20/01/2021
မြန်မာနိုင်ငံစိတ်ပညာမိတ်ဆွေအသင်း၀င်များ၊ စိတ်ပညာဘာသာရပ်ကို စိတ်ပါ၀င်စားကြသော များအတွက်သတင်းပါးလိုပါတယ်...
မြန်မာနိုင်ငံစိတ်ပညာအသင်းကြီးအနေဖြင့်ယခုCovid-19 ကပ်ဘေးရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် New Normal Life Style ဖြင့် သတိထားဆင်ခြင်၍ နေထိုင်သွားကြရမည်ဖြစ်ရာ မိမိတို့ စိတ်ပညာအသင်းကြီးသည်လည်း မိမိတို့ အဓိက ရည်မှန်းချက်ဖြစ်သည့် "လူတိုင်းအတွက် စိတ်ပညာ " (Psychology for Everyone Program) ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ၂၀၂၁ ခုနှစ် တစ်ခုလုံး စိတ်ပညာဘာသာရပ်ဆိုင်ရာ ဟောပြောပွဲများ (Psychological free talk) များ၊ စိတ်ပညာဘာသာရပ်ဆိုင်ရာ ရက်တိုသင်တန်း ( Psychological training, 2 days course) များအား ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
ဤ အစီအစဥ်အရ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၀) နှင့် (၃၁) ရက်နေ့များတွင် ဆရာကြီးပါမောက္ခ ဒေါက်တာခင်မြင့်မှ တာ၀န်ခံ၍ "Covid-19 ဖြစ်ပွားနေစဉ်နှင့်နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ညှိယူမှုပြဿနာများကို ဖြေရှင်းခြင်း" ( Coping Some Psychological Adjustment Problems During and After the Covid-19 Outbreak) ဖြင့် (၂) ရက်သင်တန်းပို့ချပေးသွားမည်ဖြစ်ပါသည်။ ဆရာကြီး ပါမောက္ခဒေါက်တာခင်မြင့် နှင့်အတူ ပါမောက္ခ ဒေါက်တာ တင်မာစမ်း နှင့် တွဲဘက်ပါမောက္ခ ဦးတင်အောင်မိုးတို့မှ ပါ၀င်ပို့ချမည်ဖြစ်ပါတယ်။ သင်တန်းနှင့်ပတ်သက်၍ အချက်အလက်များနှင့် စိတ်ပညာရက်တိုသင်တန်းများတွင် လိုက်နာကျင့်သုံးရမည့် စည်းကမ်းသတ်မှတ်ချက်များကိုလည်း ကြိုတင်သိရှိနိုင်ပါရန် ဖော်ပြအပ်ပါတယ်။
ဤသင်တန်းကို Online မှ နေ၍ Zoom Application ကို အသုံးပြု၍ သင်ကြားပို့ချမည်ဖြစ်ပါ၍ သင်တန်းသားဦးရေ ကန့်သတ်ထားရှိသည်ကို အထူးသတိပြုပါရန် တင်ပြအပ်ပါသည်။
တက်ရောက်လိုသူများသည် မြန်မာနိုင်ငံစိတ်ပညာအသင်းရုံး ဖုန်း ၀၁-၇၅၃၂၇၉၈, ၀၉-၈၉၉၀၀၉၀၁၁, Viber ဖုန်း ၀၉-၆၆၁၃၁၃၆၀၁ သို့ စောလျင်စွာ ဆက်သွယ် စာရင်းသွင်းကြပါရန် အသိပေးကြေငြာအပ်ပါတယ်။
16/01/2021
မြန်မာနိုင်ငံစိတ်ပညာအသင်းမှ ၂၀၂၁ခုနှစ် ၊ ဇန်နဝါရီလ အတွက် ကျင်းပပြုလုပ်မည့် Psychological Free Talk အား (23.01.2021)ရက်နေ့ ၊စနေနေ့ နေ့လည်(13:00) နာရီတွင် Online မှ ဟောပြောပေးမည်ဖြစ်ပါကြောင်း သတင်းပေးအပ်ပါသည်။
ယခုအပတ်တွင် ပြောကြားမည့် Psychological Free Talk မှာ- "Today's Adolescents' Problems"(ပျိုဘော်၀င်အရွယ်တို့ ယနေ့ရင်ဆိုင်ကြုံတွေ့နေသော ပြဿနာများ)
ခေါင်းစဉ်ဖြင့် ဟောပြောသွားမည်ဖြစ်ပါတယ်။ဟောပြောမည့် သူမှာ ပါမောက္ခ ဒေါက်တာ ဥမ္မာခိုင် စိတ်ပညာဌာန၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ဖြစ်ပါတယ်။Zoom Application ဖြင့် Online မှဟောပြောမည်ဖြစ်ပါ၍ လူဦးရေကန့်သတ်ထားရှိပါသည်။ ပါ၀င်နားထောင်လိုသူများအနေဖြင့် အသင်းရုံးသို့ကြိုတင်စာရင်းပေးသွင်းပြီး Rename ပြုလုပ်၍ တက်ရောက်ရန်ဖြစ်ပါတယ်။
တက်ရောက်နားထောင်လိုသူများအနေ
ဖြင့် အသင်းရုံးသို့အချိန်မှီ စာရင်းပေးသွင်းကြပါရန် အသိပေးနိုးဆော်အပ်ပါတယ်။
မြန်မာနိုင်ငံစိတ်ပညာအသင်းရုံး၏ ဖုန်းနံပါတ်များမှာ
01-7532798
09-899009011
09-661313601 ဖြစ်ပါတယ်။
14/01/2021
မြန်မာနိုင်ငံစိတ်ပညာအသင်းမှ ၂၀၂၁ခုနှစ် ၊ ဇန်နဝါရီလ အတွက် ကျင်းပပြုလုပ်မည့် Psychological Free Talk အား (15.01.2021)ရက်နေ့ ၊သောကြာနေ့ နေ့လည် (13:00) နာရီတွင် Online မှ ဟောပြောပေးမည်ဖြစ်ပါကြောင်း သတင်း ပေးအပ်ပါသည်။
ယခုအပါတ်တွင် ပြောကြားမည့် Psychological Free Talk မှာ- Statistics for Everyone ခေါင်းစဉ်ဖြစ်ပြီး...
(က) Descriptive Statistics.
(ခ) Inferential Statistics.
(T Test, Z Test, Chi
Squared Test,ANOVA)
(ဂ)Statistical Softwares. စသည့် အကြောင်းတို့ကို ဟောပြောသွားမည်ဖြစ်ပါတယ်။ဟောပြောမည့် သူမှာ အသင်း၏ နာယကတစ်ဦးဖြစ်သူ ပါမောက္ခ ဒေါက်တာမျိုးတင့်၊ ဒုတိယပါမောက္ခချုပ် (ငြိမ်း)၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ပညာရေးစိတ်ပညာဌာန၊ ဖြစ်ပါတယ််။Zoom Application ဖြင့် Online မှဟောပြောမည်ဖြစ်ပါ၍ လူဦးရေကန့်သတ်ထားရှိပါသည်။ ပါ၀င်နားထောင်လိုသူများအနေဖြင့် အသင်းရုံးသို့ကြိုတင်စာရင်းပေးသွင်းပြီး Rename ပြုလုပ်၍ တက်ရောက်ရန်ဖြစ်ပါတယ်။
တက်ရောက်နားထောင်လိုသူများအနေဖြင့် အသင်းရုံးသို့အချိန်မှီ စာရင်းပေးသွင်းကြပါရန် အသိပေးနိုးဆော်အပ်ပါတယ်။
မြန်မာနိုင်ငံစိတ်ပညာအသင်း ရုံးသို့ အောက်ပါဖုန်း နံပါတ်များမှာ..
01-7532798
09-899009011
09-661313601 ဖြစ်ပါတယ်။
12/01/2021
မြန်မာနိုင်ငံစိတ်ပညာအသင်း၀င်များ၊ စိတ်ပညာဘာသာရပ်ကို စိတ်ပါ၀င်စားကြသော မိတ်ဆွေများအတွက်သတင်းပါးလိုပါတယ်...
မြန်မာနိုင်ငံစိတ်ပညာအသင်းကြီးအနေဖြင့်ယခုCovid-19 ကပ်ဘေးရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် New Normal Life Style ဖြင့် သတိထားဆင်ခြင်၍ နေထိုင်သွားကြရမည်ဖြစ်ရာ မိမိတို့ စိတ်ပညာအသင်းကြီးသည်လည်း မိမိတို့ အဓိက ရည်မှန်းချက်ဖြစ်သည့် "လူတိုင်းအတွက် စိတ်ပညာ " (Psychology for Everyone Program) ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ၂၀၂၁ ခုနှစ် တစ်ခုလုံး စိတ်ပညာဘာသာရပ်ဆိုင်ရာ ဟောပြောပွဲများ (Psychological free talk) များ၊ စိတ်ပညာဘာသာရပ်ဆိုင်ရာ ရက်တိုသင်တန်း ( Psychological training, 2 days course) များအား ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
ဤ အစီအစဥ်အရ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၀) နှင့် (၃၁) ရက်နေ့များတွင် ဆရာကြီးပါမောက္ခ ဒေါက်တာခင်မြင့်မှ တာ၀န်ခံ၍ "Covid-19 ဖြစ်ပွားနေစဉ်နှင့်နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ညှိယူမှုပြဿနာများကို ဖြေရှင်းခြင်း" ( Coping Some Psychological Adjustment Problems During and After the Covid-19 Outbreak) ဖြင့် (၂) ရက်သင်တန်းပို့ချပေးသွားမည်ဖြစ်ပါသည်။ ဆရာကြီး ပါမောက္ခဒေါက်တာခင်မြင့် နှင့်အတူ ပါမောက္ခ ဒေါက်တာ တင်မာစမ်း နှင့် တွဲဘက်ပါမောက္ခ ဦးတင်အောင်မိုးတို့မှ ပါ၀င်ပို့ချမည်ဖြစ်ပါတယ်။ သင်တန်းနှင့်ပတ်သက်၍ အချက်အလက်များနှင့် စိတ်ပညာရက်တိုသင်တန်းများတွင် လိုက်နာကျင့်သုံးရမည့် စည်းကမ်းသတ်မှတ်ချက်များကိုလည်း ကြိုတင်သိရှိနိုင်ပါရန် ဖော်ပြအပ်ပါတယ်။
ဤသင်တန်းကို Online မှ နေ၍ Zoom Application ကို အသုံးပြု၍ သင်ကြားပို့ချမည်ဖြစ်ပါ၍ သင်တန်းသားဦးရေ ကန့်သတ်ထားရှိသည်ကို အထူးသတိပြုပါရန် တင်ပြအပ်ပါသည်။
တက်ရောက်လိုသူများသည် မြန်မာနိုင်ငံစိတ်ပညာအသင်းရုံး ဖုန်း ၀၁-၇၅၃၂၇၉၈, ၀၉-၈၉၉၀၀၉၀၁၁, Viber ဖုန်း ၀၉-၆၆၁၃၁၃၆၀၁ သို့ စောလျင်စွာ ဆက်သွယ် စာရင်းသွင်းကြပါရန် အသိပေးကြေငြာအပ်ပါတယ်။
အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံစိတ်ပညာအသင်း
(12.01.2021)
14/03/2020
" မြန်မာနိုင်ငံစိတ်ပညာအသင်းမှ ဖွင့်လှစ်မည့် Psychological Test and Assessment သင်တန်းအား ရက်ရွေ့ဆိုင်းပါကြောင်း အသိ ပေးခြင်း။ "
အသက်ရှူလမ်းကြောင်းရောဂါ ( COVID-19 )ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် WHO က (13.3.2020) ရက်နေ့တွင် သတ်မှတ်ကြေငြာခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင်လည်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံ တော်သမ္မတရုံးမှ "ပြည်သူလူထုများအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ၊ ပွဲလမ်းသဘင်များ၊မပြုလုပ်ကြရန်" ပန်ကြားချက်အရ မြန်မာ နိုင်ငံစိတ်ပညာအသင်းမှ ၂၀၂၀ ခုနှစ်၊ မတ်လ ( ၂၁ ၊ ၂၂ ) ရက်နေ့တွင် ပြုလုပ်မည့် "Psychological Test and Assessment Training" ၏ သင်တန်းဖွင့်ရက်အား ရက်ရွေ့ဆိုင်းလိုက်ပါသည်။
သတ်မှတ်ကာလ ကျော်လွန်သည် နှင့် တပြိုင်နက် ဤ သင်တန်းအား စောလျင်စွာ ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
20/02/2020
မြန်မာနိုင်ငံစိတ်ပညာအသင်းသည် Psychology for everyone program အရအများပြည်သူတို့ထံ စိတ်ပညာဆိုင်ရာ အခြေခံဗဟုသုတများ၊ မိမိတို့ပါတ်ဝန်းကျင်တွင် လက် တွေ့ ကျင့်သုံး အသုံးချနိုင်မည့် applied psychological short course training များကို စဉ်ဆက်မပြတ်ပို့ချလျှက်ရှိရာ ယခု တစ်ကြိမ်တွင် အများမျှော်လင့် တောင်းဆိုနေကြသည့် ကုခန်းစိတ်ပညာရှင် ဆရာကြီးဦးအုန်းလှိုင် ကိုယ် တိုင် တာဝန်ယူပို့ချ ပေးမည့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီအတွက်" စိတ်ပိုင်းဆိုင်ရာစစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်းသင်တန်း " (Psychological test & assessment training) ကို လာမဲ့ 2020' March, 21st, 22nd ရက်များတွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါတယ်။ အသေးစိတ်ကို ပူးတွဲကြေငြာစာတွင်ဖတ်ရှု့နိုင်ပါတယ်။ဤသင်တန်း သည် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဌာနဆိုင်ရာများ၊ကုမ္ပဏီအစုအဖွဲ့များ၊စီးပွားရေး လူမှု့ရေးဆိုင်ရာအသင်းအဖွဲ့များအတွက် မိမိတို့လက်အောက်ရှိလူ ပုဂ္ဂိုလ် တစ်ဦးချင်းတို့၏ အရည်အ သွေးတို့အား အကဲဖြတ်ဆန်းစစ်ရာတွင် များစွာ အသုံးဝင်မည်ဖြစ်ပါတယ်။ နေ့စဉ်သတင်းစာမှ နေ၍လည်း ရက်ပိုင်းအတွင်း ကြော်ငြာသွားမည်ဖြစ်ပါသည်။ သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် စိတ်ပညာ အသင်းသားများနှင့် မိတ်ဆွေများအားကြိုတင်သိရှိဆောင်ရွက်နိုင်ပါရန် အထူးသတင်းပါးအပ်ပါတယ်။
11/02/2020
"မြန်မာနိုင်ငံစိတ်ပညာအသင်းရုံးခန်းပြောင်းရွှေ့ခြင်း"
မြန်မာနိုင်ငံစိတ်ပညာအသင်း ရုံးခန်းသစ်အား တိုက်အမှတ်(၂၃၃/က)၊ အခန်းအမှတ်(၃-B)၊ ဒုတိယထပ်၊ အထက်ကြည့်မြင့်တိုင်လမ်း နှင့် နိဗ္ဗာန်လမ်းဒေါင့်၊ သာဓုအရှေ့ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ် ၊ ရန်ကုန်မြို့ နေရာသို့၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့မှ စတင်၍ ပြောင်းလဲဖွင့်လှစ်ကြောင်းအသိပေးကြေငြာအပ်ပါသည်။
အသင်းရုံးခန်းနှင့်ဆက်သွယ်ရန်လိပ်စာ နှင့် ဖုန်းနံပါတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(က) အသင်းလိပ်စာ - အမှတ်(၂၃၃/က)၊ အခန်းအမှတ်(၃-B) ဒုတိယထပ်၊အထက်ကြည့်မြင့်တိုင်လမ်း နှင့်နိဗ္ဗာန်လမ်းဒေါင့်၊ သာဓုအရှေ့ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ် ၊ရန်ကုန်မြို့။
(ခ) အသင်းဖုန်းနံပါတ် - ၀၉-၈၉၉၀၀၉၀၁၁၊ ၀၉-၆၉၄၀၆၆၆၉၉၊ ၀၉-၆၆၁၃၁၃၆၀၁
အမှုဆောင်အဖွဲ့
11/02/2020
"စိတ်ပညာသင်တန်းရက်ရွှေ့ကြောင်းအသိပေးကြေငြာခြင်း"
မိမိတို့ မြန်မာနိုင်ငံစိတ်ပညာအသင်းနှင့် ထိုင်းနိုင်ငံ၊ မဟီဒေါတက္ကသိုလ်တို့မှ ပူးပေါင်း၍လာမည့်(၁၅. ၂.၂၀၂၀) နှင့် (၁၆.၂.၂၀၂၀) ရက်နေ့တွင် ဖွင့်လှစ်မည့် Introduction to Education on Addiction Problems သင်တန်းအားခေတ်ကာလအခြေအနေအကြောင်းကြောင်း ကြောင့် သင်တန်းဖွင့်မည့်ရက် ယာယီရွှေ့ဆိုင်းထားပါကြောင်း အသိ ပေးအပ်ပါသည်။ယင်းသင်တန်းသို့တတ်ရောက်ရန်အတွက် သင်တန်းကြေးပေးသွင်းထားသူ သင်တန်းသားများကိုလည်း (၁၃.၂.၂၀၂၀) ရက်နေ့နောက် ဆုံးထား၍ သက်ဆိုင်ရာ bank များ နှင့် wave money တို့မှတဆင့် ငွေများ ပြန်လည်ထုတ် ပေးသွားမည်ဖြစ်ပါသည်။သင် တန်း ပြန်လည်ဖွင့်လှစ်နိုင်မည့်နေ့ရက်အားထပ်မံအကြောင်း ကြားမည်ဖြစ်ပါသည်။
25/01/2020
မြန်မာနိုင်ငံစိတ်ပညာစိတ်ပညာအသင်းနှင့်ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်တို့ပူးပေါင်း၍ "မူးယစ်ဆေးစွဲခြင်းဆိုင်ရာ အသိပညာပေးသင်တန်း" (Introduction to Education on Addiction Problems)အကြောင်း (၂)ရက်သင်တန်းဖွင့်လှစ်မည်။
19/01/2020
ဒုတိယအကြိမ် ထပ်မံဖွင့်လှစ်သည့် Conflict Management Training အား တာ၀န်ယူသင်ကြားပို့ချပေးသော ဆရာကြီး ဒေါက်တာ ခင်မြင့်အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းဖြစ်ပါတယ်။ 19.1.2020
19/01/2020
မြန်မာနိုင်ငံစိတ်ပညာအသင်းမှ ဒုတိယအကြိမ်ထပ်မံဖွင့်လှစ်သည့်Conflict management သင်တန်းဆင်းပွဲ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ခြင်းဖြစ်ပါတယ်။ 19.1.2020
19/01/2020
မြန်မာနိုင်ငံစိတ်ပညာအသင်းမှ ဒုတိယအကြိမ်ထပ်မံဖွင့်လှစ်သည့်Conflict management သင်တန်း ဒုတိယနေ့ဖြစ်ပါတယ်။
ဒီသင်တန်းကို စိတ်ပညာဌာနမှ ဆရာကြီး ပါမောက္ခ ဒေါက်တာ ခင်မြင့် မှ တာဝန်ယူပို့ချပေးပါတယ်။