Sakura Sisters Japanese Language Centre

Sakura Sisters Japanese Language Centre ဂျပန်လူမျိုးများနှင့် ဂျပန်တွင်လက်ရှိနေထိုင်သူများဦးစီးသည့် ဂျပန်စာသင်တန်းနှင့် အလုပ်အကိုင်ရှာဖွေရေးစင်တာ။

ဂျပန်မှာ မဖြစ်မနေ စနစ်တကျ သိမ်းဆည်းထားရမယ့် အရေးကြီးစာရွက်စာတမ်း (၆) မျိုး၁။ နေထိုင်ကတ် (Zairyu Card): ဂျပန်မှာ သင့်ရဲ့ ...
11/07/2026

ဂျပန်မှာ မဖြစ်မနေ စနစ်တကျ သိမ်းဆည်းထားရမယ့် အရေးကြီးစာရွက်စာတမ်း (၆) မျိုး

၁။ နေထိုင်ကတ် (Zairyu Card): ဂျပန်မှာ သင့်ရဲ့ မှတ်ပုံတင်ဖြစ်လို့ (၂၄) နာရီလုံး ကိုယ်နဲ့မကွာ ဆောင်ထားရပါမယ်။ ရဲစစ်ဆေးချိန် မပါပါက ပြဿနာတက်နိုင်ပါတယ်။

၂။ My Number Card: အခွန်နှင့် အုပ်ချုပ်ရေးကိစ္စများအတွက် လိုအပ်သည်။ သတိပြုရန်: ကတ်နောက်ကျောရှိ နံပါတ်ကို သူများကို မမြင်ပါစေနှင့်၊ လူမှုကွန်ရက်ပေါ် မတင်ပါနှင့်

၃။ ကျန်းမာရေးအာမခံကတ် (Hokensho): ဆေးရုံသွားလျှင် ဆေးဖိုး ၇၀% သက်သာခွင့်ရရန် လိုအပ်သည်။ မပါပါက ဆေးဖိုး (၁၀၀%) အပြည့် ပေးဆောင်ရပါလိမ့်မည်

၄။ နင်ကင်းစာအုပ် (Pension Book): ဂျပန်မှ အပြီးပြန်လျှင် နင်ကင်းပိုက်ဆံ ပြန်ထုတ်ယူရန် (Lump-sum Withdrawal) အတွက် မရှိမဖြစ် လိုအပ်ပါသည်

၅။ ပတ်စ်ပို့နှင့် ဘဏ်ကတ်များ: ပတ်စ်ပို့ကို မိတ္တူ သို့မဟုတ် ဖုန်းထဲတွင် ဓာတ်ပုံရိုက်သိမ်းထားပါ။ ဘဏ်ကတ်များ ပျောက်ဆုံးပါက ချက်ချင်း ဖုန်းဆက်ပိတ်ရပါမည်

၆။ အလုပ်ခန့်ထားမှုစာချုပ်: ကုမ္ပဏီနှင့် ပြဿနာတစ်စုံတစ်ရာ ရှိလာပါက သင့်ဘက်မှ အခိုင်မာဆုံး သက်သေဖြစ်သည်

အကြံပြုချက်: ဤစာရွက်စာတမ်းအားလုံးကို ဖုန်းဖြင့် Scan ဖတ်ပြီး Google Drive သို့မဟုတ် Cloud တစ်ခုခုပေါ်တွင် တင်ထားခြင်းက ဖုန်းပျောက်လျှင်ပင် ပြန်လည်ရယူနိုင်မည့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်

ဒါမှမဟုတ် စာရွက်စာတန်းတွေကို Scanဖတ်ပြီး pdf ဖိုင်နဲ့ သိမ်းထားပေးမယ့် ဆော့ဝဲလ်ကို သုံးရင်လည်း လုံးဝအဆင်ပြေပါတယ်။

ဆော့ဝဲလ်ကိုဒီမှာဒေါင်းလို့ရပါတယ် - https://app.nextworm.com/archives/11166

ျပန်စာသင်တန်း

11/07/2026

🎥 "Interview Day ကို ဘယ်လိုဖြတ်သန်းခဲ့ကြလဲ?"

စာသားတွေထက်...
တကယ်ကြုံတွေ့ခဲ့တဲ့သူတွေရဲ့ စကားတွေက ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။

ဒီ Video ထဲမှာတော့ Interview ဝင်ရောက်ဖြေဆိုခဲ့တဲ့ ကျောင်းသူတွေရဲ့ ရင်တွင်းစကားသံတွေကို မျှဝေပေးထားပါတယ်။

Interview မတိုင်ခင် ရင်ခုန်ခဲ့ပုံ...
Japan လုပ်ငန်းရှင်နဲ့ တိုက်ရိုက်တွေ့ဆုံခဲ့တဲ့ အတွေ့အကြုံ...
တစ်နေ့တာလုံး စိတ်အေးလက်အေး ဖြေဆိုနိုင်အောင် ကျောင်းက အစီအစဉ်တကျ စီစဉ်ပေးခဲ့တဲ့ အမှတ်တရတွေ...

Interview တစ်ခုအောင်မြင်ဖို့ဆိုတာ လေ့ကျင့်မှုပဲ မဟုတ်ပါဘူး။
နောက်ကွယ်က စနစ်တကျ ပြင်ဆင်ပေးမှု၊ ဂရုစိုက်ပေးမှုနဲ့ အားပေးမှုတွေကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။

ကျွန်ုပ်တို့အတွက်တော့...
ကျောင်းသားတစ်ယောက် Interview ခန်းထဲ ဝင်တဲ့အချိန်ကနေ ပြီးဆုံးပြီး အိမ်ပြန်တဲ့အချိန်အထိ အေးချမ်းမှုနဲ့ ယုံကြည်မှုကို ပေးနိုင်ဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။

ဒါကြောင့် မနက်စာ၊ နေ့လည်စာ၊ Tea Time အစီအစဉ်များအပါအဝင် တစ်နေ့တာလုံးကို အသေးစိတ်စီစဉ်ပြီး ကျောင်းသူများ အကောင်းဆုံးစွမ်းဆောင်နိုင်အောင် ပံ့ပိုးပေးခဲ့ပါတယ်။

ဒီနေ့ရဲ့ စကားသံတွေဟာ...
ကျွန်ုပ်တို့အတွက် အားအင်ဖြစ်သလို၊ နောင်လာမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက်လည်း ယုံကြည်မှုတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ❤️🇯🇵

ျပန်စာသင်တန်း



📸🇯🇵 Interview ပြီးဆုံးသွားပေမယ့်... ဒီအမှတ်တရတွေကတော့ အမြဲကျန်နေမှာပါ။ဒီနေ့က ရင်ခုန်မှုတွေနဲ့ စတင်ခဲ့တဲ့နေ့...ယုံကြည်မှု...
10/07/2026

📸🇯🇵 Interview ပြီးဆုံးသွားပေမယ့်... ဒီအမှတ်တရတွေကတော့ အမြဲကျန်နေမှာပါ။

ဒီနေ့က ရင်ခုန်မှုတွေနဲ့ စတင်ခဲ့တဲ့နေ့...
ယုံကြည်မှုတွေနဲ့ အဆုံးသတ်ခဲ့တဲ့နေ့ပါ။

Japan လုပ်ငန်းရှင်နဲ့ တိုက်ရိုက် Interview ကို အောင်မြင်စွာ ဖြေဆိုပြီးနောက်မှာတော့...

🤝 Japan လုပ်ငန်းရှင်များ
👩‍🎓 ကြိုးစားအားထုတ်ခဲ့တဲ့ ကျောင်းသူများ
👨‍💼 အစစအရာရာ စီစဉ်ပံ့ပိုးပေးခဲ့တဲ့ ရုံးဝန်ထမ်းများ

အားလုံးအတူ အမှတ်တရ Group Photo လေး ရိုက်ကူးခဲ့ကြပါတယ်။ 📷✨

ဒီဓာတ်ပုံတွေက ပုံရိပ်လေးတွေထက် ပိုပါတယ်...
ကြိုးစားမှု၊ ယုံကြည်မှု၊ အခွင့်အရေးနဲ့ အနာဂတ်အိပ်မက်တွေ စုစည်းထားတဲ့ အမှတ်တရတွေပါ။

Interview Result ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်ရင်း...
ဒီနေ့အတွက် အကောင်းဆုံး ကြိုးစားပေးခဲ့တဲ့ ကျောင်းသူတစ်ယောက်ချင်းစီကို ဂုဏ်ယူပါတယ်။ ❤️

အောင်မြင်မှုဆိုတာ အိပ်မက်မက်ရုံနဲ့ မရဘူး...
ရဲရဲဝံ့ဝံ့ လျှောက်လှမ်းတဲ့သူတွေဆီကို ရောက်လာတာပါ။

🇯🇵 နောက်ထပ် သတင်းကောင်းတွေနဲ့ မကြာခင် ပြန်လည်ဆုံတွေ့ပါမယ်။




10/07/2026

IQ Test ကို အောင်မြင်စွာဖြေဆိုပြီးတဲ့နောက်... အားဖြည့်ဖို့ နေ့လည်စာစားချိန်ရောက်ပါပြီ။

ဒီနေ့ Interview အစီအစဉ်အတွက် မနက်ပိုင်းမှာ IQ Test / EQ Test များကို အာရုံစိုက်ဖြေဆိုခဲ့ကြပြီး၊ အခုတော့ နောက်ထပ်အရေးကြီးတဲ့ Employer Interview မတိုင်ခင် ခန္ဓာကိုယ်အင်အားပြန်ဖြည့်ဖို့ နေ့လည်စာစားနေကြပါတယ်။

ကျွန်တော်တို့ Sakura Sisters ကျောင်းမှ ကျောင်းသူများအတွက် မနက်စာသာမက နေ့လည်စာကိုပါ စီစဉ်ပေးထားပြီး စိတ်အေးချမ်းစွာ၊ အားအပြည့်နဲ့ Interview ဝင်ရောက်ဖြေနိုင်အောင် အစစအရာရာ ပံ့ပိုးပေးခဲ့ပါတယ်။ ❤️

အခုတော့ ကျောင်းသူများအားလုံး နေ့လည်စာကို အားရပါးရ သုံးဆောင်နေကြပြီး၊ ခဏနားပြီးတာနဲ့ Japan Employer နဲ့ တိုက်ရိုက် အလုပ်ခန့်အပ်ရေး Interview ကို ယုံကြည်မှုအပြည့်နဲ့ ဆက်လက်ဖြေဆိုသွားကြမှာဖြစ်ပါတယ်။ 🇯🇵

🎉 အားလုံး Interview ကို အောင်မြင်စွာဖြေဆိုနိုင်ပြီး Japan အိပ်မက်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။



10/07/2026

"IQ Test ခန်းထဲ မဝင်ခင်... ရင်ခုန်ခြင်းတွေနဲ့အတူ အကောင်းဆုံး ပြင်ဆင်နေကြတဲ့ ကျောင်းသူများ 💼✨"

Summit Park View Hotel မှာ ပြုလုပ်ကျင်းပတဲ့ ဂျပန်နိုင်ငံ၊ ဘိုးဘွားစောင့်ရှောက်ရေး (Kaigo) Direct Interview ရဲ့ ပထမဆုံးအဆင့်ဖြစ်တဲ့ IQ Test စစ်ဆေးခြင်း မပြုလုပ်မီ ပုံရိပ်လေးတွေ ဖြစ်ပါတယ်။
ကျောင်းသား/သူတွေဟာ အင်တာဗျူးအခန်းထဲ မဝင်ခင် IQ Test အတွက် လိုအပ်တဲ့ အခြေခံတွက်ချက်မှု Trick လေးတွေကို အချင်းချင်း ပြန်နွှေရင်း၊ စိတ်လှုပ်ရှားမှုကို ယုံကြည်မှုအဖြစ် ပြောင်းလဲဖို့ ပြင်ဆင်နေကြတာပါ။ စာမေးပွဲ စခါနီးမို့ ရင်တုန်နေကြပေမဲ့ ကျောင်းသူတွေရဲ့ မျက်လုံးထဲမှာတော့ 'သေချာပေါက် အောင်မြင်ရမယ်' ဆိုတဲ့ စိတ်ဓာတ်တွေကို မြင်တွေ့နေရပါတယ်။
Sakura Sisters မိသားစုတစ်ခုလုံးကလည်း ကလေးတွေအားလုံး အေးအေးဆေးဆေးနဲ့ IQ Test ကို ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းပေးနေပါတယ်!

5-Stars Hotel ကြီးမှာ ဂျပန်တွေနဲ့ တိုက်ရိုက် လူတွေ့အင်တာဗျူး ဖြေကြတော့မယ့် Sakura Sisters ရဲ့ ကျောင်းသူများ ! 🔥✨လာမယ့် ၁...
09/07/2026

5-Stars Hotel ကြီးမှာ ဂျပန်တွေနဲ့ တိုက်ရိုက် လူတွေ့အင်တာဗျူး ဖြေကြတော့မယ့် Sakura Sisters ရဲ့ ကျောင်းသူများ ! 🔥✨

လာမယ့် ၁၀ ရက်နေ့မှာ ကျင်းပမယ့် ဂျပန်အလုပ်အင်တာဗျူးကြီးအတွက် အယောက် ၂၀ ကျော်ရှိတဲ့ ကျွန်တော်တို့ရဲ့ ကျောင်းသူလေးတွေ Ready ဖြစ်နေကြပါပြီ! 💼🇯🇵

ဒီအင်တာဗျူးကြီးအတွက် Founder Sensei ကိုယ်တိုင် တစ်လကျော်ကို နေ့မနား ညမနား Interview Training တွေ လုပ်ပေးခဲ့တာမို့ ကျောင်းသူတွေအားလုံးကတော့ Confidence တွေ Over flow ဖြစ်နေကြပါပြီနော်။ 😎

ဒီနေ့မှာတော့ အင်တာဗျူးအတွက် လိုအပ်တဲ့ Preparation တွေကို Final Check အနေနဲ့ အသေးစိတ် ပြင်ဆင်ပေးခဲ့ကြပါတယ်။ ✨
အင်တာဗျူးဝင်ရင် Professional ကျကျနဲ့ လှပနေစေဖို့အတွက် Uniform လေးတွေ ထုတ်ပေးခဲ့သလို၊ ✨
ဂျပန်ဘက်က စည်းကမ်းချက်တွေနဲ့အညီ အမှားအယွင်းမရှိစေဖို့ Tattoo (တက်တူး) ရှိ/မရှိ ကိုပါ သေချာ စစ်ဆေးပေးခဲ့ပါတယ်။
ကျောင်းသူတွေကလည်း အစွမ်းကုန် ကြိုးစားနေကြသလို၊ Founder Sensei ကလည်း စေတနာအပြည့်နဲ့ စာတွေရော၊ Interview Technics တွေရော အားသွန်ခွန်စိုက် သင်ကြားပေးထားတာမို့... ၁၀ ရက်နေ့မှာ ရလဒ်ကောင်းတွေ သေချာပေါက် သယ်ဆောင်လာနိုင်မယ်လို့ ယုံကြည်ပါတယ်! 💯💪

5-Stars Hotel ကြီးမှာ ပွဲကြမ်းကြမယ့် ကျွန်တော်တို့ ကျောင်းသူ အယောက် ၂၀ ကျော်လုံး အင်တာဗျူးမှာ အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ပါစေကြောင်း အားလုံးပဲ Comment မှာ ဆုတောင်းပေးခဲ့ကြပါဦးနော်။ 👇🎉

08/07/2026

၁၂ လပိုင်း JLPT စာမေးပွဲမှာ N4 ကို တစ်ခါတည်း အောင်မြင်ချင်သူများအတွက်... 🎯✨

"၁၂ လပိုင်းကျမှ စာတွေပုံပြီး ခေါင်းကိုက်မခံချင်ဘူး၊ အခုကတည်းက အပိုင်ပြင်ဆင်ထားမယ်" ဆိုတဲ့သူတွေအတွက် N5 + N4 Package Online Class လေး လာပါပြီ။

အခြေခံကနေ N4 အောင်သည်အထိ စနစ်တကျ သင်ပေးမှာဖြစ်ပြီး
Package အတန်းဖြစ်လို့ သင်တန်းကြေးရော၊ အချိန်ရော အများကြီး သက်သာမယ်။

အင်တာဗျူးအောင်ရုံတင်မကဘူး၊ ဂျပန်နိုင်ငံထဲ ခြေချနိုင်တဲ့အထိ လက်တွဲမဖြုတ်ဘဲ တာဝန်ယူပေးမယ့် ကျောင်းကို ရှာနေတယ်ဆိုရင်...
📥 Sakura Sisters သင်တန်းကျောင်းရဲ့ Page Messenger မှာ အခုပဲ အသေးစိတ် လာရောက်စုံစမ်းနိုင်ပါပြီရှင်။ 🌸

✅ 12 လပိုင်း JLPT အမီ ဖွင့်လှစ်မည့် အတန်းသစ်များ

🌸 N5 အပြင်တန်း (အရစ်ကျစနစ်ဖြင့်ပေးသွင်းနိုင်ခြင်း)
အတန်းစမည့်ရက် - 17July 2026
အတန်းတက်ရမည့်ရက် - သောကြာ ၊ စနေ ၊ တနင်္ဂနွေ
(9:00AM - 11:00AM)
သင်တန်းကြေး - တစ်လ ၆၅,၀၀၀ ကျပ် (စာအုပ်၊ယူနီဖောင်းဖိုးမပါ)

🌸N3 အပြင်တန်း
အတန်းစမည့်ရက် - 9 July 2026
အတန်းတက်ရမည့်ရက် - ကြာသပတေး ၊ သောကြာ ၊ စနေ
(12:00PM -2:00PM)
သင်တန်းကြေး 270,000 MMK (စာအုပ်၊ယူနီဖောင်းအပြီးအစီး)

🌸 Kaiwa (စကား‌ပြော) အပြင်တန်း
အတန်းစမည့်ရက် - 17 July 2026
အတန်းတက်ရမည့်ရက် - သောကြာ ၊ စနေ ၊ တနင်္ဂနွေ
(2:30PM - 4:30PM)
သင်တန်းကြေး - 250,000 MMK (စာအုပ်နှင့်ယူနီဖောင်းအပြီးအစီး)

🌸 စားသောက်ကုန်ထုတ်အပြင်တန်း
သင်တန်းစမည့်ရက် - 13 July 2026
သင်တန်းတက်ရမည့်ရက် - တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး
(2:30PM - 4:30PM)
သင်တန်းကြေး - 190,000 MMK (စာအုပ်၊ယူနီဖောင်းအပြီးစီး)

🌸 N5+N4 Special Package Online Class
အတန်းစမည့်ရက် - 13 July 2026
အတန်းတက်ရမည့်ရက် - တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး
(7:00PM -9:00PM)
သင်တန်းကြေး - 295,000 MMK (စာအုပ်ဖိုးအပြီးအစီး)

Sakura Sisters Japanese Language Centre (Office Address)
ရုံးဖုန်းနံပါတ် - 09942002213 , 09- 750-110-178
( ရုံးဖွင့်ရက်၊ ရုံးဖွင့်ချိန် တနင်္လာ မှ to စနေ - 9:00 to 17:00 )
(* နေ့လည်ထမင်းစားချိန် ၁၂:၀၀ မှ ၁:၀၀ အတွင်း ဖုန်းဖြေဆိုရန် အခက်အခဲရှိနိုင်ပါတယ်)

လူကိုယ်တိုင်သွားရောက်စုံစမ်းလိုပါက
Sakura Sisters Japanese Language Centre
အမှတ်( ၅၉) ဓမ္မာရုံလမ်း၊ City Express အပေါ်ထပ် ၄ လွှာ။
မြေနီကုန်း( တောင်) ၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
🚌(၁၁),(၂၀),(၂၁),(၃၅),(၃၇),(၃၉),(၆၅),(၁၃၁),(၁၄၅),(၇၈) လိုင်းကားများရောက်ပါတယ်။

Google Map ကြည့်လိုလျှင်
https://maps.app.goo.gl/1aj8gsnTnaaY1ddj6?g_st=com.google.maps.preview.copy

သင်တန်းကျောင်းလိပ်စာမှာ - တိုက်အမှတ် ၃၀၃ , DNH Tower အပေါ်ထပ် ၃ လွှာ ပြည်လမ်း၊ မြေနီကုန်း စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်း

#ဂျပန်စာသင်တန်းကျောင်း #ဂျပန်အလုပ်အကိုင်

07/07/2026

အင်တာဗျူးအောင်ရုံတင်မကဘူး၊ ဂျပန်နိုင်ငံထဲ ခြေချနိုင်တဲ့အထိ လက်တွဲမဖြုတ်ဘဲ တာဝန်ယူပေးမယ့် ကျောင်းကို ရှာနေတယ်ဆိုရင်...
📥 Sakura Sisters သင်တန်းကျောင်းရဲ့ Page Messenger မှာ အခုပဲ အသေးစိတ် လာရောက်စုံစမ်းနိုင်ပါပြီရှင်။ 🌸

✅ ၁၂ လပိုင်း JLPT အမီဖွင့်မည့် အတန်းသစ်များ

🌸 N5 အပြင်တန်း (အရစ်ကျစနစ်ဖြင့်ပေးသွင်းနိုင်ခြင်း)
အတန်းစမည့်ရက် - 17July 2026
အတန်းတက်ရမည့်ရက် - သောကြာ ၊ စနေ ၊ တနင်္ဂနွေ
(9:00AM - 11:00AM)
သင်တန်းကြေး - တစ်လ ၆၅,၀၀၀ ကျပ် (စာအုပ်၊ယူနီဖောင်းဖိုးမပါ)

🌸N3 အပြင်တန်း
အတန်းစမည့်ရက် - 9 July 2026
အတန်းတက်ရမည့်ရက် - ကြာသပတေး ၊ သောကြာ ၊ စနေ
(12:00PM -2:00PM)
သင်တန်းကြေး 270,000 MMK (စာအုပ်၊ယူနီဖောင်းအပြီးအစီး)

🌸 Kaiwa (စကား‌ပြော) အပြင်တန်း
အတန်းစမည့်ရက် - 17 July 2026
အတန်းတက်ရမည့်ရက် - သောကြာ ၊ စနေ ၊ တနင်္ဂနွေ
(2:30PM - 4:30PM)
သင်တန်းကြေး - 250,000 MMK (စာအုပ်နှင့်ယူနီဖောင်းအပြီးအစီး)

🌸 စားသောက်ကုန်ထုတ်အပြင်တန်း
သင်တန်းစမည့်ရက် - 13 July 2026
သင်တန်းတက်ရမည့်ရက် - တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး
(2:30PM - 4:30PM)
သင်တန်းကြေး - 190,000 MMK (စာအုပ်၊ယူနီဖောင်းအပြီးစီး)

🌸 N5+N4 Special Package Online Class
အတန်းစမည့်ရက် - 13 July 2026
အတန်းတက်ရမည့်ရက် - တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး
(7:00PM -9:00PM)
သင်တန်းကြေး - 295,000 MMK (စာအုပ်ဖိုးအပြီးအစီး)

#ဂျပန်စာသင်တန်းကျောင်း #ဂျပန်အလုပ်အကိုင် #ဂျပန်မှာကျောင်းတက်မယ်

Address

No. 59 Corner Of Myaynigone Zay Street And Damaryone Street , Sanchaung (Myaynigone) Yangon. , Ph…09942002213
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

09750110178

Alerts

Be the first to know and let us send you an email when Sakura Sisters Japanese Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Sakura Sisters Japanese Language Centre:

Shortcuts

Share