Polaris English

Polaris English

Share

English society To listen, to speak, to read, to write perfect English

23/12/2025

လေ့လာကြည့်ပါ

23/12/2025

ဆင်းရဲတာက ကံကြမ္မာဆိုရင် ပညာသင်တာက အဲဒီကံကို ပြင်တာပဲ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ "ဆင်းရဲလို့ ကျောင်းမနေနိုင်ဘူး" ဆိုတာမျိုး ခဏခဏ ကြားဖူးမှာပါ။

ဟုတ်ပါတယ်၊ ဗိုက်ကမဝတော့ စာသင်ဖို့ထက် ဝမ်းရေးက အရင်ဖြစ်နေတာ လက်ခံပါတယ်။

ဒါပေမဲ့ အဲဒီလိုနဲ့ပဲ ပညာကို လက်လွှတ်လိုက်ရင် ကျွန်တော်တို့ ဘဝတွေက အဲဒီ ဆင်းရဲတဲ့ သံသရာထဲကနေ ဘယ်တော့မှ ထွက်နိုင်မှာ မဟုတ် တော့ဘူး။

ဘာလို့ ပညာရေးက အရေးကြီးတာလဲ

အခွင့်အလမ်း ပိုများလို့ပါ။ ပညာမတတ်ရင် ကိုယ်လုပ်နိုင်တာက အလုပ်ကြမ်းပဲ ရှိမယ်။

ပညာတတ်လာရင်တော့ ကိုယ်က အလုပ်ကို ရွေးချယ်နိုင်တဲ့ အနေအထား ရောက်လာမယ်။

အတွေးအခေါ် ပြောင်းလာမယ်။ ပိုက်ဆံမရှိတာထက် ကြောက်စရာကောင်းတာက အတွေးအခေါ် ဆင်းရဲတာပဲ။

ပညာက ဘယ်လို ရုန်းထွက်ရမလဲ၊ ဘယ်လို အဆင်ပြေအောင် နေရမလဲဆိုတဲ့ လမ်းစတွေကို မြင်လာစေတယ်။

ကိုယ်က ပညာတတ်မှ ကိုယ့်သားသမီး လက်ထက်ကျရင် အောက်ခြေကနေ ပြန်မစရတော့မှာ။

ဒါပေမဲ့ အခုခေတ်မှာ ကျောင်းစာတင်မကဘူး၊ ကိုယ်တိုင်လေ့လာလို့ရတဲ့ အတတ်ပညာတွေ အများကြီး ရှိနေပြီ။

အဓိကကတော့ "ဆင်းရဲလို့ မတတ်နိုင်ဘူး" ဆိုတဲ့ အားငယ်စိတ်ကို ဖျောက်ပြီး "ဆင်းရဲလို့ ပိုတတ်အောင် လုပ်ရမယ်" ဆိုတဲ့ စိတ်ကို မွေးဖို့ပဲ။

အနှစ်ချုပ်ရရင်တော့...
ပညာဆိုတာ ချမ်းသာတဲ့သူတွေပဲ တတ်နိုင်တဲ့ အရာမဟုတ်ပါဘူး။ ဆင်းရဲတဲ့သူတွေအတွက်တော့ ဆင်းရဲတွင်းက ရုန်းထွက်ဖို့ တစ်ခုတည်းသော လှေကား ပဲ ဖြစ်ပါတယ်။

အဲဒီလှေကားကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားဖို့ လိုတယ်။


23/12/2025

ပညာဆိုတာ ဘွဲ့တစ်ခုတည်း မဟုတ်ဘူး
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ "ပညာတတ်ဖို့ ကျောင်းတက်ရမယ်" လို့ပဲ တစ်ထစ်ချ မှတ်ယူထားကြတာ များတယ်။ တကယ်တော့ ကျောင်းကပေးတဲ့ ဘွဲ့လက်မှတ်ဆိုတာ လုပ်ငန်းခွင်ထဲဝင်ဖို့ "တံခါးဖွင့်ပေးတဲ့ သော့" တစ်ခုသက်သက်ပဲ ရှိသေးတာပါ။

တကယ့် ပညာရေးဆိုတာက အဲဒီတံခါးကို ဖြတ်ကျော်ပြီးနောက်မှာမှ စတာ။

ပညာတတ်တယ်ဆိုတာ စာအုပ်ထဲက စာတွေကို အလွတ်ရနေတာမျိုး မဟုတ်ဘဲ "ဘဝရဲ့ အခက်အခဲတွေကို ဘယ်လို ဖြေရှင်းမလဲ" ဆိုတဲ့ စဉ်းစားတွေးခေါ်ပုံ မှန်ကန်ခြင်းကို ပြောတာပါ။

ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်တတ်တာ၊ တစ်ဖက်သားအပေါ် ကိုယ်ချင်းစာတတ်တာနဲ့ အမှားအမှန်ကို ခွဲခြားနိုင်တာတွေဟာလည်း တကယ့် ပညာရေးပါပဲ။

ဒီနေ့ခေတ်မှာ ဗဟုသုတတွေက လက်တစ်ကမ်းမှာ ရှိနေတာမို့ "ငါ အကုန်သိတယ်" ဆိုတဲ့ မာန်မာနကို ချပစ်ပြီး "အမြဲတမ်း သင်ယူနေသူ (Lifelong Learner)" ဖြစ်ဖို့ပဲ လိုပါတယ်။ သင်ယူမှု ရပ်သွားတဲ့နေ့ဟာ လူတစ်ယောက် အိုမင်းသွားတဲ့နေ့ပါပဲ။ ဒါကြောင့် ဘွဲ့ရရ မရရ၊ ကိုယ့်ကိုယ်ကိုယ် နေ့တိုင်း မနေ့ကထက် ပိုတော်အောင်၊ ပိုအမြင်ကျယ်အောင် ကြိုးစားနေဖို့က အရေးကြီးဆုံးပါပဲ။



23/12/2025

ကလေးများကိုစာဖတ်ဖို့ တိုက်တွန်းရင်း ဆရာဆရာမ များလည်းစာဖတ်ဖို့ အချိန်ပေးကြပါလို့ အကြံပြုပါရစေ။

မအားရင် နာရီ၀က် လောက်တော့ အချိန် တစ်ခုသတ်မှတ်​ပြီးဖတ်
သင့်သည်ဟုထင်ပါသည်။

မိမိသက်ဆိုင်ရာဘာသာရပ်အလိုက်ဖတ်ရသည့်စာ အပြင်ရသ စာပေကိုပါဖတ်သင့်ပါသည်။ မိမိပြောသော စကားတွေ၊ မိမိ ဆုံးမသောစကားတွေ သည်ကလေးတွေ ဘ၀ကိုအကျိုးသက်ရောက်မှုရှိပါသည်။ ထို့ကြောင့်စာဖတ် ကြပါဟု တိုက်တွန်းလိုပါသည်။

စာအုပ်ဖတ်ခြင်းကိုဝါသနာပါသူအတွက် ခိုနားစရာ တစ်ခုရတာနဲ့တူတူပါပဲ လို့ ဆိုရိုးစကားရှိသည်။

ကိုယ်တစ်ယောက်တည်းပျင်းနေချိန်သော်လည်းကောင်း၊ စိတ်ညစ်နေရင်သော်လည်းကောင်း၊ မိုးဖွဲဖွဲကြောင့် အပြင်ထွက်မကဲနိုင်ချိန်မှာသော်လည်းကောင်း စာအုပ်တစ်အုပ်က အဖော်မွန်ဖြစ်သည်။ ကိုယ်သွားလိုရာ သယ်သွားလို့ရသည်။ မျက်စိညောင်းတာနဲ့တန်သော ပညာ လည်းရသည်။

အောက်မှာဖော်ပြထားသည်က‌တော့ ကမ္ဘာ့ စာကြီးပေကြီး တစ်ချို့ဖြစ်သည်။ ဆရာမြသန်းတင့် ရွေးချယ်ထားတဲ့ စာအုပ် ဆယ်အုပ် နဲ့ ဆရာမြသန်းတင့်၏ အကြိုက် ဆုံး စာရေးဆရာကြီး​ W. Somerset Maugham ရဲ့ ရွေးချယ်ထားတဲ့ စာအုပ်ဆယ်အုပ်ဖြစ်ပါသည်။

ဆရာမြသန်းတင့်ရဲ့အကြိုက်ဆုံးစာအုပ်ဆယ်အုပ်ကတော့

၁။ မှာတော်ပုံ ( သခင်ကိုယ်တော်မှိုင်း)

၂။ ဘုန်းမောင့်တွက်တာ (ပီမိုးနင်း)

၃။ စစ်ထွက်သူ (မဟာဆွေ)

၄။ ပန်းသာမစာဥ ( သခင်ဘသောင်း)

၅။ အရေးတော်ပုံတပ်သား (ရဲထွန်းလင်း)

၆။ War and Peace (Leo Tolstoy)

၇။ Gone with the Wind (Margaret Mitchell)

၈။Jean Christophe (Romain Rolland)

၉။ The Catcher in the Rye (J D Salinger)

၁၀။ Outlaws of the Marsh ( Shi Nai’an and Lou Guanzhong)

တို့ဖြစ်ပါသည်။

ဗြိတိသျှ စာရေးဆရာကြီး ​W. Somerset Maugham ကတော့သူ့ အကြိုက် အကောင်းဆုံးစာအုပ်ဆယ်အုပ်ကို ခုလိုရွေးထားပါသည်။

1. Tom Jones( Henry Fielding)

2. Pride and Prejudice (Jane Austen)

3. Le Rouge Le Noir (Stendhal)

4. Le Pere Goroit ( Balzac)

5. David Copperfield (Charles Dickens)

6. Madame Bovary ( Flaubert) တော်တော်ပွဲဆူခဲ့တဲ့စာအုပ်ပါ။ တရားရုံးတွေဘာတွေထိရောက်ခဲ့တယ် ဝတ္ထု ထဲက အရေးအသားတစ်ချို့ကြောင့်ပါ။

7. Moby Dick ( Herman Melville)

8. Withering Heights ( Emily Bronte)

9. The Brothers of Kamarazov ( Dostoevsky)

10. War and Peace (Tolstoy)

ဒါတွေသည် တကယ့် ကမ္ဘာ့ ဂန္တဝင် စာအုပ်ကြီးတွေဖြစ်ပါသည်။

အားလုံးနီးပါးမြန်မာလိုပြန်ပီးသားရှိလည်းပါသည်။ မူရင်းဖြစ်စေ၊ မြန်မာလိုဖြစ်စေ
ဆရာဆရာမ များ စာပေဝါသနာပါသူ များဖတ်ကြည့်သင့်ပါသည်။



22/12/2025

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတော့ မိဘများကလည်းနောက်နှစ်အတွက်မိမိကလေးကို ဘယ်ကျောင်းထားကြမလဲ ပြင်ဆင်ကြပြီပေါ့လေ။

IS/PS/GS ကျောင်းပေါင်းစုံ ရွေးကြပြီပေါ့။

မိဘဆိုတဲ့အမျိုးက လည်းကိုယ့်သားသမီးကိုအကောင်းဆုံးတွေချည်းပေးချင်တာဆိုတော့။ ကောင်းပေ့ညွန့်ပေ့ကျောင်း များကို အကုန်ခံထားကြတာပေါ့လေ။

ဒိတ်ဒိတ်ကျဲကျောင်း များ မထား နိုင်တဲ့ မိဘများကတော့ အလယ်အလတ်ကျောင်း
များပေါ့ ။ အချို့ကလည်း homeschooling ပေါ့။ အချို့ကျပြန်တော့လည်း မိမိအခြေအနေအရ ကျောင်းနေဖို့ အဆင်မပြေလို့ ကျောင်းမတက်နိုင်သူများပေါ့။ အချို့ကလည်း ဒီနှစ်နားအုံးမယ်၊ နောက်နှစ် မှတက်မယ်ပေါ့။

အခြေအနေ အရ အမျိုးမျိုးရှိကြတာပါပဲ။ ဒါလူ့ဘဝပဲ ။ ဘဝက မျိုးစုံနေမှာ တစ်ယောက်နဲ့ တစ်ယောက် တူမနေကြဘူး။ မိဘများ အနေနဲ့ ကိုယ်မချမ်းသာတဲ့အတွက်ငါ့ကလေးဟာ သူများလိုကျောင်းကောင်းကောင်းမတက်ရပါလားဆိုတဲ့ ဆိုက်ကိုတွေ၀င်ပြီး မိမိအပြစ်လို့ ခံစားရတာမျိုး ဖြစ်တတ်ပါတယ်။ Guilty Parent Syndrome ပေါ့လေ။ မိဘတစ်ယောက် အနေနဲ့ ငါ မလုပ်ပေးရ လေခြင်းဆိုတဲ့ စိတ်ခံစားမှုပေါ့။

တကယ်တော့ ခေတ်ကာလ အရ ကိုယ်မတတ်နိုင်လို့ မထားရတာ
ကိုယ့်အပြစ်မဟုတ်ပါ။

တကယ့် အပြင်က ဘ၀ ဟာ ဆိုရှယ်မီဒီယာက ဆယ်လီ တွေ ဘဝနဲ့ မတူပါဘူး။ လိုင်းပေါ်က စာအရှည်ကြီးတွေကတော့ ကလေးတစ်ယောက်ကို ဘယ်လို ​ထောက်ပံ့ ၊ ဘယ်လိုလုပ်ပေးသင့်ဘာညာ ရေးနေမှာပါပဲ။

Cele များကလည်း ကျောင်းတွေကြေငြာနေမယ်။ ဒါသူတို့အလုပ်လေ။ နောက်ပြီး စီးပွားရေး ဆိုတော့ကာ ငွေသုံးနိုင်သူများကိုဘဲ ဦးတည် ကြေငြာတာပါပဲ။

အွန်လိုင်းပေါ်က ထက်မြတ်တဲ့ကလေးတွေကိုကြည့်ပြီး ငါတို့သားသမီး ကဘာလို့အဲ လိုမတော်ရတာလဲ။ ဘာညာ မခံစားပါနဲ့။ ကလေးတွေ ဟာ လုံလောက်တဲ့ အထောက်အပံ့ကောင်း ရှိရင် ရှိသလိုတိုးတက်တာပါပဲ။

ဒါတွေကြည့်ပြီး ကိုယ်က ကိုယ့်ကလေးတော့ နောက်ကျနေပါပြီ။ ငါ့ကလေးတော့သွားပါပြီ ဆိုပြီး မနိုင်တာတွေ လျှောက်လုပ်ရင် ကိုယ်ဒုက္ခများမယ်။

တစ်လ ဆယ်သိန်းတန်ကျောင်း တက်ဖို့ ကလေး အသုံးစရိတ်ကလည်း တစ်လ ဆယ်သိန်း လောက် တော့ရှိမှရမယ် ။ စာမလိုက်နိုင်ရင် guide ကြေး၊ ကျူရှင်ကြေး၊ ကျောင်းကြိုပို့ / Play date / အားကစားကွင်းပို့ / ကရာတေးသင် / ရေကူးသင် ဘာညာ။

အပေါင်းအသင်းကြား မျက်နှာ မငယ်ဖို့ အ၀တ်အစား အဆောင်အယောင်။ ဟိုသွားဒီသွား ဘာညာ အသုံးစရိတ် ကအဲလောက်တော့ လျာထားမှရမယ်။

ဒါတောင်အနိမ့်ဆုံးပြောတာ။ တစ်လ သိန်း ၃၀ တန်ကျောင်းဆို လည်း သူနဲ့ ထိုက်တန်တဲ့ ကလေးအသုံးစရိတ် က ရှိနေရမယ် ။

မိမိရဲ့ ကျောင်းသားဟောင်းတစ်ယောက်က သူ့ကလေးက ခုမှ KG ကို International School တစ်ခုမှာထားဖို့ ရည်ရွယ်ခဲ့ပါတယ်။

သို့သော် အခြေအနေ အကြောင်းကြောင်းကြောင့် ငွေက မနိုင်တော့ သူ့မှာ စျေးအသင့်အတင့် Private School တစ်ခုကို အပ်လိုက်ရပါတယ်။ ဒါကိုသူက ၀မ်းနည်း နေတယ်။

သူများကလေးတွေ လောက် သူ့ကလေး ကိုလုပ်မပေးနိုင်တော့ သူဖြစ်ချင်တာတွေ လာရင်ဖွင့်ပါတယ်။ သူ ဘယ်လိုလုပ်ရင်ဒီကလေးဟာ သူများနဲ့ရင်ဘောင်တန်းနိုင်မလဲပေါ့။ အပြင်သင်တန်းတွေ ကော ပို့မယ်ပေါ့လေ။ သူ့မှာ ဆင်းရဲရလေခြင်း ဆိုပြီး ခံပြင်းနေတာ။ အဖေဆိုတော့လည်း သားသမီးကိုလုပ်ပေးချင်တာပေါ့လေ။ ကိုယ့်သူငယ်ချင်း အပေါင်းအသင်း သားသမီးတွေစျေးကြီးတဲ့ ကျောင်းတွေထားချိန်မှာ သူ့ခမျာ စျေးအသင့်အတင့်ကျောင်းလေးထားရတာကို ခံပြင်းတာပေါ့။

ဒါက ယနေ့ မိဘများ ကြုံနေကျပြဿနာတစ်ရပ်ပါပဲ။

ပညာရေးက အရေးကြီးတာသိပါတယ်။ သို့သော်ရေရှည် မနိုင်ဘဲ မနိုင်၀န်စွတ်မထမ်းနဲ့။ ကလေးဒုက္ခရောက်မယ်။ သူများ အိုင်ဖုန်းကိုင်လို့ ကိုယ်လိုက်ကိုင်တာဘာမှမဖြစ်ဘူး။ သူများ တိုက်ဆောက်လို့ အားကျမခံ ငါလဲမရှိရှိတာ ထုခွဲရောင်းချ ဆောက်မယ်ကွာ ဆိုတာ အလွန်ဆုံး အကြွေးတင်ရုံမျှသာ ဘဲ ။

ကလေးပညာရေးက ဒီလောက်မရိုးရှင်းတော့ဘူး ။ လူတွေ နဲ့ အလုပ်လုပ်တာ ။ အချိန် ကိုစောင့်ရတာ ။ ပတ်၀န်းကျင်ကို ရွေးတာ အပြင် ထိုပတ်၀န်းကျင်က ကိုယ့်ကလေးကို ဘယ်လိုဆက်ဆံ မလဲ ။ ကိုယ့်ကလေးကကော ထိုအသိုင်းအဝိုင်း ထဲမှာ ဘယ်လို react လုပ်လဲ ။ ၀င်ဆံ့ဖို့ မနည်း ရုန်းနေရလား ၊ အကုန်ထည့်သွင်းစဥ်းစားရမှာဖြစ်သွားပြီ။ ဒါ​ကြောင့် ငွေကြေးချင့်ချိန် ရတဲ့ မိဘများ မိမိ ဘာသာ ရေရှည် အဆင်ပြေရာ လုပ်ကြပါ။

ဘယ်ကျောင်းထားသင့်လဲ ဆိုတာကတော့ ကိုယ့်ဘာသာချင့်ချိန်ပါ။ ကိုယ်တတ်နိုင်တာ တလ တော့ ၁၀ သိန်းရှိတယ်။ ဘယ်ကျောင်းထားရမလဲ ဆိုပြီး အလွယ် သူများကိုမမေးလိုက်ပါနဲ့။ အဲဒီလောက်မရိုးရှင်းပါ။ ကျောင်းကိုသွား ဆရာဆရာမများနဲ့တိုင်ပင်။ ကလေးအခြေအနေ။ မိမိ အခြေအနေ အပွင့်လင်းဆုံးပြော။ ကြိုက်မှ ထား။ မကြိုက်ရင်မထားနဲ့။

စာသင်ဖို့ အခွင့်အလမ်း မရကြတဲ့ကလေးတွေလည်း များစွာရှိနေပါတယ်။ ကိုယ့်သားသမီးဟာ စာသင်နေရရင် အများကြီးကံကောင်းပါတယ်လို့ မှတ်ပါ။ တစ်ချို့ဆိို စာသင်ဖို့ ထက် ရှင်သန်ဖို့ကို မနည်းရုန်းနေကြရတာပါ။ ။

အောင်မြင်ကြပါစေ။



Photos from Polaris English's post 04/12/2025

Vocabulary လေးတွေလေ့ကျင့်ြကည့်ပါ


Photos from Polaris English's post 04/12/2025

အင်တာနက်သုံးတဲ့ ကလေးတွေကိုလုံခြုံစေဖို့။
ယနေ့ကာလမှာ ကလေးတိုင်း
အင်တာနက်ကိုသုံးကြပြီ။ Electronic device တွေကိုကျွမ်းကျွမ်းကျင်ကျင် ကိုင်နေကြပြီ။

မိဘများ အနေနဲ့ ကလေးကို Electronic Device တွေ၀ယ်ပေးရင် ဖုန်းထက် Tablet ကိုသာ၀ယ်ပေးစေချင်ပါသည်။ စာဖတ်လို့ရသည်။ စာသင်လို့ရသည်။

Primary လောက်တော့ ကလေးက Tablet လေးနဲ့ အဆင်ပြေနေသေးသည်။ သူတို့လဲ ကြိုက်ကြသည်။

အသက် ၁၀ နှစ်ကျော်လာရင် ကလေးက ဖုန်းပဲလိုချင်လာသည်။ သူငယ်ချင်းတွေကလည်း ဖုန်းလေးတွေနဲ့ဖြစ်လာပြီ။

Tablet သို့မဟုတ် Ipad ကိုလူကြားထဲမှာ မကိုင်ချင်တော့။ ဖုန်းပဲကိုင်ချင်လာသည်။ အိတ်ထဲမှာ ထည့်ထားလို့ရသည်။ အချိန်မရွေးထုတ်ကြည့်လို့ရသည်။ အထာကျသည်။ ဓာတ်ပုံရိုက်လို့ကောင်းသည်။

ကလေးက ဖုန်း၀ယ်ပေးဖို့တောင်းဆိုလာပြီ။ ဒါသဘာ၀ ဖြစ်သည်။ ကိုယ်က တတ်နိုင်လို့ ၊ ကလေးကို အလိုလိုက် ချင်လို့ ဖုန်းရော Tablet ရော နှစ် ခုလုံး၀ယ်ပေးထားတယ်ဆိုရင် ကိုယ်တိုင်အလုပ်ရှုပ်ခံပြီး ထိန်းပါ။ မဟုတ်ရင် Tablet အားကုန်ရင်ဖုန်း၊ ဖုန်း အားကုန်ရင် Tablet ။ Screen နဲ့မျက်နှာ မခွါတော့ပါ။ ဒါကြောင့် ထိန်းပါ။

စာလုပ်ချိန်ဖုန်းကိုသိမ်း ထားခိုင်းပါ။ စာ နဲ့ပက်သက် လို​့ ရှာစရာရှိရင် tablet နဲ့ရှာခိုင်းပါ။ Tablet က Screen ကြီးသည်။ စာရိုက်ရတာခက်သည်။ ဖုန်းလောက် သယ်ရတာမလွယ် ။ ဒါကိုက ကလေးအတွက်ကောင်းသည်။

ကလေးအများစုသည် Tablet ထက် ဖုန်းကို ပဲ လိုချင်တာဖြစ်ပါသည်။ ဒါကို ကိုယ်က သတိထားရမည်။ ဖုန်းပူဆာရင် လည်း အလွယ်တကူ ၀ယ်မပေး ဘဲ နည်းပေါင်းစုံ အချိန်ဆွဲပါ။ နောက်ဆုံးအဆင့်မှ ၀ယ်ပေးပါ။

ဒါတောင် အချိန်နဲ့သုံးခိုင်းပါ။ ဖုန်းကို Password မခံခိုင်းပါနဲ့။ Password ခံထားလည်း မိဘကပါ သိအောင် လုပ်ထားပါ။ ​ေ​မမေ့ ကိုလည်း password ပြောထား။ ဖုန်းကိုမေမေယူမကြည့်ဘူး ဆိုပြီးကတိပေးထားပါ။

သူအိပ်ပျော်မှ ဖုန်းယူစစ်​ပါ။ ယူစစ်မှန်း လည်း သူမသိပါစေနဲ့။

social media သုံးရင်၊ ကလေးရဲ့အကောင့်ကို ကိုယ့်ဖုန်းထဲမှာပါ ထည့်ထားနိုင်ရင်ကောင်းပါတယ်။

ကလေးကိုအကျိုးအကြောင်းပြောပြ ကျားဖျန့်တွေ ပေါနေလို့ အကောင့် ပျောက်မှာစိုးလို့ ဘာညာ လျှောက်ပြော ပြီးထည့်ထားပါ။ ကလေး ရဲ့
telegram/tiktok အကုန်ထည့်ထားလို့ရပါတယ်။

phone setting / Tablet setting ထဲက Parental Controls ကို ဖွင့်ထားပါ။ တစ်ချို့ကလေးတွေကဒါကို မကြိုက်ပါ။ ကိုယ် Download ချင်တဲ့ Game software ဘာညာ ဒေါင်းမရလို့ပါ။

အပေးအယူလုပ်ပါ။ သားရဲ့ facebook/tiktok/telegram အကောင့် မေမေ့ကိုပေးထား။ Parental Controls မထားဘူး ဆိုပြီးလုပ်ပါ။

ဆယ်ကျော်သက် လေးတွေ ဆိုရင်တော့ ဒီနည်းက သိပ်အလုပ်မဖြစ်တော့။ သူတို့ကလည်လာပြီ။ မည်သို့ပင်ဖြစ်စေ တတ်နိုင်သလောက်ကတော့ ထိန်းပါ။ ဖုန်းထဲမှာ ရည်းစားနဲ့ ကြူထားတာတွေ့လည်း မဆူပါနဲ့။ အရိပ်အခြေကြည့်နေပါ။ မကြာမကြာ ဖုန်းကိုစစ် ကြည့်ပါ။

( privacy ကိုမေ့လိုက်ပါ။ အသက်မပြည့်တဲ့ကလေးကို privacy အပြည့်ပေးမထားသင့်ပါ။ မြန်မာ
စတိုင်ပေါ့။ မိမိ အမြင်သာဖြစ်၍ ပညာရှင်များ သဘောထားကွဲလွဲနိုင်ပါသည်။ )

မေမေ သိတယ်နော် ဟင်းဟင်း နင်နာမယ် ဘာညာ သွား မလုပ်ပါနဲ့။ ပြောစရာရှိရင်ပွင့်ပွင့်လင်းလင်းပြောပါ။ တော်ကြာ ကလေးက အမေမသိအောင်သဲလွန် စ အကုန်ဖျောက် တဲ့ အကျင့်ဖြစ်နေမယ်။

ကိုယ်တွေ့ပါ။ ကလေးကို သွား
ဟန့်လိုက်တာ နင်လုပ်နေတာငါသိနေတယ်နော်ဆိုတဲ့ပုံစံမျိုး ဟန့်လိုက်တာ။ ကလေးက ၁၃ နှစ်သမီး ။ သူလည်းဘယ်ခေမလဲ ။

ရတယ်လေကြည့်ကြတာပေါ့ဆိုပြီး၊ (သူ့စိတ်ထဲကပြောရင်ပြောနေမှာ )
နောက်ရက် ချက်ဘောက် က Chat ထားတာ သူငယ်ချင်းတွေနဲ့ပြောထားတာအကုန်ဖျက်။ သူ့ဖုန်းကို လုံးဝ clear ထားတော့တာ။ တကယ်တော့ သူအဲလိုလုပ်ချင်တာမဟုတ်ဘူး။ ကိုယ်က သွားစိန်ခေါ်သလိုဖြစ်တော့ ၊ ကလေး သဘာ၀ အရ ၊ သူကလည်း ရတယ်လေ ဒီလိုလား ခုဘာတတ်နိုင်လဲ ဆိုတဲ့ လူကြီးနဲ့ ဥာဏ် ချင်း ကစား ပြိုင် တဲ့ စတိုင် လုပ် ပြတာ​ပါ။

ဒါကလေးသဘာ၀ ပါ။ လူကြီးတစ်ခုခုလုပ်ခိုင်းရင် ဆန့်ကျင်ဘက် လုပ် ပြတတ်တဲ့၊ No ပဲ ပြောတတ်တဲ့ stage တခုကို ကလေးတွေ ဖြတ်သန်းဖူးပါတယ်။ ဆိုးတာမဟုတ်ဘူး။ ကစားတာ။ အတန်းရှင်းယူတာ တစ်မျိုး ပါပဲ။ အဆင့်တစ်ခုကို ဖြတ်သန်းတာပါ။

ပုန်ကန်ချင်စိတ်၊ မခံချင်စိတ် ၊ မေးခွန်းထုတ်ချင်စိတ်တွေ ဖြစ်တာသဘာဝပါ။ လူကြီးကစိတ်ရှည်ပါ။

အင်တာနက်မှာ သတိဆိုတာပိုသည်မရှိပါ။ လူပေါင်းစုံ အလွှာပေါင်းစုံ။ ရှိနေလို့ ကိုယ့်ဘက်က အဖိုးတန်သားသမီးများ မပျက်စီးဖို့၊ သားကောင်မဖြစ်ဖို့ ထိန်းနိုင်ကြဖို့ပါ။ မိမိကလေးသုံးနေတဲ့ apps တွေ Website တွေသိအောင်လုပ်ပါ။ သူတို့ကို လွှမ်းမိုးတဲ့ Influencer တွေကိုသိအောင်လုပ်ပါ။

ဆိုတော့ကာ ကလေးတွေ ရဲ့ screen time ထိန်းဖို့ Parental Controls ဖွင့်နည်းလေးတွေ အောက်မှာပြ ထားပါတယ်။ မသိသေးသူများ လုပ်ကြည့်ကြဖို့ပါ။

အနက်ရောင်ပုံတွေက Android အတွက်ဖြစ်ပြီး၊ အဖြူရောင်က Apple အတွက် ဖြစ်ပါတယ်။

အောင်မြင်ကြပါစေ။




04/12/2025

ကျွန်တော်တို့ဟာ လူငယ်တွေအတွက်အနာဂတ်ကို အမြဲဖန်တီး‌ မပေး နိုင်ဘူး။

ဒါပေမယ့် အနာဂတ်အတွက်လူငယ်တွေကိုတော့ ပျိုးထောင်လို့ရပါတယ်။

အမေရိကန်သမ္မတ ရုစဗဲ့ပြောခဲ့တာပါ။ ဒါ လည်းဟုတ်တာပဲ။ အနာဂတ်ဆိုတာသေချာတာမဟုတ်။ အနာဂတ်ကဘာဖြစ်မယ်မသိရ။ ကိုယ်ကအနာဂတ်ကို ကောင်းဖို့ ဖန်တီးပေးထားလည်း အ‌‌ခြေ အနေအရပ်ရပ် ကြောင့်အနာဂတ်ဟာ ပျက်စီးနိုင်သေးတာပဲ။

ဒါကြောင့်ဘယ်အနာဂတ်ပဲ လာလာ ရင်ဆိုင်နိုင်မယ့် လူငယ်တွေကိုပျိုးထောင်လိုက်တာက ပို၍ အဓိပ္ပါယ် ရှိပါတယ်။

တစ်ချို့မိဘများက သားသမီးတွေ အတွက် အနာဂတ် ဘဝလုံခြုံဖို့ ပညာရေး၊ ကျန်းမာရေး၊ ငွေကြေးခိုင်မာအောင်လုပ်ကြပါတယ်။ စိတ်ဓာတ်ပိုင်းကိုလည်းခိုင်မာ အောင်လုပ်ပေးကြပါ။ ကိုယ်က အနာဂတ်ကို ကောင်းအောင်ဖန်တီးပေးတာ ကတပိုင်း၊ သားသမီးများ အနေနဲ့လည်း ဘယ်အနာဂတ်လာလာ ခံနိုင်ရည်ရှိဖို့ပျိုးထောင်တာလည်း တပိုင်းပေါ့။

နှစ်မျိုးလုံး မလစ်ဟင်းတော့ကောင်းတာပေါ့လေ။

We cannot always build the future for our youth, but we can build our youth for the future.
Franklin D. Roosevelt

အောင်မြင်ကြပါစေ။




Photos from Polaris English's post 04/12/2025

ကလေးတွေကို English ကိုသင်ရင် ဒီလိုအသုံးအနှုန်းလေးတွေ ဒီလိုတွဲမှတ် လို့ ရတဲ့ usage လေးတွေ သင်ပေးသင့်ပါတယ်။ ထပ်ခါ ထပ်ခါ လေ့ကျင့်ရင်း ကိုယ်ပိုင်စကားလုံးတွေ အ​ဖြစ်လျောလျော ရှူရှူ ပြောဆိုသုံးနှုန်းလာနိုင်ပါလိမ့်မယ်။





04/12/2025

Figurative Speech
ဆိုတဲ့ စကားအလင်္ကာ ၊ စာအလင်္ကာလေးတွေ ဟာ စာပေ ကို ပိုပြီး အသက်၀င်စေပါတယ်။ မြန်မာစာပေ မှာရော အင်္ဂလိပ်စာပေမှာပါ အတွေ့များပါတယ်။

English စာပေမှာတော့ သူတို့ကို figurative speech or figures of speech လို့ခေါ်ကြပါတယ်။ ဒါလေးတွေဟာ English စာပေကို လေ့လာသူ English writing တိုးတက်ချင်သူများအတွက် အရေးပါပါတယ်။

လေ့လာကြည့်ပါ။

Simile

https://www.facebook.com/share/p/1D4eMZF1Df/

Metaphor

https://www.facebook.com/share/p/1BBGp9XraT/

Personification

https://www.facebook.com/share/p/19syabRdm3/

Hyperbole

https://m.facebook.com/story.php?story_fbid=1176689017806203&id=100063953473919&mibextid=Nif5oz

Allusion

https://www.facebook.com/share/p/18Q8PPHeFL/

Idioms

https://www.facebook.com/share/p/16STjqPdHU/



Photos from Polaris English's post 14/11/2025

ကျောင်းသုံးပစ္စည်းလေးတွေ English လိုဘယ်လိုခေါ်လဲ ကြည့်ကြရအောင်

28/02/2025

ခုခေတ် လူငယ်တွေမှာ ဘာလုပ်ရမလဲဆိုတဲ့ လမ်းပျောက်တဲ့ပြသနာ ကတော်တော်များနေတယ်။

တက်လိုက်တဲ့သင်တန်းတက်ပီးတော့လည်းအလုပ်ကမသေချာ။
ဆိုတော့
လူငယ်များအနေနဲ့ ကိုယ့် Skill ကို ပဲတက်အောင်လုပ်သင့်ပါတယ်။
ခုက skill မတက်လာပဲ သင်တန်းတွေစွတ်တက်။
လက်မှတ်ပေါင်းများစွာရပြီး လက်တွေ့ အသုံးချမှု နည်းကြပါတယ်။

MBA သင်တန်းတွေ၊ ဘာသာစကားသင်တန်းတွေ၊ မိုတီဗေးရှင်းစပီကာတွေရဲ့သင်တန်းတွေ ဆိုလည်း မှိုလိုပေါက်
တက်လိုက်ကြ တာ ပိုက်ဆံတွေကုန်။

ပြီးတော့ ဘာမှ ဆက်မဖြစ်တော့ဘူး။
အဲတော့ ကိုယ့်ပစ်မှတ်ကဘာလဲ
ရည်ရွယ်ချက်ကဘာလဲ ။သေချာစဉ်းစားပါ။

သူဌေးဖြစ်ဖို့ ရည်ရွယ်ချက်။
ပိုက်ဆံများများရဖို့ ရည်ရွယ်ချက် ။
ဒါကလူတိုင်းပဲလေ။

ပိုက်ဆံကိုဘာလုပ်ပီးရှာ မလဲ။
ဘယ်နည်းလမ်းနဲ့ရှာ မလဲ
ကိုယ်ကြိုက်တဲ့ဝါသနာနဲ့လား။
ကိုယ် ကျွမ်းတဲ့ ပညာတစ်ခုခု နဲ့လား။

သို့မဟုတ် သိပ်မကြိုက်ပေမယ့် ၀င်ငွေ မဆိုးပါဘူး ဆိုတဲ့ အလုပ်နဲ့လား။

တိကျတဲ့ ရည်မှန်းချက် ရှိသင့်ပါတယ်။

များသောအားဖြင့် ရည်းစားနဲ့ လျှောက်လည် ။ အလုပ်က မည်မည်ရရ မရှိသေး။
သင်တန်းတော့တက်ပါရဲ့ သင်တန်းချိန်က တရက် ၃ နာရီလောက် ကျန်တဲ့ချိန် ကယောင်ဝါးဝါးနဲ့ ပြီးနေရင်မဟုတ်သေးပါ။ဒါတွေလည်း အများသိကြပါတယ်။ ပိတ်ရက် မဟုတ်တဲ့ တနင်္လာ အင်္ဂါ လိုနေ့တွေမှာတောင် ရုပ်ရှင်ရုံတွေ ပန်းခြံတွေ မှာ လူငယ်ပေါင်းများစွာပါပဲ။

လူတိုင်း၂၄ နာရီ ရပါတယ် တစ်ရက်မှာ။ ကိုယ့် SKILL တက်ဖို့ ဘယ်နှစ် နာရီလောက်ထားမလဲ။ ကိုယ့်ပညာကိုလေ့လာတာ။ ကိုယ်ကျွမ်းကျင် တဲ့ လုပ်ငန်းအတွက်ပြင်ဆင်တာ။ စာအုပ်ဖတ်တာ။ သွားရောက်လေ့လာတာ။ အစရှိသဖြင့်ပေါ့။

မိမိ SKILL တက်ဖို့ အားထုတ်နေသင့်ပါတယ်။
အလကားရတာအချိန်
အလကားမရတာ ပိုက်ဆံပါပဲ
အချိန်ကို ရင်းနှီး ပြီး ကြိုးစားပါမှ လူကြီးဖြစ်လာရင် ပိုက်ဆံရှာ ဖို့လွယ်ပါလ်ိမ့်မယ်။

SKILL ကောင်းကြပါစေ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon