07/08/2025
အသုံးပြုမှု ကြာလာတာနှင့်အမျှ ကွန်ပျူတာတွေ ဘာကြောင့် လေးလာ ၊ ဟန်းလာ ရတာလဲ????😇😇
🤔အကြောင်းအရင် (၂) ချက် ဖြစ်နိုင်ပါတယ်🤔
Hardware ပြဿနာ နှင့် Software ပြဿနာပါ
✅ Hardware ဆိုင်ရာ ပြဿနာ
- ကွန်ပျူတာတွေ အလုပ်များများလုပ်ရတဲ့ အခါ CPU, GPU တို့က အပူထွက်လာပြီး ကြာလာတဲ့အခါ Overheating ဖြစ်လာကာ Cooling System ကကောင်းစွာ လုံလောက်တဲ့ အအေးမပေးနိုင်ခဲ့ရင် စက်တွေနှေးလာနိုင်ပါတယ်။
- ဖုန်မှုန့်တွေများလာတာကြောင့် Fan တွေ ပိတ်ဆို့မှု ဖြစ်ပြီး အပူချိန်တက်ကာ Performance ကျဆင်းနိုင်ပါတယ်။
- Storage Device များ အနေနဲ့ Hard Disk (HDD) တွေဟာ အသုံးပြုမှုများလာတာနှင့်အမျှ Bad Sector ဖြစ်ကာ စက်လည်ပတ်မှုကို နှေးကွေးစေနိုင်ပါတယ်။ SSD တွေကတော့ HDD ထက် ပိုမြန်ပေမယ့် အသုံးကြာလာရင် သက်တမ်းကုန်ဆုံးနိုင်ပါတယ်။
- ကွန်ပျူတာ အသုံးပြုမှု ကြာလာတာနှင့်အမျှ Software တွေက RAM ကို ပိုသုံးလာပြီ RAM နည်းလာသည့် ပြဿနာ ကိုဖြစ်စေကာ စက်တွေနှေးကွေးလာစေပါတယ်။
✅Software ဆိုင်ရာ ပြဿနာ
- အချိန်ကြာလာတာနဲ့အမျှ Startup Programs တွေ၊ Background Processes တွေ များလာပြီး RAM နဲ့ CPU ကို အလွန်အကျွံသုံးစွဲကာ စက်ကိုနှေးစေပါတယ်။
- Operating System နဲ့ Software တွေကို Update မဖြစ်ခြင်းကြောင့်လဲ Performance Issues တွေဖြစ်ကာ စက်လေးလာနိုင်ပါတယ်။
- Storage (C: Drive) ပြည့်လာရင် ကွန်ပျူတာက Virtual Memory ကို ကောင်းစွာ အသုံးမပြုနိုင်တော့ဘဲ နှေးသွားနိုင်ပါတယ်။
- HDD တွေမှာ File တွေကွဲပြားနေရင် (Fragmentation) ဖတ်ရတာ နှေးသွားနိုင်ပါတယ်။
🌞🌞🌞ကြိုတင်ပြင်ဆင်ခြင်းနှင့်ဖြေရှင်းနည်း
✅ Hardware ဘက်က ပြင်ဆင်ခြင်း
- ဖုန်သန့်ရှင်းရေး လုပ်ပါ (Fan, Heat Sink)
- RAM နည်းရင် Upgrade လုပ်ပါ
- HDD အစား SSD ပြောင်းသုံးပါ
✅ Software ဘက်က ပြင်ဆင်ခြင်း
- Unused Programs တွေ Uninstall လုပ်ပါ
- Startup Programs တွေကို လျှော့ချပါ
- Antivirus Scan ဖြင့် Virus (or) Malware ရှင်းပါ
- OS & Drivers ကို Update လုပ်ပါ
✅ Data Management အနေနဲ့
- Temporary Files တွေ ရှင်းပါ (Disk Cleanup)
- Cloud Storage သို့ External Drive သို့ Data တွေ ရွှေ့ထားပါ
ဒီနည်းလမ်းတွေနဲ့ ကွန်ပျူတာကို ပိုမိုမြန်ဆန်အောင် ပြန်လည်စီမံနိုင်ပါတယ်။ 😊
🙏အဆင်ပြေပါစေဗျာ🙏
TOP ONE Computer Training Center Yangon
Min Ko Ko Pyae Pyae Min Ko Ko
TOP ONE The Best Education Service - Yangon
TOP ONE (ပညာဒါန) TOP ONE Group of Business