DREAM EDU - Korean Language School

DREAM EDU - Korean Language School Korean Language School

မင်မင်တို့ Pukyoung National University ရဲ့ buffetလေးပါ ၊၊ဝမ်5500နဲ့စိတ်ကြိုက်ဆွဲ မင်မင်ဆို တစ်ခါတည်းနဲ့မဝ🤭
14/03/2024

မင်မင်တို့ Pukyoung National University ရဲ့ buffetလေးပါ ၊၊ဝမ်5500နဲ့စိတ်ကြိုက်ဆွဲ မင်မင်ဆို တစ်ခါတည်းနဲ့မဝ🤭

🇰🇷ဂင်ချီမြေမှာ ချယ်ရီတွေဝေနေတော့မယ့် အချိန်ဇယားလေးပါ မင်မင်တော့ ဓာတ်ပုံရိုက်ချင်လို့ မျှော်နေမိဘီ🙄
10/03/2024

🇰🇷ဂင်ချီမြေမှာ ချယ်ရီတွေဝေနေတော့မယ့် အချိန်ဇယားလေးပါ မင်မင်တော့ ဓာတ်ပုံရိုက်ချင်လို့ မျှော်နေမိဘီ🙄

08/03/2024


👩‍🏫epsမေးခွန်းလေးတွေ ဆက်ပြီးလေ့လာကြည့်ကြအောင် ယောရောဘွန်းတို့ရေ 화이팅

Colour blind testလေးစစ်ကြည့်လိုက်ကြပါအူးနော် ယောရောဘွန်းတို့ရေ💁🏼‍♀️
05/03/2024

Colour blind testလေးစစ်ကြည့်လိုက်ကြပါအူးနော်
ယောရောဘွန်းတို့ရေ💁🏼‍♀️

Online ဖြင့် စာ​မေးပွဲ ​လျှောက်လွှာတင်သွင်းရန် လမ်းညွှန်၂၀၂၄ ခုနှစ်၊ EPS-TOPIK စာ​မေးပွဲ​လျှောက်လွှာတင်သွင်းရမည့် Applic...
02/03/2024

Online ဖြင့် စာ​မေးပွဲ ​လျှောက်လွှာတင်သွင်းရန် လမ်းညွှန်
၂၀၂၄ ခုနှစ်၊ EPS-TOPIK စာ​မေးပွဲ​လျှောက်လွှာတင်သွင်းရမည့် Application အား ၄-၃-၂၀၂၄ ရက်​နေ့ နံနက် ၉ နာရီအချိန်တွင် ရယူနိုင်မည်ဖြစ်ပါသည်။

ဒီနေ့မှာလည်း 쏙쏙 한국어 စာအုပ်ထဲက ဝေါဟာရတွေဆက်ပြီးလေ့လာကြရအောင်ပါ🙆‍♀️Basic free classလေးနဲ့ eps old questionတန်းလေးလည်းရှိတာ...
01/03/2024

ဒီနေ့မှာလည်း 쏙쏙 한국어 စာအုပ်ထဲက ဝေါဟာရတွေဆက်ပြီးလေ့လာကြရအောင်ပါ🙆‍♀️
Basic free classလေးနဲ့ eps old questionတန်းလေးလည်းရှိတာမို့ စုံစမ်းလို့ရပါတယ်နော်❤️

https://www.facebook.com/100063641694686/posts/885924700205578/

(16)ကြိမ်မြောက် EPS ကိုးရီးယားစာအရည်အချင်းစစ်စာမေးပွဲ Onlineစနစ်ဖြင့် လျှောက်လွှာတင်သွင်းမည့်သူများ အထူးသတိပြုရန်📌
01/03/2024

(16)ကြိမ်မြောက် EPS ကိုးရီးယားစာအရည်အချင်းစစ်စာမေးပွဲ Onlineစနစ်ဖြင့် လျှောက်လွှာတင်သွင်းမည့်သူများ အထူးသတိပြုရန်📌

📢📢2024မှာ EPSစာမေးပွဲဖြေဆိုမည့် ညီအကိုမောင်နှမများအတွက်ဒီနှစ် ၂၀၂၄မှာ EPS စာမေးပွဲဖြေကြမယ် ညီအစ်ကို၊မောင်နှမများအတွက် ၂၀...
29/02/2024

📢📢2024မှာ EPSစာမေးပွဲဖြေဆိုမည့် ညီအကိုမောင်နှမများအတွက်

ဒီနှစ် ၂၀၂၄မှာ EPS စာမေးပွဲဖြေကြမယ် ညီအစ်ကို၊မောင်နှမများအတွက် ၂၀၂၂တုန်းက EPS စာမေးပွဲဖြေခဲ့တဲ့ အတွေ့အကြုံလေးတွေကို မှတ်မိသလောက် မျှဝေပေးချင်ပါတယ်
1️⃣ POEA - EPS မှ စာမေးပွဲဖောင်တင်ရန် ရက်အနည်းငယ်အလိုလောက်မှာ POEA Pageက ချပေးတဲ့ စာမေးပွဲဖောင်ဝင်တင်ပေးရမဲ့ App Link ကိုနှိပ်ပြီး Appကိုအရင် Download လုပ်ထားရပါမယ်
2️⃣ POEAကနေ ဘယ်နှစ်ရက်နေ့ကနေ ဘယ်နှစ်ရက်နေ့ အထိ စာမေးပွဲဖောင်တင်လို့ရပြီဆိုတာနဲ့ စဖွင့်ပေးလိုက်တဲ့နေ့ရဲ့ စဖွင့်ပေးတဲ့လိုက်တဲ့အချိန်မှာ အဲဒီAppထဲကိုဝင်ပြီး စာမေးပွဲဖောင်ကိုတင်လို့ရပါပြီ POEAက သတ်မှတ်ထားတဲ့ Photo Size အသင့်ဖြစ်နေတဲ့သူတွေကတော့ အခုတန်းတင် အခုတန်း Confirm ဖြစ်ပါတယ် တင်ပြီးတာနဲ့ Payment No တန်းမပေါ် တန်းမကျလာပါဘူး တင်ပြီးလို့ ၁ရက်အတွင်းမှာမှ Payment No(ဖြေဆိုခွင့် အမှတ်စဥ်)ပေါ်လာ ကျလာပါတယ် (Payment Noဆိုတာ စာမေးပွဲဖောင်ကြေး 28$ **2024အတွက် စာမေးပွဲကြေးကိုဆိုလို** သွင်းတဲ့အခါကျရင် Payment Noအလိုက်သွင်းဖို့အတွက် သတ်မှတ်ပေးထားတဲ့နံပါတ်ပါ/စာမေးပွဲဖြေရတဲ့ရက်စောခြင်း ခုံနံပါတ်စောခြင်းများသည် ဒီPayment Noတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်)
3️⃣ အဲဒီPayment Noကျလာ ပေါ်လာပြီဆိုရင်တော့ သေချာမှတ်ထားပါ POEAကနေ Payment No.1ကနေ 2000အတွင်း (2000အတွင်းဆိုတဲ့နေရာမှာ Payment No.2000အထိကိုဆိုလိုတာပါ) ဘယ်နှစ်ရက်နေ့ မနက်၉နာရီကနေ ညနေ၃နာရီအထိ စာမေးပွဲဖောင်ကြေး 28$ကို မြောက်ဒဂုံ ပင်လုံခန်းမမှာ လာသွင်းရပါမယ်ဆိုပြီး ကြေညာပေးတာကို စောင့်ကြည့်နေရပါမယ် (ဒီနေရာမှာ တစ်ခုအကြံပြုချင်တာကတော့ စာရတဲ့သူတွေ/စာမေးပွဲဖြေဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့သူတွေက POEAက စာမေးပွဲဖောင်တင်ဖို့ ဖွင့်ပေးလိုက်ပြီဆိုတာနဲ့ အဲဒီနေ့ အဲဒီအချိန်မှာAppထဲကို တန်းဝင်ပြီးတင်ကြပါ အဲဒါဆိုရင် Payment No.1to2000 ထဲဝင်ပါတယ် အဲလိုစောစောတင်တဲ့အတွက် စာမေးပွဲကျင်းပတဲ့ရက်မှာ အစောဆုံးရက်တွေထဲမှာဝင်ဖြေကြရပါတယ် **စာမပိုင်သေးတဲ့သူတွေ/စာမေးပွဲဖြေဖို့ အကြောင်းအမျိုးမျိုးကြောင့် အဆင်သင့်မဖြစ်သေးတဲ့သူတွေကတော့ စာမေးပွဲဖောင်ပိတ်ခါနီးရက်ကျမှကပ်ပြီးတင်ကြပါ အဲဒါဆိုရင် စာမေးပွဲဖြေတဲ့အခါကျရင် နောက်ဆုံးမှဖြေရတဲ့အထဲကိုပါသွားပါတယ်** ၂၀၂၂တုန်းက ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နဲ့ဖြေရတဲ့လူတွေက စာမေးပွဲဖောင်တင်တာစောလို့ စောစောဖြေရပြီး အောင်ပြီးတဲ့နောက်မှာလဲ အလုပ်ဖောင်တင်ရတာဟာ စောတဲ့အတွက် အများစုကတော့ Koreaကိုရောက်သွားကြပါပြီ စာမေးပွဲဖောင်တင်တာနောက်ကျတဲ့လူတွေကတော့ ဒုအသုတ်ထဲပါသွားပြီးတော့ အများစုက အခုထိ Koreaကိုမရောက်ကြသေးပါဘူး
4️⃣ စာမေးပွဲကျင်းပတဲ့အခါမှာလဲ အစောဆုံးရက်ဖြေရခြင်း ခုံနံပါတ်စောခြင်းဆိုတာလဲ ကွဲသွားပါသေးတယ် (2022 ကုန်ထုတ် ပ/အသုတ် ထဲမှာ အစောဆုံးရက်ဖြေရသူနဲ့ နောက်ဆုံးရက်တွေမှာ ဖြေရသူ ကွဲသွားသလိုမျိုးပါ) စာရတဲ့သူတွေကတော့ ဘာလုပ်လုပ် သူများထက်စောစောသာလုပ်ကြပါ ဒီလိုပြောရခြင်းကလဲ စာမေးပွဲအောင်ပြီးလို့ အလုပ်ဖောင်တင်တဲ့အခါမှာ ခုံနံပါတ်စောတဲ့လူတွေကနေစပြီး အလုပ်ဖောင်တင်ရပါတယ် အရင်ဆုံးတင်တဲ့အလုပ်ဖောင်တွေက Koreaဘက်ကို အရင်ရောက်ပါတယ် အရင်ရောက်တဲ့အတွက် အလုပ်ခေါ်တဲ့ကာလကိုရောက်ရင် Korea လုပ်ငန်းရှင်သူဌေးတွေကို အရင်ဆုံးပြရပါတယ် အဲဒီတော့ သူဌေးကကြိုက်ရင် အလုပ်ခေါ်စာပါပြီး(အများစုက)အရင်ဆုံး Koreaကိုရောက်ပါမယ်
5️⃣ ကိုယ့်ရဲ့Payment Noပါလာတဲ့ရက်ကိုသေချာမှတ်ထားပြီးတော့ အဲဒီနေ့မှာ လိုအပ်တဲ့ စာရွက်စာတန်းတွေကိုယူသွားပြီး စာမေးပွဲဖောင်ကြေး 28$ကိုသွင်းရပါမယ်(စာမေးပွဲဖောင်ကြေး 28$သွင်းရင် လိုအပ်တဲ့ စာရွက်စာတန်းများကို POEAက ကြေညာပေးပါလိမ့်မယ်)
ကိုယ်သွင်းရမဲ့နေ့မှာ မနက် ၃နာရီ၄နာရီထသွားပြီး မြောက်ဒဂုံ ပင်လုံခမ်းမရှေ့မှာတန်းစီကြရပါတယ် အဲလိုအစောကြီးထပြီးသွားတန်းစီတော့ ၈နာရီခွဲလောက် ရုံးဖွင့်တာနဲ့ ကိုယ်ကအစောဆုံးအထဲဝင်ပြီး 28$သွင်းပြီးတော့ သူတို့ပြန်ပေးတဲ့စလစ်လေးကိုယူပြီး စောစောပြန်လာလို့ရပါတယ် (စလစ်=စာမေးပွဲဖြေတဲ့ရက်ကျရင်ပြန်ယူသွားပြီးပြရမဲ့ ပြေစာ စာရွက်) ဒီနေရာမှာ မနက်၃နာရီ၄နာရီထသွားပြီးတော့ တန်းစီရင် စောစောငွေသွင်း စောစောအိမ်ပြန်လာလို့ရတာပဲရှိတာပါ စာမေးပွဲဖြေတဲ့ရက်စောခြင်း နောက်ကျခြင်းမဆိုင်ပါဘူး
6️⃣ 28$သွင်းပြီးလို့ စလစ်လေးရလာရင် သိပ်မကြာဘူး POEAကနေ စာမေးပွဲကြေးသွင်းပြီးတဲ့လူတွေရဲ့စရင်းကိုကြေညာပေးပါလိမ့်မယ် အဲလိုကြေညာတဲ့အခါကျရင် ကိုယ့်ရဲ့ Payment Noရဲ့ ​ရှေ့မှာ 515ဆိုတဲ့ ဂဏန်း၃လုံး ထည့်ပေးပြီးတော့ကြေညာပေးပါလိမ့်မယ် အဲဒါက Payment Noတိုင်းပါ ဥပမာ ကိုယ့်ရဲ့ Payment Noက 12345 ဆိုပါတော့ အဲဒီ12345ရဲ့ရှေ့မှာ 51512345 ဆိုပြီးပြောင်းသွားပါလိမ့်မယ် အဲလိုပြောင်းသွားပြီးတော့ Payment No လို့မခေါ်တော့ပဲ ဖြေဆိုခွင့် အမှတ်စဥ်ဆိုပြီး ဖော်ပြပေးထားပါလိမ့်မယ်
7️⃣ အဲလိုကြေညာပြီး သိပ်မကြာပါဘူး စာမေးပွဲ ဖြေရမဲ့ခုံနံပါတ်တွေ ထပ်ကြေညာပေးပါလိမ့်မယ် အဲဒီအခါကျရင်လဲ ခုဏကလိုပဲ ""Payment No(ဖြေဆိုခွင့်အမှတ်စဥ်)"" ကနေပြီးတော့ ""စာမေးပွဲ ဖြေဆိုရမည့် ခုံအမှတ်"" ဆိုပြီးတော့ ထပ်ပြောင်းသွားပါလိမ့်မယ် 2022တုန်းက စာမေးပွဲစဖြေတဲ့လက 9လပိုင်းထဲမှာပါ အဲဒီအတွက် 009ဆိုပြီး စပါတယ် အဲနောက်မှာက 2022ခုနှစ်မှာဖြေတဲ့အတွက် 2022C507 ဆိုပြီးလိုက်ပါတယ်( 2022.9လပိုင်းမှာဖြေတဲ့အတွက်/507ကတော့ ခုံနံပါတ်တိုင်းရဲ့ရှေ့မှာထည့်ပေးထားတာပါ ခုဏက 515ကိုထည့်ပေးထားသလိုပေါ့) ဥပမာ 51512345 ကနေ 0092022C507 ဆိုပြီးပြောင်းသွားမှာပါ အဲဒီ 0092022C507ရဲ့နောက်မှာမှ ကိုယ့်ရဲ့ ခုံနံပါတ် ဂဏန်း၅လုံး အသစ်ထပ်ပါလာမှာပါ အဲဒီဂဏန်း၅လုံးက ကိုယ့်ရဲ့ခုံနံပါတ်ပါပဲ ဥပမာ 0092022C50723456(23456က ကိုယ့်ရဲ့ခုံနံပါတ်အသစ်ပါ)
8️⃣ ဒီနှစ်မှာကတော့ စာမေးပွဲစဖြေမဲ့လက 4လပိုင်းလို့ကြေညာထားတဲ့အတွက် 4လပိုင်းထဲမှာ စာမေးပွဲကျင်းပဖြစ်ခဲ့ရင်တော့ 004 ဒီနှစ်က2024ဆိုတော့ 2024C507 (0042024C507××××× ဆိုပြီး ဖြစ်သွားမှာပါ ×××××က ကိုယ့်ရဲ့ခုံနံပါတ်ပါ) ဒီနေရာမှာ တစ်ခုပြောချင်တာက Payment No ၅လုံးတို့ ခုံနံပါတ်၅လုံးတို့ဆိုတာက စာမေးပွဲဝင်ဖြေကြတဲ့အရေအတွက်ပါ စာမေးပွဲဝင်ဖြေကြတဲ့သူတွေက သောင်းဂဏန်းဆိုရင်တော့ ကိန်းဂဏန်းက၅လုံးဖြစ်မှာပါ 2022တုန်းက ဖြေဆိုသူဦးရေဟာ 37000 ကျော်ပါတယ် အဲဒါကြောင့် ကိန်းဂဏန်းဟာ ၅လုံးပါ ဒီနှစ်လဲ သောင်းဂဏန်းပဲဖြစ်ဖို့များမယ်ထင်ပါတယ် သိန်းဂဏန်းတော့မကျော်လောက်ပါ(မိမိအမြင်မျှသာ) ဖြေဆိုသူဦးရေဟာ သိန်းဂဏန်းဖြစ်ခဲ့ရင်တော့ ကိန်းဂဏန်းက၆လုံးဖြစ်သွားမှာပါ
9️⃣ စာမေးပွဲ ဖြေဆိုရမည့်ခုံအမှတ် တွေကြေညာပြီးရင်တော့ ဖြေရမဲ့ခုံအမှတ်တွေရဲ့ ရက်/လ/အချိန် နဲ့ ဖြေဆိုရမဲ့ Room No တွေ ကြေညာပေးတာကို စောင့်ကြည့်ရပါမယ် အဲဒီအခါကျရင်တော့ POEAကနေ ​အရှေ့က 0042024Cဆိုတာကိုဖြုတ်ပြီးတော့ နောက်က 507××××× ဆိုတဲ့ နံပါတ်တွေနဲ့ပဲ ကြေညာပေးမှာပါ အဲဒါကြောင့် Payment Noကနေ ခုံနံပါတ်အဖြစ်ပြောင်းသွားတဲ့ နံပါတ်တွေကို သေချာမှတ်ထားဖို့လိုပါမယ် ဖြေဆိုရမဲ့ ရက်ကိုရောက်လာပြီဆိုရင်တော့ Passport စာအုပ်/ စာမေးပွဲကြေးသွင်းတုန်းကပြန်ပေးလိုက်တဲ့ စလစ် အဲ၂ခုကိုယူသွားပြီးတော့ စာမေးပွဲဖြေဆိုရမဲ့အချိန်ထက် ၁နာရီ စောပြီး ခန်းမဝင်ရပါမယ် ခန်းမထဲမှာ တာဝန်ရှိသူ မြန်မာလူမျိုးများက စည်းမျည်း/စည်းကမ်းချက်များကိုပြောပြမှာဖြစ်ပါတယ် စာမေးပွဲဖြေဆိုဖို့ ၁၀မိနစ်လောက်အလိုမှာ စာမေးပွဲအခန်းထဲကိုဝင်ထိုင်ခိုင်းပါပြီ စာမေးပွဲအခန်းထဲရောက်ရင်တော့ Koreaလူမျိုး ၂ယောက်ကနေ ၃ယောက်ပဲရှိပါမယ် သူတို့ကလဲ နဲနဲပါးပါး ထပ်မှာပါလိမ့်မယ် ဖြေရမဲ့အချိန်ရောက်တာနဲ့ စဖြေလို့ရပါပြီ 2022တုန်းကတော့ စာတွေ့ မိနစ်၅၀ဖြေပြီးတာနဲ့ Skill Test ထပ်ဖြေဖို့ အမှတ်မှီတဲ့လူတွေကို အခန်းစောင့်တဲ့ Koreaလူမျိုးတွေက စာမေးပွဲဖြေတဲ့အခန်းကနေမထွက်ခင်မှာ ကဒ်ပြားလည်ဆွဲလေးတွေဆွဲပေးလိုက်ပါတယ် Skill Testဖြေရတဲ့ ခန်းမဆောင်ကို တန်းသွားရပါတယ် (2022မှာ Skill Testက အရပ်တိုင်း/ကိုယ်အလေးချိန်တိုင်း/မျက်စိကာလာဘလိုင်းစစ် အဲဒါပဲဖြေရပါတယ်)
🔟 စာမေးပွဲဖြေပြီးတော့ ၁လအတွင်းမှာပဲ POEAကနေ အောင်စရင်းကြေညာပေးပါတယ် အောင်စရင်းကြေညာတဲ့အခါကျရင်တော့ 0042024C507×××××ဆိုပြီး ကြေညာပေးပါတယ်
အောင်စရင်းကြေညာပြီး၁လကနေ၁လခွဲအတွင်းမှာ စာမေးပွဲအောင်ထားတဲ့သူတွေကို ခုံနံပါတ်အလိုက် အလုပ်ဖောင်ထုတ်ဖို့ရက်တွေကြေညာပေးပါတယ်(အပေါ်မှာပြောခဲ့သလိုပေါ့ စောစော စာမေးပွဲဖောင်တင်တဲ့လူက ခုံနံပါတ်စောလို့ စာမေးပွဲစတဲ့အခါမှာလဲ စောစောဖြေရတဲ့အပြင် စာမေးပွဲအောင်ပြီးလို့ အလုပ်ဖောင်တင်တော့လဲ ခုံနံပါတ်အလိုက်ပဲ အလုပ်ဖောင်ထုတ်ပေးခြင်း/လက်ခံခြင်းတွေကို လုပ်တာပါ ဒီနေရာမှာ အလုပ်ဖောင်မတင်ခင် ဆေးစစ်ရပါတယ် ဆေးကျတဲ့လူကတော့ ခုံနံပါတ်စောလဲ စာမေးပွဲဖြေရတာစောလဲ ဆေးကျရင် အလုပ်ဖောင်တင်ခွင့်မရပါဘူး ဆေးထိုး ဆေးသောက်နဲ့ကူလို့ရတဲ့ ရောဂါတွေဆိုရင် ဆေးအောင်မှ အလုပ်ဖောင်တင်ရတဲ့အတွက် အတူတူအလုပ်ဖောင်တင်ရတဲ့သူတွေလိုတော့ Koreaရောက်တာ မမြန်တော့ဘူးပေါ့)
1️⃣1️⃣ ဒီနှစ် 2024မှာကတော့ Skill Testက အရပ်တိုင်း/ကိုယ်အလေးချိန်တိုင်း/မျက်စိကာလာဘလိုင်းစစ်တာအပြင် ပင်စိုက်ခြင်း/ကွင်းချိတ်ခြင်း/မိမိကိုယ်ကိုကိုမိတ်ဆက်ခြင်း/ဖြေဆိုထားတဲ့ လုပ်ငန်းအမျိုးအစားအလိုက် လုပ်ငန်းကျွမ်းကျင်စစ်ဆေးခြင်းတွေပါ ပါလာတဲ့အတွက် POEAက ကြေညာတာကိုပဲစောင့်ကြည့်ပြီးတော့ အလုပ်ဖောင်တင်တဲ့အပိုင်းကို ဆက်ပြီးမျှဝေပေးပါမယ်....
#မူရင်းpostပိုင်ရှင် Aung Swan Pyaeအား crdပေးပါသည်

Aung Swan Pyae

ဒီနေ့မှာလည်း 쏙쏙 한국어စာအုပ်ထဲက ဝေါဟာရလေးတွေဆက်ပြီးလေ့လာကြရအောင်ပါ✌️
28/02/2024

ဒီနေ့မှာလည်း 쏙쏙 한국어စာအုပ်ထဲက ဝေါဟာရလေးတွေဆက်ပြီးလေ့လာကြရအောင်ပါ✌️

25/02/2024


👩‍🏫ယောရောဘွန်းတို့ရေ
ဒီနေ့လည်း မေးခွန်းဟောင်းတွေ အတူတူဖြေရင်း စာမေးပွဲအတွက် ပြင်ဆင်ကြမယ်နော် 화이팅💪

Pageမှာ 쏙쏙 한국어 စာအုပ်ထဲက ဝေါဟာရလေးတွေမတင်ရတာလည်းကြာပြီမို့ အဲ့စာအုပ်ထဲက ဝေါဟာရအသစ်လေးတွေထပ်တင်ပေးလိုက်ပါတယ်✌️❤️
24/02/2024

Pageမှာ 쏙쏙 한국어 စာအုပ်ထဲက ဝေါဟာရလေးတွေမတင်ရတာလည်းကြာပြီမို့ အဲ့စာအုပ်ထဲက ဝေါဟာရအသစ်လေးတွေထပ်တင်ပေးလိုက်ပါတယ်✌️❤️

23/02/2024


EPSစာမေးပွဲကြီးမှာ အခက်အခဲမရှိဖြေဆိုနိုင်ဖို့ မေးခွန်းဟောင်းတွေကို ဆက်ပြီးလေ့လာလိုက်ကြရအောင်
화이팅 여러분💪

Address

Yangon

Telephone

09255691491

Website

Alerts

Be the first to know and let us send you an email when DREAM EDU - Korean Language School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share