Tr.May

Tr.May

Share

Teaching English Language School.. Zoom Online Class available.

Photos from Tr.May's post 07/05/2025

"""Visual ways of teaching"""

Visual aids (မြင်သာသော သင်ကြားရေးပစ္စည်းများ) ကို အသုံးပြုပြီး သင်ကြားခြင်းဟာ ကျောင်းသားတွေရဲ့ နားလည်မှုနှုန်း၊ မှတ်ဉာဏ်နဲ့ စိတ်ဝင်စားမှုကို မြှင့်တင်ပေးနိုင်ပါတယ်...
ဒါ့အပြင် အချက်အလက်များကို Theory ကဲ့သို့ စာသားအများကြီးရေးသား ထားတဲ့ Theory သင်ကြားရေးပုံစံထက် လက်တွေ့သရုပ်ပြသင်ကြားရေးဖြစ်သော--

#ရုပ်ပုံဖြင့် ဖြင့်ဖော်ပြခြင်း
#နေ့စဉ်သုံး ပတ်ဝန်းကျင်မှာ မြင်တွေ့နေကျ အသုံးအဆောင်များဖြင့်လက်တွေ့ပြသ သရုပ်ပြသင်ကြားခြင်း ....
#သိပ္ပံစမ်းသပ်ချက်များအတွက် Flowcharts** (အဆင့်ဆင့်လုပ်ဆောင်ချက်များ) အားပြသ ရှင်းပြခြင်း...
& Animations (ဗီဒီယိုနှင့် ရုပ်ရှင်ပြကွက်များ)နဲ့ YouTube မှ အချိန်တိုဗီဒီယိုများသုံးပြီး ရှင်းလင်းခြင်း....
#သိပ္ပံဓာတ်ခွဲခန်းပစ္စည်းများကို ကလေးများအားလက်တွေ့ အသုံးချခွင့်ပေးခြင်း...
#ဘာသာစကားသင်ကြားရာတွင် Flashcards & Picture Cards (ဓာတ်ပုံ+စာသား) ပေါင်းစပ်သော Flashcard များ အသုံးပြုခြင်း...
#မတူညီသော အရောင်မှင်များ အသုံးပြုပြီး သဒ္ဒါအမျိုးအစား၊ သင်္ချာညီမျှခြင်းအဆင့်များကို ခွဲခြားသင်ကြားခြင်းတွေကအမှန်တကယ်
✔ ကျောင်းသားများ **စိတ်ဝင်စားမှု** တိုးစေခြင်း။
✔ **ရှုပ်ထွေးသောအကြောင်းအရာများ** ကို မြင်သာစွာနားလည်စေခြင်း။
✔ **မတူညီသော သင်ယူမှုစတိုင်များ** (Visual, Auditory)ကို ဖြည့်ဆည်းပေးနိုင်ခြင်း....
စတဲ့ အကျိုးကျေးဇူးတွေကိုပေးတဲ့အတွက်
ဒီနည်းလမ်းတွေကို သင်ကြားမှုမှာ ပေါင်းစပ်အသုံးပြုပြီး ပိုမိုထိရောက်တဲ့ စာသင်ခန်း တစ်ခုဖန်တီးနိုင်ပါတယ်....

sharing by Tr.May

Photos from Tr.May's post 06/05/2025

"Flash Cards in the Classroom"

Flash Cards လို့ပြောလိုက်တာနဲ့ သင်ကြားရေးမှာ အသုံများတဲ့ သင်ထောက်ကူပစ္စည်း ဆိုတာဆရာ/မ တိုင်းသိ ပြီးသားဖြစ်ပါတယ်...Flash Cards တွေ သုံးပြီး ကလေးတွေ ရဲ့ မှတ်ဉာဏ်စွမ်းရည်ကို မြှင့်တင်နိုင်ပါတယ်...ကလေးများစိတ်စားမှု မြှင့်မားတဲ့အတွက် အဖြေ Matching လုပ်တာမျိုးကစပြီး Vocabulary ကြွယ်ဝလာစေရန် လည်းအထောက်အကူ ပြု တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်...
အရင်ခေတ်တွေ တုန်းကတော့ ကိုယ်ပေးချင်တဲ့ Vocabulary တွေကို ဆရာမ တွေ ကိုယ်တိုင် အချိန်ပေးပြီး ရေးဆွဲ ပြင်ဆင်ရပေမဲ့ အခုခေတ်တွေမှာတော့ ဈေးကွက်ထဲမှာ တော်တော် များများထုတ်လာတဲ့အတွက် အလွယ် တကူ ဝယ်လို့ရနိုင်ပါတယ်...
ကျောင်းတိုင်း ကျောင်းတိုင်းမှာလည်း စကားလုံးများများ စုံစုံလင်လင်ပါတဲ့ မတူညီတဲ့ Flash Cards box တွေ ရှိသင့်ပါတယ်...ဒီ Card တွေကို သုံးပြီး Classroom ထဲမှာ လုပ်လို့ရတဲ့ Activities တွေကကို ဘယ်နေရာရောက်ရောက် ဦးစားပေး Teaching ideas အနေနဲ့ အမြဲလိုလို sharing ပြုလုပ်ပေးဖြစ်ပါတယ်...

by Tr.May
လေးများကို Day-2 မှာ သေသေချာချာလေး Sharing လုပ်ပေးဖြစ်ခဲ့ပါတယ်...

Photos from Tr.May's post 05/05/2025

စာသင်ခဲ့တဲ့ အတွေ့အကြုံအရ ကလေးတွေကို စာသင်တဲ့အခါမှာ ကိုယ့်ရဲ့ သင်ကြားမှုကို ၉၀% လောက် attention ရစေချင်ရင် သင်ခန်းစာ မစခင် Warming-Up activity ကောင်းကောင်းလုပ်ဖို့ လိုပါတယ်....Warm-Up ကို အချိန်သိပ်မပေးရဘဲ သင်ပြီးသား သင်ခန်းစာကို memory recall ပြန်လုပ်လို့ရတဲ့ Game ကစားနည်းမျိုး ဖြစ်ဖြစ် ကစားတာမျိုးလုပ်ပြီး ကလေးတွေရဲ့ Attention ကို ရအောင်ယူနိုင်မယ်ဆိုရင် နောက်ပိုင်းစာသင်ချိန်မှာ ဆက်လက်သင်ကြားမဲ့ သင်ခန်းစာတွေကို ကလေးတွေ ကောင်းကောင်း Absorb လုပ်ဖို့ လွယ်ကူလာစေပါတယ်...

by Tr.May
#အားသစ်ကိုယ်ပိုင်အထက်တန်းကျောင်း
#ညောင်ဦး

Photos from Tr.May's post 23/02/2025

အခုနောက်ပိုင်း Parents&Teachers group တွေထဲမှာ တီချယ်တွေ မေးတဲ့မေးခွန်းတစ်ချို့ တွေ့လာရတယ်... စာသင်ပြီး (၂) ပတ်ကျော်ထိ မိဘက လစာ မပေးဘူးတို့ ... ကျောင်းတွေဘယ်လို အိတ်ထဲထည့်ပြီး ဆရာမတွေ လစာမပေးတာတို့ သူတို့ဘာသာ ပျက်ပြီး ဆရာမ (သူတို့) ကိုလစာ လျော့ပေးတာတွေကို Teachers group တွေမှာ ရေးတာတွေ့ရင် အရမ်းအံ့ဩမိတယ်...
ကိုယ်စာသင်ခဲ့တဲ့ကာလ တစ်လျှောက်လုံး မိဘတွေကို လစာပေးဖို့ သတိပေးဖို့နေနေသာသာ မိဘတွေ အလုပ်များပြီး မေ့ပြီး (၁) လစာပျောက်သွားလည်း အပြုံးလည်းမပျက်ဘူး..ကလေးတွေအပေါ်ချစ်တာဆရာ စေတနာရော တစ်စက်မှလည်းမလျောသွားဘူး...
က်ုယ်နဲ့အလုပ်လက်တွဲဖို့လာပြောတဲ့သူတွေကိုလည်းငွေရေးကြေးရေး အရင်ညှိတာတို့ ငွေကြေးစကားကို အဓိက ထားပြီးပြောတာတို့ ဘယ်တုန်းကမှ မလုပ်ဘူး ....Friend list ထဲလည်းရှိပါတယ် ကိုယ်နဲ့အလုပ်လုပ်ဖူးတဲ့ မိဘတွေ ကျောင်းပိုင်ရှင်တွေ....တစ်ချို့အလုပ်တွေဆို အစပိုင်း ကိုယ့်ကားကိုဆီထည့်ပြီး လူအားရော ဘာရော သုံးပြီးလုပ်ပေးခဲ့လိုက်တာပဲ...
စာသင်တဲ့ကလေးတွေ တော်ရင်တော်သလို ကိုယ်ကတောင် သူတို့လိုချင်တာ ဝယ်ပေးသေးတယ် (ကြိုးစားချင်စိတ် willing ဖြစ်အောင်လို့)...
လစာ မရလည်း ကုသိုလ်ရတာပဲ ...(ပရဟိတ) တန်းတွေတောင် ဟိုးမှော်ဘီထိ ကားမရှိခင်ကတည်း လိုင်းကားစီးသွားသင်သေးတာ ...လစာ နဲ့သင်တဲ့ကလေးမိဘတွေ နောက်ဆုံးလ exam ကပထမပတ်မှာပြီးလို့ တစ်လစာ လျော့ချင်လည်း တကယ်ပဲ ကလေးတွေကို တစ်ပြားသားမှ မလျော့ဘူး သင်ပေးခဲ့လိုက်တာပဲ.....စိတ်ဆိုး စိတ်နာလည်း တကယ်မရှိဘူး..မိဘတွေရဲ့ကုန်ကျစရိတ်ကို တကယ်ကို ကိုယ်ချင်းစာလို့....
အဲ့ဒီလို စိတ်နဲ့ (၁၀) နှစ်ကျော် Teacher life ကနေ Trainer life အထိ အလုပ်လုပ်လာတာ...တစ်ခါမှ ကိုယ်မှာ အလုပ်မရှိဘူးဆိုတာ မရှိခဲ့ဘူးရယ် ကိုယ်နဲ့အလုပ်လုပ်ချင်တဲ့သူတွေ တန်းစီနေရောပဲ...
#ဆရာ/မ လေးတွေကိုလည်း တကယ်အကြံပေးတာ စေတနာနဲ့သာ တကယ် အလုပ်လုပ်ပေးလိုက်ပါ...ဒီဘက်က မရလည်း တစ်ခြားဘက်ကပြန်ရပါလိမ့်မယ်... ကမ္ဘာမြေက စေတနာမှန်တဲ့သူတွေကိုမျက်ကွယ်မပြုပါဘူးလို့....😊😊
Tr.May

Photos from Tr.May's post 27/12/2024

ဒီနေ့ ကျိုက်ထိုမြို့က ကျောင်းတစ်ခုမှ Spelling Bee ပြိုင်ပွဲလေး သွားပြီးကျင်းပပေးတာ ချစ်စရာကောင်းတဲ့ ကလေးတွေရဲ့ ထင်မှတ်မထားတဲ့ အမူအရာလေး တစ်ခုတွေ့ခဲ့ရတယ်...
Grade တစ်ခုကို winner တစ်ယောက်ပဲ ရွေးရတော့ ကလေးကို ထင်မှတ်မထားတဲ့ ပြင်ပ စာလုံးတွေ တော်တော်လေးပေါင်းနိုင်တာတွေ့ရတယ်...
Round တွေ တစ်ခုပြီးတစ်ခုနဲ့ နောက်ဆုံး (၁) မှတ်လောက်နဲ့ ကပ်ပြီး သူငယ်ချင်း(၂) ယောက် ထဲတစ်ယောက်က winner ဖြစ်သွားတော့ ကျန်တစ်ယောက် ပြုံးပြုံးရွှင်ရွှင် ပဲ winner ဖြစ်သွားတဲ့ သူငယ်ချင်းကို ဖက်ပြီး Congratulations လုပ်တာတဲ့ လူကြီးလေးလိုပဲ mature ဖြစ်တာဆိုတာ ပြိုင်ပွဲက ရတဲ့ ဆုတံဆိပ်ထက် ငွေပေးဝယ်လို့မရတဲ့ ပြိုင်ပွဲဝင် အတွေ့အကြုံ ကပိုတန်ဖိုးရှိတယ်တိုတာ ရှင်းပြစရာတောင်မလိုတော့ဘူးရယ်....
"သူများအောင်မြင်တာ ကိုယ်ကျရှုံးတာ မဟုတ်ဘူး" ဆိုတဲ့ စကားလို သူများရဲ့အောင်မြင်မှုကို မုဒိတာ ထားနိုင်တဲ့ ကလေးရဲ့ စိတ်ဓါတ်ကို အရမ်းကိုလေးစားမိတယ်...ကလေး တစ်ယောက်ကို စိတ်ဓါတ်အခံ ကောင်းဆိုတာ ကျောင်းက ဆရာတွေက ကြီး ပဲ လမ်းညွှန်ဆုံးမပေးရုံနဲ့ မလုံလောက်ဘူး မိဘတွေရဲ့ အခန်းကဏ္ဌ ကလည်း အရေးပါတယ်ဆိုတာ မိဘတွေ အရမ်းသိစေချင်တယ်...ကိုယ့်ကလေးရဲ့ မထင်မှတ်ထားတဲ့ အမူ အရာ အမူအကျင့်တွေက လူကြီးတွေကတောင်ပြန်ပြီး သဘောကျ အတုယူရတာ ဘယ်လောက်များ ဂုဏ်ယူစရာကောင်းလိုက်သလဲ( စိတ်ဓါတ်ကောင်းတွေဟာ ဆုတံဆိပ်တွေထက်ပိုပြီးအဖိုးတန်တယ်ဆိုတာ သိစေချင်တယ်) ဆုတံဆိပ်တွေက ဘဝရဲ့ မှတ်တိုင်ဆိုရင် စိတ်ဓါတ်ကောင်း ဆိုတာ ဘဝရဲ့ခရီးဖော်ပဲ.... 🥰🥰

#မိဘများလည်း မိမိတို့ကလေးတွေကို ကောင်းတဲ့စိတ်ဓါတ်လေးတွေမွေးမြူတတ်အောင် ငယ်စဉ်ကတည်းကပြုစုပျိုးထောင်ပေးနိုင်ကြပါစေရှင့်...😍

02/06/2024

ကျိုက်ထိုမြို့ရှိ Private School တွင် အလုပ်လုပ်ရန်အတွက် ဆရာ/မ များအလိုရှိပါသည်.

(1) Mathematics Tr. -(1) post

International mathematics ကို english language သုံးပြီး နားလည်သဘောပေါက်စေရန် သင်ကြားပေးနိုင်သော၊ Mathematics concepts ကိုကလေးများ တွေးခေါ်လာနိုင်စေရန် ဦးဆောင်သင်ကြားပေးနိုင်သူဖြစ်ရပါမည်....

(2)Weekend English 4-skills teachers -(2)posts

-English Language ကိုကောင်းစွာ အသုံးပြုနိုင်ပြီး 4-skills သင်ကြားမှု အတွေ့အကြုံ ပြည့်ဝသော ရေရှည် အလုပ်လုပ်ကိုင်နိုင်သော ဆရာ/မ များ လျှောက်ထားနိုင်ပါသည်

Salary-Nego..
* ဆရာ/မ များအားလုံး အတွက် နေစရာ facility စီစဉ်ပေးပါသည်။
*မနက်/နေ့လည်/ညစာ စီစဉ်ပေးပါသည်။

ဆက်သွယ်ရန်-09450001503(viber)

Photos from Tr.May's post 27/10/2023

Happy Halloween 2023…

Photos from Tr.May's post 30/09/2023

School Management ကနေ လိုအပ်လို့ အချိန်ပိုင်းလေး Teaching life ကိုပြန်ဝင်တဲ့ အချိန်မှာလည်း... Students's attraction ကို ရနေသေးတာပဲ...😍 writing လိုအပ်ချက်လေး သိချင်လို့ Learning experience feedback အတွက် E-mail ပို့ဖို့ Homework ပေးလိုက်တဲ့ချိန်ရလာတဲ့ Response လေး...🥰

26/09/2023

Teacher တစ်ယောက်ရဲ့ စိတ်နေသဘောထား ရှိတဲ့ စစ်မှန်တဲ့ Teacher ဆိုတာ နောက်လာနောက်သား Teacher ပေါက်စတွေကို လက်တွဲခေါ်ရတယ်...idea sharing ပေးရတယ်... Teaching နဲ့ ပတ်သက်ပြီး အငယ် Teacher တွေအပေါ် ပညာ"ရှို"တယ်ဆိုတာ ကလေးတွေရဲ့ ပညာရေး စနစ်ကို ကိုယ်တိုင်ဖျက်ဆီးတာပဲ...ကိုယ် တစ်ယောက်တည်းနဲ့ တစ် ကမ္ဘာလုံး တစ်နိုင်ငံလုံး တစ်ပြည်နယ်လုံး တစ်မြို့လုံးက ကလေးကြီး/ငယ် ရွယ် မှန်သမျှတွေ သင်နိုင်တယ် ဆိုတာ မဖြစ်နိုင်ပါဘူး...
Tr.May ရဲ့ သမိုင်းမှာတော့ တီချယ် အငယ်တွေကိုလက်တွဲခေါ်ပေးတယ်.....အငယ်တွေကို ကိုယ်တိုင် Teacher တပ်ခေါ်တယ်...နေရာ ပေးတယ်.....သင်ကြားရေးမှာ Confidence ရအောင် Moti ပေးတယ်...ပြီးရင် ကိုယ်နဲ့ သင်ခဲ့ပြီး ကိုယ်က အလုပ်များလို့ ဆက်မသင်နိုင်တဲ့ ကျောင်းသားတွေကိုပါ တစ်ခါတည်း ကိုယ့်ရဲ့ အငယ် ဆရာမလေးတွေ လက်လွှဲ ပေးပြီး ကိုယ်သင်ခဲ့တဲ့ ကလေးတွေရဲ့ Nature ကိုပါပြန်သင်ပေးခဲ့တယ်... အဲ့ဒီအတွက် ကိုယ်လုပ်ပေးသလို ကိုယ်စိတ်ထားသလို တစ်ခြားသူတွေ လည်း Mind-set လေးတွေ ပြောင်းလဲ ထားရှိနိုင်ကြပါစေ...🙏🙏🙏

Photos from Tr.May's post 05/07/2023

Exam result တွေ ဆို ရင်ခုန်စရာမလိုအောင် သင်နေကတည်းက မှန်းကြည့်တဲ့ ရလဒ်နဲ့ ထပ်တူကျဖို့ Education current မှာ လိုက်ပါစီးခဲ့ ရတာ 10+++yrs..

13/04/2023

အင်္ဂလိပ်ပြောပြီး သင်လို့ နားမလည် လို့မတက်ဘူးဆ်ုရင် ဘယ်တော့မှ အင်္ဂလိပ်စာ မတတ်တော့ဘူး...အတွေ့အကြုံ အရဆိုရင် (၃) နှစ်အရွယ်ကလေးတွေတောင် Target Language အသုံး ပြုပြီးသင်တာ Instruction လိုက်မလုပ်နိုင်ရင် ပထမ (၁) ပတ်ပဲ...နောက်ပိုင်း follow လုပ်နိုင်လာတယ်..ပြီးတော့ understand ဖြစ်လာတယ်..နည်းနည်း အချိန် ပိုလာရင် reply ပြန်ပြောနိုင်လာတယ်...ဖတ်နိုင်လာတယ် ..ရေးနိုင်လာတယ်...ဘယ်ဘာသာစကားကိုလေ့လာလေ့လာ ဒီပုံစံအတိုင်းပဲ...ဇွဲရှိဖို့ပဲလိုတာပါ...
Tr.May Modern Language Classroom..
Photo..Crd

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Kun Chan 1st Street
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00