22/05/2026
Our Little Graduates!🎓❤️
Beyond Learning Center မှ ရင်သွေးငယ်လေးများရဲ့ ပထမဆုံး Graduation အခမ်းအနား အမှတ်တရ ပုံရိပ်လေးများ ဖြစ်ပါတယ်။ 🥰
သားသားမီးမီးတို့ရေ...
တစ်သက်တာလုံး အောင်မြင်မှုတွေ အများကြီး ဆက်ပြီး သိမ်းပိုက်နိုင်ပါစေလို့ တီချယ်တို့ကဆုတောင်းပေးလိုက်ပါတယ်နော်။ 🎉✨
22/05/2026
Summer Camp ရဲ့ Project Time လေးမှာ Level 4&5 ကျောင်းသား၊ ကျောင်းသူလေးတွေ တက်တက်ကြွကြွနဲ့ ပူးပေါင်းလုပ်ဆောင်နေကြတဲ့ ပုံရိပ်လေးတွေပါ။ စာအုပ်ထဲက သင်ခန်းစာတွေတင်မကဘဲ အဖွဲ့အစည်းနဲ့ လုပ်ကိုင်တတ်တဲ့ အလေ့အကျင့်ကောင်းတွေကိုပါ ဒီမှာပျိုးထောင်ပေးနေပါတယ်ရှင် 💜
21/05/2026
"နွေရာသီ (3)လအတွင်း ကလေးတွေ ဘာတွေပြောင်းလဲသွားလဲ"📈✨
"ဒီ ၃ လအတွင်း ကလေးက သင်္ချာတွက်တာ ပိုမြန်လာလား၊အင်္ဂလိပ်စာ ပြောရဲဆိုရဲ ရှိလာရဲ့လား"ဆိုတဲ့ မိဘတိုင်းရဲ့ ရင်ထဲက သိချင်စိတ်တွေကို အဖြေထုတ်ပေးခဲ့တဲ့ Parents-Teachers Meeting အမှတ်တရ ပုံရိပ်လေးတွေ ဖြစ်ပါတယ်။
ကလေးတို့ရဲ့ အနာဂတ်အတွက် အိမ် နဲ့ ကျောင်း အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့ တန်ဖိုးရှိတဲ့ ဆွေးနွေးပွဲလေးဖြစ်ခဲ့ပါတယ်။ ကလေးတွေရဲ့ အောင်မြင်မှုနောက်ကွယ်က တကယ့် Hero တွေဖြစ်တဲ့ မိဘများကို Beyond မိသားစုမှ ဂုဏ်ပြုလိုက်ပါတယ်ရှင်။ 👑🌟
20/05/2026
"Belated Happy Birthday to our little princess, Su Nyein Chan San" 👑🌟
မနေ့က ကျရောက်ခဲ့တဲ့ သမီးလေးရဲ့ မွေးနေ့အမှတ်တရ Highlights လေးတွေပါရှင်💛
သူငယ်ချင်းတွေကို ကိတ်မုန့်လေးတွေ ဖော်ဖော်ရွေရွေ ခွံ့ကျွေးနေတဲ့ သမီးလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေက မြင်ရသူတိုင်းကို အသည်းယားစေပါတယ်။
သမီးလေးရေ... နောင်နှစ်ပေါင်းများစွာတိုင်အောင် ဒီထက်မက ပျော်ရွှင်ပါစေနော် 🎉💛
14/05/2026
ဒီနေ့ ကျင်းပခဲ့သော British Council မှ YLE စာမေးပွဲတွင် ဖြေဆိုခဲ့သော Starters,Movers,Flyers အဆင့်အသီးသီးက ကလေးတွေရဲ့ မျက်နှာမှာ ကြောက်ရွံ့မှုထက် "ငါလုပ်နိုင်တယ်" ဆိုတဲ့ အပြုံးလေးတွေကို တွေ့ရတာဟာ တီချယ်တို့အတွက်တော့ အကြီးမားဆုံး ဆုလာဘ်ပါပဲ။ ကလေးတွေ အကောင်းဆုံး ဖြေဆိုနိုင်အောင် အမြဲတမ်း ဘေးကနေ ပံ့ပိုးပေးခဲ့တဲ့ မိဘအုပ်ထိန်းသူများနဲ့ ဆရာမများကိုလည်း အထူး ကျေးဇူးတင်ရှိပါတယ်ရှင်။
BC မှာ ဖြေဆိုခဲ့တဲ့ ကလေးတွေရဲ့ မှတ်တမ်းတင် ဓာတ်ပုံလေးတွေကို ကြည့်ပြီး သူတို့ရဲ့ ကြိုးစားမှုနဲ့ ပျော်ရွှင်မှုကို အတူတူ ခံစားကြည့်လိုက်ရအောင်နော်။🍀
သားတို့ သမီးတို့အားလုံး အဆင့်အမြင့်ဆုံး Shields လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ BEYOND မိသားစုက ဆုတောင်းပေးလိုက်ပါတယ်🏆🍀
14/05/2026
ကလေးတစ်ယောက်ချင်းစီရဲ့ သင်ယူမှုနှုန်း (Learning Pace) မတူညီတာကို အသိအမှတ်ပြုပြီး ဆရာမတွေက နွေးနွေးထွေးထွေး လမ်းညွှန်ပေးခဲ့တာမို့ သင်္ချာ Final Test ဟာ စာမေးပွဲထက် သူတို့ရဲ့ ''အောင်မြင်မှု မှတ်တိုင်လေး" တစ်ခုလိုပါပဲ။
သင်္ချာကို ပျော်ပျော်ရွှင်ရွှင်နဲ့ နက်နက်ရှိုင်းရှိုင်း နားလည်သွားတဲ့ သားငယ်၊ သမီးငယ်လေးတွေရဲ့ ရှေ့ဆက်မယ့် ခရီးလမ်းမှာ ဒီ Logic တွေက အများကြီး အထောက်အကူပြုမှာ အသေအချာပါပဲရှင် 🍀
Well done, everyone! 👏✨
13/05/2026
✨ ဘာကြောင့် BEYOND ရဲ့ သင်ကြားမှုစနစ်က ကွဲထွက်နေတာလဲ?
Communication First 🗣️: စာအုပ်ထဲက Grammar Rules တွေကိုပဲ သင်တာမဟုတ်ဘဲ၊ နေ့စဉ်ဘဝမှာ တကယ်ပြောနိုင်အောင် (Real-life context) နဲ့ သင်ကြားပေးခဲ့တာမို့ စာမေးပွဲမှာလည်း သူတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကို အင်္ဂလိပ်လို ယုံကြည်မှုရှိရှိ ချရေးနိုင်ကြပါတယ်။
Student-Centered Learning 👩🏫: ဆရာကပဲ အတင်းသင်တဲ့ ပုံစံမဟုတ်ဘဲ ကလေးတွေ ကိုယ်တိုင် ပါဝင်ဆွေးနွေးရတဲ့ (Active Participation) စနစ်ကို အခြေခံထားပါတယ်။ ဒါကြောင့် စာမေးပွဲဖြေတဲ့အခါ စိတ်ဖိစီးမှုထက် "ငါဒါကို သိပြီးသားပဲ" ဆိုတဲ့ ပျော်ရွှင်မှုနဲ့ ဖြေဆိုနိုင်ကြတာပါ။
Critical Thinking & Creativity 💡: မေးခွန်းတွေက အဖြေတစ်ခုတည်းကိုပဲ တောင်းဆိုတာမဟုတ်ဘဲ ကလေးတွေရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ပေးမယ့် ပုံစံမျိုးတွေနဲ့ ပြင်ဆင်ပေးထားပါတယ်။
နွေရာသီကျောင်းပိတ်ရက်မှာ ကစားရမယ့်အချိန်ကို ဖဲ့ပြီး မိမိကိုယ်ကိုယ် Upgrade လုပ်နေကြတဲ့ Beyond ရဲ့ ဂုဏ်ဆောင်လေးတွေပါပဲရှင်။
Finalစာမေးပွဲအပြီးမှာတော့ ကလေးတွေဟာ အဆင့် တစ်ခုရဖို့ထက် ပိုမိုတန်ဖိုးရှိတဲ့ "ယုံကြည်မှု (Confidence)" နဲ့ "ဘာသာစကားကျွမ်းကျင်မှု (Language Skills)" တွေကို လက်ဆောင်ရသွားကြမှာ အသေအချာပါပဲ။
သားတို့ သမီးတို့အားလုံး Good Luck ပါ🍀
အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေဖြစ်အောင် BEYOND က အမြဲတမ်း ပံ့ပိုးပေးနေမှာပါ။
10/05/2026
Result ထက် ကြိုးစားမှု (Process) ကို ပိုပြီး တန်ဖိုးထားပါတယ် ✨
ဒီအပတ်ကျင်းပခဲ့တဲ့ English Review Test (2) မှာ ကလေးတွေရဲ့ တက်ကြွစွာ ပါဝင်မှုနဲ့ အာရုံစိုက်မှုကို ကြည့်ပြီး သူတို့ရဲ့ သင်ယူလိုစိတ် Passion ကို မြင်တွေ့ရပါတယ်။ စာမေးပွဲဆိုတာ ကလေးတွေရဲ့ အရည်အချင်းကို တိုင်းတာတာထက်၊ သူတို့ ဘယ်လောက်အထိ တိုးတက်လာပြီလဲဆိုတာကို ဂုဏ်ပြုဖို့အတွက် အခွင့်အရေးတစ်ခုပါပဲရှင်💗
Step by step, we grow together at BEYOND! 🚀
07/05/2026
သင်္ချာဆိုတာ အလွတ်ကျက်ဖို့မဟုတ်ဘဲ အခြေခံကစလို့ ခိုင်မာဖို့ လိုအပ်ပါတယ်။ 🧠✨
BEYOND Learning Center မှာ Singapore Maths စနစ်အတိုင်း CPA (Concrete-Pictorial-Abstract) ချဉ်းကပ်ပုံကို အသုံးပြုပြီး ကလေးတွေကို သင်ကြားပေးနေတာဖြစ်ပါတယ်။ အခုဆိုရင် ကလေးတို့ရဲ့ Year 1 Higher Maths Exam ကို ယုံကြည်ချက်ရှိရှိ ဖြေဆိုနေကြပြီ ဖြစ်ပါတယ်။
တွက်ချက်မှုတစ်ခုချင်းစီရဲ့ နောက်ကွယ်က 'အဓိပ္ပာယ်' ကို နားလည်သွားတဲ့အခါ သင်္ချာဟာ ခက်ခဲတဲ့အရာမဟုတ်တော့ဘဲ ပျော်စရာဂိမ်းတစ်ခုလို ဖြစ်လာတာပေါ့ရှင် 📝💡
ကလေးတို့အားလုံး စာမေးပွဲမှာ အကောင်းဆုံး ကြိုးစားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်💗