Play Learn Dream

Play Learn Dream

Share

"ကလေးငယ်တွေရဲ့ ပျော်ရွှင်စရာကမ္ဘာနဲ့ အကန့်အသတ်မဲ့အိပ်မက်တွေ စတင်ရာ - PlayLearnDream"

24/03/2026

ကလေးငယ်တွေရဲ့ "စိတ်ကူးအိပ်မက်" ကို ဘယ်လိုသော့ဖွင့်ပေးမလဲ? ✨

"Unlocking Imagination through Play & Education"
ဒီစာသားလေးကို PlayLearnDream ရဲ့ Logo အောက်မှာ တွေ့ဖူးကြမှာပါ။ အဓိပ္ပာယ်လေးကတော့ "ကစားခြင်းနဲ့ သင်ယူမှုတွေကတစ်ဆင့် ကလေးငယ်တွေရဲ့ စိတ်ကူးဉာဏ်တွေကို ပွင့်လန်းအောင် သော့ဖွင့်ပေးခြင်း" လို့ ဆိုလိုတာပါ မေမေတို့ရေ။ ✨

မေမေတို့ သတိထားမိလားဟင်?

သားသားမီးမီးတို့က သစ်သားတုံးလေး တစ်တုံးတည်းနဲ့တင် ရဲတိုက်ကြီးတွေ ဆောက်နိုင်တယ်၊ ကားလေးတစ်စီးတည်းနဲ့တင် တစ်ကမ္ဘာလုံးကို ပတ်မောင်းနိုင်ကြတယ်။ ဒါဟာ သူတို့လေးတွေရဲ့ အကန့်အသတ်မရှိတဲ့ Imagination (စိတ်ကူးစိတ်သန်း) စွမ်းအားပါပဲ။

ဒါပေမဲ့ ဒီစွမ်းအားလေးတွေ ပိုပြီး ပွင့်လန်းလာဖို့ဆိုရင် မှန်ကန်တဲ့ "သော့" လေးတွေ လိုအပ်ပါတယ်။ အဲ့ဒီသော့ကတော့...

🧩 Play (ကစားခြင်း): ကလေးတွေဟာ ကစားရင်းနဲ့ ပျော်ရွှင်ကြတယ်။ ပျော်ရွှင်တဲ့အခါ သူတို့ရဲ့ ဦးနှောက်က အသစ်အသစ်တွေကို လက်ခံဖို့ အသင့်ဖြစ်နေတတ်ပါတယ်။

🎓 Education (သင်ယူမှု): ပညာပေးကစားစရာလေးတွေကနေတစ်ဆင့် ပြဿနာဖြေရှင်းတတ်တဲ့ အလေ့အကျင့်၊ စူးစမ်းတတ်တဲ့ အလေ့အကျင့်တွေကို ရရှိစေပါတယ်။

ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာတော့... ကလေးငယ်တွေရဲ့ စိတ်ကူးဉာဏ်ဟာ "သော့ဖွင့် (Unlock)" ပေးလိုက်သလိုမျိုး အံ့ဩစရာကောင်းလောက်အောင် တိုးတက်လာမှာပါ။

PlayLearnDream က ရွေးချယ်ပေးတဲ့ ကစားစရာတိုင်းဟာ ကလေးငယ်တွေကို အချိန်ဖြုန်းပေးရုံတင် မဟုတ်ဘဲ၊ သူတို့လေးတွေရဲ့ အတွင်းစိတ်က တီထွင်ဖန်တီးနိုင်စွမ်းတွေကို ဖော်ထုတ်ပေးနိုင်ဖို့ အလေးထား ရွေးချယ်ပေးထားတာ ဖြစ်ပါတယ်ရှင်။ ✨

မေမေတို့ရော... သားသားမီးမီးတို့ စိတ်ကူးယဉ်ပြီး ဆော့နေတာလေးတွေကို ကြည့်ပြီး အံ့ဩခဲ့ရတဲ့ အမှတ်တရလေးတွေ ရှိလားဟင်? ကတ်တွန်းသေတ္တာခွံကြီးကို ရထားကြီးလုပ်စီးတာမျိုးတို့၊ အရုပ်မလေးတွေကို ထမင်းကျွေးတမ်း ဆော့တာမျိုးတို့ပေါ့...

မေမေတို့ရဲ့ ချစ်စရာကောင်းတဲ့ အတွေ့အကြုံလေးတွေကို Comment မှာ မျှဝေပေးခဲ့ပါဦးနော်။ 🥰👇

23/03/2026

ကစားခြင်းဟာ ကလေးငယ်တွေအတွက် အကောင်းဆုံး သင်ယူမှုပါပဲ။ 🎓🧩

ကလေးငယ်တွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ဖို့ဆိုတာ ငယ်စဉ်ကတည်းက စနစ်တကျ ရွေးချယ်ပေးတဲ့ ကစားစရာတွေကနေ စတင်ပါတယ်။ PlayLearnDream မှာတော့...

✅ ဘေးကင်းစိတ်ချရတဲ့ Baby Toys များ

✅ စဉ်းစားတွေးခေါ်မှု မြှင့်တင်ပေးမယ့် Educational Toys များ

✅ စိတ်ကူးစိတ်သန်း ကောင်းမွန်စေမယ့် ပစ္စည်းလေးတွေကို ဂရုတစိုက် ရွေးချယ်တင်သွင်းပေးထားပါတယ်။

သားသားမီးမီးတို့အတွက် အကောင်းဆုံးလက်ဆောင်ကို PlayLearnDream မှာ ရှာဖွေလိုက်ပါ။ 🛍️✨

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon