Landmark Nurse Aide & Pharmacist Aide Training Center

Landmark Nurse Aide & Pharmacist Aide Training Center

Share

Learning Today for a Better Tomorrow!

20/07/2024

ဝါဆိုလပြည့်နေ့ ဓမ္မစင်္ကြာနေ့ ဆုတောင်း🙏

ယနေ့ကျရောက်တဲ့ ဝါဆိုလပြည့်နေ့ ဓမ္မစင်္ကြာနေ့အခါသမယမှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေကြောင်း LANDMARK မှဆုတောင်းမေတ္တာပို့သအပ်လိုက်ပါတယ်။💚




26/03/2024

📣2024ခုနှစ် မတ်လ 27ရက်နေ့ (ဗုဒ္ဓဟူးနေ့)သည် အများ​ပြည်သူရုံးပိတ်ရက်​ဖြစ်ပါသောကြောင့် အတန်းများနှင့် ရုံးခန်းပိတ်မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်ရှင်။🙏

23/03/2024

🌕တပေါင်းလပြည့်နေ့ပိတ်ရက် အသိပေးကြေညာချက်📣

၂၀၂၄ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့က တပေါင်းလပြည့်နေ့ဖြစ်တာမို့လို့ Landmark Language And Education Center ရဲ့ Online နဲ့ On Campus အတန်းတွေနဲ့ ရုံးပိတ်ပါတယ်နော်။🥰




Photos from Landmark Nurse Aide & Pharmacist Aide Training Center's post 14/03/2024

✴ မတ်လ တန်းခွဲသစ်များအတွက် 𝟭𝟭.𝟬𝟯.𝟮𝟬𝟮𝟰 မှ 𝟮𝟭.𝟬𝟯.𝟮𝟬𝟮𝟰 အတွင်း ကြိုတင်အပ်နှံပါက 𝟭𝟱𝟬,𝟬𝟬𝟬/-ကျပ် သက်သာမည့် အခွင့်အရေး ✴

ဒါ့အပြင် #သင်ထောက်ကူပစ္စည်းများအခမဲ့ 😲 နှင့် #အင်္ဂလိပ်စကားပြောသင်တန်းပါအခမဲ့တက်ရောက်ခွင့် ပါရရှိမှာပါရှင် 😉

🙏🙏🙏 မင်္ဂလာပါရှင် 🙏🙏🙏

📣 𝐋𝐀𝐍𝐃𝐌𝐀𝐑𝐊 #သူနာပြုအကူနှင့်
#ဆေးဝါးကျွမ်းကျင်အကူသင်တန်းမှ 𝟐𝟎𝟐𝟒 ခုနှစ် မတ်လတန်းခွဲသစ်များကို 𝟭𝟭.𝟬𝟯.𝟮𝟬𝟮𝟰 မှ 𝟮𝟭.𝟬𝟯.𝟮𝟬𝟮𝟰 အတွင်း
ကြိုတင်အပ်နှံပြီး 𝟭𝟱𝟬,𝟬𝟬𝟬/-ကျပ် သက်သာမည့် အခွင့်အရေးကို ရယူလိုက်ပါ ✴ 🙂

👉 သူနာပြုအကူသင်တန်း အတွက်
▶ သင်ထောက်ကူပစ္စည်း (၈)မျိုး အခမဲ့

👉 ဆေးဝါးကျွမ်းကျင်အကူသင်တန်း အတွက်
▶ သင်ထောက်ကူပစ္စည်း (၄)မျိုး အခမဲ့

💢 ​စင်္ကာပူ၊ ဂျပန် စတဲ့ ပြည်ပနိုင်ငံတွေမှာ 𝐂𝐚𝐫𝐞𝐠𝐢𝐯𝐞𝐫, 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 (𝐇𝐂𝐀) အဖြစ် သွားရောက်လုပ်ကိုင်လိုသူများ
💢 ပြည်တွင်းရှိ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် သူနာပြုအကူအဖြစ် ဝင်ရောက်လုပ်ကိုင်လိုသူများ
💢 ကိုယ်ပိုင်ဆေးဆိုင်ဖွင့်လိုသူများ
💢 ဆေးဆိုင်၊ ဆေးကုမ္ပဏီများတွင် ဝင်ရောက်လုပ်ကိုင်လိုသူများ
💢 ကျန်းမာရေး အသိပညာတွေ၊ ဗဟုသုတတွေကို မိမိချစ်ရတဲ့သူတွေအတွက် ကြိုတင်လေ့လာထားလိုသူများ အားလုံးအတွက် 𝐋𝐀𝐍𝐃𝐌𝐀𝐑𝐊 #သူနာပြုအကူနှင့် #ဆေးဝါးကျွမ်းကျင်အကူ သင်တန်းကျောင်းမှ 𝟐𝟎𝟐𝟒 ခုနှစ် မတ်လတန်းခွဲသစ်များကို ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ရှင်။

✔️အရည်အချင်းပြည့်ဝပြီး #ကျင့်ဝတ်နဲ့ကိုက်ညီတဲ့ #သူနာပြုအကူ/ #ဆေးဝါးကျွမ်းကျင်အကူ တစ်ယောက်အဖြစ် ရပ်တည်နိုင်ရန်အတွက် လက်တွေ့လုပ်ငန်းခွင်များတွင် သင်ကြားရေး အတွေ့အကြုံရှိ သူနာပြုတက္ကသိုလ်မှ ဘွဲ့ရ၊ 𝐌𝐚𝐬𝐭𝐞𝐫 ဘွဲ့ရ ဆရာ၊ ဆရာမများမှ စာတွေ့+လက်တွေ့ စနစ်တကျ
သင်ကြားပေးနေသည့် 𝐋𝐀𝐍𝐃𝐌𝐀𝐑𝐊 သူနာပြုအကူသင်တန်း နှင့် ဆေးဝါးကျွမ်းကျင်အကူ သင်တန်းကျောင်းကို ရွေးချယ်တက်ရောက်နိုင်ပါပြီ။

💯ထပ်ပြီး 𝐋𝐀𝐍𝐃𝐌𝐀𝐑𝐊 သင်တန်းကျောင်းကို ရွေးချယ်ရမယ့် အကြောင်းအရာတွေကတော့…
*****************************
𝟏. လူဦးရေ နည်းနည်းဖြင့် စာတွေ့+လက်တွေ့ ကို ဖိဖိစီးစီး လေ့ကျင့်သင်ကြားပေးခြင်း၊
𝟐. #သူနာပြုအကူ (𝐍𝐮𝐫𝐬𝐞 𝐀𝐢𝐝𝐞) သင်တန်း နှင့် #ဆေးဝါးကျွမ်းကျင်အကူ (𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐀𝐢𝐝𝐞) သင်တန်းများကို အခြေခံနှင့် အဆင့်မြင့် ခွဲခြားထားခြင်းမရှိဘဲ အပြီးစီး သင်ကြားပေးခြင်း၊
𝟑. သင်တန်းသားအားလုံးအတွက် (အထူးသဖြင့် #နိုင်ငံခြားသွားမည့်သူများအတွက်) #နေ့စဉ်သုံးအင်္ဂလိပ်စကားပြောသင်တန်းကိုလည်း #ပညာဒါနအဖြစ် ထည့်သွင်းသင်ကြားပေးခြင်း၊
𝟒. သင်တန်းပြီးဆုံးပါက ပြည်တွင်း၊ ပြည်ပ (စင်္ကာပူ၊ ဂျပန်) နိုင်ငံများတွင် အလုပ်အကိုင်ကောင်းများ ရရှိနိုင်ရန်အတွက် Agentများနှင့်တိုက်ရိုက်ချိတ်ဆက်ပေးခြင်း၊
𝟓. #ဂျပန်နိုင်ငံသို့ #ဘိုးဘွားပြုစုစောင့်ရှောက်ရေးဖြင့် သွားရောက်လုပ်ကိုင်လိုပါကလည်း တနေရာတည်းတွင် ဂျပန်ဘာသာစကား သင်တန်းတက်ရောက်နိုင်ခြင်း၊
𝟔. #သင်တန်းကြေး #အရစ်ကျခွဲသွင်းနိုင်ခြင်းနှင့် သင်တန်းနှစ်ခုလုံး တပြိုင်တည်း တက်ရောက်ပါက 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 ပြန်လည်ရရှိခြင်းများပဲ ဖြစ်ပါတယ်။

📣 𝐋𝐀𝐍𝐃𝐌𝐀𝐑𝐊 #သူနာပြုအကူနှင့်
#ဆေးဝါးကျွမ်းကျင်အကူ သင်တန်းကျောင်း၏ 𝟐𝟎𝟐𝟒 ခုနှစ် မတ်လတန်းခွဲသစ်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

✅ 𝐍𝐮𝐫𝐬𝐞 𝐀𝐢𝐝𝐞 (𝐁𝐚𝐭𝐜𝐡 𝟑𝟕)
#သူနာပြုအကူသင်တန်း (ကြားရက်တန်းခွဲ) (၃လ)
=========================
🔹 တနင်္လာ မှ သောကြာ – တပတ် (၅) ရက်
🔹𝟭𝟮:𝟯𝟬 𝗣𝗺 ~ 𝟬𝟯:𝟯𝟬 𝗣𝗺
🔹စာတွေ့+လက်တွေ့ – (၂)လ
🔹ဆေးရုံလက်တွေ့ –(၁)လ
🔹𝟮𝟱.𝟬𝟯.𝟮𝟬𝟮𝟰 စမည်။
🔹ပုံမှန်သင်တန်းကြေး - 𝟯𝟴𝟬,𝟬𝟬𝟬/- ကျပ်
🔹𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 - 𝟭𝟬𝟬,𝟬𝟬𝟬/- ကျပ်
🔹ယခုသင်တန်းကြေး - 𝟮𝟴𝟬,𝟬𝟬𝟬/- ကျပ်

အခမဲ့ သင်ထောက်ကူပစ္စည်း (၈)မျိုး
--------------------------------------
𝟭. 𝙇𝘼𝙉𝘿𝙈𝘼𝙍𝙆 ကိုယ်ပိုင်သင်ရိုးညွှန်းတန်း
𝟮. 𝙎𝙘𝙧𝙖𝙗 𝙎𝙪𝙞𝙩𝙚 𝙐𝙣𝙞𝙛𝙤𝙧𝙢 (၁)စုံ (အင်္ကျီ+ဘောင်းဘီ)
𝟯. 𝙀𝙭𝙚𝙧𝙘𝙞𝙨𝙚 𝘽𝙤𝙤𝙠
𝟰. 𝘽𝙖𝙡𝙡𝙥𝙚𝙣
𝟱. 𝙍𝙚𝙘𝙮𝙘𝙡𝙚 𝘽𝙖𝙜
𝟲. 𝘽𝙡𝙤𝙤𝙙 𝙋𝙧𝙚𝙨𝙨𝙪𝙧𝙚 𝘾𝙪𝙛𝙛
𝟳. 𝙎𝙩𝙚𝙩𝙝𝙤𝙨𝙘𝙤𝙥𝙚
𝟴. 𝙏𝙝𝙚𝙧𝙢𝙤𝙢𝙚𝙩𝙚𝙧

💥 မှတ်ချက်။ ။သင်တန်းတက်နေစဥ်နှင့် ဆေးရုံတွင် 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐚𝐥 သွားရောက်လေ့လာချိန်များတွင် 𝑼𝒏𝒊𝒇𝒐𝒓𝒎 ဝတ်ဆင်ရမည်ဖြစ်ပါသဖြင့် နောက်ထပ် (၁)စုံ ထပ်မံဝယ်ယူရန် လိုအပ်ပါသည်။

✅ 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐀𝐢𝐝𝐞 (𝐁𝐚𝐭𝐜𝐡 𝟒𝟐)
ဆေးဝါးကျွမ်းကျင်အကူသင်တန်း (ရုံးချိန်လွတ်တန်းခွဲ) (၂လခွဲ)
=========================
🔹 စနေ၊ တနင်္ဂနွေ – တပတ် (၂) ရက်
🔹𝟬𝟴:𝟯𝟬 𝗔𝗺 ~ 𝟭𝟬:𝟯𝟬 𝗔𝗺
🔹စာတွေ့+လက်တွေ့ – (၂)လခွဲ
🔹𝟮𝟯.𝟬𝟯.𝟮𝟬𝟮𝟰 စမည်။
🔹သင်တန်းကြေး - 𝟮𝟬𝟬,𝟬𝟬𝟬/- ကျပ်
🔹𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 - 𝟱𝟬,𝟬𝟬𝟬/- ကျပ်
🔹ယခုသင်တန်းကြေး - 𝟭𝟱𝟬,𝟬𝟬𝟬/- ကျပ်

အခမဲ့ သင်ထောက်ကူပစ္စည်း (၄)မျိုး
--------------------------------------
𝟭. 𝙇𝘼𝙉𝘿𝙈𝘼𝙍𝙆 ကိုယ်ပိုင်သင်ရိုးညွှန်းတန်း
𝟮. 𝙀𝙭𝙚𝙧𝙘𝙞𝙨𝙚 𝘽𝙤𝙤𝙠
𝟯. 𝘽𝙖𝙡𝙡𝙥𝙚𝙣
𝟰. 𝙍𝙚𝙘𝙮𝙘𝙡𝙚 𝘽𝙖𝙜

💥 တန်းခွဲများအားလုံးအတွက်
👉 သင်တန်းကြေး (၂)ရစ်ခွဲ၍ ပေးသွင်းနိုင်ပါသည်။
👉 ပညာအရည်အချင်း အထက်တန်းမှစတင်၍ တက်ရောက်နိုင်ပါသည်။

💢 #သူနာပြုအကူသင်တန်းမှာ သင်ကြားပေးမှာကတော့…
*************************
▪️သွေးပေါင်ချိန်နည်း၊ အပူချိန်တိုင်းနည်းများ
▪️ဆီးချို၊ သွေးချိုစစ်နည်းများ၊ 𝐈𝐧𝐬𝐮𝐥𝐢𝐧 ထိုးနည်း
▪️အခြေခံသူနာပြုစုနည်းများ (𝐁𝐚𝐬𝐢𝐜 𝐍𝐮𝐫𝐬𝐢𝐧𝐠)
▪️အရေးပေါ်အသက်ကယ်နည်းများ
▪️ရှေးဦးသူနာပြုစုနည်းများ (𝐅𝐢𝐫𝐬𝐭 𝐀𝐢𝐝)
▪️ဆေးရုံ၊ ဆေးခန်း၊ ခွဲစိတ်ခန်းသုံး ကိရိယာများကို လက်တွေ့ကျကျ ကိုင်တွယ် အသုံးချနည်းများ
▪️သက်ကြီးဘိုးဘွား ပြုစုစောင့်ရှောက်နည်းများ
▪️လေဖြတ်လူနာ၊ အိပ်ယာထဲရှိ လူနာများအား ပြုစုစောင့်ရှောက်နည်းများ (သန့်ရှင်းနည်း၊ အစာကျွေးနည်းများ)
▪️မိခင်နှင့်ကလေး ပြုစုစောင့်ရှောက်နည်းများ
▪️မွေးကင်းစမှစ၍ ကလေးသူငယ်ပြုစုစောင့်ရှောက်နည်းများ
▪️𝐎𝐱𝐲𝐠𝐞𝐧 တိုင်းနည်း၊ 𝐎𝐱𝐲𝐠𝐞𝐧 ပေးထားရသော လူနာများအား ပြုစုစောင့်ရှောက်နည်းများအပြင် အခြားသော ပညာရပ်များကိုလည်း စာတွေ့ လက်တွေ့များဖြင့် သင်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်။

💢 #ဆေးဝါးကျွမ်းကျင်အကူသင်တန်းမှာ သင်ကြားပေးမှာကတော့…
***************************
▪️အခြေခံဆေးဝါးပညာ ဘာသာရပ် မိတ်ဆက်
▪️ဆေးများ၏ Brand Name/Generic Name အခေါ်အဝေါ်များ
▪️ဆေးအမျိုးအစား/ဆေးပုံသဏ္ဍာန်
▪️ဆေးပေးရမည့် လမ်းကြောင်းများနှင့် ဆေးများ၏ ရောဂါအလိုက်အသုံးဝင်ပုံ
▪️ဆေးများ၏ ဘေးထွက်ဆိုးကျိုးများ
▪️ကြိုတင်သတိပြုရမည့်အချက်များ
▪️ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ရောင်းရမည့်ဆေးများအကြောင်း
▪️ဆေးသိုလှောင်သိမ်းဆည်းထားနည်းများ
▪️ဆေးဆိုင်လိုင်စင်လျှောက်ရန် လိုအပ်ချက်များလမ်းညွှန်ခြင်း
▪️အထွေထွေ ကျန်းမာရေးဗဟုသုတများ အကြောင်းကို စနစ်တကျ ရှင်းလင်းပြောပြ သင်ကြားပေးမှာဖြစ်ပါတယ်။

💥💥မည်သည့်သင်တန်းပဲဖြစ်ဖြစ် အောက်ပါအချက်များဖြင့် ပြည့်စုံပါက #𝑪𝒆𝒓𝒕𝒊𝒇𝒊𝒄𝒂𝒕𝒆 ထုတ်ပေးမှာဖြစ်ပါတယ်💥💥
----------------------------
✔️အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုရခြင်း၊
✔️မျက်နှာချင်းဆိုင် 𝐕𝐢𝐯𝐚 𝐓𝐞𝐬𝐭 များ ဖြေဆိုရခြင်း၊
✔️စာသင်ချိန်အားလုံး တက်ရောက်မှု ရှိ/မရှိ (ကျောင်းခေါ်ချိန် ပြည့်/မပြည့်) စစ်ဆေးခြင်း၊

⚠️ သင်တန်းကာလအတွင်း သင်တန်းမှ စစ်ဆေးသော စာမေးပွဲများအားလုံးကို ဖြေဆိုအောင်မြင်ရပါမယ်။ ထို့ပြင် သင်တန်းမှ သတ်မှတ်ထားသော စည်းကမ်းချက်များ အားလုံးကိုလည်း လိုက်နာမှသာ သင်တန်းပြီးဆုံးကြောင်းလက်မှတ် 🎓 ( #𝑪𝒆𝒓𝒕𝒊𝒇𝒊𝒄𝒂𝒕𝒆) ထုတ်ပေးမှာဖြစ်ပါတယ်။

👉 မည်သည့်သင်တန်းတက်တက် " #အင်္ဂလိပ်စကားပြောသင်တန်း" အခမဲ့ တက်ရောက်နိုင်ပါသည်။
👉 နယ်မှသင်တန်းသား/သူ များအတွက် ကျောင်းအနီးအနားတွင် #အဆောင်ချိတ်ပေးပါသည်။
👉 တစ်တန်းလျှင် #သင်တန်းသားဦးရေ ကန့်သတ်ထားတာမို့ ဒီလတန်းခွဲမှာ မမီလိုက်ဘူး မဖြစ်ရအောင် အခုပဲ ဖုန်းဆက်မေးမြန်းပြီး စာရင်းပေးသွင်းလိုက်တော့နော်…
------------------------------
အသေးစိတ်သိရှိလိုပါက -
☎️ 𝟎𝟗 - 𝟕𝟗𝟎 𝟔𝟒𝟑 𝟔𝟗𝟑, 𝟎𝟗 - 𝟗𝟖𝟕 𝟖𝟕𝟒 𝟖𝟕𝟓
သို့ ဆက်သွယ်စုံစမ်း နိုင်ပါတယ်။
🔰 𝐋𝐀𝐍𝐃𝐌𝐀𝐑𝐊 𝐍𝐮𝐫𝐬𝐞 𝐀𝐢𝐝𝐞 & 𝐏𝐡𝐚𝐫𝐦𝐚𝐜𝐢𝐬𝐭 𝐀𝐢𝐝𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫
🏠 အမှတ် (၄၉) (B)၊ ပထမထပ်၊ မိုးစန္ဒာလမ်း (လှည်းတန်းနှင့် စံရိပ်ငြိမ်မှတ်တိုင်ကြား၊
ရန်ကုန် - အင်းစိန် လမ်းမကြီး)၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
#သူနာပြုအကူသင်တန်း
#ဆေးဝါးကျွမ်းကျင်အကူသင်တန်း
#သူနာပြုအကူ
#ဘိုးဘွားပြုစုစောင့်ရှောက်ရေး
#ကိုယ်ပိုင်ဆေးဆိုင်ဖွင့်လိုသူများ

14/03/2024

True or false ❎✅


13/03/2024

ညောင်းညာနေသူများဖို့ 👍


12/03/2024

အာရုံကြော အားနည်းခြင်းအကြောင်း သိကောင်းစရာ

အာရုံကြော အားနည်းရောဂါ သည် အာရုံကြောများ ပျက်စီးမှု ကြောင့် ဖြစ်သော ရောဂါဖြစ်ပါသည်။ အာရုံကြောများ၏ တာဝန်မှာ ဦးနှောက်နှင့် ပင်မအာရုံကြောမကြီးမှ သတင်းအချက်အလက်များကို ခန္ဓာကိုယ်၏ ကျန်အစိတ်အပိုင်းများသို့ ပို့လွှတ်ပေးပါသည်။

ရောဂါလက္ခဏာများမှာ လက်များ၊ ခြေထောက်များ လှုပ်ရှားမှု အားနည်းခြင်း၊ ပင်အပ်နှင့် ထိုးသကဲ့သို့ စူးကနဲ၊ ပူကနဲ ဖြစ်ခြင်း၊ ထုံကျင်ခြင်း၊ အထိမခံနိုင်ဖြစ်ခြင်းတို့ ဖြစ်ပါသည်။ အချို့လူနာများတွင် ချွေးထွက်မမှန်ကန်ခြင်း၊ အထိုင်အထ မိုက်ခနဲဖြစ်ခြင်း၊ ဆီးဝမ်းနှင့် အစာခြေဆိုင်ရာ ပြဿနာများ၊ ယောကျာ်းများ စွမ်းဆောင်ရည် အားနည်းခြင်းတို့ ဖြစ်နိုင်ပါသည်။

နောက်ဆက်တွဲပြဿနာများ

ထုံနေခြင်းကြောင့် အရေပြားထိခိုက် လွယ်ခြင်း၊ အပူလောင်လွယ်ခြင်း၊ ထိခိုက်ရှနာဖြစ်လွယ်ခြင်း၊ ပိုးဝင်လွယ်ခြင်း၊ ဟန်ချက်မညီပဲ ချော်လဲလွယ်ခြင်း။

ဆောင်ရန် ရှောင်ရန်များ

အာရုံကြောအားကောင်းစေသော ရဲယို၊ မြင်းခွာရွက်၊ ဒန့်သလွန်ရွက်၊ ဆင်တုံးမနွယ်တို့ကို မကြာခဏ စားပေးသင့်သည်။ ထို့ပြင် ငါးကြင်း၊ ငါးလူး၊ ငါးသလဲထိုး တို့ကို ကင်ပွန်းချဉ်ရွက်နှင့် ချက်စားခြင်း၊ ရှောက်သီးသုပ်၊ သံပရာသီးသုပ်တို့ကို မကြာခဏ စားပေးသင့်သည်။ မျှတသော၊ ကြေညက်လွယ်သော အာဟာရတို့ကို စားပေးရမည်။ သွေး အားကောင်းစေသော အစားအစာ၊အသီးအနှံများကိုလည်း စားသုံးပေးသင့်သည်။

အာရုံကြောအားနည်း ရောဂါတွင် အအေးခံလွန်းခြင်း၊ အအေးစာများကို လွန်စွာစားသုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အစာကိုအချိန်မှန်မစားခြင်း၊ ကွမ်းစားခြင်း၊ အတက်စာများ အစားများခြင်း၊အိပ်ရေးပျက်ခံခြင်း၊ ပင်ပန်းသောအလုပ်များ လွန်စွာ လုပ်ကိုင်ခြင်းတို့ကို ရှောင်ကြဉ်ရမည်။

အာရုံကြော အားနည်းရောဂါကို သက်သာစေရန်အတွက် သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးသင့်သည်။ စားသောက်ချိန်ကို အချိန်မှန်စေခြင်း၊ အချိန်မှန်မှန် အိပ်ခြင်း၊ စိတ်ဖိစီးမှုလျော့နည်းစေရန်အတွက် တရားထိုင်ခြင်း၊ နွေးနွေးထွေးထွေးနှင့် သန့်ရှင်းလတ်ဆတ်သော နေရာတွင်နေခြင်း၊ နံနက်စောစောတွင် နေပူဆာလှုံခြင်းတို့ကို ပြုလုပ်ပေးသင့်သည်။


06/03/2024

တစ်ချို့ ဆေးဘူးပေါ်တွင် ဆေးဝါးအမည်များအနောက်တွင် အတိုကောက်စာလုံးများပါဝင်ပါသည်။💊
MR ( Modified Release )
SR ( Sustained Release )
CR ( Control Release )
PR ( Prolonged Release )
XL ( Extended Release )
Re**rd
အစရှိတဲ့ အတိုကောက်စာလုံးများပါဝင်သော ဆေးဝါးများသည် ဆေးဝါး၏အာနိသင် တစ်နေကုန်ရနေအောင် ပေါင်းစပ်ဖွဲ့ စည်းထားသော ဆေးဝါးများဖြစ်ပါသည်။ ‌ဆေး နှစ်လုံး၊သုံးလုံး ‌သောက်စရာမလိုပဲ တစ်လုံးတည်းသောက်ရုံ ဖြင့် ဆေးအာနိသင်ရရှိနေသော ဆေးဝါးများဖြစ်ပါတယ်။
🔶ဒီလို ပါဝင်နေတာသော ဆေးဝါးဆိုလျှင် တစ်ခြမ်းချိုးသောက်တာ နှစ်လုံးသောက်တာမျိုး မသောက်ကပါ။🔶
ဥပမာ - 100mg အားမရှိလို့ 50mg နှစ်လုံးသောက်တာမျိုးကိုဆိုလိုတာပါ။

ဒီလိုသောက်သုံးခြင်းအားဖြင့် ဆေးအာနိသင်များက အချိုးအစား မမှန်ကန် စေဘဲ ကမောက်ကမ ဖြစ်ကုန်နိုင်ပါတယ်။ ထို့ကြောင့် ဆေးဝါးများမှာ ဒီလို အတိုကောက်စာလုံးပါနေပြီဆို ပါက သတိပြုကာ အသုံးပြုသောက်သုံးစေချင်ပါတယ်။




#ဆေးဝါးကျွမ်းကျင်အကူသင်တန်း

05/03/2024

အစာအိမ်ဆေးနဲ့ ပတ်သက်ပြီး ညာဏ်စမ်းလေး ‌
ဖြေကြည့်ကြရအောင်💊❓


04/03/2024

အုန်းရည်ကို တပတ်တာလုံး သောက်သုံးတဲ့အခါ

တော်ရုံတန်ရုံတော့ ဘယ်သူမှ အုန်းရည်ကို တစ်ပတ်လုံးမသောက်တတ်ပါဘူး။ ဒါပေမယ့် အုန်းရည်ကို အချိန်ကြာကြာသောက်မယ်ဆိုရင်တော့ ဒီလိုအပြောင်းအလဲလေးတွေကို ခံစားမိမှာပါ။

(၁) ကိုယ်ခံအားကောင်းလာမယ်။
အုန်းရည်ဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို သိသိသာသာ ကောင်းမွန်လာစေမှာပါ။

(၂) အားပြည့်လာမယ်။
တစ်ပတ်လုံး အုန်းရည်သောက်တဲ့အခါ သင့်အနေနဲ့ Energy Drink သောက်ထားသလိုကို အားပြည့်နေမှာပါ။ ဒါပေမယ့် အုန်းရည်ကတော့ ဘေးအန္တရာယ်ကင်းတယ်ပေ့ါဗျာ။

(၃) ကိုယ်တွင်းအင်္ဂါတွေကောင်းလာမယ်။
သင့်ခန္ဓာကိုယ်အတွင်းက တန်ဆာပလာတွေ သိသိသာသာကို ကောင်းလာပါလိမ့်မယ်။

(၄) အစာခြေစနစ်ကောင်းလာမယ်။
သင့်အစာခြေစနစ်အတွက် အရမ်းကို အထောက်အကူပြုပါတယ်။ အစာများများစားလာနိုင်သလို သိပ်လည်း ဝမလာနိုင်ပါဘူး။

(၅) ဝိတ်ကျလာမယ်။
အစာခြေစနစ်ကောင်းလာတဲ့အခါ ဝိတ်လည်း ကျလာတော့မှာ ဖြစ်ပါတယ်။

(၆) ခေါင်းကိုက်သက်သာစေတယ်။
လေ့လာချက်တွေအရတော့ အုန်းရည်ဟာ ခေါင်းကိုက်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

(၇) ငယ်ရွယ်နုပျိုးစေတယ်။
အချိန်ကြာကြာ သောက်လာတာနဲ့အမျှ အသားအရေ ပြောင်းလဲမှုတွေတောင် ဖြစ်လာနိုင်ပါတယ်။ ငယ်ရွယ်နုပျိုခြင်းကိုလည်း ဖြစ်စေပါတယ်။

သာမန်ရိုးကျ
သွေးပေါင်ကျ သွေးအားနည်း ရောဂါ
များနှင့် နလံထ လူမမာ
သွေးလွန်တုတ်ကွေး နောက်ဆက်တွဲ ဆိုးကျိုး အဖြစ် တကိုယ်လုံး ညောင်းညာ ကိုက်ခဲခြင်း ဝေဒနာ များ
အတွက်

အုန်းသီးနုရည် တစ်လုံး နှင့် သီးစုံဓာတ်ဆား တစ်ထုပ် ရောဖျော် သောက်ပါ က

ကမ္ဘာ့ အကောင်းဆုံး သွေးအားဖြည့် သက်စောင့် အဟာရ ဓာတ် နတ်ဆေးတစ်ပါးပဲ။



01/03/2024

တောင်သူလယ်သမားနေ့ပိတ်ရက် အသိပေးကြေညာချက် 📣📣

၂၀၂၄ ခုနှစ်၊ မတ်လ ( ၂ )ရက်နေ့ တောင်သူလယ်သမားနေ့ Landmark Nurse Aide&Pharmacist Aide ကျောင်းခန်း နဲ့ ရုံးပိတ်ကြောင်းအသိပေးကြေညာအပ်ပါတယ်ရှင်။🙏❤



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 49 (B), 1st Floor, Moe Sandar Street (Near Hledan Bus Stop), Kamaryut Township
Yangon
1104

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30
Sunday 08:30 - 17:30