Let's Learn Together : Pratical Life Tips with Mandarin Chinese

Let's Learn Together : Pratical Life Tips with Mandarin Chinese

Share

Tips for Easy Learning

13/01/2026

HSK 4A Lesson 1: 课文

"ဖြတ်တောက်ဘာသာပြန်နည်း" အတိုင်း kewan စာကြောင်းတွေကို အဆင့်ဆင့် ရှင်းပြပေးပါမယ်။

---

小林:听说你又换工作了?今年已经换了三次工作了吧?

听说 (ကြားတာတော့) / 你又换工作了? (မင်းနောက်တစ်ခါ အလုပ်ပြောင်းပြန်ပြီလား) // 今年 (ဒီနှစ်ထဲမှာ) / 已经换了三次工作了吧 (အလုပ် ၃ ကြိမ်တောင် ပြောင်းပြီးပြီ မဟုတ်လား)။

ဘာသာပြန်: "ကြားတာတော့ မင်းအလုပ်ထပ်ပြောင်းပြန်ပြီဆို။ ဒီနှစ်ထဲမှာတင် ၃ ကြိမ်ရှိပြီနော်။"

小李:别提了!我以为新工作比以前的好,没想到还没有以前好呢。

别提了 (မပြောပါနဲ့တော့) // 我以为 (ငါထင်ခဲ့တာက) / 新工作 (အလုပ်သစ်က) / 比以前的好 (အရင်ကထက် ကောင်းမယ်လို့) // 没想到 (မထင်မှတ်ထားတာက) / 还没有以前好呢 (အရင်လောက်တောင် မကောင်းဘူး ဖြစ်နေတယ်။)

ဘာသာပြန်: "မပြောပါနဲ့တော့။ အလုပ်သစ်က အရင်အလုပ်ထက် ပိုကောင်းမယ်လို့ ငါထင်ခဲ့တာ၊ တကယ်တမ်းကျတော့ အရင်လောက်တောင် မကောင်းဘူး ဖြစ်နေတယ်။"

小林:上次那份工作你只做了两个月就离开了。其实,完全适应一个新的工作需要一年时间,所以,经常换工作不一定好。

上次那份工作 (အရင်တစ်ခါက အလုပ်ကို) / 你只做了两个月 (မင်း ၂ လပဲ လုပ်ပြီး) / 就离开了 (ထွက်ခဲ့တာလေ) // 其实 (တကယ်တော့) / 完全适应 (လုံးဝအသားကျဖို့) / 一个新的工作 (အလုပ်သစ်တစ်ခုမှာ) / 需要一年时间 (တစ်နှစ်လောက် အချိန်လိုအပ်တယ်) // 所以 (ဒါကြောင့်) / 经常换工作 (အလုပ်ခဏခဏပြောင်းတာက) / 不一定好 (ကောင်းချင်မှကောင်းမှာပါ)။

ဘာသာပြန်: "အရင်အလုပ်မှာလည်း မင်းက ၂ လပဲလုပ်ပြီး ထွက်ခဲ့တာ။ တကယ်တော့ အလုပ်သစ်တစ်ခုမှာ လုံးဝအသားကျသွားဖို့ တစ်နှစ်လောက် အချိန်ယူရပါတယ်၊ ဒါကြောင့် အလုပ်ခဏခဏပြောင်းတာဟာ သိပ်တော့မကောင်းပါဘူး။"

小李:我也明白。但是那份工作的收入太少了!

我也明白 (ငါလည်း နားလည်ပါတယ်) // 但是 (ဒါပေမယ့်) / 那份工作的 (အဲ့ဒီအလုပ်ရဲ့) / 收入 (ဝင်ငွေ/လစာက) / 太少了 (အရမ်းနည်းလွန်းတယ်) !

ဘာသာပြန်: ငါလည်း နားလည်ပါတယ်။ ဒါပေမယ့် အဲ့ဒီအလုပ်ကရတဲ့ လစာက အရမ်းနည်းလွန်းလို့ပါ!"

小林:你才到新公司,不要太急着赚钱,多学习才是最重要的。**

你才到新公司 (မင်းက ကုမ္ပဏီသစ်ကို ရောက်ခါစပဲ ရှိသေးတာ) / 不要太急着赚钱 (ပိုက်ဆံရှာဖို့ အရမ်းကြီး မလောပါနဲ့ဦး) // 多学习 (အများကြီး သင်ယူဖို့က) / 才是最重要的 (အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်)။

ဘာသာပြန်: "မင်းက ကုမ္ပဏီသစ်ကို ရောက်ခါစပဲ ရှိသေးတာမို့ ပိုက်ဆံရှာဖို့ အရမ်းကြီး မလောပါနဲ့ဦး၊ အများကြီး သင်ယူဖို့ကသာ အရေးအကြီးဆုံးပါ။"

小李:好。我一定会努力把现在这份工作做好。

好 (ကောင်းပါပြီ) // 我一定会 (ငါ အသေအချာပဲ) / 努力 (ကြိုးစားပြီး) / 把现在这份工作 (အခု ဒီအလုပ်ကို) / 做好 (ကောင်းအောင် လုပ်ပါ့မယ်)။

ဘာသာပြန်: "ကောင်းပါပြီ။ အခု ဒီအလုပ်ကို ကောင်းကောင်းလုပ်နိုင်အောင် ငါ အသေအချာ ကြိုးစားပါ့မယ်။"

---

ဒီစာပိုဒ်ကို လေ့ကျင့်တဲ့အခါ:

1. အသံကျယ်ကျယ်ဖတ်ပါ: Hanzi ကို ကြည့်ပြီး အနည်းဆုံး ၅ ကြိမ်စီ အသံထွက် ရွတ်ပါ။
2. Grammar အတွဲတွေကို ဝိုင်းပါ။
3 .Shadow Reading (အသံထွက်ဖတ်ခြင်း) စာသားကို အသံကျယ်ကျယ်နဲ့ ၅ ကြိမ် ဖတ်ပါ။ Hanzi ကို ကြည့်လိုက်တာနဲ့ အသံထွက်က အလိုလို ထွက်လာတဲ့အထိ ဖတ်ပေးရပါမယ်။ (ဒါမှ စာမေးပွဲမှာ Listening ရော Reading ပါ မြန်မှာပါ)။
HSK 4 课文 တွေကို လေ့လာတဲ့အခါ "မသိတဲ့ စာလုံးတွေကို Hanzi အပေါ်မှာ မြန်မာလို အသံထွက် လိုက်မရေးပါနဲ့"။ အဲ့ဒီအစား စာအုပ်ရဲ့ ဘေးမှာပဲ ရေးပါ။ စာသားကို ကြည့်တဲ့အခါ Hanzi ကိုပဲ ကြည့်ပြီး ဖတ်နိုင်အောင် လေ့ကျင့်ပါ။

13/01/2026

ဒါက HSK 4 ရဲ့ grammar ထဲမှာ မျက်စိအလည်ရဆုံး အပိုင်းတစ်ခုပါ။

သူတို့နှစ်ခုရဲ့ အဓိက ကွာခြားချက်က "အချိန်ကာလ" နဲ့ "အခြေအနေ" ပေါ်မှာ မူတည်ပါတယ်။

---
并 (bìng) - အလေးအနက်ပြုခြင်း

အငြင်းစကားလုံး (不/没) များ၏ အရှေ့တွင် သုံး၍ "လုံးဝမဟုတ်ကြောင်း" အလေးအနက် ပြောလိုလျှင် သုံးသည်။

၁။ 并不是 (bìng bùshì)

ဒါက "အရှိတရား၊ အယူအဆ ဒါမှမဟုတ် အလေ့အကျင့်" တစ်ခုကို ငြင်းတာပါ။ "မင်းထင်သလို လုံးဝ* မဟုတ်ဘူး" လို့ ပြောချင်တာ။

အဓိပ္ပါယ်: လုံးဝ (မဟုတ်ဘူး)။
သုံးနှုန်းပုံ: ကိုယ့်ကို တစ်ယောက်ယောက်က အထင်မှားနေတဲ့အခါ ရှင်းပြဖို့ သုံးပါတယ်။
ဥပမာ: 我并不是不喜欢吃缅甸传统饭。

Wǒ bìng bùshì bù xǐhuān chī Miǎndiàn chuán-tǒng fàn.
ကျွန်တော် မြန်မာ့ရိုးရာထမင်းကို မကြိုက်တာ လုံးဝ မဟုတ်ပါဘူး။" (ဆိုလိုတာက- ကြိုက်ပါတယ်၊ တစ်ခြားအကြောင်းကြောင့် မစားတာပါ လို့ ရှင်းပြတဲ့သဘော။)

缅甸 (Miǎndiàn): မြန်မာနိုင်ငံ။

传统 (chuántǒng): ရိုးရာ (Traditional)။

饭 (fàn): ထမင်း/အစားအစာ။

၂။ 并没有 (bìng méiyǒu)

ဒါက ''ပြီးခဲ့တဲ့ အတိတ်က အဖြစ်အပျက်" တစ်ခုကို ငြင်းတာပါ။ "အဲ့ဒီအတိုင်း *လုံးဝ* ဖြစ်မလာခဲ့ဘူး" လို့ ပြောချင်တာ။

အဓိပ္ပါယ်:လုံးဝ (မ...ခဲ့ဘူး / မရှိခဲ့ဘူး)။
သုံးနှုန်းပုံ: တစ်ခုခု ဖြစ်မယ်လို့ ထင်ထားပေမယ့် တကယ်တမ်း မဖြစ်လာတဲ့အခါ သုံးပါတယ်။
ဥပမာ:他*并没有给我打电话。
(Tā bìng méiyǒu gěi wǒ dǎ diànhuà.)
သူ ငါ့ကို ဖုန်း လုံးဝ မဆက်ခဲ့ဘူး (ဆက်မယ်လို့ ထင်ထားပေမယ့် မဆက်ခဲ့ဘူး)။

---

# # # 💡 ဘယ်လို ခွဲမှတ်မလဲ?

并不是 (Bìng bùshì): "အမှန်တရား" ကို ငြင်းတာ။ (ဥပမာ- ငါက လူဆိုးမဟုတ်ပါဘူး)။
并没有 (Bìng méiyǒu):''လုပ်ဆောင်ချက်" ကို ငြင်းတာ။ (ဥပမာ- ငါ အဲ့ဒီစာအုပ်ကို မဖတ်ခဲ့ရသေးပါဘူး)။

---


| 并不是 | လုံးဝ (မဟုတ်) |
👉 အထင်အမြင်မှားခြင်းကို ပြင်ပေးချင်တဲ့အခါ

| 并没有| လုံးဝ (မ...ခဲ့) |
👉 ဖြစ်ရပ်တစ်ခု မရှိခဲ့ကြောင်း ပြောချင်တဲ့အခါ

---

လေ့ကျင့်ခန်းလေး လုပ်ကြည့်ရအောင်

ဒီစာကြောင်းမှာ ဘယ်ဟာ မှန်မလဲ?

> သူ ပြောတာက (Bìng bùshì / Bìng méiyǒu) အမှန်ပဲ။ (သူပြောတာက လုံးဝ အမှန်မဟုတ်ဘူး)။

09/05/2024

Page မိတ်ဆက်လေးနဲ့
ကျွန်တော့်အကြောင်း အနည်းငယ်
ပြောပါရစေ✅

ကျွန်တော်က
အခုထက္ထိ ဘယ်လမ်းလျှောက်ရမှန်းမသိဘဲ
ပျောက်သောလမ်းမှာ စမ်းတဝါးဝါး ဖြစ်နေတဲ့
လူငယ်တစ်ယောက်ပဲ ဖြစ်ပါတယ်

ကျွန်တော့်မှာ အခက်အခဲတွေအများကြီးရှိပြီး
အခက်အခဲတွေကြားထဲကနေ စာသင်ကြားနေတာပါ

ဒီpage လေးကို ထောင်ရတဲ့ရည်ရွယ်ချက်က
ကျွန်တော်သင်ယူခဲ့တဲ့ စာတွေကို
ပြန်လေ့ကျင့်တဲ့အနေနဲ့ရော
အများသူငှါလေ့လာဖို့အတွက်ရော
sharing လုပ်ပေးချင်တာပဲ ဖြစ်ပါတယ်

ကျွန်တော်ဟာ ဆရာကြီးလည်းမဟုတ်သေးပါဘူး
တရုတ်စာလည်းမကျွမ်းကျင်သေးပါဘူး

ဒါပေမဲ့
ကျွန်တော်ကြုံခဲ့ရတဲ့အခက်အခဲတွေ
ကျွန်တော်ဘယ်လိုဖြတ်ကျော်ခဲ့ရသလဲ
ကျွန်တော်ဘာတွေသင်ယူနေလဲ
ဘယ္လိုတွေသင်ယူနေလဲ ဆိုတာတွေကို

learner အချင်းချင်း မျှဝေပေးချင်တာကတော့
ကျွန်တော့်ရဲ့အဓိကရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်

တစ်ချိန်ချိန်မှာ
ဒီpageက
ကျွန်တော့်လို လူငယ်တွေကို
အထောက်အကူပေးနိုင်နေမယ်
လက်တွဲကူနိုင်မယ် ဆိုရင်ပဲ

ကျွန်တော်ကျေနပ်နေပါပြီခင်ဗျာ





Photos from Let's Learn Together : Pratical Life Tips with Mandarin Chinese's post 09/05/2024

" Selfstudy လုပ်ရတာ အားမရ ​​ေတာ့ဘူးလား!?"

'' Online မှာမဟုတ်ဘဲ အပြင်မှာ အခမဲ့သင်ပေးတဲ့
သင်တန်းတွေမရှိတော့ဘူးလား!!?

🙋

မတွေ့ရတာ ကြာပြီဗျာ
ကျွန်တော် selfstudy လုပ်နေတာရယ်
သင်တန်းတချို့ တက်နေတာကြောင့်

အတော်ကြာ ပျောက်သွားမိတယ်

ကျွန်တော် ဒီနေ့မျှဝေပေးမှာကတော့
တရုတ်စာကို
လုပ်နေတဲ့သူတွေ

ကိုယ့်ဘာသာလေ့လာရတာ အားမရတဲ့သူတွေ ✅

online က မဟုတ်ဘဲ အပြင်မှာလည်း
စာထပ်လေ့လာချင်တဲ့သူတွေ ✅

တရုတ်စာလေ့လာရတာ လွယ်တယ်လို့
ခံစားချင်တဲ့သူတွေ ✅

စကားပြော ဝါကျတည်ဆောက်ရတာ
ခက်တဲ့သူတွေ ✅

စာလုပ်နည်းမမှန်လို့
အခက်အခဲတွေ့နေတဲ့သူတွေ ✅

အရေးပိုင်းမှာ စိတ်ညစ်နေတဲ့သူတွေ အတွက်
အားလုံးဖြေရှင်းပြီးသား ဖြစ်စေမဲ့

အခမဲ့သင်တန်းလေးတစ်ခုရှိပါတယ်

အဲ့တာက တော့
လက်ရှိ တရုတ်စာသာမက
English Computer Business Japan
စသဖြင့် အတန်းပေါင်းများစွာဖွင့်ပေးနေတဲ့

''မနောရမ္မ''

ဆိုတဲ့ ဘုန်းတော်ကြီးစာသင်ကျောင်းပဲ ဖြစ်ပါတယ်

ရန်ကုန် စမ်းချောင်းမြို့မှာ တည်ရှိပြီးတော့
အသက်အရွယ်မရွေး လူလတ်တန်းစားမရွေး
တက်ရောက်နိုင်တဲ့ အခမဲ့သင်တန်းကျောင်းကြီးပဲ
ဖြစ်ပါတယ်

ဒီသင်တန်းလေးကနေ
တပည့်တပန်းတွေအများကြီး မွေးထုတ်ပြီးပြီပဲ
ဖြစ်ပါတယ်

အခုကေတာ့ တရုတ်စာအတွက်ပဲ
အဓိကပြောပြပေးမှာဖြစ်လို့
တခြားသင်တန်းလေးတွေစိတ်ဝင်စားရင်လည်း
အဆုံးမှာထည့်ပေးထားတဲ့ pageလေးမှာ
သွားရောက်စုံစမ်းနိုင်ပါတယ် ခင်ဗျာ

တရုတ်စာသင်တန်းလေးက
စေန တနင်္ဂနွေ တစ်ချိန်နဲ့
တနင်္လာ အင်္ဂါဆိုပြီး
အတန်းချိန် နှစ်ချိန်ရှိပါတယ်

ကိုယ်အားတဲ့ အတန်းချိန်ကိုပဲ တက်ရောက်နိုင်သလို
နှစ်ချိန်လုံးလည်းတက်ရောက်လို့ရပါတယ်ခင်ဗျာ

မနက်ပိုင်း 8 ခွဲက​ေန 10ထိက အပြောပိုင်း
10ကေန 11ခွဲထိက အရေးပိုင်းဖြစ်ပြီး
3လကြာ တက်ရောက်ရမှာပဲ ဖြစ်ပါတယ်

6ရက်နေ့ကတည်းက သင်တန်းအပ်လက်ခံနေပြီမို့
အတန်းသွားမအပ်ခင် page မှာ အရင်
လူပြည့်မပြည့် စုံစမ်းဖို့တော့လိုမယ်နော်

လိုအပ်ချက်
အခမဲ့သင်တန်းလေးဆိုပေမဲ့
စာအုပ်ဖိုးနဲ့ကျောင်းအတွက် အလှူငွေ
ဆောင်သွားဖို့တော့လိုမယ်နော်

အပြောအတန်းက 5000
အရေးအတန်းက 5000နဲ့

စာအုပ်ကြေး
pinyin စာအုပ် 1000
ဝေါဟာရlev1to4 စာအုပ်က 5000
အရေးစာအုပ်က 10000

Total 26000 ယူသွားဖို့လိုပါတယ်
တစ်ခါပဲသွင်းစရာလိုပြီး တောက်လျှောက်အတန်းဆက်တက်လို့ရပါပြီ
YBS စီးမယ်ဆို အကြွေဆောင်ဖို့တော့ မမေ့နဲ့ပေါ့ဗျာ

တရုတ်စာဆရာက
ကျောင်းသားတွေကို တော်စေတတ်စေချင်တဲ့
စေတနာအပြည့်နဲ့ သင်ပေးတာမို့

စာသင်ချိန်မှာ စာသေချာလိုက်လုပ်ဖို့လိုသလို
အိမ်ရောက်ရင်လည်း ပြန်လေ့ကျင့်ဖို့လိုပါတယ်

ဆောင်ရန် ရှောင်ရန်လေးကတော့
ဆရာ့အပေါ် မလေးစားသလိုဖြစ်စေမဲ့အပြုအမူတွေ
အိပ်ငိုက်တာ တစ်ခုခုနဲ့မအုပ်ဘဲ နှာချေ ချောင်းဆိုး
လုပ်တာမျိုး သတိထားပါခင်ဗျာ

ကျွန်တော်ကတော့ အခမဲ့တရုတ်စာသင်တန်းမှာ
တက်ပြီး ပညာတွေအများကြီးရခဲ့တာမို့
ကျွန်တော့်လိုလူငယ်တွေလည်း
ဒီအခွင့်အရေးကို လက်မလွှတ်ဘဲ
အမိဖမ်းဖို့တိုက်တွန်းပါရစေဗျာ!!!

Note:ကျွန်တော်တက်ရောက်နေတာ
batchပေါင်းများစွာရှိနေပါပြီ

တစ်ခါနဲ့တစ်ခါ စာသင်တာမတူတဲ့အတွက်ကြောင့်
စကားလုံးအသစ်တွေ
စကားပြောတွေ အများကြီးလေ့လာပြီးသား
ဖြစ်မှာပါနော်

https://www.facebook.com/manawrammaofficial?mibextid=JRoKGi

ကဲဒီနေ့တော့ ဒီလောက်ပါပဲဗျာ

Feel free to ask
မေးချင်တာရှိရင်
page cbမြာ ပို့ထားနိုင်ပါတယ်ခင်ဗျာ
မနက်ပိုင်းနဲ့
ည၁၀ နာရီနောက်ပိုင်းသာ ဖြေကြားပေးမှာပါခင်ဗျာ






17/01/2024

Tajia hao 🙆‍♂️
အားလံုးပဲ မဂၤလာပါ🙏
ကျွန်တော်က တရုတ်စာလေ့လာသင်ကြားနေသူတစ်ယောက်ပါ
တရုတ်စာလေ့လာနေတုန်းမှာပဲ အခက်အခဲတွေအများကြီးကြုံတွေ့ရပြီး စာအုပ်ဖိုးကအစ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်သုံးခဲ့ရသူပါ ခက်ခဲနေချိန်မှာ ကူညီမဲ့သူမရှိဘဲ ပညာဒါနသင်တန်းတွေပဲ ရှာပြီးတက်ခဲ့ရတယ် တက်နေရင်းနဲ့လည်းအဆင်မပြေတာတွေအများကြီး ကြုံရပြီး နောက်ဆုံးဒီထိရောက်လာရတော့တာပဲ ပြောချင်တာကတော့ ကျွန်တော့်လိုနေရာရောက်မဲ့လူငယ်တွေကို ကျွန်တော့်လိုမဖြစ်ရလေအောင် စေတနာ အေ
တွ့အကြုံတွေအရင်းခံပြီး လမ်းညွှန်ပေးချင်ပါတယ်

ကျွန်တော်က တရုတ်စာသင်ပေးတဲ့သူလည်းမဟုတ်ပါဘူး❌
တရုတ်စာအရမ်းကြီးတော်နေတဲ့သူလည်းမဟုတ်ပါဘူး❌

ဒါဆိုရင် ဒီpageကနေ ဘာတွေရနိုင်မှာလဲ? ‼❓
ဟုတ်ကဲ့
အတွေ့အကြုံတွေကနေ အရင်းခံပြီး 💁‍♂️

စာလေ့လာနည်း tips တွေ✅
ရှာရခက်တဲ့ pdf file တွေ ✅
ပညာဒါသင်တန်းတွေရဲ့တည်နေရာတွေ ✅
free online class တွေ ✅
Learning Resources တွေ✅
သင်ထောက်ကူ ပစ္စည်းတွေ✅
အဆင်ပြေရင်ပြေသလို တရုတ်ဖတ်စာအုပ် Giveaway ဖောက်ပေးတာတွေ ✅
ဘာလုပ်ရမလဲမသိဘဲလမ်းပျောက်နေတဲ့ လူငယ်တွေအတွက် နည်းလမ်းကောင်းတွေ ✅

ကျွန်တော့်ဆီက ရရှိနိုင်မှာပဲ ဖြစ်ပါတယ်

ဒီလိုလုပ်ဖို့ အချိန်တွေပေါနေလို့လား❓ကျွမ်းကျင်မှုရော ရှိလို့လား❓
ဟုတ်ကဲ့ အချိန်လည်းမပေါပါဘူး ❌
ကျွမ်းကျင်တဲ့သူလည်းမဟုတ်ပါဘူး 💢

Page name အတိုင်းပဲ Let's learn together ဆိုတဲ့အတိုင်း
တကယ်လက်တွေ့ကျတဲ့အကြံဥာဏ်တွေ ✅
သင်ယူလေ့လာခဲ့တာတွေ ✅
ပြန်အသုံးချပြီး အားလုံးကို Sharing လုပ်ရင်း
အတူတူသင်ယူသွားစေဖို့ ရည်ရွယ်ပါတယ်

အခုလည်းကိုယ့်လမ်းကိုယ်ဖောက်ပြီး ကြိုးစားနေတဲ့လူငယ်တွေအတွက် တပိုင်းတစအနေနဲ့ကူညီချင်လို့
ဒီpage လေးထောင်ရခြင်းဖြစ်ပါတယ်

သေချာတာကတော့ ဒီpageကို like & follow လုပ်လိုက်လို့အကျိုးမယုတ်သွားစေတာတော့ အာမခံပါတယ်ဗျာ

ဒါဆို စာလေ့လာနေတဲ့သူငယ်ချင်းတွေလည်းသိရအောင် Shareပေးကြပါဦးနော် 💗💗💗





Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address


Yangon