ်ရက်များမှအပ ကျန်ရက်များတွင် အသေးစိတ်လာရောက် မေးမြန်းနိုင်ပါတယ်။