18/05/2026
Year 6 အပါအဝင် Year 7 8 9 တစ်နှစ်အတန်းများဖွင့်ဖို့အတွက် Hinthar Education Founder Dr Kaung Myat Htut စဉ်းစားဖြတ်သန်းခဲ့ရတဲ့ အမှတ်တရ
***********************
ကိုဗစ်ကာလတုန်းက ကလေးနှစ်ယောက်အိမ်ထဲမှာပိတ်မိနေတဲ့အချိန်ပေါ့၊ ကစ်တီက အသက် ၅ နှစ်ရောက်လာပြီး သူငယ်တန်း စ ထားရမယ့်အရွယ်။ ကိုဗစ်ပဲ ဘာမှမဖြစ်ပါဘူးဆိုပြီး တစ်နှစ်နေလိုက်တာ နိုင်ငံရေးပြဿနာတက်ပြီး ကျောင်းတွေလည်း ကမောက်ကမဖြစ်၊ အပြင်ထွက်မရနဲ့ ကလေးတွေပညာရေးကိုစိတ်ပူခဲ့ရတဲ့အချိန်တစ်ခုပါ။
အဲဒီအချိန်ကတည်းက ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကလေးတွေအတွက် ငါစာသင်မယ်ဆိုပြီး စဉ်းစားခဲ့ဖူးပါတယ်။ အဲဒီတုန်းက ပို့စ်တစ်ခုတင်ပြီး အပြင်မှာလည်း မိဘအချို့နဲ့ ဆွေးနွေးခဲ့ဖူးပါတယ်။ တကယ်တမ်းလက်တွေ့မှာ ကျွန်တော်ကိုယ်တိုင် မူလတန်းပညာရေးကို သိပ်မကျွမ်းကျင်တာဖြစ်တဲ့အတွက် မသေချာတဲ့အလုပ်ကိုမလုပ်ခဲ့ဘဲ iGCSE O Level အတန်းတွေကိုပဲ စတင်ဖြစ်ခဲ့ပါတယ်။
အခုတော့ တဖြည်းဖြည်းနဲ့အတန်းအငယ်လေးတွေဆင်းလာတာ Year 7 အထိရောက်လာပြီဖြစ်ပြီး ကလေးနှစ်ယောက်ကလည်း Grade 3 & 4 ပြီးလာတော့မှာပါ။ Grade 4 ပြီးတော့ Year 5 ပြီးခြင်းနဲ့ ညီမျှတာကြောင့် Year 6 ကို စ တက်ရတော့မယ့်အချိန်ရောက်လာပါပြီ။
နိုင်ငံရေး စီးပွားရေးရဲ့ အကျိုးသက်ရောက်မှုက ကဏ္ဍတိုင်းအပေါ်မှာ သက်ရောက်ခဲ့တာဖြစ်တာကြောင့် ကလေးတွေထားတဲ့ကျောင်းပေါ်မှာလည်း သက်ရောက်မှုရှိလာပါတယ်။ ကလေးတွေကို ခေါ်မယ်၊ ဆက်ထားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်များကြားမှာ သူငယ်ချင်းတွေနဲ့ ဆက်လက်ပျော်စေချင်တာရယ်၊ တစ်ဘက်ကလည်း ပညာတတ်အောင် မောင်းချင်တာနဲ့ နောက် ၂ နှစ်ဆို အရေးကြီးတဲ့အသက်၊ အတန်းရောက်လာပြီဆိုတဲ့ အချက်ပေါင်းများစွာကြားမှာ ဆုံးဖြတ်ချက်ချရတာပါ။
ဒါကြောင့် Year 6 လောက်ကိုဆင်းပြီး အတန်းဖွင့်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ကျောင်းမှာကလည်း O level / A level အပြင် US G12 ပညာရေး OSSD စတာတွေပါ သင်ခွင့်ရှိနေပြီး လိုင်စင်တွေလည်းရှိနေတာကြောင့် အကောင်းဆုံးလုပ်ပေးမယ်ဆိုတာ အရင်ကထက်တော့ ယုံကြည်မှုပိုရှိလာပါတယ်။ ကျောင်းလည်ပတ်တာလည်း ၆ နှစ်ရှိပြီဖြစ်ပြီး ဒီကြားထဲမှာ သူများကလေးတွေကိုတောင် တစ်ကမ္ဘာလုံး အမှတ်အများဆုံးဖြစ်အောင်၊ MIT အပါအဝင် ကမ္ဘာ့ထိပ်သီးတက္ကသိုလ်ဝင်ခွင့်ရအောင် သင်ပေးနိုင်တဲ့ဆရာတွေ၊ စနစ်တွေတောင်ရှိနေတဲ့အတွက် ယုံကြည်မှုရှိရှိနဲ့ ဆက်လက်လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
အခုကြော်ငြာထားတာကတော့ Year 7 က စ တယ်ဆိုပေမယ့် တကယ်တမ်းတော့ ကလေးတွေအတန်း Year 6 ကနေ စ မှာပါ။ ငယ်ငယ်က အတန်းတစ်တန်းငယ်နေပေမယ့် ကစ်တီနဲ့အတန်းအတူတူထားဖို့အတွက် ရှစ်လလောက်အချိန်ယူပြီး လိုအပ်တဲ့စာတွေကို သင်ယူတန်းညှိထားတာပါ။
စာတွေပဲသင်မယ့်အပြင် Music, Physical Education, Language (French) အပြင် Science ကိုလည်း Practical တွေနဲ့ အချိန်တစ်နှစ်ယူပြီး အေးအေးဆေးဆေး သင်ဖို့အတွက် သင်ရိုးကိုပြင်ဆင်ထားပါတယ်။ Resources တွေကိုလည်း ဝယ်ယူထားပါတယ်။
ဒီလိုတွေပြောနေလို့ ၆ လအတန်းကိုလည်း မလျှော့ထားပါ၊ ၆ လအတန်းက ရထားတဲ့အတွေ့အကြုံတွေအရ တစ်နှစ်အတန်းကို ယုံကြည်မှုအပြည့်နဲ့လုပ်နိုင်တာဖြစ်ပါတယ်။
လွန်ခဲ့သောဆယ့်ငါးနှစ်လောက်က သူငယ်ချင်းတစ်ယောက်နဲ့စကားပြောဖူးတယ်။ သူက ကျောင်းတစ်ခုမှာ Business Development လုပ်နေတာ။ မင်းလုပ်နေတဲ့ကျောင်းကောင်းလားလို့မေးဖူးတယ်။ သူက ကျောင်း Founder တို့ Founder ရဲ့ ညီမတို့ မိသားစုတွေ ဘယ်ကျောင်းထားလဲ မေးကြည့်လေတဲ့။ ခပ်ပြုံးပြုံးလေးပြန်ဖြေပါတယ်။
Hinthar က အောင်သွားတဲ့ ကျောင်းသားတွေထဲက ဆရာဝန်ဖြစ်လာမယ်ဆို သူတို့နဲ့ ဆေးအကုခံရဲပါတယ်။ အင်ဂျင်နီယာတွေကို တိုက်ဆောက်ဖို့ အလုပ်အပ်ရဲပါတယ်။ စသည်ဖြင့် အလုပ်တွေအပ်ရဲပါတယ်။ ကိုယ်ဖော်တဲ့ဆေး ကိုယ်စားရဲတယ်ပေါ့။
အခုလည်း ကျောင်းက ဆရာတွေလက်ထဲကို အကောင်းဆုံးသင်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဆရာတွေလက်ထဲကိုအပ်ပြီး အကောင်းဆုံးတွေဖြစ်အောင် ဆက်လုပ်ပါမယ်။
အရင်က ကလေးတွေနဲ့ ရွယ်တူကလေးရှိသော မိဘများက ပညာရေးနဲ့ပတ်သက်လို့ မေးထားခဲ့ဖူးတာတွေရှိပါတယ်။ အခုလည်း စိတ်ဝင်စားသူမိဘများအားလုံးကိုလည်း ဖိတ်ခေါ်လိုက်ပါတယ်။
အတန်းတွေကတော့ Year 6 က စ ပါမယ်။ Year 6 7 8 9 ပါ။ June 16 မှာ စ မယ်လို့ ပြင်ဆင်ထားပါတယ်။ Location ကတော့ ပြည်လမ်းပေါ်က ၆ မိုင် / ၆ မိုင်ခွဲဝန်းကျင်ကိုလျာထားပါတယ်။ အခြားသော ကျောင်းများလိုပဲ တစ်နှစ်ကို Term သုံးခုနဲ့သွားမှာပါ။ ဒီ Term မကြုံရင် နောက် Term လည်း လာရောက် Join နိုင်ပါတယ်။
#ဆြာကောင်းပြောသည်
#ဟင်္သာနှင့်အတူအမြင့်ဆုံးသို့
16/05/2026
🌟 Hinthar Education မှ Pearson Edexcel Year 6 (10 Months) သင်တန်းဖွင့်ပါမယ်။
သင့်ကလေးက Pearson Edexcel Pathway နဲ့ ဆက်လက်လေ့လာဖို့ စိတ်ကူးထားတဲ့ မိဘတစ်ယောက်ဖြစ်ရင် Year 6 မှာ အခြေခံကို မှန်ကန်စွာ တည်ဆောက်ပေးခြင်း က အနာဂတ် Year 7, Year 8, Year 9 ကနေတဆင့် IGCSE အဆင့်တွေကို လွယ်ကူသွားစေမယ့် အရေးကြီးဆုံးအဆင့်လို့ ပြောလို့ရပါတယ်။
Hinthar Education မှ ဖွင့်လှစ်မည့် Pearson Edexcel Year 6 (10 Months Program) ကလည်း အဲဒီအခြေခံကို စနစ်တကျ တည်ဆောက်ပေးဖို့ ရည်ရွယ်ထားတဲ့ အထူးပြုအတန်းပါ။
ရုတ်တရက် ဒီနေရာမှာ ၁၀ လအတန်းဆိုတော့ စာဖတ်သူတွေ နားမလည်ဖြစ်နေမှာစိုးလို့ တစ်ချက်ရှင်းပြပါမယ်။ Hinthar က Year 789 အတန်းတွေကို ၆ လပဲသင်ပါတယ်။ တစ်နှစ်ကို နှစ်တန်းသင်ပါတယ်။ ဒါကြောင့် အခုအတန်းက ပုံမှန်ကျောင်းတွေအတိုင်းပဲ တစ်နှစ်ကို တစ်တန်းသင်ပါတယ်။ တစ်နှစ် ၁၂ လရှိတဲ့အနက်မှာ ၁၀ လ က စာသင်ချိန်ဖြစ်ပြီး ကျန်တဲ့ ၂ လကတော့ နွေရာသီကျောင်းပိတ်ရက်ဖြစ်ပါမယ်။
💡 ဒီ Year 6 Program မှာ သင့်ကလေး ဘာတွေ သင်ရမလဲ?
💡English (Edexcel Standard နဲ့ ကိုက်ညီအောင် Reading, Writing, Speaking, Listening စတဲ့ Academic English Skill တွေကို Vocabulary, Grammar, Comprehension တွေဖြင့် သင့်ကလေး Edexcel Exam တွေကို မကြောက်ဘဲ ဖြေဆိုနိုင်အောင် အခြေခံကို တည်ဆောက်ပေးမယ်။)
💡Math Core Skills (Number, Fraction, Decimal, Percentage, Problem Solving, Logical Thinking စတဲ့ အဓိက Concept တွေကို သေချာနားလည်အောင် လေ့ကျင့်ပေးမယ်။)
💡Science Concepts (Science ကို စာမကျက်ရသလို နားလည်ရအောင် Basic Physics, Chemistry, Biology Concept လေးတွေကို Real-life Examples နဲ့ Activities တွေဖြင့်
သင့်ကလေး စိတ်ဝင်စားစေပြီး နားလည်စေမယ်။)
💡ဒီဘာသာတွေအပြင် Arts (Fine Arts), Physical Education, Music, Global Citizenship & Social Studies ဘာသာရပ်များလည်း ပါဝင်ပါတယ်။
💡Year 6 သင်ရိုး ၁၀ လ ပြီးမြောက်တဲ့နောက် Pearson Edexcel ရဲ့ iPrimary Exams ကိုလည်း ဝင်ရောက်ဖြေဆိုဖို့ ရည်ရွယ်ထားတာကြောင့် Exam Techniques သင်ကြားသလိုပဲ မဖြေတတ်ရင် အကျိုးမရှိလို့ Time Management, Question Analysis, Answering Techniques စတဲ့ Exam Skill တွေကိုလည်း သီးခြား သင်ကြားပေးပါမယ်။
🎯 မိဘများအတွက် ဘာကြောင့် ဒီ Class ကို သင့်ကလေးကို ပို့သင့်သလဲ?
Year 6 မှာ အခြေခံကောင်းရင် Year 7, 8, 9 နဲ့ IGCSE အဆင့်တွေမှာ
- စာအများကြီးနဲ့ မလန့်ရတော့ဘူး
- Concept တွေကို လွယ်လွယ်နားလည်နိုင်တယ်
- Confidence နဲ့ Exam တွေကို ကြိုဆိုနိုင်တယ်
ဆိုတဲ့ အကျိုးကျေးဇူးတွေ ရရှိလာမယ်။
၁၀ လအတွင်း စနစ်တကျ ပြင်ဆင်ထားတဲ့ Curriculum နှင့်အတူ Weekly Plan, Monthly Target တွေနဲ့ သင့်ကလေးရဲ့ Progress ကို တဖြည်းဖြည်း မြင်ရအောင် Design လုပ်ထားပါတယ်။ မိဘတွေအတွက် အကျိုးရှိပြီး ထိရောက်မယ့် Program တစ်ခုပါ။
Edexcel Syllabus နဲ့ Assessment Style ကို နက်နက်ရှိုင်းရှိုင်း နားလည်ထားတဲ့ ဆရာ/မတွေက
ကလေးတွေကို လေးနက်စွာ သင်ကြားပေးရုံမက စိတ်ဓာတ်မြှင့်တင်ပေးနိုင်တဲ့ Mentors တွေဖြစ်လို့ သင့်ကလေးအတွက် Academic + Emotional Support နှစ်မျိုးလုံးရရှိနိုင်မယ်။
📌 အနာဂတ် Edexcel Pathway ကို စိတ်ချစိတ်မလှုပ်နဲ့ စတင်ပေးချင်တဲ့ မိဘတွေအတွက်
Hinthar Education ရဲ့ Pearson Edexcel Year 6 (10 Months Program) က
သင့်ကလေးရဲ့ Academic Journey ကို တည်ငြိမ်စေမယ့် အခြေခံအဆင့်အရေးကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။
- Class Time Table
- Fees
- Start Date
- Enrollment Process
စသည်ဖြင့် အသေးစိတ်သိလိုပါက Messenger မှတဆင့် ဆက်သွယ်နိုင်သလို အောက်ဖော်ပြပါ ဖုန်းနံပါတ်များမှတဆင့် ဖုန်းခေါ်၍ဖြစ်စေ Viber မှတဆင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Contact - 09 894 33 22 00 / 09 894 33 22 99
#ဟင်္သာနှင့်အတူအမြင့်ဆုံးသို့
11/05/2026
2026 May and June Intake အတန်းအသစ်များ
2026 iGCSE O Level ( Class K ) အတန်းအသစ်များကို 2026 May 12 (Tuesday) မှာ စ ပါမယ်။ Pearson Edexcel သင်ရိုးနဲ့သင်ပြီး 2027 November မှာ Final Exams ဝင်ဖြေပါမယ်။ ၁၈ လ (တစ်နှစ်ခွဲ) အတန်းများဖြစ်ပါတယ်။ သို့သော်လည်း Computer Science, Global Citizenship, Arts & Design 3D, Arts & Design Fine Arts, Psychology အတန်းများကတော့ 2027 May မှာ ဖြေရပါမယ်။
အရင်လိုပဲ Year 789 ၆ လ အတန်းများလည်းရှိပါမယ်။ 2026 May 14 (Thursday) အတန်း စ ပါမယ်။ Cambridge Checkpoint နဲ့သင်မှာဖြစ်ပြီး 2026 May to October ဖြစ်ပါမယ်။ ကျောင်းက စစ်တဲ့ Final Exams အပြီး ဆယ်ရက်လောက်နားပြီးတာနဲ့ နောက်အတန်းအသစ်ကို ဆက်တက်ရပါမယ်။ စာကြိုးစားတဲ့ကလေးများအတွက် အရင်လိုပဲ 100% Scholarship ပေးတဲ့ အစီအစဉ်လည်းရှိနေပါတယ်။
Year 6 မှ စ ပြီး Year 6789 တစ်နှစ်အတန်း (စာသင်ကာလ ၁၀ လ) အတန်းအသစ်များကိုလည်း ဒီနှစ်မှာ စီစဉ်ထားပါတယ်။ 2026 June 16 (Tuesday) မှာ စ ပါမယ်။ Pearson Edexcel သင်ရိုးနဲ့သင်ပါမယ်။ စာသင်ကာလ ၁၀ လ ဖြစ်ပါတယ်။ Physical Education, Musics, Social Studies ဘာသာရပ်တွေပါ ထည့်သွင်းသင်ကြားမှာဖြစ်ပါတယ်။ ကျောင်းနေရာအသစ်မှာ တက်ကြရပါမယ်။
အခုလို အတန်းအသစ်များဖြင့် စာသင်နှစ်အသစ်တစ်ခုကို စတင်တော့မှာဖြစ်ပြီး #ဟင်္သာနှင့်အတူအမြင့်ဆုံးသို့ ဆိုတဲ့စကားနှင့်အညီ အောင်မြင်မှုရလဒ်အသစ်များကို ဖန်တီးတည်ဆောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Contact - 09 894 33 22 00 / 90 894 33 22 99
#ဟင်္သာနှင့်အတူအမြင့်ဆုံးသို့
05/05/2026
Hinthar Yangon is looking for talented personnels for the following positions.
Post again on 5th May, 2026.
Finance Team
Accountant (M/F) - 1 post
Jr Accountant (M/F) - 2 posts
Cashier (M/F) - 3 posts
EDITED: 05 MAY
Accountant and Jr Accountant ရပြီး ခန့်ပြီးပါပြီ။
Student Services & Admin Team
Student Services Officer (M/F) - 10 posts
HR Office (M/F) - 1 post
Project Coordinator (M/F) - 2 posts
Secondary (Year 6789) Science Teacher (M/F) - 3 posts
(1 - Physics, 1 - Chemistry, 1 - Biology)
Duty Stations - Kamayut and Hlaing Township
******
For Hinthar Mawlamyine
Student Services & Admin Officer (M/F) - 1 post
Duty Station - Mg Ngan
******
Please send your updated resume with expected salary to [email protected].
24/04/2026
Hinthar x Warriors Collaboration
Busniness လောကမှာ Competitor ဆိုတဲ့စကားတစ်လုံးရှိပါတယ်။ မြန်မာလို ဘာသာပြန်လိုက်တော့ စီးပွားပြိုင်ဘက်လို့ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ ကျွန်တော်တို့ကတော့ အဲဒီလိုသဘောမထားဘဲ လုပ်ငန်းတူလုပ်ကိုင်ကြသူများလို့ပဲ ဆိုလိုချင်ပါတယ်။
ပညာရေးလောကမှာ စီးပွားအနေနဲ့ပြိုင်နေတယ်ဆိုတာထက် ကလေးတွေကို စာသင်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်က ရှေ့ကိုပိုရောက်နေကြပါတယ်။ ကျောင်းတွေအချင်းချင်းကြားထဲမှာ မိမိအားသန်ရာပို၍ အားဖြည့်ပြီး သင်ကြားကြသော ကျောင်းများသာဖြစ်တယ်လို့ ပြောချင်ပါတယ်။
မိဘတွေ iGCSE Group တွေထဲမှာ ဘယ်ကျောင်းကောင်းလဲလာမေးရင် ကျောင်းတိုင်းကောင်းပါတယ်။ မိမိနဲ့ကိုက်ညီမယ့်ကျောင်းကိုရွေးတက်လို့ပဲ အကြံအမြဲပြုပါတယ်။ မိမိနဲ့ကိုက်ညီရာဆိုသည်မှာ ဘတ်ဂျက်၊ ကျောင်းတည်နေရာ၊ ရနိုင်တဲ့ဘာသာရပ်များ၊ သင်ကြားတဲ့ဆရာ ဆရာမများ၊ Students:Teacher Ratio၊ Extra Curriculum စသည်ဖြင့် မိမိတို့ဘာလိုချင်တယ်ဆိုတာပေါ်မူတည်ပြီး ရွေးချယ်တက်ရောက်ကြပါလို့ အမြဲအကြံပြုပါတယ်။
မြန်မာတို့ရဲ့ စီးပွားရေးလုပ်ငန်းမှာလည်း အလုပ်အတူတွဲလုပ်ရင် အဆင်မပြေဘူးဆိုတာ ခဏခဏကြားရတော့ အဲဒီလိုလည်းမဖြစ်ရလေအောင်၊ မိမိတို့ပူးပေါင်းလုပ်တဲ့ရည်ရွယ်ချက်ကိုက ကလေးတွေ ပညာပိုတတ်ဖို့အတွက် သူ့အားသာချက် ကိုယ်အားသာချက် ပေါင်းပြီး ပိုကောင်းတာလေးတွေလုပ်ဖို့ရည်ရွယ်ထားပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် Hinthar က ကျောင်းသားတွေ ထွက်သွားပြီး Warriors ဘက်သွားတက်ရင် ဘယ်လိုလုပ်မလဲဆိုပြီး စိတ်ပူစရာလည်းရှိပါတယ်။ Hinthar ရော Warriors ရောကိုပါ မကြိုက်လို့ ထွက်သွားတယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီငွေကြေးကိစ္စတွေထက် ပညာရေးကို ဘယ်လိုပိုကောင်းအောင် ပေါင်းလုပ်ကြမလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ Founder ၂ ဦးက စကားတွေပြောပြီး သဘောတူညှနှိုင်းကြတာဖြစ်တာကြောင့် Education Quality ကိုဦးစားပေးထားတယ်ဆိုတာ အများသိစေချင်ပါတယ်။
အသေးစိတ်ထပ်ရှင်းပြရရင်တော့ Hinthar က ကလေးတွေ Warriors မှာသွားတက်ရမှမဟုတ်ပါ။ Warriors က ကလေးများကလည်း Hinthar ကို လာတက်ရမှာမဟုတ်ပါ။ Warriors က Year 9 / Pre iGCSE အတန်းပြီးထားတဲ့ကလေးတွေက iGCSE O Level ရောက်တဲ့အခါမှာ Warriors ရဲ့ Campus သုံးခုဖြစ်တဲ့ လှိုင်၊ တော်ဝင်၊ သုဝဏ္ဏ တို့မှာ ဆက်တက်ရမှာပါ။ Cambridge သင်ရိုးပါ။ CIE O Level ပါ။ သင်တာက Warriors က ဆရာ ဆရာမတွေနဲ့ Hinthar က ဆရာ ဆရာမ အချို့တို့ ပူးပေါင်းသင်ကြားကြမှာဖြစ်ပါတယ်။
Hinthar မှာလာတက်ချင်တယ်၊ အနည်းငယ်ဝေးလို့ဆိုတဲ့မိဘတွေရော၊ CIE ပဲတက်ချင်တာဆိုတဲ့ မိဘတွေရောအတွက် အဆင်ပြေစေမယ့် အဖြေတစ်ခုဖြစ်တယ်လို့လည်း ယူဆပါတယ်။
Campus Facility, Student Services and Admin စတာတွေက Warriors ဘက်မှ တာဝန်ယူပြီး ပညာရေးလမ်းကြောင်းကိစ္စနှင့် Academic Quality & Assessment တို့ကို Hinthar ဘက်မှ တာဝန်ယူမှာဖြစ်ပါတယ်။
အသေးစိတ်အတွက် Hinthar Warriors ပူးပေါင်းဖွင့်လှစ်ထားတဲ့ page အသစ်မှာ စုံစမ်းနိုင်ပါတယ်။ (https://www.facebook.com/profile.php?id=100063818379890)
အနှစ်ချုပ်ရရင်တော့ သူများအလင်းတိုင်လိုက်မှုတ်ပြီး မိမိတစ်ဦးတည်းလင်းမယ့်အစား အလင်းတိုင်ပေါင်းများစွာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး လင်းပါစေဆိုတဲ့စိတ်နဲ့ ပိုကောင်းသည်များကို ပူးပေါင်းလုပ်ကိုင်ကြရန်ဖြစ်ပါတယ်။ ကလေးများရဲ့ပညာရေး ဒီထက်ပိုတိုးတက်ကြပြီး ပိုမိုမြင့်မားသော အောင်မြင်မှုများ ရကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါအပ်လိုက်ပါတယ်။
#ဟင်္သာနှင့်အတူအမြင့်ဆုံးသို့
21/04/2026
Hinthar ရဲ့ ခြောက်လနှင့် တစ်နှစ်အတန်းများ
မိဘများ ဒီရက်ပိုင်း Hinthar မှာဖွင့်မယ့်အတန်းတွေနဲ့ပတ်သက်လို့ မရှင်းလင်းတာလေးတွေ မေးခွန်းမေးလာတဲ့အပေါ် ပြန်လည်ရှင်းပြပေးခြင်းဖြစ်ပါတယ်။ စိတ်ဝင်စားမှုနဲ့ မေးမြန်းစုံစမ်းလာမှုများကို ကျေးဇူးအထူးတင်ကြောင်း ဦးစွာပြောလိုပါတယ်။
Year 789 ခြောက်လအတန်းများက အရင်ကတည်းက Cambridge သင်ရိုးနဲ့သင်ပါတယ်။ Cambridge ဖတ်စာအုပ်နဲ့သင်ပြီး O level မှာ Pearson Edexcel ပြောင်းသင်တော့ အဆင်ပြေလားဆိုတော့ အခက်အခဲမရှိပါ။ အခုအဲဒီ ခြောက်အတန်းများက အရင်လိုပဲ ဆက်လက်ရှိနေပါဦးမယ်။
လက်ရှိကလေးများရဲ့ အခက်အခဲအချို့၊ ခေတ်ကာလအလျောက်ပြောင်းလဲလာမှုများကြောင့် တစ်နှစ်အတန်းကို စီစဉ်လိုက်ပါတယ်။ တစ်နှစ်အတန်းမှာတော့ Pearson Edexcel နဲ့သင်ပါမယ်။ O level တောက်လျှောက် Pearson Edexcel နဲ့ဆက်သွားပါမယ်။
ခြောက်အတန်းနဲ့တစ်နှစ်အတန်းဘာကွာလဲမေးရင် သင်တဲ့ဘာသာရပ်အကုန်အတူဖြစ်ပါတယ်။ တစ်နှစ်အတန်းမှာတော့ Arts, Music, PE, Social Studies လေးတွေ ထပ်ဖြည့်ဖို့ ပြင်ဆင်နေပါတယ်။ တစ်နှစ်အတန်းဆိုပေမယ့် ၁၀ လသင်မှာပါ။
ခြောက်လအတန်းကတော့ ကလေးက စာလုပ်ရင်အဆင်ပြေပါတယ်။ စာသင်၊ အိမ်စာပေး၊ နောက်တစ်ခန်းတက် စ သည်ဖြင့် ခပ်မြန်မြန်လေးသွားတဲ့သဘောရှိပါတယ်။ တစ်နှစ်အတန်းကတာ့ အနည်းငယ်အချိန်ပိုရတဲ့အတွက် အသက်ငယ်တဲ့ကလေးတွေအတွက် စာကိုကြေညက်ချိန် အနည်းငယ်ပိုရတဲ့အတွက် တစ်မျိုးလေး အဆင်ပြေပါလိမ့်မယ်။
ဒီတော့ ဘယ်အတန်းထားရမလဲမေးလာရင် စာလုပ်နိုင်တယ်ဆိုရင် ခြောက်လအတန်းထား၊ အသက်လေးကြီးနေလို့ အမြန်သင် အမြန်အတန်းတက်ဆိုတာမျိုးဆိုရင် ခြောက်လအတန်းတက်။ ကလေးက အနည်းငယ် ငယ်နေလို့ အေးဆေးလေးသွားချင်တယ်ဆို တစ်နှစ်အတန်းတက်၊ ကျောင်းသဘောမျိုး Activity လေးတွေနဲ့ဆိုရင် တစ်နှစ်အတန်းတက်ဆိုတာမျိုး အကြံပြုချင်ပါတယ်။
ဘယ်အတန်းပဲတက်တက်ပါ၊ စာသင်တဲ့အင်အားကိုတော့ မလျော့ပါ။ စာကိုတတ်အောင်သင်ပါမယ်။ မြန်မာနှစ်သစ် ၁၃၈၈ အတွက် ဆုမွန်ကောင်းများတောင်းပေးရင်း တစ်နှစ်အတန်းအသစ်ဖြင့် ပုံစံအသစ်ဖြင့် ပညာရေးပုံစံအသစ်ဖြင့် လမ်းကြောင်းအသစ်တစ်ခုကို စတင်လိုက်ပါတယ်။
#ဟင်္သာနှင့်အတူအမြင့်ဆုံးသို့
21/04/2026
Hinthar Yangon is looking for talented personnels for the following positions.
Finance Team
Sr Accountant (M/F) - 1 post
Accountant (M/F) - 1 post
Jr Accountant (M/F) - 1 post
Cashier (M/F) - 2 Posts
Student Services & Admin Team
Manager (M/F) - 1 post
Student Services Officer (M/F) - 10 posts
Duty Stations - Hlaing and Kamayut Township
******
For Hinthar Mawlamyine
Student Services & Admin Officer (M/F) - 1 post
Duty Station - Mg Ngan
******
Please send your updated resume with expected salary to [email protected].
18/04/2026
Pearson Edexcel - 1 year course များ ကျောင်းအပ်လက်ခံနေပါပြီ။
**************************
ကျောင်းမှာအရင်က Pre iG ဆိုပြီး စ လုပ်ခဲ့တယ်။ Year 8 + Year 9 အတန်းတွေကို ၁၀ လနဲ့သင်တာပါ။ ဆိုလိုတာက Year 8 ကို ၅ လ၊ Year 9 ကို ၅ လ သင်တာပါ။ လက်တွေ့မှာက စာကို ၄ လနဲ့သင်ပြီးနောက်ဆုံး ၅ လမြောက်မှာ Revision ပြန်ပြီး စာမေးပွဲတွေစစ်တဲ့စနစ်ပါ။ အကုန်လုံးအဆင်ပြေတယ်။ ဘာမှအမှားအယွင်းမရှိဘူး။ Cambridge Checkpoint ဖတ်စာအုပ်တွေက တကယ်သင်ရင်၊ ကလေးတွေဘက်ကလည်း တကယ်လိုက်လုပ်ရင် ၄ လနဲ့ပြတ်တယ်၊ စာလည်းရတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ အဲဒီကလေးတွေက မြန်မာကျောင်းကနေတန်းလာတဲ့ ကလေးတွေ၊ English တော့အားနည်းပေမယ့် Maths and Science ပိုင်းမှာ အားသာကြတယ်။ အဓိက အားသာချက်ကတော့ စာသင်ချိန်မှာ စည်းကမ်းရှိရှိနဲ့ စာကို focus ဖြစ်ဖြစ် နားထောင်တတ်ကြတာပါ။
အဲဒီနောက်တစ်နှစ်ခွဲလောက်ကြာတော့ ၁၀ လနဲ့ စာမကြေတဲ့ကလေးတွေဖြစ်လာတယ်။ ဒီတော့ သူတို့အတွက် Pre iG ဆိုပြီးလုပ်မယ့်အစား Year 7 8 9 ဆိုပြီး တစ်တန်းချင်းစီ ခွဲထုတ်ခဲ့ရတယ်။ သို့သော်လည်း Hinthar မှာကတော့ တစ်တန်း ၆ လ သင်တာ အဆင်ပြေဆဲဖြစ်တယ်။ တွေ့ရှိခဲ့တဲ့အတွေ့အကြုံတွေအရ Cambridge Checkpoint နဲ့သင်တာ ၆ လနဲ့လုံလောက်ပါတယ်။ ကျောင်းမှာက Arts, Music, PE နဲ့အခြားသော အပိုဘာသာရပ်များမပါတာကြောင့် ၆ လနဲ့လောက်ပါတယ်။ Pearson Edexcel သင်ရိုးကို စမ်းသင်ဖူးပါတယ်။ အခုလို အပိုဘာသာရပ်တွေမပါတာတောင်မှ ၈ လနီးပါးသင်မှ လုံလောက်ပါတယ်။
အခုတော့ ကလေးတွေရဲ့အခြေအနေက တစ်နှစ်အတန်း (၁၀ လစာသင်ချိန်) ရှိမှ လုံလောက်တယ်ဆိုတာ တွေ့ရှိလာပါတယ်။ မြန်မာကျောင်းကနေ G8 အထိသင်ဖူးတဲ့ကလေးတွေ၊ စာကိုတကယ်လုပ်တဲ့ကလေးတွေ၊ မိဘကပြောစရာမလိုဘဲ Self Study ကောင်းတဲ့ကလေးတွေဆိုရင်တော့ ၆ လအတန်းကို ဆက်သွားလို့ရပါတယ်။
စာကြည့်ချိန်လည်း စနစ်တကျမရှိ၊ Self Study လည်းမလုပ်၊ ဖုန်းကလည်း မပြတ်၊ ဂိမ်းလည်း အလွန်ဆော့ဆိုရင်တော့ ၆ လအတန်းရော၊ တစ်နှစ်အတန်းနဲ့လည်း မလောက်ပါ။ မိဘကငွေကုန်မယ်၊ ကလေးက အချိန်ကုန်မယ်၊ ကျောင်းဘက်က အားကုန်မယ်။ စာကိုသေချာမလုပ်ရင်တော့ ဘယ်အတန်းမှ အဆင်မပြေဘူးဆိုတာ ဦးစွာပြောပါရစေ။
အခုကလေးတွေက Focus / Concentration မရဘူး။ ဖုန်းအလွန်သုံးထားလို့ စာသင်တာကို ထိခိုက်စေတယ်ဆိုတာ ပြီးခဲ့တဲ့ ပို့စ်တွေမှာ ထောက်ပြပြီးဖြစ်ပါတယ်။ ကလေးတွေဘက်ကလည်း ပြန်စဉ်းစားကြည့်ကြရအောင်။
ကိုဗစ်ဖြစ်တယ်၊ နိုင်ငံရေးပြဿနာတွေတက်တယ်၊ အဲဒီအချိန်မှာ အခုကလေးအများစုက G2-G5 ဝန်းကျင်ပဲရှိကြတယ်။ ရုတ်တရက် မိဘတွေကိုယ်တိုင်ဘာလုပ်ရမှန်းမသိ၊ အများစုက အွန်လိုင်းဆိုတော့ ကိုယ့်ကလေးနောက်ကျမှာစိုးပြီး အွန်ုလိုင်းလိုက်ထား။ အွန်လိုင်းပဲထားလို့ရတာလေ။ English အချိန်ရောက်ရင် ကလေးကိုခေါ်၊ ဟဲ့ လာထိုင်၊ ဒီအတန်းတက်၊ Maths အချိန်ရောက်ရင် ကလေးကို ရော့ ဒီအတန်းတက်ဆိုပြီး မိဘတွေက အကုန်စီမံခဲ့ရတာပေါ့။ အိမ်က ကျောင်းဖြစ်သွားရော။ အဲဒီမှာ ကျောင်းလို Facility မရှိသလို၊ ဘေးမှာသူငယ်ချင်းလည်းမရှိတော့ ကလေးတွေက တစ်ယောက်တည်း ရုန်းကန်ခဲ့ရပါတယ်။
ကျောင်းတွေဘက်ကလည်း စာနဲ့ပတ်သက်ပြီး အသစ်ဖြစ်တော့ ဘယ်စာကို ဘယ်လိုသင်ရမှန်းမသိ၊ အွန်လိုင်းကလည်း အသစ်ဆိုတော့ စမ်းတဝါးဝါးနဲ့။ ကလေးတွေအနေနဲ့ စာကိုသေချာမသင်ခဲ့ရတာတွေ့ရှိပါတယ်။ ဒီတော့ မိဘတွေက ဒါတက် ဒါလုပ်ဆိုပြီး ၃ နှစ်လောက်ဖြတ်သန်းခဲ့ရပြီး အခုကျမှကျောင်းကို Year 789 တက်မယ်ဆိုပြီးလာတော့ Primary အတန်းလိုမဟုတ်ဘဲ O/A Level အတွက်ကိုရည်ရွယ်ပြီး ငယ်ငယ်ကတည်းက စာကိုဖိဖိစီးစီးသင်တဲ့ကျောင်းနဲ့တွေ့ပြီး ပြဿနာတက်ရော။ သူတို့ရဲ့မသိစိတ်ထဲမှာ သူတို့အခက်အခဲဖြစ်လာရင် မိဘတွေက ကူညီပေးမယ်လို့ မျှော်လင့်နေတယ်။ အဆင့်ဆင့် မိဘစီမံတာလိုက်လုပ်ထားတော့ မိဘ သို့မဟုတ် ဆရာ တစ်ဦးဦးက Step by Step စေခိုင်းမယ်လို့လည်း မျှော်လင့်နေတယ်။ အွန်လိုင်းမှာ Screen အရှေ့မှာထိုင်ချင်သလိုထိုင်၊ နေချင်သလိုနေ၊ ထ ချင် ထ၊ အိပ်ချင် အိပ်ပြီး စာသင်ခဲ့ရတော့ စာသင်ခန်းနဲ့ အများနဲ့ စာသင်တာကို သင်ယူခြင်းမတတ်တော့ဘူး။
English ကောင်းတယ်သာပြောတယ်၊ broken တွေ၊ Grammar မေးကြည့် Noun, Verb မသိကြဘူး။ ဒါ Year 8 ရောက်နေပြီနော်။ Global English က လွယ်ပေမယ့် Checkpoint English က ခက်တယ်။ အလွတ်ကျက်ပြီး ဖြေတဲ့ကလေးရှိလာပြီ။ ကျောင်းအချို့ကလည်း Global ပဲသင်ပြီး O level တက်ခိုင်းတာတွေလည်းရှိတယ်။ Checkpoint ပါမှလည်း လုံလောက်ပါမယ်။ အချို့ကျတော့လည်း Checkpoint ပဲသင်ပြီး Global မသင်တာတွေလည်းရှိပါတယ်။
စာမလုပ်တဲ့ကလေး၊ မလိုက်နိုင်တဲ့ကလေးတွေများလာတော့ စာကို ပြီးပြတ်အောင်သင်ဖို့ထက် Cover ဖြစ်တဲ့ topic စုံဖို့လောက်ပဲ အာရုံစိုက်ရတော့တယ်။ အချို့ topic တွေဆိုရင် ဒါကို O level ရောက်မှသင်၊ O level ရောက်တော့လည်း ဒါတွေက Year 8 9 ကတည်းက သင်ခဲ့ရမှာ၊ ထပ်မသင်ဘူး၊ အချိန်ကုန်တယ်ဆိုတာ ဖြစ်ကုန်ရော။ ဘယ်သူမှားလဲဆိုတော့ ဘယ်သူမှမမှားဘူး။ ခေတ်ကြီးကိုက လွဲလာတာ။
၆ လအတန်းနဲ့သင်ပြီး လိုအပ်တဲ့ကလေးတွေအတွက် အချိန်ပိုလိုက်၊ Guide / Tuition ပေးဆိုတော့လည်း ကျောင်းတက်ချိန်နဲ့တင် ကလေးက တရွတ်တိုက်ဆွဲလိုက်နေရော။ ကလေးတွေဘက်ကလည်း သနားပါတယ်။ (တကယ်လည်း မသနားပါနဲ့။ ခေတ်ကိုက နောက်ကျကျန်ခဲ့တာ။ သူများထက် ၁၄-၅ လှမ်း ပိုလှမ်းမှ မီနိုင်မယ့်ခေတ်ပါ။)
ဒါကြောင့် အခုလို စာကို ဖိဖိစီးစီးလုပ်ဖို့ အားနည်းတဲ့ကလေးတွေရှိလာတော့ ကျောင်းအနေနဲ့လည်း တစ်နှစ်အတန်းလုပ်မှရတော့မယ်ဆိုပြီး စီစဉ်ထားပါတယ်။ ဒီပို့စ်ရေးတဲ့ရည်ရွယ်ချက်က ၂ ခုပါ။ ပထမတစ်ခုက ကလေးတွေ စာသင်ယူမှုမှာ ဘာတွေဖြစ်နေလဲဆိုတာ ခပ်ပါးပါးတင်ပြခြင်းဖြစ်ပြီး နောက်တစ်ခုကတော့ Hinthar Yangon မှာရော Hinthar Mawlamyine မှာပါ Pearson Edexcel သင်ရိုးနဲ့တစ်နှစ်အတန်းတွေဖွင့်ပါတော့မယ်ဆိုတာ အသိပေးခြင်းဖြစ်ပါတယ်။
Hinthar Mawlamyine မှာ ၆ လအတန်း / Cambridge အတန်းဆိုတာ မရှိတော့ပါ။ Hinthar Yangon မှာတော့ ၆ လအတန်း (Cambridge) တစ်နှစ်အတန်း (Edexcel) နှစ်မျိုးလုံးရှိပါမယ်လို့ အသိပေးချင်ပါတယ်။ တစ်နှစ်အတန်းကတော့ ကျောင်းတစ်ခုကဲ့သို့ အင်အားအပြည့်နဲ့ သင်ရမှာဖြစ်လို့ ၆ လအတန်းနဲ့တော့ ကျောင်းလခတူမှာမဟုတ်ပါ။ တစ်နှစ်အတန်းကိုလည်း ကျောင်းအပ်လက်ခံနေပြီဖြစ်ပြီး ၆ လ အတန်းအပ်ထားပြီး တစ်နှစ်အတန်းပြောင်းတက်ချင်ပါတယ်ဆိုရင်လည်း ပြောင်းပေးပါတယ်။ ယုံကြည်စွာအပ်နှံထားတဲ့ မိဘများ ကျောင်းသားကျောင်းသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ။
#ဟင်္သာနှင့်အတူအမြင့်ဆုံးသို့
17/04/2026
Happy Myanmar New Year 1388
မင်္ဂလာပါ၊ ပျော်ရွှင်ဖွယ်ရာ မြန်မာနှစ်သစ်ကူးကာလဖြစ်ပါတယ်။
နှစ်သစ် စိတ်သစ် လူသစ်နဲ့ အတန်းသစ်များကို အကောင်းဆုံးသော အင်အားသစ်များနဲ့ စ တင်ဖို့ ပြင်ဆင်ထားပါတယ်။ ပုံမှန်အတိုင်း Year 789 ၆ လ အတန်းအသစ်များရှိတယ်ပါတယ်ဆိုတာရယ်၊ အရင်လိုပဲ ဘာသာစုံရွေးချယ်စရာအများကြီးရှိတဲ့ iGCSE O Level 18 လအတန်းရယ် ပြင်ဆင်ထားပါတယ်။
Year 789 - တစ်နှစ်အတန်းဆိုတာလည်း နောက်နေ့မှာပြောပြပါဦးမယ်။ ဒီနေ့တော့ မေလ ၁၂ ရက်နေ့မှာ iGCSE O Level အတန်းအသစ်၊ မေလ ၁၄ ရက်နေ့မှာ Year 789 အတန်းအသစ်တို့ စတင်မယ်ဆိုတာ လာရောက်အသိပေးလိုက်ပါတယ်။
#ဟင်္သာနှင့်အတူအမြင့်ဆုံးသို့
30/03/2026
Pearson Edexcel က ကြီးမှူးပြီး iGCSE O Level Science (Biology, Chemistry, Physics) နှင့် IAL Biology ဘာသာရပ်ဆိုင်ရာ သင်တန်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂၀၂၆ မတ်လ ၂၄-၂၅ တို့မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ကျောင်းသားတွေအတွက် အရည်အသွေးမြင့်မားရေးအမြဲလုပ်ဆောင်နေတဲ့ Hinthar Education အနေနဲ့ အဆိုပါ သင်တန်းများကို တက်ရောက်ခဲ့ကြပါတယ်။ သင်တန်းတက်ရောက်ခဲ့တဲ့ အမှတ်တရ ဓာတ်ပုံလေးတွေဖြစ်ပါတယ်။
#ဟင်္သာနှင့်အတူအမြင့်ဆုံးသို့