Radhar Fashion and Design School

Radhar Fashion and Design School Radhar Fashion and Design School

No.54, Industrial Avenue, 12 ward, Hlaing Township. Ph: 097318594

ဒီဇိုင်နာ မဟန်နီသည် ဖက်ရှင်လောကတွင် နာမည်ကြီးDozo Fashion သင်တန်းကျောင်း၌ ဆရာမအဖြစ် ၂၀၀၃ ခုနှစ်တွင် သင်ကြားပို့ချခဲ့သည်။ ထို့နောက် မလေးရှားနိုင်ငံသို့ သွားရောက်၍ Limkokwing University တွင် ဖက်ရှင်ဒီဇိုင်းပညာကို ၃ နှစ်ကြာ သင်ယူခဲ့သည်။ ယခု ၂၀၁၁ ခုနှစ် မေလမှစတင်ကာ Radhar (ရာဓါ) ဖက်ရှင်သင်တန်းကျောင်းကို ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။ Radhar (ရာဓါ) Fashion Design School တွင် Basic Course, Advance Course

,Fashion Illustration, Pattern Magic စသည့် ဘာသာရပ်များကို သင်ကြားပေးသည်။ ထိုအခြေခံအတန်း ပြီးပါက Advance Courseကို ဆက်လက် တက်ရောက်နိုင်သည်။ ထို့နောက်တွင် Fashion Illustration နှင့် Pattern Magic အတန်းများကို ဆက်လက် တက်ရောက်သင်ယူနိုင်သည်။

သင်တန်းတွင် စင်တီမီတာနည်းဖြင့် သင်ကြားပေးသည်။ စက်လုံးဝ မချုပ်တတ်သူများနှင့် ဖက်ရှင်အမြင်အခြေခံ မရှိသူများအတွက် အခြေခံ Basic Course တန်းကို ဖွင့်လှစ်ထားသည်။ Basic Course တွင် မိန်းမဝတ် အမျိုးမျိုးနှင့် စကတ်အမျိုးမျိုး ရေးဆွဲ ချုပ်လုပ်နည်း တို့ကိုသင်ြကားသည်။ မိန်းမဝတ်တွင် ကော်လံနှင့် အင်္ကျီ၊ မြန်မာ အင်္ကျီ၊ရှပ်အင်္ကျီစသည်တို့နှင့် စကတ်တွင် လိုင်နင်နှင့် နှစ်ထပ်ခံချုပ်ခြင်း၊ ဖိစကတ်စသည်ဖြင့် ပုံစံမျိုးစုံပါဝင်မည်။

Basic Course တန်းပြီးလျှင် Advance Course, Fashion Illustration, Pattern Magic တန်းများကို ဆက်တက်နိုင်သည်။ Advance Course တွင် ကုတ်အမျိုးမျိုး၊ ဘောင်းဘီပုံစံ အမျိုးမျိုး၊ Evening Dress စသဖြင့် ပါဝင်သည်။ အဆိုပါ အခြေခံသင်တန်းနှင့် Advance Course တန်းများတွင် အင်္ကျီချုပ်ခြင်း အဆင့်ဆင့်ကို အဓိက သင်ကြားပေးသည်။ Fashion Illustration သင်တန်းတွင် ပုံဆွဲခြင်းကို အဓိက သင်ကြားပေးသည်။ မိမိစိတ်ကူးထဲတွင် ရှိသည့် ဒီဇိုင်းပုံစံ အမျိုးမျိုးကို ရေးဆွဲတတ်အောင် သင်ကြားပေးသည်။ ထို့နောက် အရောင်ခြယ်ခြင်းနှင့် ဒီဇိုင်းချုပ်သည့်အခါ ချုပ်ပုံချုပ်နည်းကို အသေးစိတ် စဉ်းစားတွေးတောနိုင်အောင် သင်ကြားပေးသည်။

ဒီဇိုင်းသစ်တစ်ခု ထွင်ချင်လျှင် ဥပမာ ရှေးခေတ်အစဉ်အဆက် မြန်မာတို့ ဝတ်ဆင်လာသည့် ပုံစံ အမျိုးမျိုးထဲကမှ မိမိလိုချင်သည့် အရောင်(သို့) ပုံစံယူ၍ ဒီဇိုင်းဆွဲရင်းဖြင့် ကွဲပြားသည့် ဒီဇိုင်းတစ်မျိုးကို ရေးဆွဲတီထွင်ခြင်းမျိုး ဖြစ်သည်။ Pattern Magic သင်တန်းသည် အင်္ကျီ၊ ဒေါက်အမျိုးမျိုး လှည့်လည်အသုံးပြုခြင်း၊ မူလစကတ် တစ်ထည်ကို ခွဲထုတ်လိုက်သည့်အခါ ဒီဇိုင်းဆန်းသည့် ပုံစံထွက်လာခြင်း၊ အင်္ကျီလက် ပုံစံအမျိုးမျိုး Pattern အသေးလေးများကို အဓိကထား သင်ကြားခြင်း ဖြစ်သည်။ တစ်မူထူးခြားသည့် မိမိကိုယ်ပိုင် ဒီဇိုင်းထွက်လာအောင် တီထွင်ချုပ်လုပ်တတ်လာမည်။

“ဒီဇိုင်နာ တစ်ယောက် အဖြစ် ရပ်တည်မယ်ဆိုလျှင် Pattern အကြောင်း ကျွမ်းကျင် သဘောပေါက်ရမယ်။ မိမိသင်ကြားခဲ့သည့် ဖက်ရှင်အတတ်ပညာများ၊ ဖက်ရှင်ရှိုးပွဲ အတွေ့အကြုံများကို ပြန်လည်မျှဝေလိုသည့် ရည်ရွယ်ချက်များကြောင့် ဖက်ရှင်ဒီဇိုင်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ စိတ်ပါဝင်စားစွာ သင်ယူသူများသည် သင်တန်းပြီးဆုံးလျှင် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုအဖြစ် ဘဝမှာ ရပ်တည်နိုင်ကြမည် ဖြစ်သည်။

လိပ်စာ
Radhar Fashion & Design School
အမှတ် (၅၄)၊ စက်မှုရိပ်သာလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်။
ဖုန်း - ၀၉၇၃၁၈၅၉၄၄၊ ၀၉၂၅၄၀၁၆၅၉၉၊ ၀၁ ၅၀၀၈၉၃

http://goo.gl/maps/E9vlo

me n my beloved students
25/07/2016

me n my beloved students

Our New Shop Location
26/08/2015

Our New Shop Location

Radhar new location
27/07/2015

Radhar new location

တပည့်များနှင့်MEPမှTextile&garment exbitionရောက်အမှတ်တရ
28/06/2015

တပည့်များနှင့်MEPမှTextile&garment exbitionရောက်အမှတ်တရ

Address

No. 54, Industrial Avenue, 12 Ward, Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09 254016599

Website

Alerts

Be the first to know and let us send you an email when Radhar Fashion and Design School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Radhar Fashion and Design School:

Shortcuts

Share

Category